ယောက်ျားတစ်ယောက် ထားသွားခံရလို့ မိန်ကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး
မိန်းကလေးတိုင်းဖတ်ဖို့ ယောက်ျားတစ်ယောက် ထားသွားခံရလို့ မိန်ကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး
အဲ့ဒီ ယောက်ျားကို ချစ်နေသေးတဲ့စိတ်ကြောင့်သာ ဘဝ ပျက်စီးသွားမှာပါ. မိန်းကလေးတစ်ယောက် အယုံကြည်လွယ်တယ်.
ခံစားရလွယ်တယ် အားနာလွယ်တယ်..အစွဲလမ်းကြီးတတ်တယ်ဆိုရင် နောင်တတွေနဲ့ အလိမ်အညာတွေပဲ ခဏခဏ ခံနေရမှာပေါ့. ဖောက်ပြန်တတ်တဲ့ ယောက်ျားတစ်ယောက်ကို
Credit:burmese.asia
#Unicode Version# ဖြင့်ဖတ်ပါ ။
ယောကျ်ားတစ်ယောက် ထားသွားခံရလို့ မိန်ကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး
မိန်းကလေးတိုင်းဖတ်ဖို့ ယောကျ်ားတစ်ယောက် ထားသွားခံရလို့ မိန်ကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး
အဲ့ဒီ ယောကျ်ားကို ချစ်နေသေးတဲ့စိတ်ကြောင့်သာ ဘဝ ပျက်စီးသွားမှာပါ. မိန်းကလေးတစ်ယောက် အယုံကြည်လွယ်တယ်.
ခံစားရလွယ်တယ် အားနာလွယ်တယ်..အစွဲလမ်းကြီးတတ်တယ်ဆိုရင် နောင်တတွေနဲ့ အလိမ်အညာတွေပဲ ခဏခဏ ခံနေရမှာပေါ့. ဖောက်ပြန်တတ်တဲ့ ယောကျ်ားတစ်ယောက်ကို
ဘယ်တော့မှ ခွင့်လွှတ်ပြီး ရှေ့ဆက်လက်မတွဲပါနဲ့. အနေနီးမှုကို မလွန်ဆန်နိုင်ပဲ ဖောက်ပြန်တာဟာ အချစ်ကို ကိုးကွယ်တာမဟုတ်ဘူး. မွေးရာပါဆင်ခြင်တုံတရား အားနည်းတာ. စာရိတ္တသက်လုံမကောင်းခဲ့တာပါ.
ပြောချင်တာက. ဆန္ဒနဲ့ သိက္ခာကို ရွေးချယ်ရတဲ့အခါ သိက္ခာကိုသာ ဦးစားပေးပါ.လိုချင်တာနဲ့လိုအပ်တာကို ရွေးချယ်တဲ့အခါ လိုအပ်တာကိုသာ ဦးစားပေးပါ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်တဲ့အခါ
ဖြစ်သင့်တာကိုသာ ဦးစားပေးပါ လက်တလော အဆင်မပြေဘူးထင်ရပေမယ့်..နောင်တချိန် နောင်တ ကင်းလိမ့်မယ်ဆိုတာ သိလာပါလိမ့်မယ် ကိုယ့်ကစပြီး ခွင့်လွှတ်ပေးတတ်တဲ့သူဟာဘဝမှာ စိတ်ဓာတ်အခိုင်မာဆုံးသူ.
ကိုယ်ကစပြီး တောင်းပန်တတ်တဲ့သူဟာ ဘဝမှာ အရဲရင့်ဆုံးသူ.ကိုယ်ကစပြီး မေ့နိုင်တဲ့သူကတော့ ဘဝမှာ အပျော်ရွှင်ရဆုံးသူပဲပေါ့.
နောက်ဆုံးမှာလိုက်ပါရစေ..မိန်းကလေးဆိုတာ စကားနည်းပြီး ယဉ်ကျေးရမယ် အလှထက် ဘဝအတွက်ပဲ ဦးစားပေးတတ်ရမယ် ဂုဏ်သိက္ခာကိုတော့ အသက်ထက်တန်ဖိုးထားပါ
ကိုယ်နဲ့မထိုက်တန်တဲ့သူတွေဟာ ကိုယ့်ဘဝထဲကအလိုလို ထွက်ခွာသွားပါလိမ့်မယ်…။ ထိုက်တန်မှုရှိတဲ့ မိဖုရားအတွက် ပလ္လင်ဟာရှိပြီးသားပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
Home
»
ချစ်ရေးချစ်ရာ
»
ဗဟုသုတ
»
အထွေထွေ
» ယောက်ျားတစ်ယောက် ထားသွားခံရလို့ မိန်ကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။