

Credit: George swezone
#Unicode Version# ဖြင့်ဖတ်ပါ ။
မြစ်ဆုံအတွက် အလှူရှင်များစာရင်း။
ဒေါက်တာထွန်းလွင်က သိန်းငါးရာနိုဗိုတယ်ပိုင
်ရှင် Max ဇော်ဇော်က သိန်း တစ်ထောင်
စာရေးဆရာမ ဂျူးက သိန်းငါးရာ
ဆရာ အော်ပီကျယ်က သိန်းငါးရာ
စာရေးဆရာ ကိုတာက သိန်းငါးရာ
သရုပ်ဆောင် ဒေါင်းက သိန်းငါးရာ
ပိုင်ဖြိုးသုက သိန်းငါးရာ
အောင်လ အန်ဆန်က သိန်းငါးရာ
အဆိုတော်အောင်ထက်က သိန်းငါးရာ
တေးရေးမြင့်မိုးအောင်က သိန်းငါးရာ
လှူကြမယ်လို့ ပြောသံများ ကြားလိုက်လားဗျို့။
ဧရာဝတီ ကိုကယ်တင်တဲ့ အထိမ်းအမှတ် နဲ့ နိုဗိုတယ်ဟော်တယ်ရဲ့ ပွဲမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် နာရီဝက် မီးမှိတ်၊အဲယားကွန်းပိတ်ပြီး ငြိမ်သက်စွာ နေကြတယ်လို့ ကြားမိကြသေးလားဗျ။
ဧရာဝတီ ကိုပြန်ရွေးပွဲ ဦးဆောင်သူတွေ ဒီလို အပူချိန်ပြင်းတဲ့ ညမျိုးကို အဲယားကွန်း မဖွင့်ဘဲ တစ်ညလောက် အပူခံအိပ်၊ဂုဏ်ပြုကြတယ်လို့များ ကြားမိကြသေးလားဗျ။
ဧရာဝတီ ကို သုံးမရအောင် ဖျက်ဆီးခဲ့တဲ့ အာဏာရှင်တွေ၊မြစ်ဆုံဆည်ဆောက်မဲ့ ကိစ္စမှာ မျိုးမျိုးမြတ်မြတ် အကျိုးရှိခဲ့ကြတဲ့ အရှင်လတ်လတ် မသေသေးတဲ့ စစ်အာဏာရှင် တွေကို ပထမဦးစွာ ရှုံ့ချပါတယ် …..ဆိုတာလေးရော ကြားမိလိုက်သေးလားဗျ။
ကောနေပြီးသား ဧရာဝတီ ကို NLD အစိုးရလက်ထက် မြစ်ဆုံစီမံကိန်း ဆက်လုပ်ဖြစ်လို့ ကောသွားတယ်ဆိုတဲ့ Target ရောက်အောင် လှော်နေတဲ့ သေခါနီးလူတွေလေ။
တစ်ယောက်တစ်ဒေါ်လာစုတာဘာအတွက်လည်း ဆိုတော့…
စစ်ဘေးရှောင်တွေကယ်ဆယ်ဖို့လဲမဟုတ်။
တိုင်းပြည် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံဖို့လည်း မဟုတ်။
အာဏာရှင် စခဲ့တဲ့ အိတ်ကပ်ထဲထဲ့ခဲ့တဲ့ ဇာတ်လမ်းကို အဖတ်ဆယ်ဖို့ ပြည်သူတွေက တစ်ဒေါ်လာစီ ထဲ့ကြရအုံးမယ် ဆိုတော့ခင်ဗျားတို့ သေခါနီး လူတစ်စုဟာရှက်တတ်ရင် ဧရာဝတီမြစ်ထဲသာ ခုန်ချပြီး သေလိုက်ကြပါတော့။
ဖိုးသူတော် (www.phothutaw.com)
Credit: George swezone