မႏၱေလးတြင္ လမ္းေဘးေခြးေကာင္ေရ တစ္သိန္းခန္႔ရွိနိဳင္ျပီး တစ္ႏွစ္ေက်ာ္အတြင္း ေခြးကိုက္ခံရသူ (၇၀၀၀)ဦးခန္႔ရွိ

မႏၱေလးျမိဳ႕တြင္ ေခြးေလေခြးလြင့္မ်ား တိုးပြားမ်ားျပားလာသည့္အတြက္ စည္ပင္သာယာမွ ဦးေဆာင္ကာ ရွင္းလင္းသုတ္သင္မည္ျဖစ္ေၾကာင္း ျမိဳ႕ေတာ္ဝန္ေဒါက္တာရဲလြင္က ေျပာသည္။

ေခြးေလေခြးလြင့္မ်ား သုတ္သင္ရွင္းလင္းရာတြင္ တစ္ျမိဳ႕လံုး ပိုက္စိပ္တိုက္ သုတ္သင္ရွင္းလင္းမည္မဟုတ္ေသးဘဲ ရွင္းလင္းလိုသည့္ရပ္ကြက္မ်ားမွ စည္ပင္သာယာေရးေကာ္မတီ သန္႔ရွင္းေရးဌာနသို႔ ဆက္သြယ္ေတာင္းဆိုႏိုင္ျပီး ယင္းေတာင္းဆိုသည့္ ရပ္ကြက္မ်ားကို ဦးစားေပးရွင္းလင္းမည္ဟု မႏၱေလးျမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က ၄င္း၏ ေဖ့စ္ဘြတ္ခ္စာမ်က္တြင္ ေရးသားထားသည္။

မႏၱေလးျမိဳ႕တြင္ ေခြးေလေခြးလြင့္ အေကာင္ေရ တစ္သိန္းခန္႔ရွိနိဳင္ေၾကာင္း မႏၱေလးျမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ခန္႔မွန္းထားသည္။
မႏၲေလးျမိဳ႕တြင္ ေခြးေလေခြးလြင့္မ်ား အလြန္မ်ားျပားလာျပီး ထိန္းခ်ဳပ္ရန္ မလြယ္ကူသည့္အတြက္ ရွင္းလင္းသုတ္သင္ရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း စည္ပင္ေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္က ေျပာသည္။ သို႔ေသာ္ မည္သည့္နည္းလမ္း အသံုးျပဳမည္ကို မဆံုးျဖတ္ရေသးဟု ၄င္းက ဆိုသည္။

“ရွင္းလင္းမယ္ဆိုတာေတာ့ ဆံုးျဖတ္ျပီးျပီေပါ့ေနာ္။ ဘယ္လိုရွင္းလင္းမယ္ဆိုတာေတာ့ အတိအက်မဆံုးျဖတ္နိုင္ေသးဘူး။ ျပည္သူေတြက ေတာင္းဆိုတယ္ဆိုရင္ေတာ့ တနည္းနည္းနဲ႔ လုပ္ရမွာပါ”ဟု ဦးေက်ာ္ဆန္းျမင့္က ေျပာသည္။

ယခင္က မႏၲေလးရွိ ေခြးေလေခြးလြင့္မ်ားကို စည္ပင္သာယာမွ သုတ္သင္ရွင္းလင္းရာတြင္ အစာေကၽြးအဆိပ္ခတ္သည့္ နည္းလမ္းကို အသံုးျပဳခဲ႔သည္။ စည္ပင္ေကာ္မတီသစ္လက္ထက္တြင္ ေခြးေလေခြးလြင့္မ်ားကို ထိန္းခ်ဳပ္နိဳင္ရန္ ေဆြးေႏြးတိုင္ပင္ခဲ့ၿပီးေနာက္ အျခားနည္းလမ္း မရွိသည့္အတြက္ သုတ္သင္ရွင္းလင္းမည္ဟု ဦးေက်ာ္ဆန္းျမင့္က ဆိုသည္။

