ေဖာက္ျပန္တတ္တဲ႕ခ်စ္သူ၊ခင္ပြန္း အေပၚ သည္းခံၿပီး ဒုကၡခံဆက္ဆံ ေပါင္းသင္းေနၾကတာ ေတြ႕ရတိုင္း သူတို႕အစား စိတ္ေမာသလို ခံစားရပါတယ္။

အဲလုိ ေပါင္းသင္းတဲ႕ထဲမွာ သစၥာမရွိတဲ႕ မိန္းမကို ေပါင္းသင္းတဲ႕ခင္ပြန္းေတြထက္၊ သစၥာမရွိတဲ႕ ခင္ပြန္းကို ေပါင္းသင္းတဲ႕ ဇနီးသည္ေတြက ပိုမ်ားၾကတာ ေတြ႕ရပါတယ္။

အဲလို ကို္ယ္႔အေပၚ သစၥာမရွိတဲ႕၊ ကြယ္ရာမွာ စိတ္မခ်ရတဲ႕၊ အျခားမိန္းမတစ္ေယာက္နဲ႕ ဆက္ဆံတတ္တဲ႕၊ ဒီလို သစၥာမရွိတဲ႕သူကို သည္းခံၿပီး ဆက္ဆံ ေပါငး္ေနတာ ဘာေၾကာင္႔လဲ ဆိုတာလည္း စဥ္းစားၾကည္႔မိပါတယ္။

သူ႕ကို စြန္႔လႊတ္လိုက္ရင္ သူ႕ကို ဟိုတစ္ေယာက္က ပိုင္သြားမွာေပါ႔တဲ႕။

အဲဒီတစ္ေယာက္ပိုင္မွာစိုးလို႕ ဒီခ်ီးထုတ္ၾကီးကို ပိုက္ထားတာလား…လို႕ ေမးတဲ႕ သူကလည္း ေမးပါတယ္။

တစ္ခါ သစၥာေဖာက္ဖူးတဲ႕ သူကို ျပန္ယံုလို႕ရပါသလား။

ျခံေတြ႕တိုင္း ခုန္တတ္တဲ႕ ႏြားရဲ႕ အက်င္႔ကို ျပင္လို႕ရပါသလား။

ေဖာက္ျပန္တတ္တဲ႕ သူမ်ိဳးနဲ႔ ကိုယ္က တန္တယ္လို႕ ယူဆပါသလား။

အဲဒီလို ေတြးၾကည္႔ရင္ကို ေဖာက္ျပန္တဲ႕သူေတြနဲ႕ ပတ္သက္ေနရတဲ႕ သူေတြအတြက္ အေျဖဟာ ရွိပါတယ္။ ဒီလိုသစၥာမဲ႕တတ္တဲ႕ ခ်စ္သူ၊

အိမ္ေထာင္ဖက္ဆိုတာ ကိုယ္႔နဲ႔ပတ္သက္ေနသေရြ႕ကို အျမဲတမ္း ဒုကၡေပးေနမဲ႕ သူမ်ိဳးေတြပါ။ သူတို႕နဲပတ္သက္ရလို႕ ေပ်ာ္ရတာ၊ စိတ္ခ်မ္းသာရတာက နည္းနည္း၊ စိတ္ဒုကၡေရာက္ရတာက မ်ားမ်ားလို႕ ဆိုရမဲ႕ သူမ်ိဳးေတြပါ။

အဲလိုမ်ိဳး ခ်စ္သူ အိမ္ေထာင္ဖက္ရဲ႕ သစၥာမဲ႕မႈေတြနဲ႕ ၾကံဳလာတဲ႕အခါ ဘယ္ေတာ႕မွ ကိုယ္႔ကိုယ္ကို အျပစ္မတင္ပါနဲ႕၊ ကိုယ္႔ရဲ႕ အားနည္းခ်က္ေၾကာင္႕ သူတုိ႕ ေဖာက္ျပန္တာ မဟုတ္ပါဘူး။

သူတို႕ရဲ႕ နဂိုအခံကိုယ္က မေကာင္းလုိ႔ပါ၊ သစၥာတရားကို တန္းဖိုးမထားလို႕ပါ။ အဲဒါကို ဖံုးကြယ္ခ်င္တဲ႕ အတြက္သူတုိ႕က ကိုယ္႔ရဲ႕အားနည္းခ်က္ေၾကာင္႕ ေဖာက္ျပန္ရသလိုလုိနဲ႕ စြပ္စြဲေျပာဆိုတာပါ။

