မုံရြာ ျပည္သူ႔ေဆး႐ုံႀကီး မွာ ေဆး႐ုံတက္ရင္း ေဆးဖိုးအတြက္ ေငြေၾကးအခက္ခဲျဖစ္ေနလားကြၽန္ေတာ္ ့ဆီကုိဆက္သြယ္လိုက္ပါ

စီစစ္ၿပီး တကယ္ ႏြမ္းပါးလူနာျဖစ္ပါက ေရခ်မ္း ေဆးဆိုင္မွာ ေဘ ဖြင့္ေပးၿပီး လူနာေရး႐ုံဆင္းသည္အထိ တာဝန္ယူေပးပါမယ္ခဗ်ာလက္႐ွိ ကူညီေပးေနတဲ့ လူနာႏွစ္ေယာက္ကေတာ့ေဆး႐ုံဆင္းသြားၾကပါၿပီ။

လူနာႏွစိဦးအတြက္ စုစုေပါင္းေဆးဖိုး ၁၄၂၆၀၀ ႐ွင္းေပးခဲ့ပါၿပီခဗ်။တကယ္ကုိ ႏြမ္းပါးပါက တကယ္ကူညီေပးပါမယ္မိတ္ေဆြကုိယ္တိုင္ျဖစ္ေစ ဒါမွမဟုတ္ မိတ္ေဆြအသိမိတ္ေဆြျဖစ္ေစ မိတ္ေဆြပတ္ဝန္းက်င္မွာ ႏြမ္းပါးလူ ေတြ႔သည္ျဖစ္ေစဆက္သြယ္လို႔ရပါတယ္ခဗ်ာ။

အကူညီလို လို႔ေခၚရင္ ပထမဦးစြာ လိုက္ၾကည့္ပါတယ္ လိုက္ၾကည္တိုင္းေတာ့ မကူညီပါဘူးခဗ် ကူညီထိုက္မွ တကယ္ႏြမ္းပါးမွ သာ ကူညီမွာပါခဗ်ာ(မုံရြာ ၿမိဳ႕တစ္ၿမိဳ႕တည္းသာ)

စစ္ကုိင္းတိုင္း ေဒသႀကီး အထက္ပိုင္းၿမိဳ႕မ်ားျဖစ္တဲ့ေဖာင္ျပင္ ေမာ္လိုက္ ကေလး မင္းကင္း ဟုမၼလင္းခႏၱီး အစ႐ွိတဲ့ၿမိဳ႕မ်ားကေန မုံရြာ ေဆး႐ုံႀကီးကုိလြဲတဲ့အခါေဆးဝါးအတြက္ ေငြေၾကးအခက္ခဲျဖစ္ရင္လဲ ဆက္သြယ္ပါေနာ့ မုံရြာ ေဆး႐ုံႀကီး ကုိသာေရာက္ေအာင္လာခဲ့ပါ အဆင္ေျပသလိုကူညီေပးပါမယ္

ပစ္မထားပါဘူး တခ်ိဳ႕လဲ ႐ွိတယ္ေလ တစ္ေန႔လုပ္တစ္ေန႔စား စားဝတ္ေနေရးေတာင္႐ုန္းကန္ေနရခ်ိန္ က်န္းမာ ေရး႐ုတ္တရက္ထျဖစ္ရင္ အခက္ခဲ ျဖစ္ၾကတယ္ေလ ေငြတိုးယူပီးေဆးမကုပါနဲ႔ တစ္ပူေပၚ ႏွစ္ပူဆင့္ပါတယ္

ကုိယ္ခ်င္းစာလို႔ေျပာတာပါ ဒီမွာ အလွဴ႐ွင္ေတြနဲ႔အတူ လက္တြဲၿပီး အခက္ခဲဖစ္တဲ့ မိတ္ေဆြေတြကုိ ကူညီေပးပါမယ္ခဗ်ကြၽန္ေတာ္ ဇာတိက ေဖာင္းျပင္ၿမိဳ႕နယ္ နန္းေမာ္လိုက္ရြာ ေလးကပါခဗ်ာ လက္႐ွိ မုံရြာ မွာေနပါတယ္ကူညီေပးႏိုင္တဲ့ အရာမွန္သမွ်ကူညီေပးပါ့မယ္ဗ်ာ

သူက ကူညီတာနဲ႔ ပတ္သတ္ျပီး ခုလို ေရးသား ထားပါေသးတယ္. . .

