အင္ဒုိနီးရွားမွာ ေမြးသမိခင္ကို ေစာ္ကားျပစ္မွား၍ က်ိန္စာသင့္ၿပီး လူေကာ သေဘၤာေကာ ပစၥည္းမ်ားအပါအဝင္ ေက်ာက္ခဲျဖစ္သြားခဲ့ (ျဖစ္ရပ္မွန္)

ဒီအျဖစ္ကေတာ့လြန္ခဲ့တဲ့ႏွစ္ေပါင္း ၄၀ ေက်ာ္ေက်ာ္ကျဖစ္ရပ္လို႔ သိရပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတားကၽြန္းအေနာက္ဘက္က Padang ဆိပ္ကမ္းနဲ႔သိပ္မေဝးတဲ့ေနရာမွာ ခုထိရွိေနဦးမယ့္ ေလ့လာစရာေနရာတစ္ခုပါ။ ဒီလူနာမည္ကိုေတာ့ Marlin Kundang လိုသိရပါတယ္။Kundang ကိုဘယ္မွာေမြးဖြားတယ္ဆိုတာေတာ့အတိအက်မသိေပမယ့္၊ငယ္စဥ္တည္းက မိခင္နဲ႔သားအမိ ႏွစ္ေယာက္သာရွိခဲ့ပါတယ္၊

ဖခင္ဆုံးပါးၿပီးေနာက္မွာ လူမမယ္ kundang ကို မိခင္က ေကၽြးေမြးျပဳစုေစာင့္ေရွာက္ လာခဲ့ရပါတယ္။ မိခင္ က ေခါင္းရြက္ဗ်က္ထိုး ေဈးေရာင္းတဲ့အခါ အရပ္တကာလွည့္ရင္း kundang ကို လက္ဆြဲေခၚသြားရပါတယ္။

ဖတဆိုးသားကို ခ်စ္လြန္းလို႔ မဆူရက္မေျပာရက္နဲ႔။ ဒီလိုနဲ႔ kundang အရြယ္ေရာက္လာတဲ့အခါမွာ တနယ္တေက်းမွာ အလုပ္သြားလုပ္ဖို႔ မိခင္ကို ျပစ္ထားၿပီး တရပ္တေက်းကို ထြက္ခြာခဲ့ပါတယ္။ တရပ္တေက်းမွာ အလုပ္လုပ္ေနေပမယ့္၊မိခင္ကို အေၾကာင္းမၾကား မေထာက္ပံ့ပဲ အစေဖ်ာက္ေနထိုင္ လာခဲ့ရာက သေဘ္ာပိုင္ရွင္ကသေဘာက် ေတာ့ ကုန္သြယ္လုပ္ငန္းမွာ သေဘ္ာကို ဦးစီးၿပီး လုပ္လာႏိုင္တဲ့ ကုန္တင္ေလွႀကီးရဲ႕ မာလိန္မႈးတစ္ဦး ျဖစ္လာခဲ့ပါတယ္၊ သူေဌးျဖစ္သူရဲ႕ သမီးနဲ႔ အိမ္ေထာင္က် ကာ၊ ကုန္တင္ေလွႀကီးကို ဦးစီးလုပ္ႏိုင္ခဲ့ေပမယ့္ မိခင္ႀကီးကိုေတာ့ျဖင့္သတိကင္းမဲ့စြာ ပစ္ထားခဲ့ပါတယ္။

မိခင္ႀကီးကေတာ့ အရပ္တကာနည္လွည့္ၿပီး သားရွာပုံေတာ္ ဖြင့္ခဲ့ရာက တစ္ေန႔ ဒီအရပ္ ဒီေနရာ မွာ၊ေပ်ာက္ျခင္းမလွေပ်ာက္ေနတဲ့ သားကို အမွတ္မထင္ရွာေတြ႕ခဲ့ပါတယ္။ Kundang ကလည္း padang မွာကုန္တင္ၿပီးရင္ ေလွႀကီးထြက္ေတာ့မွာမို႔ ဝယ္စရာျခမ္းစရာအတြက္ ေဈးဝယ္ထြက္ရင္း၊ အေမႀကီးနဲ႔ လမ္းမွာဆုံမိၾကပါတယ္။

