ရွမ္းျပည္နယ္၊ နမ့္ခမ္းၿမိဳ႕နယ္မွာ မေန႔ညေနပိုင္းက မန္ပန္ရြာနားမွာေတြ႔တဲ့ ဗံုးတလံုးကို ကေလးေတြ ေဆာ့ကစားရင္း ေပါက္ကြဲလို႔ ၂ ေယာက္ ေသဆံုးသြားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕နယ္၊ မန္ပန္ရြာမွာ ျဖစ္ခဲ့ၿပီး ၈ ေယာက္ ဒဏ္ရာ ရခဲ့တယ္လို႔ နမ့္ခမ္းၿမိဳ႕နယ္ တအာင္း စာေပယဥ္ေက်းမႈ ေကာ္မတီ ဥကၠ႒ ဦးျမင့္ေက်ာ္က ေျပာပါတယ္။

“ရြာနားမွာ ေတြ႔တဲ့ ဗံုးကိုေဆာ့တာ။ ေပါက္ကြဲေတာ့ ၁၀ ေယာက္ကို ထိတယ္။ ၂ ေယာက္ ပြဲခ်င္းၿပီး ေသတယ္။ ၈ ေယာက္ကိုေတာ့ နမ့္ခမ္းေဆး႐ံုပို႔ထားရတယ္။ ေဆး႐ံုတက္ေနရတဲ့ ကေလးေတြထဲမွာ ၂ ေယာက္ကေတာ့ နည္းနည္း စိုးရိမ္ရတယ္” လို႔ ေျပာပါတယ္။

ေယာက်္ားေလးတေယာက္နဲ႔ မိန္းကေလးတေယာက္ ေသဆံုးခဲ့တာ ျဖစ္ၿပီး ကေလးေတြဟာ အသက္ ၂ ႏွစ္ကေန ၈ ႏွစ္ေလာက္ အရြယ္ေတြ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်မှာ မနေ့ညနေပိုင်းက မန်ပန်ရွာနားမှာတွေ့တဲ့ ဗုံးတလုံးကို ကလေးတွေ ဆော့ကစားရင်း ပေါက်ကွဲလို့ ၂ ယောက် သေဆုံးသွားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မန်ပန်ရွာမှာ ဖြစ်ခဲ့ပြီး ၈ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ နမ့်ခမ်းမြို့နယ် တအာင်း စာပေယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြောပါတယ်။

“ရွာနားမှာ တွေ့တဲ့ ဗုံးကိုဆော့တာ။ ပေါက်ကွဲတော့ ၁၀ ယောက်ကို ထိတယ်။ ၂ ယောက် ပွဲချင်းပြီး သေတယ်။ ၈ ယောက်ကိုတော့ နမ့်ခမ်းဆေးရုံပို့ထားရတယ်။ ဆေးရုံတက်နေရတဲ့ ကလေးတွေထဲမှာ ၂ ယောက်ကတော့ နည်းနည်း စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ယောကျ်ားလေးတယောက်နဲ့ မိန်းကလေးတယောက် သေဆုံးခဲ့တာ ဖြစ်ပြီး ကလေးတွေဟာ အသက် ၂ နှစ်ကနေ ၈ နှစ်လောက် အရွယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top