
ဒီခ်ိဳးရုပ္ ရုပ္ရွင္ကားၾကီးနဲ႔ ပတ္သက္ျပီး ညီနႏၵက သူ႕ရဲ႕ အႏုပညာဒုတိယဘဝခရီးမွာ ဇာတ္ေကာင္စရုိက္ပီျပင္စြာ လုပ္ခြင့္ရတဲ့ ပထမဦးဆုံး ရုပ္ရွင္ဇာတ္ကားႀကီး ျဖစ္တဲ့ ”ခ်ိဳးရုပ္” ဇာတ္ကားၾကီးမွာ ”ေအာင္ႀကီး” အျဖစ္ အေကာင္းဆုံးႀကိဳးစား သရုပ္ေဆာင္ေနပါတယ္ လုိ႕ ပရိသတ္ကိုအသိေပးခဲ့ပါတယ္ ။ ဒီရုပ္ရွင္ဇာတ္ကားမွာ သူ႕ကို သရုပ္ေဆာင္ဖို႔ကမ္းလွမ္းခဲ့တဲ့ “ (1994 ခုႏွစ္ ကၽြန္ေတာ္သရုပ္ေဆာင္ ေလာကကိုစေရာက္ကတည္းက ကၽြန္ေတာ္နဲ႔အတူသရုပ္ေဆာင္ခဲ့တဲ့၊ကၽြန္ေတာ့နာမည္အရင္း”စည္သူ”လို႔ကၽြန္ေတာ့ကိုအျမဲေခၚတဲ့) ကၽြန္ေတာ့အစ္ကိုႀကီး ေက်းဇူးရွင္ဒါရုိက္တာ ”ကိုခင္လွိဳင္” ကို အထူး ေက်းဇူးတင္ဂါရဝျပဳ မွတ္တမ္းတင္ ပါတယ္ခင္ဗ်ာ. “ လို႕ လူမႈကြန္ရက္စာမ်က္နွာမွာ ေရး သားေဖာ္ျပခဲ့ပါတယ္ ။ ညီနႏၵကိုခ်စ္ခင္အားေပးေနတဲ့ ပရိသတ္ၾကီးလည္း အနုပညာေလာကထဲ တေက်ာ့ျပန္၀င္လာတဲ့ ညီနႏၵကို အားေပးၾကမယ္မဟုတ္လား ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.asia
#Unicode Version# ျဖင့္ဖတ္ပါ ။
တစ်ချိန်က VCD သီချင်းလေးတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် မင်းသား ညီနန္ဒကို ပရိသတ်ကြီး မှတ်မိသေးရဲ့လား။ ယောကျာ်းပီသတဲ့ ရုပ်ရည်အရပ်အမောင်းနဲ့ တစ်ချိန်က မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုအခိုင်အမာရရှိထားတဲ့ ညီနန္ဒတစ်ယောက် ကတော့ အနုပညာလောကထဲကနေ အချိန်အတော် ကြာ အနားယူပျောက်ကွယ်နေခဲ့ပါတယ် ။ အပြင်စီးပွားရေးတွေ လုပ်ရင်း အနုပညာခြေလှမ်းတွေ ကျဲသွားတဲ့ ညီနန္ဒကတော့ အခုတစ်ခါ အနုပညာလောကထဲကို ပြန်လည်ခြေချလာခဲ့ပြီဖြစ်ပါတယ် ။ လတ်တလောအနုပညာ လှုပ်ရှားမှုအနေနဲ့ကတော့ ချိုးရုပ် ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ် ။
ဒီချိုးရုပ် ရုပ်ရှင်ကားကြီးနဲ့ ပတ်သက်ပြီး ညီနန္ဒက သူ့ရဲ့ အနုပညာဒုတိယဘဝခရီးမှာ ဇာတ်ကောင်စရိုက်ပီပြင်စွာ လုပ်ခွင့်ရတဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ”ချိုးရုပ်” ဇာတ်ကားကြီးမှာ ”အောင်ကြီး” အဖြစ် အကောင်းဆုံးကြိုးစား သရုပ်ဆောင်နေပါတယ် လို့ ပရိသတ်ကိုအသိပေးခဲ့ပါတယ် ။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ကို သရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့တဲ့ “ (1994 ခုနှစ် ကျွန်တော်သရုပ်ဆောင် လောကကိုစရောက်ကတည်းက ကျွန်တော်နဲ့အတူသရုပ်ဆောင်ခဲ့တဲ့၊ကျွန်တော့နာမည်အရင်း”စည်သူ”လို့ကျွန်တော့ကိုအမြဲခေါ်တဲ့) ကျွန်တော့အစ်ကိုကြီး ကျေးဇူးရှင်ဒါရိုက်တာ ”ကိုခင်လှိုင်” ကို အထူး ကျေးဇူးတင်ဂါရဝပြု မှတ်တမ်းတင် ပါတယ်ခင်ဗျာ. “ လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေး သားဖော်ပြခဲ့ပါတယ် ။ ညီနန္ဒကိုချစ်ခင်အားပေးနေတဲ့ ပရိသတ်ကြီးလည်း အနုပညာလောကထဲ တကျော့ပြန်ဝင်လာတဲ့ ညီနန္ဒကို အားပေးကြမယ်မဟုတ်လား ။
ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia