ဟြန္ဒူရပ္စ္ႏိုင္ငံကေန အေမရိကကို ထြက္လာၿပီး အလုပ္လုပ္ကိုင္ေနခဲ့တဲ့ ဒန္ နီဂြန္ဇာလက္ဇ္ဆိုသူ အမ်ိဳးသားက ဟြန္ ဒူရပ္စ္မွာ က်န္ရစ္ခဲ့တဲ့ ဇနီးျဖစ္သူကို အ ဆက္ျဖတ္ပစ္ဖို႔ရာအတြက္ ေသဟန္ ေဆာင္ခဲ့ၿပီး ရင္ခြဲ႐ုံမွာ လူေသအေလာင္း လို လဲေလ်ာင္းေနတဲ့ဓာတ္ပုံကို လုပ္ႀကံ ဖန္တီး႐ိုက္ကူးခဲ့ပါတယ္။ ဇနီးကို အဆက္ ျဖတ္ဖို႔ တစ္ခုတည္းေသာ အေၾကာင္းျပ ခ်က္ကေတာ့ သူ႕ဇနီးက အေၾကာင္းအမ်ိဳး မ်ိဳးနဲ႔ တစ္ခ်ိန္လုံးေငြပို႔ခိုင္းေနခဲ့တာ ေၾကာင့္ ျဖစ္တယ္လို႔ ဒန္နီဂြန္ဇာလက္ဇ္က ဆိုပါတယ္။

ေငြအၿမဲေတာင္းေနတဲ့ ဇနီး ကို စိတ္ပ်က္ခဲ့တာေၾကာင့္ အေမရိကက သူငယ္ခ်င္းတစ္ဦးကိုပဲ အကူအညီ ေတာင္းကာ ဇနီးျဖစ္သူဆီကို သူရဲ႕လူ ေသဓာတ္ပုံကိုေပးပို႔ေစခဲ့ၿပီး ကင္ဆာ ေရာဂါ၊ ပန္းနာရင္က်ပ္ေရာဂါေတြနဲ႔ ကြယ္ လြန္သြားၿပီလို႔ သတင္းပို႔ေစခဲ့တာျဖစ္ပါ တယ္။ ဒန္နီေသဆုံးတဲ့သတင္းက ဇနီးက ေန ဒန္နီရဲ႕ မိဘေဆြမ်ိဳးေတြဆီပါ ေရာက္ ရွိသြားတာေၾကာင့္ ဝမ္းနည္းပူေဆြးေနခဲ့ ၾကရျပန္ပါတယ္။

ဒန္နီရဲ႕႐ုပ္အေလာင္း ဓာတ္ပုံမွာ ဒန္နီရဲ႕မ်က္ႏွာထားက ေျပာင္ စပ္စပ္ျဖစ္ေနတာကို ညီျဖစ္သူက သတိ ထားမိေတာ့မွ ေဆြမ်ိဳးေတြက ဒန္နီဆီကို ထပ္ၿပီးဆက္သြယ္တဲ့အခါက်မွ ဒန္နီက သူမေသေသးဘဲ ဇနီးျဖစ္သူကို စိတ္ပ်က္ တာေၾကာင့္ ႀကံရာမရဘဲ ခုလိုလုပ္ခဲ့မိ တယ္လို႔ ဝန္ခံေျပာၾကားခဲ့တာ ျဖစ္ပါ တယ္။ ဒီေနာက္ပိုင္းက်မွ ဇနီးကလည္း ဆင္ျခင္မိၿပီး ေငြပို႔ဖို႔ ဆက္တိုက္ေတာင္းဆို တာမ်ိဳးမလုပ္လာေတာ့တဲ့အတြက္ ခုမွပဲေအးေအးလူလူေနလို႔ရေတာ့တယ္လို႔ ဒန္နီက ဆိုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သံသာ

#Unicode Version# ျဖင့္ဖတ္ပါ ။

ဟွန်ဒူရပ်စ်နိုင်ငံကနေ အမေရိကကို ထွက်လာပြီး အလုပ်လုပ်ကိုင်နေခဲ့တဲ့ ဒန် နီဂွန်ဇာလက်ဇ်ဆိုသူ အမျိုးသားက ဟွန် ဒူရပ်စ်မှာ ကျန်ရစ်ခဲ့တဲ့ ဇနီးဖြစ်သူကို အ ဆက်ဖြတ်ပစ်ဖို့ရာအတွက် သေဟန် ဆောင်ခဲ့ပြီး ရင်ခွဲရုံမှာ လူသေအလောင်း လို လဲလျောင်းနေတဲ့ဓာတ်ပုံကို လုပ်ကြံ ဖန်တီးရိုက်ကူးခဲ့ပါတယ်။ ဇနီးကို အဆက် ဖြတ်ဖို့ တစ်ခုတည်းသော အကြောင်းပြ ချက်ကတော့ သူ့ဇနီးက အကြောင်းအမျိုး မျိုးနဲ့ တစ်ချိန်လုံးငွေပို့ခိုင်းနေခဲ့တာ ကြောင့် ဖြစ်တယ်လို့ ဒန်နီဂွန်ဇာလက်ဇ်က ဆိုပါတယ်။

ငွေအမြဲတောင်းနေတဲ့ ဇနီး ကို စိတ်ပျက်ခဲ့တာကြောင့် အမေရိကက သူငယ်ချင်းတစ်ဦးကိုပဲ အကူအညီ တောင်းကာ ဇနီးဖြစ်သူဆီကို သူရဲ့လူ သေဓာတ်ပုံကိုပေးပို့စေခဲ့ပြီး ကင်ဆာ ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါတွေနဲ့ ကွယ် လွန်သွားပြီလို့ သတင်းပို့စေခဲ့တာဖြစ်ပါ တယ်။ ဒန်နီသေဆုံးတဲ့သတင်းက ဇနီးက နေ ဒန်နီရဲ့ မိဘဆွေမျိုးတွေဆီပါ ရောက် ရှိသွားတာကြောင့် ဝမ်းနည်းပူဆွေးနေခဲ့ ကြရပြန်ပါတယ်။

ဒန်နီရဲ့ရုပ်အလောင်း ဓာတ်ပုံမှာ ဒန်နီရဲ့မျက်နှာထားက ပြောင် စပ်စပ်ဖြစ်နေတာကို ညီဖြစ်သူက သတိ ထားမိတော့မှ ဆွေမျိုးတွေက ဒန်နီဆီကို ထပ်ပြီးဆက်သွယ်တဲ့အခါကျမှ ဒန်နီက သူမသေသေးဘဲ ဇနီးဖြစ်သူကို စိတ်ပျက် တာကြောင့် ကြံရာမရဘဲ ခုလိုလုပ်ခဲ့မိ တယ်လို့ ဝန်ခံပြောကြားခဲ့တာ ဖြစ်ပါ တယ်။ ဒီနောက်ပိုင်းကျမှ ဇနီးကလည်း ဆင်ခြင်မိပြီး ငွေပို့ဖို့ ဆက်တိုက်တောင်းဆို တာမျိုးမလုပ်လာတော့တဲ့အတွက် ခုမှပဲအေးအေးလူလူနေလို့ရတော့တယ်လို့ ဒန်နီက ဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:သံသာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top