မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕ ကမၻာ့အႀကီးဆံုး ထိုင္ေတာ္မူ ဗုဒၶရုပ္ပြားေတာ္ ..

ဘာ့ေၾကာင့္ ဒီလိုႀကီး ျဖစ္ေနတာလဲဗ်ာ…ကမၻာ႔ အႀကီးဆံုးဆိုေတာ့ ကမၻာကို ခ်ျပရမယ့္ ဗုဒၶရုပ္ပြားေတာ္ မဟုတ္ေပဘူးလား ျမန္မာတို႔ရဲ႕လက္ရာက ဒီလိုႀကီးလားဆိုတာ ကမၻာကို ျပၾကမွာလား ကိုယ္တိုင္ေတာ့ နားမလည္ပါဘူး နားလည္တဲ့သူေတြ လုပ္ၾကတာဆိုေတာ့ အပစ္ေျပာျခင္းမဟုတ္ပါ။

ေသခ်ာ ဒီအတိုင္းပဲ လုပ္သင့္တဲ့ အေၾကာင္းရွိလို႔ ဒီလိုထုလုပ္ပူေဇာ္ရတာလား..။ သိတဲ့သူမ်ား ေျဖေပးခဲ့ၾကပါေနာ္…

ကမၻာ့အႀကီးဆံုး ထိုင္ေတာ္မူ ေဂါတမ ဗုဒၶ႐ုပ္ပြားေတာ္ ဘုရားႀကီး၏ ဗုဒၶပူဇနိယအဘိေသကအေနကဇာတင္ ပူေဇာ္ပြဲေတာ္ အခမ္းအနား က်င္းပျပဳလုပ္

၇-၄-၂ဝ၁၉ ရက္ေန႕ နံနက္ (၀၄း၀၀) နာရီအခ်ိန္က က်ိဳက္ထိုၿမိဳ႕၊ ဘုရားသံုးဆူေတာင္ေပၚ၌ တည္ထားကိုးကြယ္ေတာ္မူေသာ္ ဉာဏ္ေတာ္အျမင့္ (၂၅၅ ေပ ၆ လက္မ) ႐ွိ ကမၻာ့အႀကီးဆံုး

ထိုင္ေတာ္မူ ေဂါတမ ဗုဒၶ႐ုပ္ပြားေတာ္ ဘုရားႀကီး၏ ဗုဒၶပူဇနိယအဘိေသကအေနကဇာတင္ ပူေဇာ္ပြဲေတာ္ အခမ္းအနားကို ပင့္သံဃာ (၂၆၁) ပါး၊

တိုင္းရင္းသားေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာႏိုင္သက္လြင္၊ မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၊ သာသနာေရးႏွင့္ ယာဉ္ေက်းမႈဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဒုတိယဝန္ႀကီး ဦးၾကည္မင္း၊

မြန္ျပည္နယ္ တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးခင္ေမာင္ႀကီး၊ အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးမ်ား၊ မြန္ျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး သက္ႏုိင္ႏွင့္ဌာနဆိုင္ရာမ်ား၊ အလွဴ႐ွင္မ်ား၊

ဘုရားဖူးလာ မိဘျပည္သူမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္၍ နံနက္ (၀၄၄၅) နာရီအခ်ိန္တြင္

ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ေ႐ွ႕မ်က္ႏွာစာရင္ျပင္ အေနကဇာတင္မည့္ေနရာတြင္ ဆီမီးတိုင္မ်ား ထြန္းညႇိပူေဇာ္၍ နံနက္ (၀၅း၁၅) နာရီအခ်ိန္တြင္ ပင့္သံဃာ (၂၆၁) ပါးမွ

ဗုဒၶါဘိေသကအေနကဇာတင္ႏွင့္ ပဌာန္းပစၥယုေဒၵသပါ႒ိေတာ္ကို ရြက္ဖတ္၍ အေနကဇာတင္ကာ ဆြမ္းေလာင္းခဲ့ၾကပါသည္။ ဆက္လက္၍ ဆရာေတာ္၊ သံဃာေတာ္အ႐ွင္သူျမတ္မ်ားကို အ႐ုဏ္ဆြမ္း ဆက္ကပ္၍

ထိုင္ေတာ္မူ ေဂါတမ ဗုဒၶ႐ုပ္ပြားေတာ္ ဘုရားႀကီး၏ ဂႏၶကုဋိတိုက္အတြင္း သီတဂူဆရာေတာ္ႀကီး အမွဴးျပဳေသာ

