ခ်င္းတြင္းျမစ္ဖ်ားေဒသ ဟုမၼလင္းၿမိဳ႕နယ္အတြင္း ျမစ္ေခ်ာင္းအင္းအိုင္ မ်ားႏွင့္ လယ္ယာေျမမ်ား၊ ခ်င္းတြင္းျမစ္လက္တက္တစ္ခုျဖစ္သည့္ တာမခန္ -ေဟာင္ပါး-ဖားကန္႔သို႔ ဆက္သြယ္သြားလာႏိုင္သည့္ ဥ႐ုေခ်ာင္း ပ်က္စီး လာရျခင္းမွာ ယင္းေဒသအတြင္း ေ႐ႊတူးေဖာ္မႈမ်ားျပားလာသည့္အတြက္ ေၾကာင့္ျဖစ္ေၾကာင္း ကေလးၿမိဳ႕အေျခစိုက္ သဘာဝခ်စ္သူမ်ား အဖြဲ႕ ဥကၠ႒ ဦးဝင္းက ေျပာဆိုသည္။

သဘာဝပတ္ဝန္းက်င္ပ်က္စီး

ခ်င္းတြင္းျမစ္ဖ်ား ေ႐ႊတူးေဖာ္မႈတြင္ ဟုမၼလင္းၿမိဳ႕နယ္အတြင္း ေလာင္ ေဖာင္ေက်း႐ြာအုပ္စု၊ ေနာင္ပတ္႐ြာဝန္းက်င္၊ နန္႔ေတာ႐ြာဝန္းက်င္၊ ေနာင္ပို ေအာင္႐ြာဝန္းက်င္၊ မက္ကလက္ႏွင့္ တုန္ပစီေဒသတို႔တြင္ အုပ္စုဖြဲ႕က်င္း နက္တူးကာ ရွစ္လုံးထိုး၊ ေျခာက္လုံးထိုး၊ ေလးလုံးထိုးအင္ဂ်င္ႀကီးမ်ားျဖင့္ ေဖာင္ဖြဲ႕ေမ်ာတန္းဆင္ ေ႐ႊတူးေနၾကရာ ေ႐ႊတူးေဖာ္သူတို႔စြန္႔ပစ္သည့္ အမႈိက္မ်ား၊ ေ႐ႊတူးေဖာ္ရာတြင္ အသုံးျပဳသည့္ ျပဒါးမ်ား၊ စက္ဆီမ်ား၊ အင္ ဂ်င္ဝိုင္မ်ားႏွင့္ မီးခိုးမ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈႀကီးမား လ်က္ရွိေၾကာင္း သိရသည္။

“ဟုမၼလင္း၊ ေနာင္ပိုေအာင္နဲ႔ နန္႔ေတာေဒသေတြမွာ ေ႐ႊတူးေဖာ္ေနတဲ့ စက္ေတြ၊ ေဖာင္ေတြအလုံးေထာင္ခ်ီရွိတယ္။ ေတာင္ေတြ၊ ေတာေတြကို ေရပန္းနဲ႔ထိုးခ်ကာ ေ႐ႊေမွ်ာတိုက္တာပါ။ တူးေဖာ္လို႔ထြက္လာတဲ့စြန္႔ပစ္ ေျမစာပုံေတြကလည္း ျမင္မေကာင္းေအာင္ရွိေနပါတယ္။ ၿပီးေတာ့ စက္ဆီ၊ အင္ဂ်င္ဝိုင္ေတြ၊ ေ႐ႊရွာေဖြရာမွာ စိမ့္ဝင္ေနတဲ့ျပဒါးေတြကလည္း ျမစ္ထဲ ေခ်ာင္းထဲ၊ ေရရွိတဲ့ေနရာတိုင္းမွာေတြ႕ေနရပါတယ္။ ေရမသန္႔တဲ့အတြက္ ေရေပ်ာ္သတၱဝါေတြမရွိသေလာက္ ရွားလာတယ္။ ေရသတၱဝါရွားတဲ့အတြက္ ေရကိုအမွီျပဳေနထိုင္တဲ့ငွက္ေတြ ရွားပါးလာတယ္”ဟု ဟုမၼလင္း ေဒသခံ ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးက ေျပာဆိုသည္။