“သားဆက္ျခားမလား၊ ေခြးေဂဟာ ပို႔မလားဆိုျပီးေတာ့ တိုင္ပင္ခဲ့ၾကေပမယ့္ ႏွစ္ခုလံုးက အဆင္မေျပဘူး။ သားဆက္ျခားတာကလည္း စရိတ္အရမ္းႀကီးတယ္။ ေဂဟာကလည္း မဆံ့ေတာ့တဲ့အေနအထား ေရာက္ေနျပီ” ဟု ၄င္းက ေျပာသည္။

မႏၲေလးရွိ ေခြးေလေခြးလြင့္မ်ားကို ရွင္းလင္းသုတ္သင္မည္ျဖစ္ေၾကာင္း ျမိဳ႕ေတာ္ဝန္၏ ေရးသားေဖာ္ျပခ်က္ႏွင့္ပတ္သက္၍ ေဖ့စ္ဘြတ္ခ္လူမူကြန္ယက္တြင္ အျပန္အလွန္ ျငင္းခံုေဝဖန္မူမ်ား ရွိေနသည္။

“ေခြးေလေခြးလြင့္ရွင္းတဲ့ကိစၥနဲ႔ပတ္သက္ျပီးေတာ့ စည္ပင္ကလည္း သူတို႔လုပ္စရာရွိတဲ့အလုပ္ကို လုပ္တာပါ။ ကြ်န္ေတာ္ကလည္း ကြ်န္ေတာ္လုပ္စရာရွိတဲ့ အလုပ္ကိုဆက္လုပ္ေနမွာပါ”ဟု စစ္ကိုင္းျမိဳ႕တြင္ ေခြးေဂဟာဖြင့္လွစ္ထားကာ ေခြးေကာင္ေရ (၆၀၀)ခန္႔ကို ထိန္သိမ္းေစာင့္ေရွာက္ေနသည့္ မေစာသဲက ေျပာသည္။

ေခြးသည္ ေပါက္ဖြားႏွဳန္းျမန္ျပီး လူကို အႏၲရာယ္ျဖစ္ေစနိဳင္သည့္အတြက္ ပိုင္ရွင္မဲ့ လမ္းေဘးေခြးမ်ားကို သုတ္သင္ရွင္းလင္းသင့္ေၾကာင္း မႏၲေလးျမိဳ႕မွ တိရိစာၦေဆးကုဆရာဝန္တစ္ဦးျဖစ္သူ ေဒါက္တာေက်ာ္ထင္က ေျပာသည္။

“ေခြးက ေပါက္ဖြားႏႈန္းျမန္တယ္။ အရမ္းမ်ားလာရင္ အႏၱရာယ္ရွိတယ္။ သားဆက္ျခားတာတို႔ ေခြးေဂဟာပို႔တာတို႔က အေရအတြက္နည္းမွ ထိန္းသိမ္းႏိုင္တာ။ အခုက အေရအတြက္အရမ္းမ်ားေနျပီ။ အဲ့ဒီ နည္းလမ္းနဲ႔မရေတာ့ဘူး။ ရွင္းတဲ့နည္းလမ္းနဲ႔ပဲ လုပ္ႏိုင္တယ္။ ဘယ္လိုရွင္းမလဲဆိုတဲ့နည္းလမ္းေတာ့ ေရြးရမယ္။ ညင္သာန႔ဲနည္းနဲ႔ ရွင္းပစ္ဖို႔လိုတယ္။ ညင္သာတဲ့နည္းဆိုတာက ေဆးထိုးတာဆို႔ ဓာတ္ေငြ႕နဲ႔ရွင္းတာတို႔ လုပ္ဖို႔လုိတယ္။ မဟုတ္ရင္ ေခြးေလေခြးလြင့္ေလ်ာ့လာမွာ မဟုတ္တဲ့အတြက္ လူေတြအတြက္ အရမ္းအႏၱရာယ္ရွိတယ္”ဟု ၄င္းက ေျပာသည္။

