ေနျပည္ေတာ္ေကာင္စီနယ္ ေျမ တြင္ ဧၿပီလ ၁၇ ရက္ေန႔ ညေနပိုင္းက ေလျပင္းတိုက္ခတ္မႈေၾကာင့္ လႊတ္ေတာ္မွ မွန္ခ်ပ္ ၁၆ ခ်ပ္ ပ်က္စီးခဲ့ၿပီး အျခားေနရာမ်ားပါ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ယမန္ေန႔ ညေန ၄ နာရီ ၃၀ မိနစ္ အခ်ိန္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ လႊတ္ေတာ္ရွိ ႀကိဳးတံတား(၁) အျပင္ဂိတ္ ဝင္/ထြက္ေမာင္းတံ၂ခု က်ိဳးျခင္း၊ အျပင္ဘက္ သံပန္းၿခံစည္း႐ိုး ၁ ခ်ပ္ ျပဳတ္ထြက္ျခင္း လႊတ္ေတာ္ (B/C/D/ F/G) ေဆာင္တို႔မွ မွန္ ၁၆ခ်ပ္ ပ်က္စီးခဲ့ေၾကာင္း သတင္း/ျပန္ၾကားေရးမွ သိရသည္။

ထို႔ျပင္ ဇမၺဴသီရိၿမိဳ႕နယ္ ေဇယ်သိဒၶိရပ္ကြက္၊ ပညာသိဒၶိရပ္ကြက္ႏွင့္ မဂၤလာသိဒၶိရပ္ကြက္တို႔၌ မီးတိုင္ ၅ တိုင္ လဲက်ခဲ့ၿပီး အုန္းပင္လဲက်ပိမိ၍ ယာဥ္ ၁ စီး အမိုးပ်က္မွန္ကြဲကာ ပ်က္စီးခဲ့သည္။

ပုဗၺသီရိၿမိဳ႕နယ္ ေနျပည္ေတာ္ဘူတာႀကီး အေပၚေလကာ မွန္ ၁ ခ်ပ္ ကြဲ ပ်က္စီးျခင္း၊ ဒကၡိဏသီရိၿမိဳ႕နယ္ ကြၽဲတဲေက်း႐ြာ၌ ေနအိမ္ ၁ လုံး အမိုးလန္ ပ်က္စီးျခင္း၊ ဥတၱရသီရိၿမိဳ႕နယ္ ဇဝနသိဒၶိ ရပ္ကြက္ပါ ၂ ရပ္ကြက္၌ Ocean စူပါမားကပ္၏ နံရံအစိတ္အပိုင္းမ်ား ကြာက်ျခင္း၊ ေနအိမ္ ၇ လုံး အမိုးလန္ ပ်က္စီးျခင္း ျဖစ္ေပၚခဲ့သည္။

ပ်ဥ္းမနားၿမိဳ႕နယ္ ႐ြာေကာက္ ရပ္ကြက္၌ ဖုန္းတိုင္ ၁ တိုင္ႏွင့္ မီးတိုင္ ၁ တိုင္ လဲက်ခဲ့၍ ပ်က္စီးျခင္း၊ လယ္ေဝး ၿမိဳ႕နယ္ ေျမာင္သာယာ ေက်း႐ြာ၌ ေနအိမ္ ၉ လုံး အမိုးလန္ ပ်က္စီးျခင္းႏွင့္ တပ္ကုန္းၿမိဳ႕နယ္ ထန္းေတာႀကီး ေက်း႐ြာ၌ ေနအိမ္ ၂ လုံး၊ ဘုန္းႀကီးေက်ာင္း မီးဖိုေဆာင္ ၁ ေဆာင္ အမိုးလန္ ပ်က္စီးျခင္းမ်ား ျဖစ္ပြားခဲ့သည္ဟု MOI သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ဧၿပီလ ၁၇ ရက္ေန႔ ညေနပိုင္းမ်ားတြင္ ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ဆင္ေပါင္ဝဲၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္၊ ဆီဆိုင္ၿမိဳ႕နယ္တို႔တြင္ ေလျပင္းမ်ား တိုက္ခတ္ခဲ့ေၾကာင္း သိရသည္။

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ဒါလီေက်း႐ြာသို႔ မီးတိုင္ ၃ တိုင္ လဲက်ခဲ့ၿပီး မေကြးတိုင္းေဒသႀကီး၊ ဆင္ေပါင္ဝဲၿမိဳ႕နယ္ ေက်ာက္ေဆာင္စမ္း ေက်း႐ြာ၌ စာသင္ေက်ာင္း ၂ ေက်ာင္း၊ ေနအိမ္ ၂၅ လုံး အမိုးလန္ ပ်က္စီးခဲ့သည္။