မိခင္ႀကီးက ဝမ္းသာအားရ အေျပးအလႊားႏႈတ္ဆက္ရင္း သူရွာေနတာၾကာၿပီျဖစ္တဲ့အေၾကာင္း၊ ျပန္ေတြ႕ရလို႔ ဝမ္းသာေၾကာင္းႏႈတ္ဆက္ေပမယ့္၊ kundang ကေတာ့ “ခင္ဗ်ား ဘယ္သူလဲ၊က်ဳပ္ခင္ဗ်ားကိုမသိဘူး၊ခင္ဗ်ားေတာင္းစားရင္လည္းေအးေဆးေတာင္းစား၊ လာမလိမ္နဲ႔” ဆိုၿပီး ၊ခါးခါးသီးသီးျငင္းလႊတ္ပါတယ္။ မိခင္ႀကီးက ရွက္လည္းရွက္ ေဒါသကလည္းထြက္ နာက်ည္းစိတ္ကလည္းျဖစ္နဲ႔ “မိခင္အရင္းကိုေတာင္ ေစာ္ကားတဲ့ေကာင္၊နင္ဟာေလ ေက်ာက္တုံးေက်ာက္ခဲျဖစ္မယ့္ေကာင္၊နင္ေရာ နင့္ေလွပါေက်ာက္ျဖစ္ပါေစ” လို႔က်ိန္စာတိုက္ခဲ့ပါတယ္။ ဒါနဲ႔ kundang ဟာမိခင္ကို ျပစ္ထားခဲ့ၿပီး ေလွႀကီးဆီျပန္လာ၊ျပင္ဆင္စရာေတြျပင္ၿပီး၊ ေလွထြက္ဖို႔ျပင္ၾကပါတယ္၊။

ေလွ အဆင္သင့္ျဖစ္လို႔ ထြက္ခါနီးမွာ ေလေတြျပင္းထန္စြာတိုက္ မိုးေတြရြာက် လၽွပ္စီးေတြလက္ၿပီး သေဘ္ာထြက္ဖို႔ လုပ္ေပမယ့္၊ ေလွကတျဖည္းျဖည္း ၿငိမ္ေနရင္း ေလွေပၚပါ ပစၥည္းေတြေရာ၊လူပါ ေက်ာက္သားပကတိျဖစ္လာပါၿပီ၊ ရသမၽွ အားနဲ႔ အေမ့အေပၚေစာ္ကားမိသမၽွ ေတာင္းပန္ေနရင္းက သူ႔တကိုယ္လုံးပါ ပုံပါအတိုင္း ေက်ာက္သားစစ္စစ္ျဖစ္သြားရပါတယ္။

က်ေနာ္လည္း ေျပာျပသူ ကိုစိတ္ဝင္စားတာနဲ႔၊ငါ့ကို လိုက္ျပမလားဆိုေတာ့ လိုက္ပို႔မယ္ဆိုၿပီး သူ႔ရဲ႕ငွက္ေလွနဲ႔လိုက္ျပေပးခဲ့လို႔ kundang ရဲ႕ေနရာကိုေရာက္ရွိမွတ္တမ္းတင္ထားခဲ့ပါတယ္၊ သူ႔ေနရာက ေက်ာက္သားေတြဟာပကတိ ထြင္းထုထားျခင္းမရွိတဲ့အစစ္ေတြျဖစ္ေနတာအံ့ဩစရာပါပဲ၊ႀကိဳးေခြေတြကအစ စည္ပိုင္းေတြပါေက်ာက္ျဖစ္ေနတာေတြ႕ခဲ့ရပါတယ္။ ေလွဦးကေတာ့ အက်ယ္ ၁၃ေပေလာက္ရွိေပမယ့္ ေျမေပၚကို တစ္ေပသာသာေလာက္ပဲ ေပၚေနပါေတာ့တယ္။

