🍁 မနက္လင္းပါၿပီဆိုကတည္းက အေစာဆံုးထရတဲ့သူတို႔ ။
🍁 အကုန္လံုးကို လိုက္ႏိႈးရတဲ့သူတို႔ ။

🍁 နာရီေတြကမွ ဓာတ္ခဲကုန္ရင္ ရပ္ဦးမယ္ ။
🍁 သူတို႔ရဲ႕ ေမတၱာသံပတ္ကေတာ့ ဘယ္ေတာ့မွမကုန္ ၊
🍁 ဘယ္ေတာ့မွ မရပ္ ။ သက္႐ွိႏိႈးစက္ေတြဟာ ……
🍁 ဆယ့္ႏွစ္လရာသီ အိမ္တိုင္းမွာ ၾကည္ၾကည္သာသာျမည္လို႔ ။

🍁 ဗိုက္ထဲကို အစာပူပူေႏြးေႏြး ဝင္သြားဖို႔ အေရး ။
🍁 ထမင္းဘူးကိုယ္စီ ဖြယ္ဖြယ္ရာရာ ပါသြားဖို႔ အေရး ။
🍁 ဘယ္သူဘယ္အခ်ိန္ ဘာလုပ္ရမလဲဆိုတာ……
🍁 ကာယကံ႐ွင္က ေမ့ခ်င္ေမ့မယ္ ။
🍁 သူတို႔ေခါင္းထဲမွာေတာ့ အျမဲအစီအရီ ။
🍁 အျမဲ ေျပးေျပးလႊားလႊား ။
🍁 အျမဲ ဇယ္စက္သလို ။

🍁 အဝတ္ေတြ ျဖဴျဖဴေဖြးေဖြးဝတ္ရဖို ့၊
🍁 တစ္အိမ္သားလံုး က်န္းက်န္းမာမာျဖစ္ဖို႔ ၊
🍁 စားသမွ် အာဟာရပါဖို႔ ၊
🍁 ေသာက္သမွ် အရသာ႐ွိဖို႔ ၊
🍁 ေရမလာလို႔ ၊ မီးမလာလို႔ ၊
🍁 နာေရးသြားေမးဖို႔ ၊ သာေရး သြားကူဖို႔ ။
🍁 သူတို႔ဟာ သူတို႔ႏိုင္ငံေလးရဲ႕ သမၼတပဲ ။
🍁 စီမံ ခန္႔ခြဲ စဥ္းစား ဆံုးျဖတ္
🍁 ဘယ္ဖက္ကမွ မလိုအပ္ခဲ့ၾကဘူး ။

🍁 ဆရာဝန္တစ္ေယာက္က ေဆးပဲကုတာ ။
🍁 ေက်ာင္းဆရာတစ္ေယာက္က စာပဲ သင္တာ ။
🍁 စားဖိုမွဴးတစ္ေယာက္က ဟင္းပဲခ်က္တာ ။
🍁 သူတို႔ကေတာ့ အဲဒီ့အလုပ္ေတြကို ……
🍁 သူတို႔ အိမ္သားေတြအတြက္ အကုန္လုပ္ၾကတာ ။

🍁 ျကြပ္ႂကြပ္အိပ္ လိုခ်င္ရင္ကအစ……
🍁 သားေရပင္ ဘယ္မွာ႐ွိတယ္အဆံုး……
🍁 ေဆးပုလင္း ဘယ္လိုသိမ္းထားတယ္အစ………
🍁 ေသာ့ေတြ ဘယ္နားထားမိတယ္အဆံုး
🍁 သူတို႔ဟာ သူတို႔အိမ္အတြက္……
🍁 အျမဲတိက်တဲ့ (Google)
🍁 ဘာကိုသိခ်င္ သိခ်င္……
🍁 ဘာပစၥည္း ႐ွာခ်င္ ႐ွာခ်င္
🍁 သူတို႔ကူမွ လိုရာေရာက္တယ္။
🍁 သူတို႔ ပါမွ ကိစၥၿပီးတာပဲ ။

