ဧရာဝတီျမစ္ဆံုစီမံကိန္း စတင္ အေကာင္အထည္ေဖာ္သူ မ်ားကို ဥပေဒပညာရွင္မ်ားႏွင့္ တိုင္ပင္ေဆြးေႏြးကာ တရားစြဲဆို မည္ဟု ရန္ကုန္ေစာင့္ၾကည့္အဖြဲ႕ မွ ကိုမင္းေသြးသစ္က ေျပာသည္။

ဧၿပီ ၂၅ ရက္က ရန္ကုန္ၿမိဳ႕ ၌ ျပဳလုပ္သည့္ ျမစ္ဆံုစီမံကိန္းအ ၿပီးတိုင္ဖ်က္သိမ္းေရး သတင္းစာရွင္းလင္းပြဲတြင္ ၎ကယင္းကဲ့ သို႔ ထည့္သြင္းေျပာၾကားသည္။

ဖြဲ႕စည္းပံုအေျခခံဥပေဒတြင္ ေနာက္ေၾကာင္းျပန္ အာဏာသက္ ေရာက္မႈမရွိေစရဟူသည့္အခ်က္ ေၾကာင့္ ယခင္အစိုးရလုပ္ေဆာင္ ခဲ့သည္မ်ားကို တရားဥပေဒအရ အေရးယူႏိုင္ျခင္းမရွိဟု ဆိုေသာ္ လည္း ျမစ္ဆံုစီမံကိန္း စတင္အ ေကာင္အထည္ေဖာ္သူမ်ားကို ဖြဲ႕စည္းပံုအေျခခံဥပေဒခံု႐ံုး ထုတ္ ျပန္ခ်က္မ်ား၊ ဖြဲ႕စည္းပံုအေျခခံ ဥပေဒပါအခ်က္အလက္မ်ားအ ေပၚမူတည္၍ တရားစြဲဆိုႏုိင္သည့္ အေျခအေနရွိသျဖင့္ ဥပေဒပညာ ရွင္မ်ားႏွင့္တိုင္ပင္ကာ အေရးယူ ေဆာင္ရြက္မည္ဟု ကိုမင္းေသြးသစ္က ေျပာသည္။

‘‘ေတာ္ေတာ္မ်ားမ်ား နား လည္ထားတာက အရင္အစိုးရ လုပ္ခဲ့တာေတြကို အေျခခံဥပေဒ အရ အေရးမယူႏိုင္ဘူးလို႔၊ တ ကယ္ေတာ့ အေရးယူလို႔ရတဲ့ အေျခအေနရွိတယ္’’ဟု ကိုမင္းေသြးသစ္ က ေျပာသည္။

ယင္းအတြက္ ျမစ္ဆံုစီမံ ကိန္းႏွင့္ ပတ္သက္၍ ဥပေဒ ေၾကာင္းအရ ေျဖရွင္းႏိုင္ရန္ ဖြဲ႕စည္းပံုအေျခခံဥပေဒခံု႐ံုးသို႔ ေမးခြန္းပို႔ ေမးျမန္းမည္ဟု ၎က ဆုိ သည္။

ျမစ္ဆံုစီမံကိန္းစတင္သူမ်ား ကို တရားဥပေဒအရ အေရးယူ ေျဖရွင္းႏုိင္ရန္ ျမစ္ဆံုစီမံကိန္းစာ ခ်ဳပ္ကို ေသခ်ာသိရွိရန္ လိုအပ္ၿပီး စာခ်ဳပ္ပါ အေၾကာင္းအရာမ်ား ေပၚ မူတည္၍ တရားစြဲဆိုသင့္ သည္ဟု ရန္ကုန္ေစာင့္ၾကည့္အဖြဲ႕ မွ ေဒါက္တာညိဳညိဳသင္းက ေျပာ ၾကားသည္။

‘‘စာခ်ဳပ္ကို အရင္ၾကည့္ၿပီး တရားစြဲတာေတာ့ အေကာင္းဆံုး ပဲ။ ႏုိင္ငံမွာ တည္ဆဲဥပေဒေတြ ရိွပါတယ္’’ဟု ေဒါက္တာညိဳညိဳ သင္းက ေျပာသည္။

ယင္းအတြက္ လက္ရွိအစိုးရ က စာခ်ဳပ္ကို ျပည္သူမ်ားသိရွိေစ ရန္ ျပသသင့္ၿပီး စာခ်ဳပ္ပါအခ်က္ မ်ား သိရွိမွသာလွ်င္ စာခ်ဳပ္ဖ်က္ သိမ္းႏိုင္ျခင္းရွိ၊ မရွိ ဥပေဒအရ ေျဖရွင္းႏုိင္မည္ဟု ၎က ဆက္ လက္ေျပာသည္။