ေရေပ်ာ္သားငါးေပ်ာက္ကြယ္

ဥ႐ုေခ်ာင္းသည္ ၂၂၆ ကီလိုမီတာရွည္လ်ားၿပီး ဟုမၼလင္းၿမိဳ႕ေအာက္ ဘက္တြင္ ခ်င္းတြင္းျမစ္အတြင္းစီးဝင္သည္။ ယခုအခါ ဥ႐ုေခ်ာင္းသည္ ေ႐ႊတူးေဖာ္မႈမ်ားျပားလာသည့္အတြက္ ေခ်ာင္းေရေနာက္က်ိေနၿပီး ေရ ေပ်ာ္ သားငါးမ်ားေပ်ာက္ကြယ္ေနၿပီျဖစ္သည္။

“ဥ႐ုေခ်ာင္းထဲမွာေတာ့ သားငါးပုစြန္ရွားပါးေနပါၿပီ။ အခုေႏြရာသီမွာ ေခ်ာင္းေရ ခန္းေနလို႔ စက္ေလွေတြပဲ အနည္းအက်ဥ္းသြားႏိုင္ေတာ့တယ္။ ကုန္တင္ေရယာဥ္ေတြက မဝင္ႏိုင္ေတာ့ဘူး။ မိုးလႈိင္လႈိင္က်ခ်ိန္မွ ဝင္ႏိုင္ ေတာ့မွာပါ။ ဥ႐ုေခ်ာင္းဖ်ားနန္႔ေတာ၊ တာမခန္၊ ေဟာင္ပါးခရီးသြားေတြ ကေတာ့ ကားလမ္းက သြားၾကတယ္။ ဥ႐ုေခ်ာင္းက ေ႐ႊထုတ္လုပ္မႈမ်ားတဲ့ အတြက္ ေခ်ာင္းေရက ေနာက္က်ိေနၿပီ။ ဥ႐ုေခ်ာင္းေရစီးဝင္တဲ့ေနရာက စတင္ၿပီး ခ်င္းတြင္းျမစ္ေရလည္း ေနာက္က်ိေနတယ္”ဟု ဥ႐ုေခ်ာင္းဖ်ား နန္႔ေတာ႐ြာေဒသခံဦးေအး ကေျပာဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Times

#Unicode Version# ျဖင့္ဖတ္ပါ ။

ချင်းတွင်းမြစ်ဖျားဒေသ ဟုမ္မလင်းမြို့နယ်အတွင်း မြစ်ချောင်းအင်းအိုင် များနှင့် လယ်ယာမြေများ၊ ချင်းတွင်းမြစ်လက်တက်တစ်ခုဖြစ်သည့် တာမခန် -ဟောင်ပါး-ဖားကန့်သို့ ဆက်သွယ်သွားလာနိုင်သည့် ဥရုချောင်း ပျက်စီး လာရခြင်းမှာ ယင်းဒေသအတွင်း ရွှေတူးဖော်မှုများပြားလာသည့်အတွက် ကြောင့်ဖြစ်ကြောင်း ကလေးမြို့အခြေစိုက် သဘာဝချစ်သူများ အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းက ပြောဆိုသည်။

