
သူတိူ႔မွာေလ သားသမီးကလဲ မ႐ွိ ကိုယ္လုပ္မွ ကိ္ုယ္စားရတဲ့ဘ၀မွာ ဒုကၡိတေတြမို႔ ေခါင္းပံုျဖတ္တဲ့သူကလဲ အမ်ားသား…ခုေတာ့ ဒီအဘိုးနဲ႔အဖြားကို ထိုင္းႏိုင္ငံနယ္စပ္ ေရႊကုကၠိဳ ကေန ပံု႔တို႔ ေခၚခဲ့ပါၿပီ…
သူတို႔မွာ ေႏြရာသီ ေနပူႀကီးထဲ တေန႔လံုးလုပ္ရတာေတာင္ ထမင္းနပ္မမွန္႐ွာပါဘူး…တေန႔လံုးလုပ္မွ ဘတ္ ၃၀ ဆိုတာ အႏိုင္ႏိုင္ရတာပါတဲ့…ထမင္း မ၀တဲ့ေန႔ေတြ မ်ားပါသတဲ့ေလ…မိုးရာသီဆို ေျပာဖြယ္ရာမ႐ွိပါ…အိမ္ေလးကလဲ ငွါးေနရေတာ့ အိ္လခလဲေပးရပါသတဲ့…
ဒါကို ျမင္မိတဲ့ အမက ပံု႔တို႔ကို အကူ အညီေတာင္းလို႔ သြားေခၚေပးျဖစ္တာပါ…ေရႊကုကၠိဳ ဆိုတာ အရမ္းၾကမ္းတဲ့လမ္းကို ျဖတ္ရတဲ့ နယ္စပ္ၿမိဳ႕မွန္းမသိခဲ့ပါဘူး…ဘားအံ နားဘဲထင္ခဲ့ၿပီး သြားရင္း သြားရင္း ကားေပၚမွာအိပ္ ေရာက္ျပန္ျပန္ခဲ့ၾကတာမို႔ အရမ္းကို ပင္ပန္းခဲ့ရပါတယ္….
ဒါေပမဲ့ အဘိုးအဖြားရဲ႕ ဒီဘ၀က ကြၽတ္ၿပီ…”…ငါတို႔ အဆင္ေျပၿပီ…ေနာ္ မ ေနာ္…” ဆိုၿပီး…အဘက သူ႔ထက္ အသက္ႀကီးတဲ့…သူတသက္လံုး လွည္းေပၚတင္႐ွာေကြၽးခဲ့ရတဲ့ သူ႔ခ်စ္မမကို တိုင္တည္ၿပီး ေျပာေျပာေနတဲ့ အသံေလးနဲ႔တင္…အေမာေတြေပ်ာက္ရပါတယ္….
ဒီခရီးမွာ ခံစားမိတာကေတာ့…အခ်စ္စစ္ ဆိုတာ ဘာဆိုတာ အဘနဲ႔ အဖြားက ျပသြားခဲ့တယ္….
ဖိုးသူေတာ္(www.phothutaw.com)
Credit:Thinn Shwe Sin Hlaing
#Unicode Version#
အချစ်စစ်ဆိုတာလေ မျက်စိမမြင်ရှာတဲ့ အဘကြီးက သူ့မိန်းမ အဖွားကြီးကို လှည်းပေါ်တင် ရှေ့ကနေ လှည်းကိုဆွဲလို့ ဗူးခွံလေးတွေကောက်၊ ထင်းလေးတွေစုရောင်းပြီး တဘဝလုံး ရှာကျွေးတတ်တာမျိုး…အဖွားကလဲ ငတ်တခါ ပြတ်တလှည့်ဖြစ်တာတောင် အားကိုးတကြီး နောက်ကနေ ရှိနေတတ်တာမျိုး..
သူတိူ့မှာလေ သားသမီးကလဲ မရှိ ကိုယ်လုပ်မှ ကိုယ်စားရတဲ့ဘဝမှာ ဒုက္ခိတတွေမို့ ခေါင်းပုံဖြတ်တဲ့သူကလဲ အများသား…ခုတော့ ဒီအဘိုးနဲ့အဖွားကို ထိုင်းနိုင်ငံနယ်စပ် ရွှေကုက္ကို ကနေ ပုံ့တို့ ခေါ်ခဲ့ပါပြီ…
သူတို့မှာ နွေရာသီ နေပူကြီးထဲ တနေ့လုံးလုပ်ရတာတောင် ထမင်းနပ်မမှန်ရှာပါဘူး…တနေ့လုံးလုပ်မှ ဘတ် ၃၀ ဆိုတာ အနိုင်နိုင်ရတာပါတဲ့…ထမင်း မဝတဲ့နေ့တွေ များပါသတဲ့လေ…မိုးရာသီဆို ပြောဖွယ်ရာမရှိပါ…အိမ်လေးကလဲ ငှါးနေရတော့ အိလခလဲပေးရပါသတဲ့…
ဒါကို မြင်မိတဲ့ အမက ပုံ့တို့ကို အကူ အညီတောင်းလို့ သွားခေါ်ပေးဖြစ်တာပါ…ရွှေကုက္ကို ဆိုတာ အရမ်းကြမ်းတဲ့လမ်းကို ဖြတ်ရတဲ့ နယ်စပ်မြို့မှန်းမသိခဲ့ပါဘူး…ဘားအံ နားဘဲထင်ခဲ့ပြီး သွားရင်း သွားရင်း ကားပေါ်မှာအိပ် ရောက်ပြန်ပြန်ခဲ့ကြတာမို့ အရမ်းကို ပင်ပန်းခဲ့ရပါတယ်….
ဒါပေမဲ့ အဘိုးအဖွားရဲ့ ဒီဘဝက ကျွတ်ပြီ…”…ငါတို့ အဆင်ပြေပြီ…နော် မ နော်…” ဆိုပြီး…အဘက သူ့ထက် အသက်ကြီးတဲ့…သူတသက်လုံး လှည်းပေါ်တင်ရှာကျွေးခဲ့ရတဲ့ သူ့ချစ်မမကို တိုင်တည်ပြီး ပြောပြောနေတဲ့ အသံလေးနဲ့တင်…အမောတွေပျောက်ရပါတယ်….
ဒီခရီးမှာ ခံစားမိတာကတော့…အချစ်စစ် ဆိုတာ ဘာဆိုတာ အဘနဲ့ အဖွားက ပြသွားခဲ့တယ်….
ဖိုးသူတော်(www.phothutaw.com)
Credit:Thinn Shwe Sin Hlaing