ထုိ႔အျပင္ ဧရာဝတီျမစ္ဆံု စီမံကိန္းကို ျပည္သူတစ္ဦးလွ်င္ တစ္ေဒၚလာႏႈန္းစီ စုထည့္၍ ျပန္ ေရြးယူမည့္ လႈပ္ရွားမႈသည္ ရည္ ရြယ္ခ်က္ေကာင္းမြန္ေသာ္လည္း စီမံကိန္းအေကာင္အထည္ေဖာ္ခဲ့ သူမ်ား သက္ရွိထင္ရွားရွိေနသျဖင့္ ျပည္သူမ်ားေလ်ာ္ေၾကးေပးရမည့္ အစီအစဥ္ကို လက္သင့္မခံႏုိင္ဟု ရန္ကုန္ေစာင့္ၾကည့္အဖြဲ႕က ဆို သည္။

‘‘ျမစ္ဆံုနဲ႔ ပတ္သက္တဲ့ တရားခံေတြ သက္ရွိ ထင္ရွားရွိေန တုန္းပါ။ နာမည္ေရာ၊ အသံေရာ မထြက္ဘဲနဲ႔ တိမ္ျမဳပ္ေနတဲ့ အ ခ်က္ကိုလည္း သေဘာမက်ပါ ဘူး။ တရားခံေတြ ရွိရဲ႕သားနဲ႔ တစ္ေဒၚလာေပးေလ်ာ္ရမယ္ဆို တာလည္း မျဖစ္ႏိုင္ဘူး’’ဟု ယင္းအဖြဲ႕ဝင္ ေဒၚျမင့္ျမင့္စိုးက ေျပာ သည္။

ထုိ႔အျပင္ လက္ရွိတြင္ တ႐ုတ္ႏုိင္ငံသို႔ ေရာက္ရွိေနသည့္ ႏိုင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ျမန္မာႏုိင္ငံသို႔ ျပန္လည္ေရာက္ရွိ ခ်ိန္တြင္ တ႐ုတ္ခရီးစဥ္၌ ျမစ္ဆံု ႏွင့္ ပတ္သက္သည့္ အေျခအေန၊ ျမန္မာႏိုင္ငံရွိ တ႐ုတ္စီမံကိန္းႀကီး မ်ားႏွင့္ပတ္သက္သည့္ အစိုးရ၏ မူဝါဒသေဘာထား၊ ျမစ္ဆံုစီမံ ကိန္းပါ အခ်က္အလက္မ်ား ျပည္ သူမ်ားထံ ခ်ျပေရး အခ်က္မ်ား အိတ္ဖြင့္ေပးစာပို႔ကာ ေတာင္းဆို မည္ဟုဆိုသည္။

ထုိ႔အျပင္ ရန္ကုန္ေစာင့္ ၾကည့္အဖြဲ႕က ဧရာဝတီျမစ္ဆံု စီမံ ကိန္းအၿပီးတုိင္ ဖ်က္သိမ္းေပးရန္ အခ်က္ေျခာက္ခ်က္ ေရးသား ေတာင္းဆိုထားသည့္ အိတ္ဖြင့္ ေပးစာတစ္ေစာင္ကို တ႐ုတ္သမၼတထံ ေပးပို႔မည္ျဖစ္သည္။

ႏုိင္ငံေတာ္ေအးခ်မ္းသာယာ ေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ (နအ ဖ) လက္ထက္ ၂၀၀၉ မတ္လ ၂၇ ရက္တြင္ ဧရာဝတီျမစ္ဆံုေဒသ၌ ဆည္ေဆာက္လုပ္ၿပီး လွ်ပ္စစ္ရရွိ ေရး ေဆာင္ရြက္ရန္ တ႐ုတ္ႏုိင္ငံ ႏွင့္ လက္မွတ္ေရးထိုးခဲ့သည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:7Daydaily
#Unicode Version#
ဧရာဝတီမြစ်ဆုံစီမံကိန်း စတင် အကောင်အထည်ဖော်သူ များကို ဥပဒေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးကာ တရားစွဲဆို မည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ မှ ကိုမင်းသွေးသစ်က ပြောသည်။

ဧပြီ ၂၅ ရက်က ရန်ကုန်မြို့ ၌ ပြုလုပ်သည့် မြစ်ဆုံစီမံကိန်းအ ပြီးတိုင်ဖျက်သိမ်းရေး သတင်းစာရှင်းလင်းပွဲတွင် ၎င်းကယင်းကဲ့ သို့ ထည့်သွင်းပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နောက်ကြောင်းပြန် အာဏာသက် ရောက်မှုမရှိစေရဟူသည့်အချက် ကြောင့် ယခင်အစိုးရလုပ်ဆောင် ခဲ့သည်များကို တရားဥပဒေအရ အရေးယူနိုင်ခြင်းမရှိဟု ဆိုသော် လည်း မြစ်ဆုံစီမံကိန်း စတင်အ ကောင်အထည်ဖော်သူများကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ထုတ် ပြန်ချက်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအချက်အလက်များအ ပေါ်မူတည်၍ တရားစွဲဆိုနိုင်သည့် အခြေအနေရှိသဖြင့် ဥပဒေပညာ ရှင်များနှင့်တိုင်ပင်ကာ အရေးယူ ဆောင်ရွက်မည်ဟု ကိုမင်းသွေးသစ်က ပြောသည်။