ဆရာေတာ္ႀကီး (၂၅) ပါး တို႔ထံမွ ကိုးပါးသီလ ခံယူေဆာက္တည္ျခင္း၊ ပရိတ္တရားေတာ္မ်ား နာယူပူေဇာ္ျခင္း၊ သာသနာေရးရာ ေလ်ွာက္ထားျခင္းႏွင့္ ေဒသခံ တစ္ဦးမွ ေက်းဇူးတင္စကားျပန္လည္ေျပာၾကားကာ

လွဴဘြယ္ဝတၳဳမ်ား ကပ္လွဴပူေဇာ္ၿပီး သီတဂူကမၻာ့ဗုဒၶတကၠသိုလ္ အဓိပတိဆရာေတာ္ ေဒါက္တာ အ႐ွင္ဉာဏိႆရက ေရစက္သြန္းခ် အမ်ွေပးေဝကာ အခမ္းအနားေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Zin Moe

#Unicode Version# ျဖင့္ဖတ္ပါ ။

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ..

ဘာ့ကြောင့် ဒီလိုကြီး ဖြစ်နေတာလဲဗျာ…ကမ္ဘာ့ အကြီးဆုံးဆိုတော့ ကမ္ဘာကို ချပြရမယ့် ဗုဒ္ဓရုပ်ပွားတော် မဟုတ်ပေဘူးလား မြန်မာတို့ရဲ့လက်ရာက ဒီလိုကြီးလားဆိုတာ ကမ္ဘာကို ပြကြမှာလား ကိုယ်တိုင်တော့ နားမလည်ပါဘူး နားလည်တဲ့သူတွေ လုပ်ကြတာဆိုတော့ အပစ်ပြောခြင်းမဟုတ်ပါ။

သေချာ ဒီအတိုင်းပဲ လုပ်သင့်တဲ့ အကြောင်းရှိလို့ ဒီလိုထုလုပ်ပူဇော်ရတာလား..။ သိတဲ့သူများ ဖြေပေးခဲ့ကြပါနော်…

ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဂေါတမ ဗုဒ္ဓရုပ်ပွားတော် ဘုရားကြီး၏ ဗုဒ္ဓပူဇနိယအဘိသေကအနေကဇာတင် ပူဇော်ပွဲတော် အခမ်းအနား ကျင်းပပြုလုပ်

၇-၄-၂ဝ၁၉ ရက်နေ့ နံနက် (၀၄း၀၀) နာရီအချိန်က ကျိုက်ထိုမြို့၊ ဘုရားသုံးဆူတောင်ပေါ်၌ တည်ထားကိုးကွယ်တော်မူသော် ဉာဏ်တော်အမြင့် (၂၅၅ ပေ ၆ လက်မ) ရှိ ကမ္ဘာ့အကြီးဆုံး

ထိုင်တော်မူ ဂေါတမ ဗုဒ္ဓရုပ်ပွားတော် ဘုရားကြီး၏ ဗုဒ္ဓပူဇနိယအဘိသေကအနေကဇာတင် ပူဇော်ပွဲတော် အခမ်းအနားကို ပင့်သံဃာ (၂၆၁) ပါး၊

တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာနိုင်သက်လွင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးကြည်မင်း၊

မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်နိုင်နှင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊

ဘုရားဖူးလာ မိဘပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်၍ နံနက် (၀၄၄၅) နာရီအချိန်တွင်

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာစာရင်ပြင် အနေကဇာတင်မည့်နေရာတွင် ဆီမီးတိုင်များ ထွန်းညှိပူဇော်၍ နံနက် (၀၅း၁၅) နာရီအချိန်တွင် ပင့်သံဃာ (၂၆၁) ပါးမှ

ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ပဌာန်းပစ္စယုဒ္ဒေသပါဋ္ဌိတော်ကို ရွက်ဖတ်၍ အနေကဇာတင်ကာ ဆွမ်းလောင်းခဲ့ကြပါသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များကို အရုဏ်ဆွမ်း ဆက်ကပ်၍

ထိုင်တော်မူ ဂေါတမ ဗုဒ္ဓရုပ်ပွားတော် ဘုရားကြီး၏ ဂန္ဓကုဋိတိုက်အတွင်း သီတဂူဆရာတော်ကြီး အမှူးပြုသော

ဆရာတော်ကြီး (၂၅) ပါး တို့ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူပူဇော်ခြင်း၊ သာသနာရေးရာ လျှောက်ထားခြင်းနှင့် ဒေသခံ တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ

လှူဘွယ်ဝတ္ထုများ ကပ်လှူပူဇော်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Zin Moe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top