သမီးေလး . . . . စိတ္ညစ္ရင္ ဒီစာေလးကိုဖတ္ပါ။
မာနေတြ သိပ္မထားပါနဲ႔ …မထားသင့္တဲ့ မာန္မာနကသင့္ကမာၻကို က်ဥ္းေျမာင္းေစပါတယ္။
လူေတြကို အျပဳံးနဲ႔ စတင္ႏႈတ္ဆက္ဖို႔ ဘယ္ေတာ့မွဝန္မေလးပါနဲ႔ အျပဳံးေတြကတစ္ဖက္လူကို ေပ်ာ္ရႊင္ေစသလို ကိုယ္တိုင္လည္း ပီတီ ျဖစ္ေစတယ္။
လူတိုင္းမွာ ဝမ္းနည္းစရာဆိုတာအျမဲ႐ွိျပီးသားပါ သင့္တစ္ေယာက္တည္းမေပ်ာ္ရႊင္ပဲ ဝမ္းနည္းေနရတာ မဟုတ္ဘူး။ဘဝဆိုတာ ဒဂၤါျပားတစ္ခုလို႔မ်က္ႏွာျပင္ႏွစ္ဖက္ ေခါင္းနဲ႔ ပန္းလို႔ပါပဲ
အဆိုးေတြၿပီးရင္ အေကာင္းဆုံးေတြတစ္ေက်ာ့ျပန္လွည့္လာမွာပါ။
ေျဖရွင္းလို႔ုရတာေတြ ဆက္ေျဖရွင္းပါေျဖရွင္းလို႔မရတာေတြ ပစ္သာထားလိုက္ပါ အခ်ိန္တစ္ခုၾကာေတာ့လည္း အေျပာင္းအလဲေတြနဲ႔ သင္ကံၾကမၼာတစ္ခါျပန္ကံေကာင္းလာမွာပါ။
အေရးျကီးတာကဘယ္အရာေတြကိုပဲျဖစ္ျဖစ္ရင္ဆိုင္ရဲတဲ့စိတ္နဲ႔ရင္ဆိုင္ခ်င္စိတ္ေလး႐ွိဖို႔လိုတယ္။
တစုံတစ္ေယာက္ဆီကေမ်ွာ္လင့္ခ်က္ေတြထင္သလို ျဖစ္မလာတဲ့ အခါေမ်ွာ္လင့္ခ်က္ေတြကို ေလ်ွာ့ခ်ပစ္ပါ
အျကိမ္မ်ားစြာ သင့္ ေမ်ွာ္လင့္သလိုမတုန္ ့ျပန္တဲ့သူဟာ သင့္လိုခ်င္တဲ့အရာသူ ့မေပးနိုုင္ဘူးဆိုတာ
သင့္ နားလည္ထားဖို ့ လိုတယ္။သင့္ကို မနာလိုသူ ၊ မလိုလားအပ္သူ၊သင့္ကို စြန္႔ခြာသြားသူေတြကို မမုန္းတီးပါနဲ႔ေမတၱာသာထားလိုက္ပါေမတၱာဆိုတာ က်ယ္ျပန္႔တတ္သလိုေရာင္ျပန္ဟပ္ေစပါတယ္
သင့္ေမ်ွာ္လင့္ထားတဲ့သူဆီက ေမတၱာမရလဲအျခားလူေတြဆီက ခ်စ္ျခင္းေမတၱာေတြ
အျပည့္အဝ ရေစႏိူင္ပါတယ္။သင့္ကိုဂရုစိုက္သူအေလးထားသူေတြကိုပဲ တတ္ႏိုင္သေ လာက္မေမ့ေလ်ာ့ပါနဲ႔ …
သူတို႔ရဲ႕တန္ဖိုးထားမႈကုိအသိအမွတ္ျပဳ ၿပီး တုန္႔ျပန္ပါ။ဘာလို႔လဲဆိုေတာ့ သူတို႔က ကိုယ့္ရဲ႕ အသက္ရွင္ရပ္တည္မႈကိုပိုျပီး အဓိပၸါယ္ရွိေအာင္လုပ္ေပးတဲ့သူေတြမို႔ပါ။
ျဖစ္ခ်င္တာေတြတစ္ထပ္ခ်င္းျဖစ္ေအာင္ျဖည္းျဖည္းခ်င္းလုပ္ယူပါအရမ္းျကီးဆႏၵ သိပ္မေစာပါနဲ႔…
ဒီေန႔မျဖစ္လဲ ေနာက္ေန႔ရွိေသးတာပဲေန႔တိုင္းအက်ိဳးရွိစြာလုပ္ေဆာင္ေနဖို႔သာအဓိကပါ။
ေန႔ရက္တိုင္းကစၿပီး ဒီေန႔ထိသင့္စိတ္ညစ္ေနရင္ေပ်ာ္ရႊင္စရာေလးတစ္ခုခုေတာ့ရွာေဖြပါ။
ဥပမာ။ ။ ဟာသ VDယိုေလး၊ရီေမာစရာကာတြန္းေလးေတြ ၊ရီစရာေျပာတတ္ေသာသူငယ္ခ်င္းေတြ
အစရွိသျဖင့္ ျပံဳးရီစရာေလးေတြနဲ႔အာရံုေျပာင္းႏိုင္ေအာင္ျကိုးစားပါ။
လူသားတိုင္း မေပ်ာ္ပဲ ျပဳံးေနရတဲ့ဘဝဆိုတာ အျမဲ႐ွိၿပီးသားပါတခ်ိဳ႕လူေတြေပ်ာ္ရႊင္ေနရတယ္ဆိုတာ