🍁 ဒီေလာက္မ်ားတဲ့အလုပ္ေတြ……
🍁 ဒီေလာက္မ်ားတဲ့ တာဝန္ေတြကို
🍁 ဘယ္လိုစိတ္ေတြနဲ႔ ……
🍁 နွစ္ဆယ့္ေလးနာရီလုပ္ၾကသလဲ
🍁 ဘယ္လို အေၾကာင္းရင္းေတြနဲ႔ ……
🍁 ႏွစ္႐ွည္လမ်ား ျဖတ္သန္းၾကသလဲ ။

🌺 အေျဖကေတာ့ ႐ိုး႐ိုးေလးပါ……

🍁 မိသားစုအေပၚထားတဲ႔သံေယာဇဥ္နဲ႔……
🍁 အလိုအေလ်ာက္ျဖစ္တည္လာတဲ့……
🍁 မိခင္စိတ္ တစ္ခုတည္းေၾကာင့္ေပါ့ ။

🍁 အေကာင္းျကိုက္တတ္တဲ့ လူခ်င္းအတူတူ……
🍁 အ႐ိုးအရင္းပဲစားၾကတာ။

🍁 ေလာဘ႐ွိၾကတဲ့ စိတ္ခ်င္းအတူတူ……
🍁 ပိုလွ်ံမွပဲ သံုးစြဲၾကတာ။

🍁 အေသြးအသားနဲ႔တည္ေဆာက္ထားတဲ့……
🍁 ခႏၶာကိုယ္ခ်င္းအတူတူ……
🍁 ေနာက္ဆံုးၾကမွပဲ အိပ္စက္တတ္ၾကတာ……
🍁 ဒါ သိပ္ခ်စ္တတ္ၾကတဲ့ "မာတာ" ေတြပါပဲ။

🍁 သူတို႔ဟာ အိမ္ေထာင္စုဇယားမွာ မွီခိုပါ ။
🍁 တကယ့္တကယ္က်……
🍁 တစ္အိမ္သားလံုး တစ္မိသားစုလံုးဟာ……
🍁 ဘုရင္ကအစ ဘုရားအဆံုးဟာ……
🍁 သူတို႔ ေမတၱာ အေပၚမွီၿပီး……
🍁 သူတို႔ ေစတနာေပၚမွာ ခိုခဲ့ၾကဖူးတာ ၊
🍁 ခိုေနခဲ့ျကတာ ၊ ခိုေနၾကရဦးမွာပါ ။

🌺 အေမမ်ား အားလံုးကို ေလးစားလ်က္🙏🙏🙏

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thi Ha🇲🇲
#Unicode Version#
🍁 မနက်လင်းပါပြီဆိုကတည်းက အစောဆုံးထရတဲ့သူတို့ ။
🍁 အကုန်လုံးကို လိုက်နှိုးရတဲ့သူတို့ ။

🍁 နာရီတွေကမှ ဓာတ်ခဲကုန်ရင် ရပ်ဦးမယ် ။
🍁 သူတို့ရဲ့ မေတ္တာသံပတ်ကတော့ ဘယ်တော့မှမကုန် ၊
🍁 ဘယ်တော့မှ မရပ် ။ သက်ရှိနှိုးစက်တွေဟာ ……
🍁 ဆယ့်နှစ်လရာသီ အိမ်တိုင်းမှာ ကြည်ကြည်သာသာမြည်လို့ ။

🍁 ဗိုက်ထဲကို အစာပူပူနွေးနွေး ဝင်သွားဖို့ အရေး ။
🍁 ထမင်းဘူးကိုယ်စီ ဖွယ်ဖွယ်ရာရာ ပါသွားဖို့ အရေး ။
🍁 ဘယ်သူဘယ်အချိန် ဘာလုပ်ရမလဲဆိုတာ……
🍁 ကာယကံရှင်က မေ့ချင်မေ့မယ် ။
🍁 သူတို့ခေါင်းထဲမှာတော့ အမြဲအစီအရီ ။
🍁 အမြဲ ပြေးပြေးလွှားလွှား ။
🍁 အမြဲ ဇယ်စက်သလို ။