ခ်စ္သူရည္စားဘ၀မွာကတည္းက ေဖာက္ျပန္တတ္တဲ႕သူမ်ိဳးကို ခ်စ္မိတယ္ဆိုရင္လည္း သူ႕ကို လက္ထပ္ဖို႕ထိ စိတ္မကူးသင္႔ဘူးလို႕ အၾကံျပဳခ်င္ပါတယ္။

ဘာေၾကာင္႔လဲဆိုေတာ႕ အိမ္ေထာင္က်တဲ႕အခ်ိန္မွာလည္း သူဟာ ေဖာက္ျပန္ႏိုင္ပါေသးတယ္။ အဲဒါေၾကာင္႔ သိတဲ႕အခ်ိန္မွာ ျဖတ္ပစ္လိုက္တာက အေကာင္းဆံုးပဲလို႕ ဆိုခ်င္ပါတယ္။

အိမ္ေထာင္ရွင္ေတြကေတာ႕ သားသမီးေတြ မ်က္နွာေၾကာင္႔ သစၥာမရွိတဲ႕ အိမ္ေထာင္ဖက္ကို ေပါင္းရတာပါလို႕ ေျပာေလ႔ရွိၾကတယ္။

စဥ္းစားၾကည္႔ပါတယ္။ သားသမီးေတြကလည္း ဒီလိုအေဖမ်ိဳးကို ေလးစားပါ႕မလား။

ကို္ယ္႔မိသားစုအေပၚကို သစၥာမဲ႕ၿပီး အျခားမိန္းမတစ္ေယာက္ရဲ႕ ကုတင္ေပၚ ေရာက္ေနတဲ႕ အေဖမ်ိဳးကို ၾကည္ညိဳေလးစားတဲ႕ သားသမီးေတာ႕ ရွိမယ္မထင္ပါဘူး။

သားသမီးအတြက္လည္း

အဲလို ဖခင္ရွိတဲ႕ အိမ္ဟာ ေအးခ်မ္းေပ်ာ္ရႊင္ႏိုင္ပါ႔မလား။

ဒီလိုလူကို သယ္ပိုးထားရတဲ႕ မိသားစုမွာ စိတ္ပုိင္းဆိုင္ရာ ဒုကၡ၊ အခန္႔မသင္႔တိုင္း အေဖနဲ႕အေမ ရန္ျဖစ္စကားမ်ားတာကို ခံစားရတဲ႕ ဒုကၡဆင္းရဲေတြနဲ႕ ျဖတ္သန္းရတဲ႕ ေန႕ရက္ေတြဟာ

သားသမီးေတြရဲ႕ဘ၀နဲ႕ အနာဂတ္ကိုပါ ထိခိုက္ေစပါတယ္။

ေလာကမွာ သစၥာတရားဆိုတာ အလွပဆံုးပါ၊ ေမတၱာတရားဆိုတာကေတာ႕ အေကာင္းဆံုးပါ။

အဲဒီ ႏွစ္ပါးစလံုးကို တန္ဖိုးထားတတ္တဲ႕ သူေတြနဲ႕ ၾကံဳတဲ႕အခါ အဲဒီလူမ်ိဳးကို တန္ဖိုးထားပါ။ သူက ကိုယ္႔ကို ေအးခ်မ္းေစတဲ႕ သူမ်ိဳးပါ။

အဲလို ခ်စ္သူမ်ိဳး အိမ္ေထာင္ဘက္မ်ိဳးကို ပိုင္ဆိုင္ ခြင့္ရထားရင္လည္း ကိုယ့္ဘက္က သူ႔တန္ဖိုးကို အသိအမွတ္ျပဳၿပီး နားလည္မႈေပးပါ ေမတၱာနဲ႔သစၥာေပးျခင္းအားျဖင့္ သာယာေအးခ်မ္းတဲ့ မိသားစု ဘဝပိုင္ၾကရမွာပါ။

သစၥာမဲ႕သူေတြနဲ႕ပတ္သက္ခဲ့မိတဲ့ သူေတြအေနနဲ႔လည္း ဘဝကို စိတ္မပ်က္ပါနဲ႔ ။

ဒီလိုျဖစ္လာရလို႔လည္း ကိုယ္႔ကိုယ္ကို စိတ္ေရာ ႐ုပ္ပါ မထိခိုက္ေအာင္ ႀကိဳးစားပါေနာ္ အထိခိုက္မခံပါနဲ႕။ သူတို႕ရဲ႕ တန္ဖိုးဟာ အမ်ားၾကီး နိမ္႔ပါတယ္။