ရွမ္းျပည္နယ္၊ ဆီဆိုင္ၿမိဳ႕နယ္ ေနာင္လုံေက်း႐ြာ၌ ဘုန္းႀကီးေက်ာင္း ၁ ေက်ာင္း၊ အေျခခံပညာမူလတန္းေက်ာင္း ၁ ေက်ာင္း၊ ေနအိမ္ ၄၀ လုံး အမိုးလန္ ပ်က္စီးခဲ့ကာ ဧၿပီလ ၁၆ ရက္ေန႔ ညပိုင္းကလည္း ေလျပင္းတိုက္ခတ္မႈ ေၾကာင့္ ကန႔္ဘလူခ႐ိုင္ စစ္ကိုင္းတိုင္းေဒသႀကီး ကြၽန္းလွၿမိဳ႕နယ္ ႐ြာကုန္းႀကီးေက်း႐ြာ၌ ေနအိမ္ ၃၆ လုံး၊ ဘုန္းႀကီးေက်ာင္း ၁ ေက်ာင္း အမိုးလန္ ပ်က္စီးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


 နေပြည်တော်ကောင်စီနယ်မြေတွင် ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လွှတ်တော်မှ မှန်ချပ် ၁၆ ချပ် ပျက်စီးခဲ့ပြီး အခြားနေရာများပါ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန် လေပြင်းတိုက်ခတ်မှုကြောင့် လွှတ်တော်ရှိ ကြိုးတံတား(၁) အပြင်ဂိတ် ဝင်/ထွက်မောင်းတံ၂ခု ကျိုးခြင်း၊ အပြင်ဘက် သံပန်းခြံစည်းရိုး ၁ ချပ် ပြုတ်ထွက်ခြင်း လွှတ်တော် (B/C/D/ F/G) ဆောင်တို့မှ မှန် ၁၆ချပ် ပျက်စီးခဲ့ကြောင်း သတင်း/ပြန်ကြားရေးမှ သိရသည်။

ထို့ပြင် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်နှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်တို့၌ မီးတိုင် ၅ တိုင် လဲကျခဲ့ပြီး အုန်းပင်လဲကျပိမိ၍ ယာဉ် ၁ စီး အမိုးပျက်မှန်ကွဲကာ ပျက်စီးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီး အပေါ်လေကာ မှန် ၁ ချပ် ကွဲ ပျက်စီးခြင်း၊ ဒက္ခိဏသီရိမြို့နယ် ကျွဲတဲကျေးရွာ၌ နေအိမ် ၁ လုံး အမိုးလန် ပျက်စီးခြင်း၊ ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိ ရပ်ကွက်ပါ ၂ ရပ်ကွက်၌ Ocean စူပါမားကပ်၏ နံရံအစိတ်အပိုင်းများ ကွာကျခြင်း၊ နေအိမ် ၇ လုံး အမိုးလန် ပျက်စီးခြင်း ဖြစ်ပေါ်ခဲ့သည်။

ပျဉ်းမနားမြို့နယ် ရွာကောက် ရပ်ကွက်၌ ဖုန်းတိုင် ၁ တိုင်နှင့် မီးတိုင် ၁ တိုင် လဲကျခဲ့၍ ပျက်စီးခြင်း၊ လယ်ဝေး မြို့နယ် မြောင်သာယာ ကျေးရွာ၌ နေအိမ် ၉ လုံး အမိုးလန် ပျက်စီးခြင်းနှင့် တပ်ကုန်းမြို့နယ် ထန်းတောကြီး ကျေးရွာ၌ နေအိမ် ၂ လုံး၊ ဘုန်းကြီးကျောင်း မီးဖိုဆောင် ၁ ဆောင် အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်ဟု MOI သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းများတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တို့တွင် လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဒါလီကျေးရွာသို့ မီးတိုင် ၃ တိုင် လဲကျခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဆောင်စမ်း ကျေးရွာ၌ စာသင်ကျောင်း ၂ ကျောင်း၊ နေအိမ် ၂၅ လုံး အမိုးလန် ပျက်စီးခဲ့သည်။

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ် နောင်လုံကျေးရွာ၌ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁ ကျောင်း၊ နေအိမ် ၄၀ လုံး အမိုးလန် ပျက်စီးခဲ့ကာ ဧပြီလ ၁၆ ရက်နေ့ ညပိုင်းကလည်း လေပြင်းတိုက်ခတ်မှု ကြောင့် ကန့်ဘလူခရိုင် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ရွာကုန်းကြီးကျေးရွာ၌ နေအိမ် ၃၆ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန် ပျက်စီးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top