လူသားနဲ႔တူတဲ့ ပုံပါ သူကိုေတာ့ kundang လို႔ပဲသတ္မွတ္ထားၾကပါတယ္။ အဲ့မွာ သူ႔ဘဝအေၾကာင္းကို စာအုပ္ေရာင္းေနေပမယ့္ အင္ဒိုဘာသာနဲ႔ေရးထားေတာ့ အမ်ားႀကီးလည္းနားမလည္တာနဲ႔ မဝယ္ျဖစ္ခဲ့ဘူး၊ ဓာတ္ပုံေတြ ဝယ္ခဲ့ရမွာ မဝယ္ခဲ့မိတာခုမွေနာင္တ ရမဆုံးေတာ့ပါဘူး။ တကယ္လို႔သြားခ်င္ေလ့လာခ်င္ရင္ေတာ့ Jakarta ကိုေလယာဥ္စီး အဲဒီကေန စူမားၾတားကို padang ထိေရာက္ေအာင္ဆက္သြားရမယ္။ Jakarta က Jawa ကၽြန္းျဖစ္ၿပီး padang ကေတာ့စူမားၾတားျဖစ္လို႔ selat sunda လို႔ေခၚတဲ့ Sunda ေရလက္ၾကားကို ferry နဲ႔ျဖတ္ရပါမယ္၊အဲဒီကေန padangကိုကားစီးသြားလို႔ ရပါတယ္။

က်ေနာ္ ကေတာ့ သေဘ္ာကုန္ခ်ရင္း ၂၀၀၉ ခုႏွစ္က ေရာက္ခဲ့တာမို႔ကုန္းလမ္းကိုေတာ့သိပ္မကၽြမ္းက်င္ပါဘူးေနရာကေတာ့ Padang port(ဆိပ္ကမ္း)ေရာက္တာနဲ႔ သိပ္မေဝးလွပါဘူး။

ေပးခ်င္တဲ့message ကေတာ့၊ဘယ္လူမ်ိဳးဘယ္ဘာသာဝင္မွာမဆို အမိအဖ ကို ေစာ္ကားရင္ ခ်က္ခ်င္းလက္ငင္း ျပန္အက်ိဳးေပးတတ္တယ္ဆိုတာသိေစခ်င္လို႔ပါပဲ။

ေအာက္ပါဓာတ္ပုံနဲ႔ အထက္ေဖာ္ျပပါေနရာေတြကို က်ေနာ္ကိုယ္တိုင္ ေရာက္ရွိမွတ္တမ္းတင္ခဲ့တယ္ဆိုတာရဲရဲႀကီးအာမခံပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းထက္သာ

#Unicode Version# ျဖင့္ဖတ္ပါ ။

အင်ဒိုနီးရှားမှာ မွေးသမိခင်ကို စော်ကားပြစ်မှား၍ ကျိန်စာသင့်ပြီး လူကော သင်္ဘောကော ပစ္စည်းများအပါအဝင် ကျောက်ခဲဖြစ်သွားခဲ့ (ဖြစ်ရပ်မှန်)

ဒီအဖြစ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်ကျော်ကဖြစ်ရပ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအနောက်ဘက်က Padang ဆိပ်ကမ်းနဲ့သိပ်မဝေးတဲ့နေရာမှာ ခုထိရှိနေဦးမယ့် လေ့လာစရာနေရာတစ်ခုပါ။ ဒီလူနာမည်ကိုတော့ Marlin Kundang လိုသိရပါတယ်။Kundang ကိုဘယ်မှာမွေးဖွားတယ်ဆိုတာတော့အတိအကျမသိပေမယ့်၊ငယ်စဉ်တည်းက မိခင်နဲ့သားအမိ နှစ်ယောက်သာရှိခဲ့ပါတယ်၊

ဖခင်ဆုံးပါးပြီးနောက်မှာ လူမမယ် kundang ကို မိခင်က ကျွေးမွေးပြုစုစောင့်ရှောက် လာခဲ့ရပါတယ်။ မိခင် က ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းတဲ့အခါ အရပ်တကာလှည့်ရင်း kundang ကို လက်ဆွဲခေါ်သွားရပါတယ်။