‘‘တော်တော်များများ နား လည်ထားတာက အရင်အစိုးရ လုပ်ခဲ့တာတွေကို အခြေခံဥပဒေ အရ အရေးမယူနိုင်ဘူးလို့၊ တ ကယ်တော့ အရေးယူလို့ရတဲ့ အခြေအနေရှိတယ်’’ဟု ကိုမင်းသွေးသစ် က ပြောသည်။

ယင်းအတွက် မြစ်ဆုံစီမံ ကိန်းနှင့် ပတ်သက်၍ ဥပဒေ ကြောင်းအရ ဖြေရှင်းနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ မေးခွန်းပို့ မေးမြန်းမည်ဟု ၎င်းက ဆို သည်။

မြစ်ဆုံစီမံကိန်းစတင်သူများ ကို တရားဥပဒေအရ အရေးယူ ဖြေရှင်းနိုင်ရန် မြစ်ဆုံစီမံကိန်းစာ ချုပ်ကို သေချာသိရှိရန် လိုအပ်ပြီး စာချုပ်ပါ အကြောင်းအရာများ ပေါ် မူတည်၍ တရားစွဲဆိုသင့် သည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ မှ ဒေါက်တာညိုညိုသင်းက ပြော ကြားသည်။

‘‘စာချုပ်ကို အရင်ကြည့်ပြီး တရားစွဲတာတော့ အကောင်းဆုံး ပဲ။ နိုင်ငံမှာ တည်ဆဲဥပဒေတွေ ရှိပါတယ်’’ဟု ဒေါက်တာညိုညို သင်းက ပြောသည်။

ယင်းအတွက် လက်ရှိအစိုးရ က စာချုပ်ကို ပြည်သူများသိရှိစေ ရန် ပြသသင့်ပြီး စာချုပ်ပါအချက် များ သိရှိမှသာလျှင် စာချုပ်ဖျက် သိမ်းနိုင်ခြင်းရှိ၊ မရှိ ဥပဒေအရ ဖြေရှင်းနိုင်မည်ဟု ၎င်းက ဆက် လက်ပြောသည်။

ထို့အပြင် ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ပြည်သူတစ်ဦးလျှင် တစ်ဒေါ်လာနှုန်းစီ စုထည့်၍ ပြန် ရွေးယူမည့် လှုပ်ရှားမှုသည် ရည် ရွယ်ချက်ကောင်းမွန်သော်လည်း စီမံကိန်းအကောင်အထည်ဖော်ခဲ့ သူများ သက်ရှိထင်ရှားရှိနေသဖြင့် ပြည်သူများလျော်ကြေးပေးရမည့် အစီအစဉ်ကို လက်သင့်မခံနိုင်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့က ဆို သည်။

‘‘မြစ်ဆုံနဲ့ ပတ်သက်တဲ့ တရားခံတွေ သက်ရှိ ထင်ရှားရှိနေ တုန်းပါ။ နာမည်ရော၊ အသံရော မထွက်ဘဲနဲ့ တိမ်မြုပ်နေတဲ့ အ ချက်ကိုလည်း သဘောမကျပါ ဘူး။ တရားခံတွေ ရှိရဲ့သားနဲ့ တစ်ဒေါ်လာပေးလျော်ရမယ်ဆို တာလည်း မဖြစ်နိုင်ဘူး’’ဟု ယင်းအဖွဲ့ဝင် ဒေါ်မြင့်မြင့်စိုးက ပြော သည်။

ထို့အပြင် လက်ရှိတွင် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ချိန်တွင် တရုတ်ခရီးစဉ်၌ မြစ်ဆုံ နှင့် ပတ်သက်သည့် အခြေအနေ၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းကြီး များနှင့်ပတ်သက်သည့် အစိုးရ၏ မူဝါဒသဘောထား၊ မြစ်ဆုံစီမံ ကိန်းပါ အချက်အလက်များ ပြည် သူများထံ ချပြရေး အချက်များ အိတ်ဖွင့်ပေးစာပို့ကာ တောင်းဆို မည်ဟုဆိုသည်။

ထို့အပြင် ရန်ကုန်စောင့် ကြည့်အဖွဲ့က ဧရာဝတီမြစ်ဆုံ စီမံ ကိန်းအပြီးတိုင် ဖျက်သိမ်းပေးရန် အချက်ခြောက်ချက် ရေးသား တောင်းဆိုထားသည့် အိတ်ဖွင့် ပေးစာတစ်စောင်ကို တရုတ်သမ္မတထံ ပေးပို့မည်ဖြစ်သည်။

နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအ ဖ) လက်ထက် ၂၀၀၉ မတ်လ ၂၇ ရက်တွင် ဧရာဝတီမြစ်ဆုံဒေသ၌ ဆည်ဆောက်လုပ်ပြီး လျှပ်စစ်ရရှိ ရေး ဆောင်ရွက်ရန် တရုတ်နိုင်ငံ နှင့် လက်မှတ်ရေးထိုးခဲ့သည်။
ဖိုးသူတော်(www.phothutaw.com)
Credit:7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top