ကိုယ္၀န္ေဆာင္စဥ္မွာ အထုိင္မ်ားတဲ့အမ်ိဳးသမီးေတြအေနနဲ ့ဗိုက္ထဲက ကေလးကို ထိခုိက္ႏိုင္ေၾကာင္း ကၽြမ္းက်င္ပါရဂူေတြက သတိေပးေျပာၾကားလုိက္ပါတယ္။

Warwick ေဆးေက်ာင္းက ေဆးသုေတသနပညာရွင္ေတြ ျပဳလုပ္ခဲ့တဲ့ ေလ့လာမွဳအရ ကိုယ္၀န္ ၄လ၊၅လ၊ ၆လ ရွိျပီျဖစ္တဲ့အမ်ိဳးသမီးေတြအေနနဲ ့တစ္ေန ့ကို ေျခာက္နာရီေက်ာ္ ထုိင္ျခင္းက ကိုယ္၀န္ေဆာင္စဥ္ အတြင္းမွာ ကိုယ္အေလးခ်ိန္တုိးျခင္းနဲ ့ေသြးတုိးဆီးခ်ဳိတုိ ့ရႏိုင္ျပီး ဒီအေျခအေနေတြေၾကာင့္ ေမြးဖြားစဥ္မွာ အခက္အခဲေတြ ေတြ ့ႏိုင္တယ္လုိ ့ဆုိပါတယ္။

ေနာက္ထပ္ေတြ ့ရွိမွဳအရ စိတ္မခ်မ္းသာ၊အားငယ္မွဳခံစားေနရတဲ့ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြဟာ ပုိ အထိုင္မ်ားတတ္ျပီး ကိုယ္အေလးခ်ိန္တုိးမွဳနဲ ့ကိုယ္၀န္ေဆာင္ခ်ိန္ဆီးခ်ိဳေရာဂါေတြ ရႏိုင္ေျခ ပုိမ်ားပါတယ္။

အရင္ကဆီးခ်ိဳမရွိပါဘဲနဲ ့ကိုယ္၀န္ေဆာင္ခ်ိန္မွာမွ ေသြးတြင္းသၾကားဓာတ္ျမင့္တက္ျပီး ေသြးတိုးျဖစ္ေပၚမွဳ Gestational diabetes ေၾကာင့္ မီးဖြားစဥ္မွာ မီးဖြားခ်ိန္ၾကာျမင့္ျခင္း၊ မီးဖြားမည့္ဆဲဆဲ သေႏၶသား အေနအထား မူမမွန္မွဳ စတဲ့ birth complications ေတြ ေတြ ့ေစႏိုင္ပါတယ။

ဒါေၾကာင့္မို ့လုိ ့ဒီ အႏၱရာယ္ ကိုေလွ်ာ့ခ်ႏိုင္ဖုိ ့ကိုယ္၀န္ေဆာင္မိခင္ေတြအေနနဲ ့ အထုိင္ေလ်ာ့ေပးဖုိ ့အေရးၾကီးပါတယ္” လုိ ့ေလ့လာမွဳကို ဦးေဆာင္ခဲ့သူ Dr Nithya Sukumar က ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thithtoolwin
# Unicode Version # ျဖင့္ ဖတ္ပါ #


 ကိုယ်ဝန်ဆောင်စဉ်မှာ အထိုင်များတဲ့အမျိုးသမီးတွေအနေနဲ့ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ကြောင်း ကျွမ်းကျင်ပါရဂူတွေက သတိပေးပြောကြားလိုက်ပါတယ်။

Warwick ဆေးကျောင်းက ဆေးသုတေသနပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ကိုယ်ဝန် ၄လ၊၅လ၊ ၆လ ရှိပြီဖြစ်တဲ့အမျိုးသမီးတွေအနေနဲ့တစ်နေ့ကို ခြောက်နာရီကျော် ထိုင်ခြင်းက ကိုယ်ဝန်ဆောင်စဉ် အတွင်းမှာ ကိုယ်အလေးချိန်တိုးခြင်းနဲ့သွေးတိုးဆီးချိုတို့ရနိုင်ပြီး ဒီအခြေအနေတွေကြောင့် မွေးဖွားစဉ်မှာ အခက်အခဲတွေ တွေ့နိုင်တယ်လို့ဆိုပါတယ်။

နောက်ထပ်တွေ့ရှိမှုအရ စိတ်မချမ်းသာ၊အားငယ်မှုခံစားနေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ပို အထိုင်များတတ်ပြီး ကိုယ်အလေးချိန်တိုးမှုနဲ့ကိုယ်ဝန်ဆောင်ချိန်ဆီးချိုရောဂါတွေ ရနိုင်ခြေ ပိုများပါတယ်။

အရင်ကဆီးချိုမရှိပါဘဲနဲ့ကိုယ်ဝန်ဆောင်ချိန်မှာမှ သွေးတွင်းသကြားဓာတ်မြင့်တက်ပြီး သွေးတိုးဖြစ်ပေါ်မှု Gestational diabetes ကြောင့် မီးဖွားစဉ်မှာ မီးဖွားချိန်ကြာမြင့်ခြင်း၊ မီးဖွားမည့်ဆဲဆဲ သန္ဓေသား အနေအထား မူမမှန်မှု စတဲ့ birth complications တွေ တွေ့စေနိုင်ပါတယ။

ဒါကြောင့်မို့လို့ဒီ အန္တရာယ် ကိုလျှော့ချနိုင်ဖို့ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အထိုင်လျော့ပေးဖို့အရေးကြီးပါတယ်” လို့လေ့လာမှုကို ဦးဆောင်ခဲ့သူ Dr Nithya Sukumar က ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top