တခ်ိဳ႕ေသာ လူ႔အဖြဲ႕အစည္းေတြမွာ တလင္တမယား စနစ္ကိုသာ က်င့္သုံးေလ့ ရွိၾကပါတယ္။ ဒါေပမဲ့ ဒီအခ်က္ဟာ အိႏၵိယႏိုင္ငံသားတေယာက္ျဖစ္တဲ့ Ziona အတြက္ေတာ့ မမွန္ကန္ပါဘူး။ ဘာလို႔လဲဆိုေတာ့ Ziona မွာ ဇနီးေပါင္း ၃၉ ေယာက္ အထိ ရွိေနလို႔ပါပဲ။

Ziona ကို ၁၉၄၅ ခုႏွစ္ ဇူလိုင္ ၂၁ ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ လက္ရွိ ေနထိုင္ေနတာကေတာ့ အိႏၵိယႏိုင္ငံ၊ Mizoran ျပည္နယ္ထဲက Baktwang ႐ြာကေလးမွာပါ။ သူ႔မိသားစုဟာ အိႏၵိယႏိုင္ငံတင္မွာသာမက ကမာၻေပၚမွာပါ အႀကီးဆုံး မိသားစုတစုပါ။

Ziona မွာ ဇနီးေပါင္း ၃၉ ေယာက္၊ သားသမီးေပါင္း ၉၄ ေယာက္၊ ေခြၽးမေပါင္း ၁၄ ေယာက္၊ ေျမးေပါင္း ၃၃ ေယာက္၊ စုစုေပါင္း မိသားစုဝင္ ၁၈၀ ေယာက္အထိ ရွိေနပါတယ္။ အိမ္ေထာင္က်သြားတဲ့ သားသမီး ေတြအေနနဲ႔လည္း အိမ္ခြဲေနထိုင္ျခင္း မရွိဘဲ Ziona နဲ႔သာ အတူ ေနထိုင္ၾကပါတယ္။ ဒီလို ႀကီးမားတဲ့မိသားစု တစုလုံးႀကီးဟာ အခန္းေပါင္း ၁၀၀ ပါတဲ့ ၄ ထပ္တိုက္ႀကီးမွာ ေပ်ာ္႐ႊင္စြာ စုေပါင္းေနထိုင္ၾကပါတယ္။

Ziona ရဲ႕ အေျပာအရဆိုရင္ေတာ့ သူဟာ တႏွစ္ကို မိန္းမ ၁၀ ေယာက္ႏႈန္း ယူခဲ့တယ္လို႔ ဆိုပါတယ္။ သူ႔ဇနီးေတြ အားလုံး ကလည္း ႀကီးမားတဲ့ အိပ္ခန္းႀကီးတခန္းထဲမွာ သူနဲ႔အတူ အိပ္စက္ၾကပါတယ္။ မိသားစုဝင္ေတြအားလုံးဟာ မနက္ ၅ နာရီခြဲ မွာ ထေလ့ ရွိၾကၿပီး ကိုယ္နဲ႔သက္ဆိုင္တဲ့ လုပ္ငန္းအသီးသီးကို လုပ္ကိုင္ၾကပါတယ္။ ညေနစာကိုေတာ့ ၄ နာရီ ကေန ၆ နာရီအထိ ေကြၽးရေလ့ ရွိၿပီး မိသားစုရဲ႕ တေန႔စာကုန္က်စာရင္းကေတာ့ ဆန္ ၂၂၀ ေပါင္ ၊ အာလူး ၁၃၂ ေပါင္နဲ႔ ၾကက္အေကာင္ေရ ၃၉ ေကာင္ပါ။

Ziona ရဲ႕ အသက္ ၆၈ ႏွစ္ျပည့္ ေမြးေန႔ပြဲကိုေတာ့ ၂၀၁၃ ခုႏွစ္၊ ဇူလိုင္ ၂၁ ရက္ေန႔မွာ က်င္းပခဲ့ၿပီး ဧည့္သည္ေပါင္း ၁၅၀ တက္ေရာက္ခဲ့ၾကပါတယ္။ အသက္ ၆၆ ႏွစ္ျပည့္ၿပီးခ်ိန္မွာေတာ့ Ziona မွာ ဇနီးေပါင္း ၃၉ ေယာက္၊ သားသမီးေပါင္း ၉၄ ေယာက္နဲ႔ ေျမးေပါင္း ၃၃ ေယာက္အထိ ရွိေနခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာေတာ့ မိသားစုဝင္ေပါင္းက ၁၉၄ ေယာက္အထိ ရွိေနခဲ့ပါတယ္။