🍁 အဝတ်တွေ ဖြူဖြူဖွေးဖွေးဝတ်ရဖို့၊
🍁 တစ်အိမ်သားလုံး ကျန်းကျန်းမာမာဖြစ်ဖို့ ၊
🍁 စားသမျှ အာဟာရပါဖို့ ၊
🍁 သောက်သမျှ အရသာရှိဖို့ ၊
🍁 ရေမလာလို့ ၊ မီးမလာလို့ ၊
🍁 နာရေးသွားမေးဖို့ ၊ သာရေး သွားကူဖို့ ။
🍁 သူတို့ဟာ သူတို့နိုင်ငံလေးရဲ့ သမ္မတပဲ ။
🍁 စီမံ ခန့်ခွဲ စဉ်းစား ဆုံးဖြတ်
🍁 ဘယ်ဖက်ကမှ မလိုအပ်ခဲ့ကြဘူး ။

🍁 ဆရာဝန်တစ်ယောက်က ဆေးပဲကုတာ ။
🍁 ကျောင်းဆရာတစ်ယောက်က စာပဲ သင်တာ ။
🍁 စားဖိုမှူးတစ်ယောက်က ဟင်းပဲချက်တာ ။
🍁 သူတို့ကတော့ အဲဒီ့အလုပ်တွေကို ……
🍁 သူတို့ အိမ်သားတွေအတွက် အကုန်လုပ်ကြတာ ။

🍁 ကြွပ်ကြွပ်အိပ် လိုချင်ရင်ကအစ……
🍁 သားရေပင် ဘယ်မှာရှိတယ်အဆုံး……
🍁 ဆေးပုလင်း ဘယ်လိုသိမ်းထားတယ်အစ………
🍁 သော့တွေ ဘယ်နားထားမိတယ်အဆုံး
🍁 သူတို့ဟာ သူတို့အိမ်အတွက်……
🍁 အမြဲတိကျတဲ့ (Google)
🍁 ဘာကိုသိချင် သိချင်……
🍁 ဘာပစ္စည်း ရှာချင် ရှာချင်
🍁 သူတို့ကူမှ လိုရာရောက်တယ်။
🍁 သူတို့ ပါမှ ကိစ္စပြီးတာပဲ ။

🍁 ဒီလောက်များတဲ့အလုပ်တွေ……
🍁 ဒီလောက်များတဲ့ တာဝန်တွေကို
🍁 ဘယ်လိုစိတ်တွေနဲ့ ……
🍁 နှစ်ဆယ့်လေးနာရီလုပ်ကြသလဲ
🍁 ဘယ်လို အကြောင်းရင်းတွေနဲ့ ……
🍁 နှစ်ရှည်လများ ဖြတ်သန်းကြသလဲ ။

🌺 အဖြေကတော့ ရိုးရိုးလေးပါ……

🍁 မိသားစုအပေါ်ထားတဲ့သံယောဇဉ်နဲ့……
🍁 အလိုအလျောက်ဖြစ်တည်လာတဲ့……
🍁 မိခင်စိတ် တစ်ခုတည်းကြောင့်ပေါ့ ။

🍁 အကောင်းကြိုက်တတ်တဲ့ လူချင်းအတူတူ……
🍁 အရိုးအရင်းပဲစားကြတာ။

🍁 လောဘရှိကြတဲ့ စိတ်ချင်းအတူတူ……
🍁 ပိုလျှံမှပဲ သုံးစွဲကြတာ။

🍁 အသွေးအသားနဲ့တည်ဆောက်ထားတဲ့……
🍁 ခန္ဓာကိုယ်ချင်းအတူတူ……
🍁 နောက်ဆုံးကြမှပဲ အိပ်စက်တတ်ကြတာ……
🍁 ဒါ သိပ်ချစ်တတ်ကြတဲ့ "မာတာ" တွေပါပဲ။

🍁 သူတို့ဟာ အိမ်ထောင်စုဇယားမှာ မှီခိုပါ ။
🍁 တကယ့်တကယ်ကျ……
🍁 တစ်အိမ်သားလုံး တစ်မိသားစုလုံးဟာ……
🍁 ဘုရင်ကအစ ဘုရားအဆုံးဟာ……
🍁 သူတို့ မေတ္တာ အပေါ်မှီပြီး……
🍁 သူတို့ စေတနာပေါ်မှာ ခိုခဲ့ကြဖူးတာ ၊
🍁 ခိုနေခဲ့ကြတာ ၊ ခိုနေကြရဦးမှာပါ ။

🌺 အမေများ အားလုံးကို လေးစားလျက်🙏🙏🙏

ဖိုးသူတော်(www.phothutaw.com)
Credit:Thi Ha🇲🇲
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top