ေဝဖန္မႈမ်ားသည့္ အကယ္ဒမီဆုမ်ား ျပန္႐ုတ္သိမ္းမည္လို႔ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေအာက္ပါအတုိင္း သတင္းမ်ားထြက္ေပၚေနေၾကာင္း ဧၿပီလ ၁ ၂၀၁၉ ေန႔ ရက္စြဲနဲ႔ တင္ထားတာကိုေတြ႔ရပါတယ္..။ ပရိသတ္ေတြကေတာ့ တကယ္ဆိုရင္ ၀မ္းသာစရာလို႔ မွတ္ခ်က္ေပးေနသူေတြ ေတာ္ေတာ္မ်ားမ်ားကိုလည္း ေတြ႔ျမင္ေနရပါတယ္..။ ယခင္က ႐ုပ္ရွင္ ထူးခြၽန္ဆုႏွင့္ ပက္သက္၍ အျငင္းပြားမႈမ်ား ရွိခဲ့လွ်င္ပင္ ေပးထားၿပီးသည့္ ဆုမ်ားကို ျပန္လည္ ႐ုတ္သိမ္းသည့္ ထုံးစံတစ္ႀကိမ္မွ မရွိခဲ့ပါ..။

ဧၿပီ-၁၊ ၂၀၁၉

ပရိသတ္ ေဝဖန္မႈ ျမင့္မ်ားသည့္ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆု မ်ားကို ျပန္လည္ ႐ုတ္သိမ္းရန္ စီစဥ္ေနေၾကာင္း ျမန္မာနိုင္ငံ ႐ုပ္ရွင္ အစည္းမ႐ုံးမွ ထုတ္ျပန္ ေၾကညာခဲ့သည္။

အဆိုပါ ျမန္မာ့ ႐ုပ္ရွင္ ထူးခြၽန္ဆုမ်ားကို ၿပီးခဲ့သည့္ မတ္ ၂၃ ရက္က ရန္ကုန္ၿမိဳ႕တြင္ အခမ္းအနား ျပဳလုပ္ကာ ေပးအပ္ ခ်ီးျမႇင့္ခဲ့ျခင္း ျဖစ္သည္။ သို႔ေသာ္ အဆိုပါ ဆုခ်ီးျမႇင့္ပြဲႏွင့္ ပတ္သက္၍ ပရိသတ္ ေဝဖန္သံမ်ား က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚခဲ့ၿပီး အခ်ိဳ႕ ျမန္မာ ႐ုပ္ရွင္ကားမ်ားကို သပိတ္ေမွာက္သည္ အထိပင္ ျဖစ္လာသျဖင့္ ယင္းဆုမ်ားကို ျပန္လည္ ႐ုတ္သိမ္းရန္ စီစဥ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

“ပရိသတ္ေတြ ေဝဖန္ေနတဲ့ ကိစၥနဲ႕ ပက္သက္ၿပီး ဦးေဌးတို႔ အစည္းအေဝး ျပန္ထိုင္တယ္ ေပါ့ေနာ္။ အစည္းမ႐ုံး အဖြဲ႕ဝင္ ေတြေရာ၊ အကယ္ဒမီ ဘုတ္အဖြဲ႕ေတြေရာ အားလုံး ပါတယ္။ အစည္းအေဝးမွာ အားလုံး တိုင္ပင္ၿပီးေတာ့ ေနာက္ဆုံးမွာ ဒီဆုေတြကို ျပန္႐ုတ္သိမ္းဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ လိုအပ္ရင္ ဦးေဌးရဲ႕ ဥကၠဌ ေနရာကိုပါ ပရိသတ္ ဆႏၵမဲနဲ႕ ျပန္ေ႐ြးဖို႔ စဥ္းစားထားပါတယ္”ဟု ျမန္မာနိုင္ငံ ႐ုပ္ရွင္ အစည္းမ႐ုံး ဥကၠဌ ဦးေဌးဦးက ေျပာသည္။

အဆိုပါ ႐ုပ္ရွင္ထူးခြၽန္ဆု မ်ားကို ျပန္လည္ ႐ုတ္သိမ္း ျခင္းသည္ ျမန္မာ့ ႐ုပ္ရွင္ သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္လည္း ျဖစ္သည္။ ယခင္က ႐ုပ္ရွင္ ထူးခြၽန္ဆုႏွင့္ ပက္သက္၍ အျငင္းပြားမႈမ်ား ရွိခဲ့လွ်င္ပင္ ေပးထားၿပီးသည့္ ဆုမ်ားကို ျပန္လည္ ႐ုတ္သိမ္းသည့္ ထုံးစံ မရွိခဲ့ေၾကာင္း ဝါရင့္ ႐ုပ္ရွင္ ေလာကသား တစ္ဦးက ေျပာျပခဲ့သည္။

“အခုက ပရိသတ္ေတြ အရမ္း ဝိုင္းေျပာ ေနတာလည္း ပါတာေပါ့ေနာ္။ ႐ုပ္ရွင္ကား ေတြပါ သပိတ္ေမွာက္ ကုန္ၿပီ ဆိုေတာ့ ဒီကားေတြ အေပၚ မွီခိုၿပီး ထမင္းစားေနရတဲ့ ဦးတို႔ ေလာကသားေတြပါ ထမင္းအိုး ကြဲမယ့္ကိန္း ဆိုက္ေနတာေပါ့။ ဒီလိုမွ ျပန္မ႐ုတ္သိမ္းရင္ ေရွ႕ဆက္ၿပီး ရပ္တည္ဖို႔ ခက္ခဲ သြားမယ္။ ဒါေၾကာင့္ အခုလို ျပန္လုပ္ေပးတာလို႔ ျမင္ပါတယ္”ဟု အဆိုပါ ႐ုပ္ရွင္ ေလာကသားက သုံးသပ္ခဲ့သည္။