ေခြးေလေခြးလြင့္ ျပသနာမွာ မိုပိုၾကီးမားလာျပီး ေခြးကိုက္ခံရမူေၾကာင့္ မႏၲေလးျပည္သူ႔ေဆးရံုႀကီး ျပင္ပလူနာဌာနသို႔ ေရာက္ရွိလာသည့္ လူနာ ၂၀၁၈တြင္ (၅၆၉၀)ဦးႏွင့္ ၂၀၁၉ ပထမသံုးလတြင္ (၁၂၂၈)ဦး ရွိသည္ဟု ေဆးရံုမွတ္တမ္းမ်ားကို ကိုးကား၍ မႏၲေလးျမိဳ႕ေတာ္ဝန္က ၄င္း၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

မႏၲေလးျမိဳ႕ရွိ ေခြးေလေခြးလြင့္ ျပႆနာ ေျဖရွင္းနိဳင္ရန္ ၂၀၁၈ ႏိုဝင္ဘာက တိရိစာၦန္ခ်စ္သူမ်ား၊ တိရိစာၦန္ေဆးကုဆရာဝန္မ်ားျဖင့္ ေတြ႔ဆံုျပီး သားဆက္ျခားရန္၊ ေခြးေဂဟာ ေဆာက္လုပ္ရန္ ေဆြးေႏြးခဲ႔ၾကေသာ္လည္း ေခြးအေကာင္ေရ မ်ားျပားသည့္အတြက္ ယင္းသို႔လုပ္ေဆာင္နိဳင္ျခင္း မရွိေတာ့ဘဲ ရွင္းလင္းသုတ္သင္ရန္ စီစဥ္ျခင္းျဖစ္သည္ဟု ျမိဳ႕ေတာ္ဝန္က ရွင္းလင္းထားသည္။

စည္ပင္သာယာမွ ေခြးေဂဟာ ေဆာက္လုပ္မည့္အစီစဥ္မွာလည္း ေကၽြးေမြးကုန္က်စရိတ္မ်ားျပားၿပီး ဘတ္ဂ်က္ေငြ မလံုေလာက္သည့္အတြက္ ေဆာက္လုပ္နိဳင္ေတာ့မည္မဟုတ္ေၾကာင္း ၿမိဳ႔ေတာ္၀န္က ဆိုသည္။

တခ်ိန္ထဲမွာပင္ မႏၲေလးက်ံဳးပါတ္လည္ ေခြးေက်ာင္းသူမ်ားအေနျဖင့္လည္း ေခြးခ်ည္ႀကိဳး၊ ေခြးေခ်းက်ံဳးရန္ ေဂၚ၊အိတ္ႏွင့္ လက္အိတ္မ်ား ယူေဆာင္လာၾကရန္ႏွင့္ ယူေဆာင္လာျခင္း မရွိပါက အေရးယူမည္ဟု ၿမိဳ႔ေတာ္၀န္က သတိေပးထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mandalay Indepth News

#Unicode Version# ျဖင့္ဖတ္ပါ ။

မန္တလေးတွင် လမ်းဘေးခွေးကောင်ရေ တစ်သိန်းခန့်ရှိနိုင်ပြီး တစ်နှစ်ကျော်အတွင်း ခွေးကိုက်ခံရသူ (၇၀၀၀)ဦးခန့်ရှိ

မန္တလေးမြို့တွင် ခွေးလေခွေးလွင့်များ တိုးပွားများပြားလာသည့်အတွက် စည်ပင်သာယာမှ ဦးဆောင်ကာ ရှင်းလင်းသုတ်သင်မည်ဖြစ်ကြောင်း မြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောသည်။