ဒီလိုမ်ိဳး ႀကီးမားတဲ့ မိသားစုတစုကို အဆင္ေျပေျပထားႏိုင္ဖို႔ဆိုတာကလည္း မလြယ္ကူတဲ့ ကိစၥတခုပါ။ ဒါေပမဲ့ Ziona မိသားစု ဝင္တိုင္းကေတာ့ ကိုယ့္တာဝန္ ကိုယ္အသိစိတ္ရွိရွိ ယူၾကတဲ့အတြက္ ၿပိဳကြဲ မသြားဘဲ ခုခ်ိန္ထိ ခိုင္မာေနတုန္းပါ။ ဇနီးေတြအားလုံးက ခ်က္ေရးျပဳတ္ေရး တာဝန္ယူၾကသလို သမီးေတြကလည္း အဝတ္အစား ေလွ်ာ္ဖြပ္တဲ့ကိစၥေတြကို တာဝန္ယူၾကပါတယ္။ ေယာက်ာ္းသားေတြကေတာ့ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းကို လုပ္ကိုင္ၾကပါတယ္။

Ziona ကေတာ့ အခု အသက္အ႐ြယ္ထိကိုပဲ မိန္းမထပ္ယူခ်င္တဲ့စိတ္ ရွိေနတုန္းပဲလို႔ ဆိုပါတယ္။ အဲဒီလိုလက္ထပ္ယူၿပီး သြားရင္လည္း စားေရးေသာက္ေရးဘာမွ အဆင္မေျပစရာ မရွိသလို လူအမ်ားႀကီးကို ေစာင့္ေရွာက္ႏိုင္တဲ့ အခြင့္အေရး ဘုရားသခင္က သူ႔ကို ေပးအပ္ထားတဲ့အတြက္ သူဟာ ကမာၻေပၚမွာ ကံေကာင္းတဲ့လူတေယာက္ပါပဲလို႔ Ziona က ေျပာပါတယ္။

Ziona ဟာ သူ႔အသက္ ၁၇ ႏွစ္အ႐ြယ္မွာပဲ ပထမဆုံး အိမ္ေထာင္ျပဳခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဧရာဝတီ

#Unicode Version# ျဖင့္ဖတ္ပါ ။

တချို့သော လူ့အဖွဲ့အစည်းတွေမှာ တလင်တမယား စနစ်ကိုသာ ကျင့်သုံးလေ့ ရှိကြပါတယ်။ ဒါပေမဲ့ ဒီအချက်ဟာ အိန္ဒိယနိုင်ငံသားတယောက်ဖြစ်တဲ့ Ziona အတွက်တော့ မမှန်ကန်ပါဘူး။ ဘာလို့လဲဆိုတော့ Ziona မှာ ဇနီးပေါင်း ၃၉ ယောက် အထိ ရှိနေလို့ပါပဲ။

Ziona ကို ၁၉၄၅ ခုနှစ် ဇူလိုင် ၂၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ လက်ရှိ နေထိုင်နေတာကတော့ အိန္ဒိယနိုင်ငံ၊ Mizoran ပြည်နယ်ထဲက Baktwang ရွာကလေးမှာပါ။ သူ့မိသားစုဟာ အိန္ဒိယနိုင်ငံတင်မှာသာမက ကမ္ဘာပေါ်မှာပါ အကြီးဆုံး မိသားစုတစုပါ။

Ziona မှာ ဇနီးပေါင်း ၃၉ ယောက်၊ သားသမီးပေါင်း ၉၄ ယောက်၊ ချွေးမပေါင်း ၁၄ ယောက်၊ မြေးပေါင်း ၃၃ ယောက်၊ စုစုပေါင်း မိသားစုဝင် ၁၈၀ ယောက်အထိ ရှိနေပါတယ်။ အိမ်ထောင်ကျသွားတဲ့ သားသမီး တွေအနေနဲ့လည်း အိမ်ခွဲနေထိုင်ခြင်း မရှိဘဲ Ziona နဲ့သာ အတူ နေထိုင်ကြပါတယ်။ ဒီလို ကြီးမားတဲ့မိသားစု တစုလုံးကြီးဟာ အခန်းပေါင်း ၁၀၀ ပါတဲ့ ၄ ထပ်တိုက်ကြီးမှာ ပျော်ရွှင်စွာ စုပေါင်းနေထိုင်ကြပါတယ်။