သဘာဝပတ်ဝန်းကျင်ပျက်စီး

ချင်းတွင်းမြစ်ဖျား ရွှေတူးဖော်မှုတွင် ဟုမ္မလင်းမြို့နယ်အတွင်း လောင် ဖောင်ကျေးရွာအုပ်စု၊ နောင်ပတ်ရွာဝန်းကျင်၊ နန့်တောရွာဝန်းကျင်၊ နောင်ပို အောင်ရွာဝန်းကျင်၊ မက်ကလက်နှင့် တုန်ပစီဒေသတို့တွင် အုပ်စုဖွဲ့ကျင်း နက်တူးကာ ရှစ်လုံးထိုး၊ ခြောက်လုံးထိုး၊ လေးလုံးထိုးအင်ဂျင်ကြီးများဖြင့် ဖောင်ဖွဲ့မျောတန်းဆင် ရွှေတူးနေကြရာ ရွှေတူးဖော်သူတို့စွန့်ပစ်သည့် အမှိုက်များ၊ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ပြဒါးများ၊ စက်ဆီများ၊ အင် ဂျင်ဝိုင်များနှင့် မီးခိုးများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြီးမား လျက်ရှိကြောင်း သိရသည်။

“ဟုမ္မလင်း၊ နောင်ပိုအောင်နဲ့ နန့်တောဒေသတွေမှာ ရွှေတူးဖော်နေတဲ့ စက်တွေ၊ ဖောင်တွေအလုံးထောင်ချီရှိတယ်။ တောင်တွေ၊ တောတွေကို ရေပန်းနဲ့ထိုးချကာ ရွှေမျှောတိုက်တာပါ။ တူးဖော်လို့ထွက်လာတဲ့စွန့်ပစ် မြေစာပုံတွေကလည်း မြင်မကောင်းအောင်ရှိနေပါတယ်။ ပြီးတော့ စက်ဆီ၊ အင်ဂျင်ဝိုင်တွေ၊ ရွှေရှာဖွေရာမှာ စိမ့်ဝင်နေတဲ့ပြဒါးတွေကလည်း မြစ်ထဲ ချောင်းထဲ၊ ရေရှိတဲ့နေရာတိုင်းမှာတွေ့နေရပါတယ်။ ရေမသန့်တဲ့အတွက် ရေပျော်သတ္တဝါတွေမရှိသလောက် ရှားလာတယ်။ ရေသတ္တဝါရှားတဲ့အတွက် ရေကိုအမှီပြုနေထိုင်တဲ့ငှက်တွေ ရှားပါးလာတယ်”ဟု ဟုမ္မလင်း ဒေသခံ မြို့မိမြို့ဖတစ်ဦးက ပြောဆိုသည်။

ရေပျော်သားငါးပျောက်ကွယ်

ဥရုချောင်းသည် ၂၂၆ ကီလိုမီတာရှည်လျားပြီး ဟုမ္မလင်းမြို့အောက် ဘက်တွင် ချင်းတွင်းမြစ်အတွင်းစီးဝင်သည်။ ယခုအခါ ဥရုချောင်းသည် ရွှေတူးဖော်မှုများပြားလာသည့်အတွက် ချောင်းရေနောက်ကျိနေပြီး ရေ ပျော် သားငါးများပျောက်ကွယ်နေပြီဖြစ်သည်။

“ဥရုချောင်းထဲမှာတော့ သားငါးပုစွန်ရှားပါးနေပါပြီ။ အခုနွေရာသီမှာ ချောင်းရေ ခန်းနေလို့ စက်လှေတွေပဲ အနည်းအကျဉ်းသွားနိုင်တော့တယ်။ ကုန်တင်ရေယာဉ်တွေက မဝင်နိုင်တော့ဘူး။ မိုးလှိုင်လှိုင်ကျချိန်မှ ဝင်နိုင် တော့မှာပါ။ ဥရုချောင်းဖျားနန့်တော၊ တာမခန်၊ ဟောင်ပါးခရီးသွားတွေ ကတော့ ကားလမ်းက သွားကြတယ်။ ဥရုချောင်းက ရွှေထုတ်လုပ်မှုများတဲ့ အတွက် ချောင်းရေက နောက်ကျိနေပြီ။ ဥရုချောင်းရေစီးဝင်တဲ့နေရာက စတင်ပြီး ချင်းတွင်းမြစ်ရေလည်း နောက်ကျိနေတယ်”ဟု ဥရုချောင်းဖျား နန့်တောရွာဒေသခံဦးအေး ကပြောဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Times
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top