ခွေးလေခွေးလွင့်များ သုတ်သင်ရှင်းလင်းရာတွင် တစ်မြို့လုံး ပိုက်စိပ်တိုက် သုတ်သင်ရှင်းလင်းမည်မဟုတ်သေးဘဲ ရှင်းလင်းလိုသည့်ရပ်ကွက်များမှ စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနသို့ ဆက်သွယ်တောင်းဆိုနိုင်ပြီး ယင်းတောင်းဆိုသည့် ရပ်ကွက်များကို ဦးစားပေးရှင်းလင်းမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်တွင် ရေးသားထားသည်။

မန္တလေးမြို့တွင် ခွေးလေခွေးလွင့် အကောင်ရေ တစ်သိန်းခန့်ရှိနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ခန့်မှန်းထားသည်။
မန္တလေးမြို့တွင် ခွေးလေခွေးလွင့်များ အလွန်များပြားလာပြီး ထိန်းချုပ်ရန် မလွယ်ကူသည့်အတွက် ရှင်းလင်းသုတ်သင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။ သို့သော် မည်သည့်နည်းလမ်း အသုံးပြုမည်ကို မဆုံးဖြတ်ရသေးဟု ၎င်းက ဆိုသည်။

“ရှင်းလင်းမယ်ဆိုတာတော့ ဆုံးဖြတ်ပြီးပြီပေါ့နော်။ ဘယ်လိုရှင်းလင်းမယ်ဆိုတာတော့ အတိအကျမဆုံးဖြတ်နိုင်သေးဘူး။ ပြည်သူတွေက တောင်းဆိုတယ်ဆိုရင်တော့ တနည်းနည်းနဲ့ လုပ်ရမှာပါ”ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

ယခင်က မန္တလေးရှိ ခွေးလေခွေးလွင့်များကို စည်ပင်သာယာမှ သုတ်သင်ရှင်းလင်းရာတွင် အစာကျွေးအဆိပ်ခတ်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်။ စည်ပင်ကော်မတီသစ်လက်ထက်တွင် ခွေးလေခွေးလွင့်များကို ထိန်းချုပ်နိုင်ရန် ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက် အခြားနည်းလမ်း မရှိသည့်အတွက် သုတ်သင်ရှင်းလင်းမည်ဟု ဦးကျော်ဆန်းမြင့်က ဆိုသည်။

“သားဆက်ခြားမလား၊ ခွေးဂေဟာ ပို့မလားဆိုပြီးတော့ တိုင်ပင်ခဲ့ကြပေမယ့် နှစ်ခုလုံးက အဆင်မပြေဘူး။ သားဆက်ခြားတာကလည်း စရိတ်အရမ်းကြီးတယ်။ ဂေဟာကလည်း မဆံ့တော့တဲ့အနေအထား ရောက်နေပြီ” ဟု ၎င်းက ပြောသည်။

မန္တလေးရှိ ခွေးလေခွေးလွင့်များကို ရှင်းလင်းသုတ်သင်မည်ဖြစ်ကြောင်း မြို့တော်ဝန်၏ ရေးသားဖော်ပြချက်နှင့်ပတ်သက်၍ ဖေ့စ်ဘွတ်ခ်လူမူကွန်ယက်တွင် အပြန်အလှန် ငြင်းခုံဝေဖန်မူများ ရှိနေသည်။

“ခွေးလေခွေးလွင့်ရှင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ စည်ပင်ကလည်း သူတို့လုပ်စရာရှိတဲ့အလုပ်ကို လုပ်တာပါ။ ကျွန်တော်ကလည်း ကျွန်တော်လုပ်စရာရှိတဲ့ အလုပ်ကိုဆက်လုပ်နေမှာပါ”ဟု စစ်ကိုင်းမြို့တွင် ခွေးဂေဟာဖွင့်လှစ်ထားကာ ခွေးကောင်ရေ (၆၀၀)ခန့်ကို ထိန်သိမ်းစောင့်ရှောက်နေသည့် မစောသဲက ပြောသည်။