“မုံရြာ ၿမိဳ႕ေပၚမွာ ႐ွိတဲ့ ႏြမ္းပါးလူနာနဲ႔ မုံရြာ ေဆး႐ုံႀကီးမွာ အနယ္နယ္အရပ္ရပ္ကတက္ေရာက္လာၾကေသာ ႏြမ္းပါးလူနာမ်ားအတြက္ရည္ရြယ္ပါတယ္

ေနာက္လက စ ၿပီး ႏြမ္းပါးလူနာေတြအတြက္ လစဥ္ အလွဴေငြစု ဘဏ္မွာ အပ္ (ဘဏ္အပ္တဲ့အခါမွာ၃ ေယာက္ ထားပါမယ္)

လွဴနာတစ္ဦးေပၚလာတ္ိုင္း ျပာယာျပာယာ ေျပးေျပးလႊား လႊား အလွဴခံေနရတာ မလြယ္လြန္းလို႔ပါ လူနာေတြကလဲ မ်ားလာေတာ့ အခက္ၾကံဳလာတယ္ကြၽန္ေတာ္ ကလဲစီးပြားေရးတစ္ဖက္ လူမူေရးတစ္ဖက္ အလွဴ႐ွင္ေတြကလဲ စီးပြားေရးတစ္ဖက္နဲ႔ဆိုေတာ့တစ္ခါေလ အလွဴေငြေတြ သြားေကာက္ရတဲ့အခါအခက္ခဲ အမ်ားႀကီး႐ွိလို႔ပါ

ဒါေၾကာင့္ လစဥ္အလွဴေငြ ေကာက္ပီးကူညီမူလုပ္ဖို႔ အစီစဥ္ ဆြဲ လိုက္တာပါ ကူရာမဲ့ေနေသာ အမွန္တကယ္ ဒုကၡ ျဖစ္ေနေသာလူနာမ်ားကုိသာ ကူညီမွာပါခဗ်ာ

လူနာလက္ထဲကုိ ပိုက္ဆံမထည့္ေပးပါဘူး ေရခ်မ္းေဆးဆိုင္မွာ ေဘဖြင့္ၿပီး ေဆးဖိုးဝါးခကု္ိသာ ကူညီေပးမွာပါ ေဆး႐ုံတက္ေနစဥ္ လူနာနဲ႔ အလူနာေစာင့္ စားေသာက္ဖို႔အတြက္လဲ ကူညီေပးပါမယ္

က်န္းမာေရး ကုိသာ သီးသန္႔ကူညီေပးမွာပါခဗ်ာ အဓိကေတာ့ ေငြေၾကးမ႐ွိလို႔ ေဆး႐ုံမတက္ႏိုင္ဘူးဆိုတာ မျဖစ္ခ်င္လို႔ပါဗ်ာတကယ္အခက္ခဲ ျဖစ္ေနသူေတြကုိ တကယ္ကူညီေပးပါ့မယ္ခဗ်ာ

အလွဴေငြကုိလဲ တစ္လတစ္ခါ မိမိႏိုင္သေလာက္သာ ထည့္ဝင္လွဴဒါန္းလို႔ရပါတယ္ခဗ်ာလူနာတစ္ဥိီးကူညီေပးၿပီးတိုင္း႐ွင္းတမ္း Bank statement ထုတ္ေပးသြားပါမယ္ခဗ်ာ

ပူးေပါင္းကူညီ လက္တြဲ လိုပါက ဖုန္းျဖင့္ ျဖစ္ေစ cb ကေနျဖစ္ေစ com ကေနျဖစ္ေစ ဆက္သြယ္လို႔ရပါတယ္ဗ်

မိမိတို႔ပတ္ဝန္းက်င္မွာ ကူရာမဲ့ေနတဲ့လူနာ အဖိုးႀကီးအဖြားႀကီး႐ွိရင္လဲ ဆက္သြယ္ပါခဗ်ာ တကယ္ကုိ အကူညီလိုအပ္ေနတယ္ဆိုရင္တကယ္ကုိ ကူညီေပးပါမယ္ဗ်

