
တ႐ုပ္နိုင္ငံ ေဒါင္ဂြမ္း ေစ်းဝယ္စင္တာမွာ မတ္လ ၃၀ ရက္ေန႔က ျဖစ္ပြားခဲ့တာပါ။ တ႐ုပ္သတင္းမွာ ေဖာ္ျပခ်က္အရ အမ်ိဳးသမီးဟာ သူမရဲ့ သားအႀကီးေကာင္ေလးနဲ႔အတူ ရင္ခြင္ပိုက္ သားငယ္ကိုခ်ီရင္း ေစ်းဝယ္ထြက္ခဲ့ရာက သုံးလႊာမွ စက္ေလွကားနဲ႔ ျပန္ဆင္းစဥ္ ကေလးငယ္ဟာ သူမခ်ီထားရင္းနဲ႔ ေခ်ာ္ထြက္ၿပီး စက္ေလွကား လက္ရမ္းေဘးကေန ေျမညီထပ္ကို ျပဳတ္က်ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။
႐ုပ္သံမွာေတာ့ အမ်ိဳးသမီးဟာ အဆင္း စက္ေလွကားေပၚ တက္ၿပီ ၃ စကၠန႔္အၾကာမွာ သူမရဲ့ ေျခလွမ္းကို ျပင္လိုက္စဥ္ ဟန္ခ်က္ပ်က္ၿပီး ကေလးက ထြက္က်သြားခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။ သားအမိႏွစ္ဦး ေျမညီထပ္ကို ေျပးဆင္းသြားခဲ့ေပမယ့္ ကေလးက ေသဆုံးသြားခဲ့ပါၿပီ။
တာဝန္ရွိသူေတြကေတာ့ ဒီအျဖစ္ပ်က္ဟာ မေတာ္တဆမွုလား ေသြးေအးေအးနဲ႔ လုပ္ေဆာင္ခဲ့တာလား ဆိုတာကို စုံစမ္းစစ္ေဆးလၽွက္ရွိပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
မွေးကင်းစ ကလေးငယ်တွေကို ချီရပိုးရတာ သိပ်ကိုတာဝန်ကြီးပြီး ကလေးအတွက်လည်း အန္တရာယ်များပါတယ်။ တစက်လေးမှ အမှားမခံပါဘူး။ ၃ လသား ကလေးလေးကို ချီထားတဲ့ မိခင်ဟာ ဈေးဝယ်စင်တာရဲ့ သုံးထပ် စက်လှေကားကနေ အောက်ထပ်ကို ဆင်းလာစဉ် ချီထားတဲ့ ကလေး လွတ်ကျခဲ့သွားခဲ့ပြီး မြေညီထပ်ကြမ်းပြင်ပေါ် ကလေးပြုတ်ကျသေးဆုံးခဲ့ပါတယ်။
တရုပ်နိုင်ငံ ဒေါင်ဂွမ်း ဈေးဝယ်စင်တာမှာ မတ်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ တရုပ်သတင်းမှာ ဖော်ပြချက်အရ အမျိုးသမီးဟာ သူမရဲ့ သားအကြီးကောင်လေးနဲ့အတူ ရင်ခွင်ပိုက် သားငယ်ကိုချီရင်း ဈေးဝယ်ထွက်ခဲ့ရာက သုံးလွှာမှ စက်လှေကားနဲ့ ပြန်ဆင်းစဉ် ကလေးငယ်ဟာ သူမချီထားရင်းနဲ့ ချော်ထွက်ပြီး စက်လှေကား လက်ရမ်းဘေးကနေ မြေညီထပ်ကို ပြုတ်ကျခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရုပ်သံမှာတော့ အမျိုးသမီးဟာ အဆင်း စက်လှေကားပေါ် တက်ပြီ ၃ စက္ကန့်အကြာမှာ သူမရဲ့ ခြေလှမ်းကို ပြင်လိုက်စဉ် ဟန်ချက်ပျက်ပြီး ကလေးက ထွက်ကျသွားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ သားအမိနှစ်ဦး မြေညီထပ်ကို ပြေးဆင်းသွားခဲ့ပေမယ့် ကလေးက သေဆုံးသွားခဲ့ပါပြီ။
တာဝန်ရှိသူတွေကတော့ ဒီအဖြစ်ပျက်ဟာ မတော်တဆမှုလား သွေးအေးအေးနဲ့ လုပ်ဆောင်ခဲ့တာလား ဆိုတာကို စုံစမ်းစစ်ဆေးလျှက်ရှိပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Popolay