ခွေးသည် ပေါက်ဖွားနှုန်းမြန်ပြီး လူကို အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ပိုင်ရှင်မဲ့ လမ်းဘေးခွေးများကို သုတ်သင်ရှင်းလင်းသင့်ကြောင်း မန္တလေးမြို့မှ တိရိစ္ဆာဆေးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကျော်ထင်က ပြောသည်။

“ခွေးက ပေါက်ဖွားနှုန်းမြန်တယ်။ အရမ်းများလာရင် အန္တရာယ်ရှိတယ်။ သားဆက်ခြားတာတို့ ခွေးဂေဟာပို့တာတို့က အရေအတွက်နည်းမှ ထိန်းသိမ်းနိုင်တာ။ အခုက အရေအတွက်အရမ်းများနေပြီ။ အဲ့ဒီ နည်းလမ်းနဲ့မရတော့ဘူး။ ရှင်းတဲ့နည်းလမ်းနဲ့ပဲ လုပ်နိုင်တယ်။ ဘယ်လိုရှင်းမလဲဆိုတဲ့နည်းလမ်းတော့ ရွေးရမယ်။ ညင်သာနဲ့နည်းနဲ့ ရှင်းပစ်ဖို့လိုတယ်။ ညင်သာတဲ့နည်းဆိုတာက ဆေးထိုးတာဆို့ ဓာတ်ငွေ့နဲ့ရှင်းတာတို့ လုပ်ဖို့လိုတယ်။ မဟုတ်ရင် ခွေးလေခွေးလွင့်လျော့လာမှာ မဟုတ်တဲ့အတွက် လူတွေအတွက် အရမ်းအန္တရာယ်ရှိတယ်”ဟု ၎င်းက ပြောသည်။

ခွေးလေခွေးလွင့် ပြသနာမှာ မိုပိုကြီးမားလာပြီး ခွေးကိုက်ခံရမူကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနသို့ ရောက်ရှိလာသည့် လူနာ ၂၀၁၈တွင် (၅၆၉၀)ဦးနှင့် ၂၀၁၉ ပထမသုံးလတွင် (၁၂၂၈)ဦး ရှိသည်ဟု ဆေးရုံမှတ်တမ်းများကို ကိုးကား၍ မန္တလေးမြို့တော်ဝန်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

မန္တလေးမြို့ရှိ ခွေးလေခွေးလွင့် ပြဿနာ ဖြေရှင်းနိုင်ရန် ၂၀၁၈ နိုဝင်ဘာက တိရိစ္ဆာန်ချစ်သူများ၊ တိရိစ္ဆာန်ဆေးကုဆရာဝန်များဖြင့် တွေ့ဆုံပြီး သားဆက်ခြားရန်၊ ခွေးဂေဟာ ဆောက်လုပ်ရန် ဆွေးနွေးခဲ့ကြသော်လည်း ခွေးအကောင်ရေ များပြားသည့်အတွက် ယင်းသို့လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ ရှင်းလင်းသုတ်သင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု မြို့တော်ဝန်က ရှင်းလင်းထားသည်။

စည်ပင်သာယာမှ ခွေးဂေဟာ ဆောက်လုပ်မည့်အစီစဉ်မှာလည်း ကျွေးမွေးကုန်ကျစရိတ်များပြားပြီး ဘတ်ဂျက်ငွေ မလုံလောက်သည့်အတွက် ဆောက်လုပ်နိုင်တော့မည်မဟုတ်ကြောင်း မြို့တော်ဝန်က ဆိုသည်။

တချိန်ထဲမှာပင် မန္တလေးကျုံးပါတ်လည် ခွေးကျောင်းသူများအနေဖြင့်လည်း ခွေးချည်ကြိုး၊ ခွေးချေးကျုံးရန် ဂေါ်၊အိတ်နှင့် လက်အိတ်များ ယူဆောင်လာကြရန်နှင့် ယူဆောင်လာခြင်း မရှိပါက အရေးယူမည်ဟု မြို့တော်ဝန်က သတိပေးထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mandalay Indepth News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top