Credit: bamakhit
#Unicode Version# ဖြင့်ဖတ်ပါ ။
ဒီကနေ့မနက် အစောပိုင်းက ထိုင်းနိုင်ငံ ဖတ်ထလုံး ခရိုင် ကနေ စုန်ခလာခရိုင်ကို မောင်းနှင်နေတဲ့တိုရိုတာ ဗင်ကား လိုင်စဉ်နံပါတ် (၈၈၅၁) ဟာ ပါဘွန်မြို့နယ် အာရှလမ်းမကြီး ပေါ်မှာ တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။
ကားပေါ်မှာ လိုက်ပါလာတဲ့ ကိုရိုတီး coyote အကမယ် (၆) ဦးဟာ ဒဏ်ရာအသီးသီးရခဲ့ပါတယ်၊ အကမယ်တွေဟာ ဖတ်ထလုံး မှာပြုလုပ်တဲ့ ည ပါတီကပွဲမှာ ကပြီး စုန်ခလာ မှာ အနားယူဖို့ ပြန်လာကြတာပါ။
ကားမောင်းသူ နိုင်နထဖွန် အသက် (၂၆) နှစ်ဟာ ကားမောင်းနေရင်း အိပ်ငိုက် သွားတာလို့ သတင်းတွေမှာဖေါ်ပြနေပြီး တချို့ထိုင်းသတင်းတွေမှာတော့ နောက်လှည့် စကားပြောနေရင်း ယာဉ်လမ်းကြောင်း လွဲတာကို ရုတ်တရက် ကွေ့လိုက်လို့တိမ်းမှောက်သွာတာလို့လည်း ရေးသားဖေါ်ပြနေပါတယ်။
တိမ်းမှောက်သွားတဲ့ ဗင်ကားဟာ ဘာနဲ့မှမတိုက်မိပဲ ဘေးတစောင်းမှောက်သွားခဲ့တာဖြစ်ပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေရောက်သွားတဲ့အချိန်မှာ ဒဏ်ရာရနေတဲ့အကမယ်တွေ ဟာ အော်ဟစ်ငိုနေကြပြီး တချို့လည်းဖုန်းတွေနဲ့သက်ဆိုင်သူတွေဆီ သတင်းပို့နေကြတာတွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာ ကိုယိုတီး အကမယ်တွေကို နယ်တွေမြို့တွေ ပါတီပွဲလုပ်တဲ့သူတွေဟာ အခကြေးငွေနဲ့ငှားရမ်းပြီး ဆောင်းဘောက်တွေအပြည့်ဆင်ထားတဲ့ ကားတွေပေါ်မှာ လိင်နိုးဆွအက တွေနဲ့ ဖျော်ဖြေကြတာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: bamakhit