အဘိဓမ္မာစာမေးပွဲ ➳ (မြန်မာတစ်နိုင်ငံလုံး ပထမ)
အဘိဓမ္မာ(ဂုဏ်ထူး) ➳ (မြန်မာတစ်နိုင်ငံလုံး ဒုတိယ)
ဝိသုဒ္ဓိမဂ်စာမေးပွဲ ➳ ( မြန်မာတစ်နိုင်ငံလုံး ပထမ)
အလတ်တန်း ➳ ( မြန်မာတစ်နိုင်ငံလုံး ပထမ)
့ ၁၃၇၉-ခုနှစ်၊ တန်ခူးလဆန်း (၁၀) ရက်။ (26-3-2018) တနင်္လာနေ့။
သို့သော်လည်း ဆေးတက္ကသိုလ်ကို ခဏမျှသာတက်ရောက်ခဲ့ပြီး သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အရာသာဖြစ်သော ဥာဏ်ပညာကြီးသူတို့၏ ကျက်စားရာဖြစ်သော အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် သင်တန်းတို့ကို တက်ရောက်သင်ယူပြီး ပြန်လည်ပို့ချပေးနေသော ဆရာမတစ်ယောက် ဖြစ်ရုံမျှမက အချို့သော သာသနာဝန်ထမ်း ရှင်ရဟန်းတိုင်းပင် အောင်မြင်ဖို့ရန် ခဲယဉ်းသည့် ပါဠိပထမပြန်စာမေးပွဲ ‘ပထမငယ်” ပထမလတ်’ပထမကြီးတန်း”တို့ကိုပါ ထူးချွန်စွာ အောင်မြင်ခဲ့ပါသည်။
မေတ္တာများစွာဖြင့်
အရှင်ကုသလ သိရီ
#Unicode Version#
ဆေးတက္ကသိုလ်ကို စွန့်လွှတ်ပြီး ဓမ္မာစရိယဖြေဆိုနေသူ မဝေမွန်ကျော်
အဘိဓမ္မာစာမေးပွဲ ➳ (မြန်မာတစ်နိူင်ငံလုံး ပထမ)
အဘိဓမ္မာ(ဂုဏ်ထူး) ➳ (မြန်မာတစ်နိူင်ငံလုံး ဒုတိယ)
ဝိသုဒ္ဓိမဂ်စာမေးပွဲ ➳ ( မြန်မာတစ်နိူင်ငံလုံး ပထမ)
ပထမငယ်တန်း ➳ ( ရန်ကုန်တိုင်း ပထမ)
အလတ်တန်း ➳ ( မြန်မာတစ်နိူင်ငံလုံး ပထမ)
“ ခေတ်သစ် အာဇာနည်အမျိုးကောင်းသမီး
၁၃၇၉-ခုနှစ်၊ တန်ခူးလဆန်း (၁၀) ရက်။ (26-3-2018) တနင်္လာနေ့။
သူမသည် ၁၀ တန်းကို ဒဂုံ အထက (၁) မှ လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်၍ ဆေးတက္ကသိုလ်ကို တက်ခွင့်ရသူ ဆရာဝန်လောင်း တစ်ယောက်ဖြစ်သည်။
သို့သော်လည်း ဆေးတက္ကသိုလ်ကို ခဏမျှသာတက်ရောက်ခဲ့ပြီး သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အရာသာဖြစ်သော ဉာဏ်ပညာကြီးသူတို့၏ ကျက်စားရာဖြစ်သော အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် သင်တန်းတို့ကို တက်ရောက်သင်ယူပြီး ပြန်လည်ပို့ချပေးနေသော ဆရာမတစ်ယောက် ဖြစ်ရုံမျှမက အချို့သော သာသနာဝန်ထမ်း ရှင်ရဟန်းတိုင်းပင် အောင်မြင်ဖို့ရန် ခဲယဉ်းသည့် ပါဠိပထမပြန်စာမေးပွဲ ‘ပထမငယ်” ပထမလတ်’ပထမကြီးတန်း”တို့ကိုပါ ထူးချွန်စွာ အောင်မြင်ခဲ့ပါသည်။
ထို့နောက် “ဓမ္မေ ကောဝိဒေါ အာစရိယော ဓမ္မာစရိယော”- မြတ်ဗုဒ္ဓ၏ သုံးရပ်သိက္ခာ သာသနာဝယ် ဓမ္မအရာ ထူးခြားကျွမ်းကျင် ပညာရှင်ဖြစ်နိုင်ဖို့အရေး ရည်မျှော်တွေး၍ စာချတန်းခေါ် ဓမ္မာစရိယတန်းကို ဆက်လက်သက်ယူ ဆည်းပူးလျှက် ဖြေဆိုရာတွင် ကျမ်းရင်းသုံးကျမ်းအနက် ပထဆုံးနှင့် အခက်ဆုံးကျမ်းဟု စာသင်စာချအရှင်မြတ်တိုင်း ပြောစမှတ်ပြုနေကြသည့် “ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ”ကျမ်းကြီးကို ဖြေဆို ပြီးမြောက် အောင်မြင်ခဲ့၍ ယခုအခါ “သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌထာနှင့် ဓမ္မသင်္ဂဏီနှင့် ၎င်းအဖွင့် အဋ္ဌသာလိနီအဋ္ဌကထာကျမ်း”ကို ရိုးသား၍ ကြိုးစားစွာ ဖြေဆိုနေသည်ကို တွေ့ရ၍ အလွန်ပင် ဝမ်းမြောက်ကြည်နူးဖြစ်ရပါသည်။ သာဓုလည်း အကြိမ်ကြိမ် ခေါ်မိပါ၏။
ထိုအာဇာနည် အမျိုးကောင်းသမီးသည်ကား အဖ ဦးအုန်းကျော်၏ သမီးရတနာ မဝေမွန်ကျော် ပင် ဖြစ်ပါသည်။ သူမ၏ လက်ရေးလှပသေသပ်မှုကိုလည်း ဖြေဆိုခွင့်လက်မှတ်၌ သူမလက်ရေးမူကို ကြည့်ရုံဖြင့် သိနိုင်ပါသည်။
ယခုနှစ်စာမေးပွဲကို လွယ်ကူချောမွေ့စွာ အောင်မြင်၍ အမျိုးဘာသာ သာသနာအကျိုး ဆထက်တိုး၍ ဆောင်ရွက်နိုင်သော အာဇာနည် အမျိုးကောင်းသမီး ဖြစ်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ရပါသတည်း။
သဒ္ဓမ္မသုံးရပ် တရားမြတ်လွမ်းပတ်ကမ္ဘာ တည်ပါစေ။သတ္တဝါခပ်သိမ်း တရားကိန်းအေးငြိမ်းချမ်းသာ ရှိပါစေ။
မေတ္တာများစွာဖြင့်
ဖိုးသူတော်(www.phothutaw.com)
Credit:ဇေယျာမြေ အရှင်ကုသလသိရီ
အရှင်ကုသလ သိရီ