စိတ္ညစ္စရာလံုးဝမရွိလိုု႔မဟုတ္ဘူးသူတို႕ကိုယ္တိုင္ကေပ်ာ္ေပ်ာ္ေနတတ္လို႕ပါၿပီးေတာ့ ေပ်ာ္ရႊင္ျခင္းဆိုတာ သင့္ကိုယ္တိုင္ ဖန္းတီယူရတာပါ။
ကိုယ့္ကိုယ္ကို ကံအဆုိးလို႔ဘယ္ေတာ့မွမေတြးပါနဲ႔သင့္ဘဝ ဘယ္ေလာက္ဆိုးရြားပါေစ ကိုယ့္ထက္ဆိုးရြားတဲ့လူေတြကိုယ့္ထက္ကံဆိုးတဲ့သူေတြဒီကမာၻေပၚမွာ တစ္ပံုႀကီးပါ။
အေတြးေလးတစ္ခု ေျပာင္းလဲေတြးေခၚတတ္ဖို႔ပဲ လိုပါတယ္။ေနာက္ဆုံးတစ္ခုကေတာ့ ကံဆို တာအလုပ္ အလုပ္ဆိုတာ ကံပါ။ဆိုးတာေတြ လုပ္ေနရင္ အဆုိးေတြခ်ည္းပဲ
ၾကဳံေတြ႔ေနရမွာပါ။
ဒါေၾကာင့္ သင္အျမဲေကာင္းတာေတြလုက္ကိုင္ ျကံစည္လုပ္ကိုင္ေနရင္တေန႕ေတာ့ သင္အျမဲ
ကံေကာင္းလာမွာ ဧကန္မုခ်မလြဲပါပဲ ။ ။
ၿပီးပါၿပီ။ ။ဒီေလာက္ဆို စာဖတ္သူေတြဖတ္လို႔ဝၿပီး ဖတ္ရက်ိဳးနပ္မွာပါ။ ကိုယ့္စာေလးက စာဖတ္သူေတြအတြက္အားတက္စရာျဖစ္ပါေစ။ ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #
မာနတွေ သိပ်မထားပါနဲ့ …မထားသင့်တဲ့ မာန်မာနကသင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။
လူတွေကို အပြုံးနဲ့ စတင်နှုတ်ဆက်ဖို့ ဘယ်တော့မှဝန်မလေးပါနဲ့ အပြုံးတွေကတစ်ဖက်လူကို ပျော်ရွှင်စေသလို ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။
လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာအမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်းမပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ
အဆိုးတွေပြီးရင် အကောင်းဆုံးတွေတစ်ကျော့ပြန်လှည့်လာမှာပါ။
ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ အချိန်တစ်ခုကြာတော့လည်း အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာတစ်ခါပြန်ကံကောင်းလာမှာပါ။
အရေးကြီးတာကဘယ်အရာတွေကိုပဲဖြစ်ဖြစ်ရင်ဆိုင်ရဲတဲ့စိတ်နဲ့ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။
တစုံတစ်ယောက်ဆီကမျှော်လင့်ချက်တွေထင်သလို ဖြစ်မလာတဲ့ အခါမျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ
အကြိမ်များစွာ သင့် မျှော်လင့်သလိုမတုန့်ပြန်တဲ့သူဟာ သင့်လိုချင်တဲ့အရာသူ့မပေးနိုင်ဘူးဆိုတာ
သင့် နားလည်ထားဖို့ လိုတယ်။သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့မေတ္တာသာထားလိုက်ပါမေတ္တာဆိုတာ ကျယ်ပြန့်တတ်သလိုရောင်ပြန်ဟပ်စေပါတယ်