အဲဒီလို နိမ္႔ပါးတဲ႕သူေတြအတြက္ ကိုယ္႔ရဲ႕ တန္ဖိုးရွိတဲ႕ မိသားစု၊ ကိုယ္႔ရဲ႕တန္ဖိုးရွိတဲ႕ အခ်ိန္၊ ကိုယ္႔ရဲ႕ တန္ဖိုးရွိတဲ႕ အလုပ္ေတြကို မထိခိုက္ေအာင္ ၾကိဳးစာေနထိုင္ပါလို႕ တိုက္တြန္းပါရေစရွင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေမသၾကၤန္ဟိန္(ျမစ္မခ)
# Unicode Version # ျဖင့္ ဖတ္ပါ #


ဖောက်ပြန်တတ်တဲ့ချစ်သူ၊ခင်ပွန်း အပေါ် သည်းခံပြီး ဒုက္ခခံဆက်ဆံ ပေါင်းသင်းနေကြတာ တွေ့ရတိုင်း သူတို့အစား စိတ်မောသလို ခံစားရပါတယ်။

အဲလို ပေါင်းသင်းတဲ့ထဲမှာ သစ္စာမရှိတဲ့ မိန်းမကို ပေါင်းသင်းတဲ့ခင်ပွန်းတွေထက်၊ သစ္စာမရှိတဲ့ ခင်ပွန်းကို ပေါင်းသင်းတဲ့ ဇနီးသည်တွေက ပိုများကြတာ တွေ့ရပါတယ်။

အဲလို ကိုယ့်အပေါ် သစ္စာမရှိတဲ့၊ ကွယ်ရာမှာ စိတ်မချရတဲ့၊ အခြားမိန်းမတစ်ယောက်နဲ့ ဆက်ဆံတတ်တဲ့၊ ဒီလို သစ္စာမရှိတဲ့သူကို သည်းခံပြီး ဆက်ဆံ ပေါင်းနေတာ ဘာကြောင့်လဲ ဆိုတာလည်း စဉ်းစားကြည့်မိပါတယ်။

သူ့ကို စွန့်လွှတ်လိုက်ရင် သူ့ကို ဟိုတစ်ယောက်က ပိုင်သွားမှာပေါ့တဲ့။

အဲဒီတစ်ယောက်ပိုင်မှာစိုးလို့ ဒီချီးထုတ်ကြီးကို ပိုက်ထားတာလား…လို့ မေးတဲ့ သူကလည်း မေးပါတယ်။

တစ်ခါ သစ္စာဖောက်ဖူးတဲ့ သူကို ပြန်ယုံလို့ရပါသလား။

ခြံတွေ့တိုင်း ခုန်တတ်တဲ့ နွားရဲ့ အကျင့်ကို ပြင်လို့ရပါသလား။

ဖောက်ပြန်တတ်တဲ့ သူမျိုးနဲ့ ကိုယ်က တန်တယ်လို့ ယူဆပါသလား။

အဲဒီလို တွေးကြည့်ရင်ကို ဖောက်ပြန်တဲ့သူတွေနဲ့ ပတ်သက်နေရတဲ့ သူတွေအတွက် အဖြေဟာ ရှိပါတယ်။ ဒီလိုသစ္စာမဲ့တတ်တဲ့ ချစ်သူ၊

အိမ်ထောင်ဖက်ဆိုတာ ကိုယ့်နဲ့ပတ်သက်နေသရွေ့ကို အမြဲတမ်း ဒုက္ခပေးနေမဲ့ သူမျိုးတွေပါ။ သူတို့နဲပတ်သက်ရလို့ ပျော်ရတာ၊ စိတ်ချမ်းသာရတာက နည်းနည်း၊ စိတ်ဒုက္ခရောက်ရတာက များများလို့ ဆိုရမဲ့ သူမျိုးတွေပါ။

အဲလိုမျိုး ချစ်သူ အိမ်ထောင်ဖက်ရဲ့ သစ္စာမဲ့မှုတွေနဲ့ ကြုံလာတဲ့အခါ ဘယ်တော့မှ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့၊ ကိုယ့်ရဲ့ အားနည်းချက်ကြောင့် သူတို့ ဖောက်ပြန်တာ မဟုတ်ပါဘူး။

သူတို့ရဲ့ နဂိုအခံကိုယ်က မကောင်းလို့ပါ၊ သစ္စာတရားကို တန်းဖိုးမထားလို့ပါ။ အဲဒါကို ဖုံးကွယ်ချင်တဲ့ အတွက်သူတို့က ကိုယ့်ရဲ့အားနည်းချက်ကြောင့် ဖောက်ပြန်ရသလိုလိုနဲ့ စွပ်စွဲပြောဆိုတာပါ။