Ziona ရဲ့ အပြောအရဆိုရင်တော့ သူဟာ တနှစ်ကို မိန်းမ ၁၀ ယောက်နှုန်း ယူခဲ့တယ်လို့ ဆိုပါတယ်။ သူ့ဇနီးတွေ အားလုံး ကလည်း ကြီးမားတဲ့ အိပ်ခန်းကြီးတခန်းထဲမှာ သူနဲ့အတူ အိပ်စက်ကြပါတယ်။ မိသားစုဝင်တွေအားလုံးဟာ မနက် ၅ နာရီခွဲ မှာ ထလေ့ ရှိကြပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းအသီးသီးကို လုပ်ကိုင်ကြပါတယ်။ ညနေစာကိုတော့ ၄ နာရီ ကနေ ၆ နာရီအထိ ကျွေးရလေ့ ရှိပြီး မိသားစုရဲ့ တနေ့စာကုန်ကျစာရင်းကတော့ ဆန် ၂၂၀ ပေါင် ၊ အာလူး ၁၃၂ ပေါင်နဲ့ ကြက်အကောင်ရေ ၃၉ ကောင်ပါ။

Ziona ရဲ့ အသက် ၆၈ နှစ်ပြည့် မွေးနေ့ပွဲကိုတော့ ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး ဧည့်သည်ပေါင်း ၁၅၀ တက်ရောက်ခဲ့ကြပါတယ်။ အသက် ၆၆ နှစ်ပြည့်ပြီးချိန်မှာတော့ Ziona မှာ ဇနီးပေါင်း ၃၉ ယောက်၊ သားသမီးပေါင်း ၉၄ ယောက်နဲ့ မြေးပေါင်း ၃၃ ယောက်အထိ ရှိနေခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ မိသားစုဝင်ပေါင်းက ၁၉၄ ယောက်အထိ ရှိနေခဲ့ပါတယ်။

ဒီလိုမျိုး ကြီးမားတဲ့ မိသားစုတစုကို အဆင်ပြေပြေထားနိုင်ဖို့ဆိုတာကလည်း မလွယ်ကူတဲ့ ကိစ္စတခုပါ။ ဒါပေမဲ့ Ziona မိသားစု ဝင်တိုင်းကတော့ ကိုယ့်တာဝန် ကိုယ်အသိစိတ်ရှိရှိ ယူကြတဲ့အတွက် ပြိုကွဲ မသွားဘဲ ခုချိန်ထိ ခိုင်မာနေတုန်းပါ။ ဇနီးတွေအားလုံးက ချက်ရေးပြုတ်ရေး တာဝန်ယူကြသလို သမီးတွေကလည်း အဝတ်အစား လျှော်ဖွပ်တဲ့ကိစ္စတွေကို တာဝန်ယူကြပါတယ်။ ယောကျာ်းသားတွေကတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။

Ziona ကတော့ အခု အသက်အရွယ်ထိကိုပဲ မိန်းမထပ်ယူချင်တဲ့စိတ် ရှိနေတုန်းပဲလို့ ဆိုပါတယ်။ အဲဒီလိုလက်ထပ်ယူပြီး သွားရင်လည်း စားရေးသောက်ရေးဘာမှ အဆင်မပြေစရာ မရှိသလို လူအများကြီးကို စောင့်ရှောက်နိုင်တဲ့ အခွင့်အရေး ဘုရားသခင်က သူ့ကို ပေးအပ်ထားတဲ့အတွက် သူဟာ ကမ္ဘာပေါ်မှာ ကံကောင်းတဲ့လူတယောက်ပါပဲလို့ Ziona က ပြောပါတယ်။

Ziona ဟာ သူ့အသက် ၁၇ နှစ်အရွယ်မှာပဲ ပထမဆုံး အိမ်ထောင်ပြုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဧရာဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top