(မုံရြာ ၿမိဳ႕တစ္ၿမိဳ႕ထဲသာ ကူညီႏိုင္အုံးမွာပါခဗ်ာ)

ဖိုးသူေတာ္(www.phothutaw.com)
Credit:မုံရြာ ၿမိဳ႕ မြန္ျမတ္ ေသြးလွဴ ႐ွင္အသင္း

ကုိမြန္ျမတ္ 09974114919

09793035326
#Unicode Version#
မုံရွာ ပြည်သူ့ဆေးရုံကြီး မှာ ဆေးရုံတက်ရင်း ဆေးဖိုးအတွက် ငွေကြေးအခက်ခဲဖြစ်နေလားကျွန်တော့်ဆီကိုဆက်သွယ်လိုက်ပါ

စီစစ်ပြီး တကယ် နွမ်းပါးလူနာဖြစ်ပါက ရေချမ်း ဆေးဆိုင်မှာ ဘေ ဖွင့်ပေးပြီး လူနာရေးရုံဆင်းသည်အထိ တာဝန်ယူပေးပါမယ်ခဗျာလက်ရှိ ကူညီပေးနေတဲ့ လူနာနှစ်ယောက်ကတော့ဆေးရုံဆင်းသွားကြပါပြီ။

လူနာနှစိဦးအတွက် စုစုပေါင်းဆေးဖိုး ၁၄၂၆၀၀ ရှင်းပေးခဲ့ပါပြီခဗျ။တကယ်ကို နွမ်းပါးပါက တကယ်ကူညီပေးပါမယ်မိတ်ဆွေကိုယ်တိုင်ဖြစ်စေ ဒါမှမဟုတ် မိတ်ဆွေအသိမိတ်ဆွေဖြစ်စေ မိတ်ဆွေပတ်ဝန်းကျင်မှာ နွမ်းပါးလူ တွေ့သည်ဖြစ်စေဆက်သွယ်လို့ရပါတယ်ခဗျာ။

အကူညီလို လို့ခေါ်ရင် ပထမဦးစွာ လိုက်ကြည့်ပါတယ် လိုက်ကြည်တိုင်းတော့ မကူညီပါဘူးခဗျ ကူညီထိုက်မှ တကယ်နွမ်းပါးမှ သာ ကူညီမှာပါခဗျာ(မုံရွာ မြို့တစ်မြို့တည်းသာ)

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းမြို့များဖြစ်တဲ့ဖောင်ပြင် မော်လိုက် ကလေး မင်းကင်း ဟုမ္မလင်းခန္တီး အစရှိတဲ့မြို့များကနေ မုံရွာ ဆေးရုံကြီးကိုလွဲတဲ့အခါဆေးဝါးအတွက် ငွေကြေးအခက်ခဲဖြစ်ရင်လဲ ဆက်သွယ်ပါနော့ မုံရွာ ဆေးရုံကြီး ကိုသာရောက်အောင်လာခဲ့ပါ အဆင်ပြေသလိုကူညီပေးပါမယ်

ပစ်မထားပါဘူး တချို့လဲ ရှိတယ်လေ တစ်နေ့လုပ်တစ်နေ့စား စားဝတ်နေရေးတောင်ရုန်းကန်နေရချိန် ကျန်းမာ ရေးရုတ်တရက်ထဖြစ်ရင် အခက်ခဲ ဖြစ်ကြတယ်လေ ငွေတိုးယူပီးဆေးမကုပါနဲ့ တစ်ပူပေါ် နှစ်ပူဆင့်ပါတယ်

ကိုယ်ချင်းစာလို့ပြောတာပါ ဒီမှာ အလှူရှင်တွေနဲ့အတူ လက်တွဲပြီး အခက်ခဲဖစ်တဲ့ မိတ်ဆွေတွေကို ကူညီပေးပါမယ်ခဗျကျွန်တော် ဇာတိက ဖောင်းပြင်မြို့နယ် နန်းမော်လိုက်ရွာ လေးကပါခဗျာ လက်ရှိ မုံရွာ မှာနေပါတယ်ကူညီပေးနိုင်တဲ့ အရာမှန်သမျှကူညီပေးပါ့မယ်ဗျာ

သူက ကူညီတာနဲ့ ပတ်သတ်ပြီး ခုလို ရေးသား ထားပါသေးတယ်. . .