ဖတဆိုးသားကို ချစ်လွန်းလို့ မဆူရက်မပြောရက်နဲ့။ ဒီလိုနဲ့ kundang အရွယ်ရောက်လာတဲ့အခါမှာ တနယ်တကျေးမှာ အလုပ်သွားလုပ်ဖို့ မိခင်ကို ပြစ်ထားပြီး တရပ်တကျေးကို ထွက်ခွာခဲ့ပါတယ်။ တရပ်တကျေးမှာ အလုပ်လုပ်နေပေမယ့်၊မိခင်ကို အကြောင်းမကြား မထောက်ပံ့ပဲ အစဖျောက်နေထိုင် လာခဲ့ရာက သဘေ်ာပိုင်ရှင်ကသဘောကျ တော့ ကုန်သွယ်လုပ်ငန်းမှာ သဘေ်ာကို ဦးစီးပြီး လုပ်လာနိုင်တဲ့ ကုန်တင်လှေကြီးရဲ့ မာလိန်မှုးတစ်ဦး ဖြစ်လာခဲ့ပါတယ်၊ သူဌေးဖြစ်သူရဲ့ သမီးနဲ့ အိမ်ထောင်ကျ ကာ၊ ကုန်တင်လှေကြီးကို ဦးစီးလုပ်နိုင်ခဲ့ပေမယ့် မိခင်ကြီးကိုတော့ဖြင့်သတိကင်းမဲ့စွာ ပစ်ထားခဲ့ပါတယ်။

မိခင်ကြီးကတော့ အရပ်တကာနည်လှည့်ပြီး သားရှာပုံတော် ဖွင့်ခဲ့ရာက တစ်နေ့ ဒီအရပ် ဒီနေရာ မှာ၊ပျောက်ခြင်းမလှပျောက်နေတဲ့ သားကို အမှတ်မထင်ရှာတွေ့ခဲ့ပါတယ်။ Kundang ကလည်း padang မှာကုန်တင်ပြီးရင် လှေကြီးထွက်တော့မှာမို့ ဝယ်စရာခြမ်းစရာအတွက် ဈေးဝယ်ထွက်ရင်း၊ အမေကြီးနဲ့ လမ်းမှာဆုံမိကြပါတယ်။

မိခင်ကြီးက ဝမ်းသာအားရ အပြေးအလွှားနှုတ်ဆက်ရင်း သူရှာနေတာကြာပြီဖြစ်တဲ့အကြောင်း၊ ပြန်တွေ့ရလို့ ဝမ်းသာကြောင်းနှုတ်ဆက်ပေမယ့်၊ kundang ကတော့ “ခင်ဗျား ဘယ်သူလဲ၊ကျုပ်ခင်ဗျားကိုမသိဘူး၊ခင်ဗျားတောင်းစားရင်လည်းအေးဆေးတောင်းစား၊ လာမလိမ်နဲ့” ဆိုပြီး ၊ခါးခါးသီးသီးငြင်းလွှတ်ပါတယ်။ မိခင်ကြီးက ရှက်လည်းရှက် ဒေါသကလည်းထွက် နာကျည်းစိတ်ကလည်းဖြစ်နဲ့ “မိခင်အရင်းကိုတောင် စော်ကားတဲ့ကောင်၊နင်ဟာလေ ကျောက်တုံးကျောက်ခဲဖြစ်မယ့်ကောင်၊နင်ရော နင့်လှေပါကျောက်ဖြစ်ပါစေ” လို့ကျိန်စာတိုက်ခဲ့ပါတယ်။ ဒါနဲ့ kundang ဟာမိခင်ကို ပြစ်ထားခဲ့ပြီး လှေကြီးဆီပြန်လာ၊ပြင်ဆင်စရာတွေပြင်ပြီး၊ လှေထွက်ဖို့ပြင်ကြပါတယ်၊။