သို႔ေသာ္ ႐ုတ္သိမ္းလိုက္သည့္ ဆုမ်ားကို အမွန္တကယ္ ထိုက္တန္ သူမ်ားအား ျပန္လည္ ခ်ီးျမႇင့္မည္ေလာ၊ မည္သူကိုမွ် မေပးဘဲ မွတ္တမ္းတင္ သိမ္းဆည္း ထားမည္ေလာ ဆိုသည္ကိုမူ ထုတ္ျပန္ ေၾကညာျခင္း မျပဳေသးေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

ဝေဖန်မှုများသည့် အကယ်ဒမီဆုများ ပြန်ရုတ်သိမ်းမည်လို့ လူမှုကွန်ယက်စာမျက်နှာမှာ အောက်ပါအတိုင်း သတင်းများထွက်ပေါ်နေကြောင်း ဧပြီလ ၁ ၂၀၁၉ နေ့ ရက်စွဲနဲ့ တင်ထားတာကိုတွေ့ရပါတယ်..။ ပရိသတ်တွေကတော့ တကယ်ဆိုရင် ဝမ်းသာစရာလို့ မှတ်ချက်ပေးနေသူတွေ တော်တော်များများကိုလည်း တွေ့မြင်နေရပါတယ်..။ ယခင်က ရုပ်ရှင် ထူးချွန်ဆုနှင့် ပက်သက်၍ အငြင်းပွားမှုများ ရှိခဲ့လျှင်ပင် ပေးထားပြီးသည့် ဆုများကို ပြန်လည် ရုတ်သိမ်းသည့် ထုံးစံတစ်ကြိမ်မှ မရှိခဲ့ပါ..။

ဧပြီ-၁၊ ၂၀၁၉

ပရိသတ် ဝေဖန်မှု မြင့်များသည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု များကို ပြန်လည် ရုတ်သိမ်းရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းမရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုများကို ပြီးခဲ့သည့် မတ် ၂၃ ရက်က ရန်ကုန်မြို့တွင် အခမ်းအနား ပြုလုပ်ကာ ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အဆိုပါ ဆုချီးမြှင့်ပွဲနှင့် ပတ်သက်၍ ပရိသတ် ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပြီး အချို့ မြန်မာ ရုပ်ရှင်ကားများကို သပိတ်မှောက်သည် အထိပင် ဖြစ်လာသဖြင့် ယင်းဆုများကို ပြန်လည် ရုတ်သိမ်းရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ပရိသတ်တွေ ဝေဖန်နေတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ဦးဌေးတို့ အစည်းအဝေး ပြန်ထိုင်တယ် ပေါ့နော်။ အစည်းမရုံး အဖွဲ့ဝင် တွေရော၊ အကယ်ဒမီ ဘုတ်အဖွဲ့တွေရော အားလုံး ပါတယ်။ အစည်းအဝေးမှာ အားလုံး တိုင်ပင်ပြီးတော့ နောက်ဆုံးမှာ ဒီဆုတွေကို ပြန်ရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လိုအပ်ရင် ဦးဌေးရဲ့ ဥက္ကဌ နေရာကိုပါ ပရိသတ် ဆန္ဒမဲနဲ့ ပြန်ရွေးဖို့ စဉ်းစားထားပါတယ်”ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းမရုံး ဥက္ကဌ ဦးဌေးဦးက ပြောသည်။

အဆိုပါ ရုပ်ရှင်ထူးချွန်ဆု များကို ပြန်လည် ရုတ်သိမ်း ခြင်းသည် မြန်မာ့ ရုပ်ရှင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ယခင်က ရုပ်ရှင် ထူးချွန်ဆုနှင့် ပက်သက်၍ အငြင်းပွားမှုများ ရှိခဲ့လျှင်ပင် ပေးထားပြီးသည့် ဆုများကို ပြန်လည် ရုတ်သိမ်းသည့် ထုံးစံ မရှိခဲ့ကြောင်း ဝါရင့် ရုပ်ရှင် လောကသား တစ်ဦးက ပြောပြခဲ့သည်။

“အခုက ပရိသတ်တွေ အရမ်း ဝိုင်းပြော နေတာလည်း ပါတာပေါ့နော်။ ရုပ်ရှင်ကား တွေပါ သပိတ်မှောက် ကုန်ပြီ ဆိုတော့ ဒီကားတွေ အပေါ် မှီခိုပြီး ထမင်းစားနေရတဲ့ ဦးတို့ လောကသားတွေပါ ထမင်းအိုး ကွဲမယ့်ကိန်း ဆိုက်နေတာပေါ့။ ဒီလိုမှ ပြန်မရုတ်သိမ်းရင် ရှေ့ဆက်ပြီး ရပ်တည်ဖို့ ခက်ခဲ သွားမယ်။ ဒါကြောင့် အခုလို ပြန်လုပ်ပေးတာလို့ မြင်ပါတယ်”ဟု အဆိုပါ ရုပ်ရှင် လောကသားက သုံးသပ်ခဲ့သည်။

သို့သော် ရုတ်သိမ်းလိုက်သည့် ဆုများကို အမှန်တကယ် ထိုက်တန် သူများအား ပြန်လည် ချီးမြှင့်မည်လော၊ မည်သူကိုမျှ မပေးဘဲ မှတ်တမ်းတင် သိမ်းဆည်း ထားမည်လော ဆိုသည်ကိုမူ ထုတ်ပြန် ကြေညာခြင်း မပြုသေးပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top