မႏၱေလးတိုင္းေဒသႀကီး မိုးကုတ္ၿမိဳ႕ ေနာက္ပိုင္း ေဘာလံုးႀကီးေက်းရြာတြင္ ေဌးပိုင္နာမည္ျဖင္ တ႐ုတ္ေက်ာက္ကုမၸဏီတစ္ခုႏွင္ ရြာသားမ်ား ပဋိပကၡျဖစ္ရာမွ ရြာသားမ်ားက အဆိုပါ ကုမၸဏီကို ယေန႔ည ၉ နာရီဝန္းက်င္တြင္ မီး႐ႈိ႕လိုက္ၿပီး မီးေလာင္ကြၽမ္းမႈမ်ားလာသည့္အတြက္ ရြာသားမ်ား ထြက္ေျပးတိမ္းေရွာင္ေနရလ်က္ရွိသည္။



ရြာခံ အမ်ဳိးသမီးတစ္ဦးက “အဲကုမၸဏီက ဒီႏွစ္မွာ သက္တမ္းကုန္သြားၿပီေလ။ သက္တမ္းကုန္လို႔ သူ႔တို႔လုပ္ငန္းေတြ အကုန္ရပ္ထားေတာ့ ရြာသားေတြက အဲနားမွာ ေက်ာက္သြားရွာၾကတာ။



အဲဒါကို ကုမၸဏီ မန္ေနဂ်ာေတြက ရြာသားေတြကို ခဲနဲ႔ထုတယ္။ ၿပီးေတာ့ ရဲေခၚၿပီး ၿခိမ္းေျခာက္တယ္။ မေက်နပ္ၾကလို႔ ရြာသားေတြက အဲကုမၸဏီကို မီးသြား႐ႈိ႕လိုက္ၾကတာ” ဟု မားနဂါးသတင္းဂ်ာနယ္သို႔ ေျပာသည္။

႐ႈိ႕လိုက္သည္မီးသည္ ထရန္ေဖာ္မာကို ေလာင္ရာမွ မီးေလာင္ကြၽမ္းမႈပိုမိုျဖစ္ပြားခဲ့ၿပီး ေနအိမ္မ်ား ကူးစက္လာသည္အတြက္ ရြာလံုးကြၽတ္ ထြက္ေျပးတိမ္းေရွာင္ ေနရျခင္းျဖစ္သည္။



“ေသနတ္သံလား ေပါက္ကြဲသံလား မသိဘူး အက်ယ္ႀကီးပဲ မီးေလာင္တဲ့အခ်ိန္မွာ။ ခုရြာသားအားလံုး ေၾကာက္လန္႔ၿပီး ထြက္ေျပးေနၾကၿပီ။ နီးစပ္ရာကို အကုန္လံုးထြက္ေျပးကုန္ၾကၿပီ” ဟု ယေန႔ည ၁၀ နာရီတြင္ အဆိုပါ အမ်ဳိးသမီးတစ္ဦးက ဆုိသည္။



လက္ရွိ မီးေလာင္ကြ်မ္းမႈျဖစ္ပြားေနသည့္ ေက်းရြာသုိ႔ မီးသတ္ကားမ်ားလဲ ေရာက္ရွိကာ မီးၿငိမ္းသတ္ခဲ့ပါသည္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ နောက်ပိုင်း ဘောလုံးကြီးကျေးရွာတွင် ဌေးပိုင်နာမည်ဖြင် တရုတ်ကျောက်ကုမ္ပဏီတစ်ခုနှင် ရွာသားများ ပဋိပက္ခဖြစ်ရာမှ ရွာသားများက အဆိုပါ ကုမ္ပဏီကို ယနေ့ည ၉ နာရီဝန်းကျင်တွင် မီးရှို့လိုက်ပြီး မီးလောင်ကျွမ်းမှုများလာသည့်အတွက် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိသည်။

ရွာခံ အမျိုးသမီးတစ်ဦးက “အဲကုမ္ပဏီက ဒီနှစ်မှာ သက်တမ်းကုန်သွားပြီလေ။ သက်တမ်းကုန်လို့ သူ့တို့လုပ်ငန်းတွေ အကုန်ရပ်ထားတော့ ရွာသားတွေက အဲနားမှာ ကျောက်သွားရှာကြတာ။

အဲဒါကို ကုမ္ပဏီ မန်နေဂျာတွေက ရွာသားတွေကို ခဲနဲ့ထုတယ်။ ပြီးတော့ ရဲခေါ်ပြီး ခြိမ်းခြောက်တယ်။ မကျေနပ်ကြလို့ ရွာသားတွေက အဲကုမ္ပဏီကို မီးသွားရှို့လိုက်ကြတာ” ဟု မားနဂါးသတင်းဂျာနယ်သို့ ပြောသည်။

ရှို့လိုက်သည်မီးသည် ထရန်ဖော်မာကို လောင်ရာမှ မီးလောင်ကျွမ်းမှုပိုမိုဖြစ်ပွားခဲ့ပြီး နေအိမ်များ ကူးစက်လာသည်အတွက် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်။

“သေနတ်သံလား ပေါက်ကွဲသံလား မသိဘူး အကျယ်ကြီးပဲ မီးလောင်တဲ့အချိန်မှာ။ ခုရွာသားအားလုံး ကြောက်လန့်ပြီး ထွက်ပြေးနေကြပြီ။ နီးစပ်ရာကို အကုန်လုံးထွက်ပြေးကုန်ကြပြီ” ဟု ယနေ့ည ၁၀ နာရီတွင် အဆိုပါ အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိ မီးလောင်ကျွမ်းမှုဖြစ်ပွားနေသည့် ကျေးရွာသို့ မီးသတ်ကားများလဲ ရောက်ရှိကာ မီးငြိမ်းသတ်ခဲ့ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top