လှေ အဆင်သင့်ဖြစ်လို့ ထွက်ခါနီးမှာ လေတွေပြင်းထန်စွာတိုက် မိုးတွေရွာကျ လျှပ်စီးတွေလက်ပြီး သဘေ်ာထွက်ဖို့ လုပ်ပေမယ့်၊ လှေကတဖြည်းဖြည်း ငြိမ်နေရင်း လှေပေါ်ပါ ပစ္စည်းတွေရော၊လူပါ ကျောက်သားပကတိဖြစ်လာပါပြီ၊ ရသမျှ အားနဲ့ အမေ့အပေါ်စော်ကားမိသမျှ တောင်းပန်နေရင်းက သူ့တကိုယ်လုံးပါ ပုံပါအတိုင်း ကျောက်သားစစ်စစ်ဖြစ်သွားရပါတယ်။

ကျနော်လည်း ပြောပြသူ ကိုစိတ်ဝင်စားတာနဲ့၊ငါ့ကို လိုက်ပြမလားဆိုတော့ လိုက်ပို့မယ်ဆိုပြီး သူ့ရဲ့ငှက်လှေနဲ့လိုက်ပြပေးခဲ့လို့ kundang ရဲ့နေရာကိုရောက်ရှိမှတ်တမ်းတင်ထားခဲ့ပါတယ်၊ သူ့နေရာက ကျောက်သားတွေဟာပကတိ ထွင်းထုထားခြင်းမရှိတဲ့အစစ်တွေဖြစ်နေတာအံ့ဩစရာပါပဲ၊ကြိုးခွေတွေကအစ စည်ပိုင်းတွေပါကျောက်ဖြစ်နေတာတွေ့ခဲ့ရပါတယ်။ လှေဦးကတော့ အကျယ် ၁၃ပေလောက်ရှိပေမယ့် မြေပေါ်ကို တစ်ပေသာသာလောက်ပဲ ပေါ်နေပါတော့တယ်။

လူသားနဲ့တူတဲ့ ပုံပါ သူကိုတော့ kundang လို့ပဲသတ်မှတ်ထားကြပါတယ်။ အဲ့မှာ သူ့ဘဝအကြောင်းကို စာအုပ်ရောင်းနေပေမယ့် အင်ဒိုဘာသာနဲ့ရေးထားတော့ အများကြီးလည်းနားမလည်တာနဲ့ မဝယ်ဖြစ်ခဲ့ဘူး၊ ဓာတ်ပုံတွေ ဝယ်ခဲ့ရမှာ မဝယ်ခဲ့မိတာခုမှနောင်တ ရမဆုံးတော့ပါဘူး။ တကယ်လို့သွားချင်လေ့လာချင်ရင်တော့ Jakarta ကိုလေယာဉ်စီး အဲဒီကနေ စူမားတြားကို padang ထိရောက်အောင်ဆက်သွားရမယ်။ Jakarta က Jawa ကျွန်းဖြစ်ပြီး padang ကတော့စူမားတြားဖြစ်လို့ selat sunda လို့ခေါ်တဲ့ Sunda ရေလက်ကြားကို ferry နဲ့ဖြတ်ရပါမယ်၊အဲဒီကနေ padangကိုကားစီးသွားလို့ ရပါတယ်။

ကျနော် ကတော့ သဘေ်ာကုန်ချရင်း ၂၀၀၉ ခုနှစ်က ရောက်ခဲ့တာမို့ကုန်းလမ်းကိုတော့သိပ်မကျွမ်းကျင်ပါဘူးနေရာကတော့ Padang port(ဆိပ်ကမ်း)ရောက်တာနဲ့ သိပ်မဝေးလှပါဘူး။

ပေးချင်တဲ့message ကတော့၊ဘယ်လူမျိုးဘယ်ဘာသာဝင်မှာမဆို အမိအဖ ကို စော်ကားရင် ချက်ချင်းလက်ငင်း ပြန်အကျိုးပေးတတ်တယ်ဆိုတာသိစေချင်လို့ပါပဲ။

အောက်ပါဓာတ်ပုံနဲ့ အထက်ဖော်ပြပါနေရာတွေကို ကျနော်ကိုယ်တိုင် ရောက်ရှိမှတ်တမ်းတင်ခဲ့တယ်ဆိုတာရဲရဲကြီးအာမခံပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းထက်သာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top