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲအခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိူင်ပါတယ်။သင့်ကိုဂရုစိုက်သူအလေးထားသူတွေကိုပဲ တတ်နိုင်သေ လာက်မမေ့လျော့ပါနဲ့ …
သူတို့ရဲ့တန်ဖိုးထားမှုကိုအသိအမှတ်ပြု ပြီး တုန့်ပြန်ပါ။ဘာလို့လဲဆိုတော့ သူတို့က ကိုယ့်ရဲ့ အသက်ရှင်ရပ်တည်မှုကိုပိုပြီး အဓိပ္ပါယ်ရှိအောင်လုပ်ပေးတဲ့သူတွေမို့ပါ။
ဖြစ်ချင်တာတွေတစ်ထပ်ချင်းဖြစ်အောင်ဖြည်းဖြည်းချင်းလုပ်ယူပါအရမ်းကြီးဆန္ဒ သိပ်မစောပါနဲ့…
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲနေ့တိုင်းအကျိုးရှိစွာလုပ်ဆောင်နေဖို့သာအဓိကပါ။
နေ့ရက်တိုင်းကစပြီး ဒီနေ့ထိသင့်စိတ်ညစ်နေရင်ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။
ဥပမာ။ ။ ဟာသ VDယိုလေး၊ရီမောစရာကာတွန်းလေးတွေ ၊ရီစရာပြောတတ်သောသူငယ်ချင်းတွေ
အစရှိသဖြင့် ပြုံးရီစရာလေးတွေနဲ့အာရုံပြောင်းနိုင်အောင်ကြိုးစားပါ။
လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့ဘဝဆိုတာ အမြဲရှိပြီးသားပါတချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာ
စိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ဘူးသူတို့ကိုယ်တိုင်ကပျော်ပျော်နေတတ်လို့ပါပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ သင့်ကိုယ်တိုင် ဖန်းတီယူရတာပါ။
ကိုယ့်ကိုယ်ကို ကံအဆိုးလို့ဘယ်တော့မှမတွေးပါနဲ့သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ ကိုယ့်ထက်ဆိုးရွားတဲ့လူတွေကိုယ့်ထက်ကံဆိုးတဲ့သူတွေဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။
အတွေးလေးတစ်ခု ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။နောက်ဆုံးတစ်ခုကတော့ ကံဆို တာအလုပ် အလုပ်ဆိုတာ ကံပါ။ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲ
ကြုံတွေ့နေရမှာပါ။
ဒါကြောင့် သင်အမြဲကောင်းတာတွေလုက်ကိုင် ကြံစည်လုပ်ကိုင်နေရင်တနေ့တော့ သင်အမြဲ
ကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။ ။
ပြီးပါပြီ။ ။ဒီလောက်ဆို စာဖတ်သူတွေဖတ်လို့ဝပြီး ဖတ်ရကျိုးနပ်မှာပါ။ ကိုယ့်စာလေးက စာဖတ်သူတွေအတွက်အားတက်စရာဖြစ်ပါစေ။ ။
ဖိုးသူတော် (www.phothutaw.com)
Credit:tameelay