“မုံရွာ မြို့ပေါ်မှာ ရှိတဲ့ နွမ်းပါးလူနာနဲ့ မုံရွာ ဆေးရုံကြီးမှာ အနယ်နယ်အရပ်ရပ်ကတက်ရောက်လာကြသော နွမ်းပါးလူနာများအတွက်ရည်ရွယ်ပါတယ်

နောက်လက စ ပြီး နွမ်းပါးလူနာတွေအတွက် လစဉ် အလှူငွေစု ဘဏ်မှာ အပ် (ဘဏ်အပ်တဲ့အခါမှာ၃ ယောက် ထားပါမယ်)

လှူနာတစ်ဦးပေါ်လာတိုင်း ပြာယာပြာယာ ပြေးပြေးလွှား လွှား အလှူခံနေရတာ မလွယ်လွန်းလို့ပါ လူနာတွေကလဲ များလာတော့ အခက်ကြုံလာတယ်ကျွန်တော် ကလဲစီးပွားရေးတစ်ဖက် လူမူရေးတစ်ဖက် အလှူရှင်တွေကလဲ စီးပွားရေးတစ်ဖက်နဲ့ဆိုတော့တစ်ခါလေ အလှူငွေတွေ သွားကောက်ရတဲ့အခါအခက်ခဲ အများကြီးရှိလို့ပါ

ဒါကြောင့် လစဉ်အလှူငွေ ကောက်ပီးကူညီမူလုပ်ဖို့ အစီစဉ် ဆွဲ လိုက်တာပါ ကူရာမဲ့နေသော အမှန်တကယ် ဒုက္ခ ဖြစ်နေသောလူနာများကိုသာ ကူညီမှာပါခဗျာ

လူနာလက်ထဲကို ပိုက်ဆံမထည့်ပေးပါဘူး ရေချမ်းဆေးဆိုင်မှာ ဘေဖွင့်ပြီး ဆေးဖိုးဝါးခကိုသာ ကူညီပေးမှာပါ ဆေးရုံတက်နေစဉ် လူနာနဲ့ အလူနာစောင့် စားသောက်ဖို့အတွက်လဲ ကူညီပေးပါမယ်

ကျန်းမာရေး ကိုသာ သီးသန့်ကူညီပေးမှာပါခဗျာ အဓိကတော့ ငွေကြေးမရှိလို့ ဆေးရုံမတက်နိုင်ဘူးဆိုတာ မဖြစ်ချင်လို့ပါဗျာတကယ်အခက်ခဲ ဖြစ်နေသူတွေကို တကယ်ကူညီပေးပါ့မယ်ခဗျာ

အလှူငွေကိုလဲ တစ်လတစ်ခါ မိမိနိုင်သလောက်သာ ထည့်ဝင်လှူဒါန်းလို့ရပါတယ်ခဗျာလူနာတစ်ဦးကူညီပေးပြီးတိုင်းရှင်းတမ်း Bank statement ထုတ်ပေးသွားပါမယ်ခဗျာ

ပူးပေါင်းကူညီ လက်တွဲ လိုပါက ဖုန်းဖြင့် ဖြစ်စေ cb ကနေဖြစ်စေ com ကနေဖြစ်စေ ဆက်သွယ်လို့ရပါတယ်ဗျ

မိမိတို့ပတ်ဝန်းကျင်မှာ ကူရာမဲ့နေတဲ့လူနာ အဖိုးကြီးအဖွားကြီးရှိရင်လဲ ဆက်သွယ်ပါခဗျာ တကယ်ကို အကူညီလိုအပ်နေတယ်ဆိုရင်တကယ်ကို ကူညီပေးပါမယ်ဗျ

(မုံရွာ မြို့တစ်မြို့ထဲသာ ကူညီနိုင်အုံးမှာပါခဗျာ)

ဖိုးသူတော်(www.phothutaw.com)
Credit:မုံရွာ မြို့ မွန်မြတ် သွေးလှူ ရှင်အသင်း

ကိုမွန်မြတ် 09974114919

09793035326
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top