ချစ်သူရည်စားဘဝမှာကတည်းက ဖောက်ပြန်တတ်တဲ့သူမျိုးကို ချစ်မိတယ်ဆိုရင်လည်း သူ့ကို လက်ထပ်ဖို့ထိ စိတ်မကူးသင့်ဘူးလို့ အကြံပြုချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ကျတဲ့အချိန်မှာလည်း သူဟာ ဖောက်ပြန်နိုင်ပါသေးတယ်။ အဲဒါကြောင့် သိတဲ့အချိန်မှာ ဖြတ်ပစ်လိုက်တာက အကောင်းဆုံးပဲလို့ ဆိုချင်ပါတယ်။

အိမ်ထောင်ရှင်တွေကတော့ သားသမီးတွေ မျက်နှာကြောင့် သစ္စာမရှိတဲ့ အိမ်ထောင်ဖက်ကို ပေါင်းရတာပါလို့ ပြောလေ့ရှိကြတယ်။

စဉ်းစားကြည့်ပါတယ်။ သားသမီးတွေကလည်း ဒီလိုအဖေမျိုးကို လေးစားပါ့မလား။

ကိုယ့်မိသားစုအပေါ်ကို သစ္စာမဲ့ပြီး အခြားမိန်းမတစ်ယောက်ရဲ့ ကုတင်ပေါ် ရောက်နေတဲ့ အဖေမျိုးကို ကြည်ညိုလေးစားတဲ့ သားသမီးတော့ ရှိမယ်မထင်ပါဘူး။

သားသမီးအတွက်လည်း

အဲလို ဖခင်ရှိတဲ့ အိမ်ဟာ အေးချမ်းပျော်ရွှင်နိုင်ပါ့မလား။

ဒီလိုလူကို သယ်ပိုးထားရတဲ့ မိသားစုမှာ စိတ်ပိုင်းဆိုင်ရာ ဒုက္ခ၊ အခန့်မသင့်တိုင်း အဖေနဲ့အမေ ရန်ဖြစ်စကားများတာကို ခံစားရတဲ့ ဒုက္ခဆင်းရဲတွေနဲ့ ဖြတ်သန်းရတဲ့ နေ့ရက်တွေဟာ

သားသမီးတွေရဲ့ဘဝနဲ့ အနာဂတ်ကိုပါ ထိခိုက်စေပါတယ်။

လောကမှာ သစ္စာတရားဆိုတာ အလှပဆုံးပါ၊ မေတ္တာတရားဆိုတာကတော့ အကောင်းဆုံးပါ။

အဲဒီ နှစ်ပါးစလုံးကို တန်ဖိုးထားတတ်တဲ့ သူတွေနဲ့ ကြုံတဲ့အခါ အဲဒီလူမျိုးကို တန်ဖိုးထားပါ။ သူက ကိုယ့်ကို အေးချမ်းစေတဲ့ သူမျိုးပါ။

အဲလို ချစ်သူမျိုး အိမ်ထောင်ဘက်မျိုးကို ပိုင်ဆိုင် ခွင့်ရထားရင်လည်း ကိုယ့်ဘက်က သူ့တန်ဖိုးကို အသိအမှတ်ပြုပြီး နားလည်မှုပေးပါ မေတ္တာနဲ့သစ္စာပေးခြင်းအားဖြင့် သာယာအေးချမ်းတဲ့ မိသားစု ဘဝပိုင်ကြရမှာပါ။

သစ္စာမဲ့သူတွေနဲ့ပတ်သက်ခဲ့မိတဲ့ သူတွေအနေနဲ့လည်း ဘဝကို စိတ်မပျက်ပါနဲ့ ။

ဒီလိုဖြစ်လာရလို့လည်း ကိုယ့်ကိုယ်ကို စိတ်ရော ရုပ်ပါ မထိခိုက်အောင် ကြိုးစားပါနော် အထိခိုက်မခံပါနဲ့။ သူတို့ရဲ့ တန်ဖိုးဟာ အများကြီး နိမ့်ပါတယ်။

အဲဒီလို နိမ့်ပါးတဲ့သူတွေအတွက် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ မိသားစု၊ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်၊ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အလုပ်တွေကို မထိခိုက်အောင် ကြိုးစာနေထိုင်ပါလို့ တိုက်တွန်းပါရစေရှင်။

ဖိုးသူတော် (www.phothutaw.com)
Credit:မေသြင်္ကန်ဟိန်(မြစ်မခ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top