စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုၿမိဳ႕ရွိ အက်ဥ္းေထာင္ထဲမွာ   ဧၿပီ ၂၂ ရက္က အက်ဥ္းသား ၁၀၀၀ ေက်ာ္ပါဝင္တဲ့ ဆူပူမႈ ျဖစ္ပြားခဲ့ပါတယ္။

ေထာင္ဆူပူမႈျဖစ္ပြားရာကို ေရႊဘိုၿမိဳ႕မွာ ေရာက္ရွိေနတဲ့ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္၊ စိုက္/ေမြးဝန္ႀကီး ဦးကမ္ဇာမံု၊ ေဒသခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ တာဝန္ရွိသူေတြ သြားေရာက္ေျဖရွင္းေပးခဲ့ၾကၿပီး ေျပလည္မႈ ရရွိခဲ့ပါတယ္။

ေရႊဘိုၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမိုးေက်ာ္သူက “အဓိကကေတာ့ ေထာင္တြင္း တရားမၽွတမႈ ရရွိေရးအတြက္ ေတာင္းဆိုၾကတာေပါ့။ အက်ဥ္းက်ေနသူခ်င္း အတူတူ ခြဲျခားဆက္ဆံတာ မလုပ္ဖို႔ေတာင္းဆိုတာေပါ့။ ဝန္ႀကီးခ်ဳပ္၊ ေဒသခံ လႊတ္ေတ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ခြင့္ေတာင္းဆိုၿပီး သူတို႔ဘက္က လိုအပ္ခ်က္ေတြ တင္ျပၾကတာ။ ဝန္ႀကီးခ်ဳပ္ႀကီးကလည္း သူတို႔အခက္အခဲေတြကို ေထာင္ပိုင္ႀကီးနဲ႔ ေတြ႕ဆံု ညႇိႏိႈင္းၿပီး စာတင္ဖို႔ ေျပာဆိုခဲ့တယ္။ သူကေန တဆင့္ ႏိုင္ငံေတာ္သမၼတထံတင္ျပေပးမယ္ေပါ့။ ဒါနဲ႔ ေျပလည္သြားပါတယ္။”လို႔ ေျပာတယ္။

ေထာင္တြင္းဆူပူမႈက အမ်ိဳးသားေဆာင္ ၁ ကေန စတင္ကာျဖစ္ပြားခဲ့ၿပီး အေဆာင္ ၂၊ ၃နဲ႔ အလုပ္႐ံုတို႔ကိုလည္း ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ အက်ဥ္းသားေတြကိုင္ထားတဲ့ ဝိႈက္ဘုတ္ေပၚမွာေတာ့ လြတ္ၿငိမ္းခ်မ္းသာ တန္းတူညီမၽွမႈ ရရွိေရး ဒို႔အေရးဆိုတဲ့ စာသားကိုလည္း ေရးထားတာကို ေတြ႕ရပါတယ္။

ေအာ္ဟစ္ေတာင္းဆိုရာမွာ အမ်ိဳးသမီးအေဆာင္ကမပါဝင္ေပမယ့္ ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆံုရာမွာေတာ့ လိုအပ္ခ်က္ေတြ တင္ျပတာ ရွိခ့ဲပါတယ္။

ေထာင္ဆူပူမႈကို ခရိုင္ရဲတပ္ဖြဲ႕ ဒုရဲမႉးႀကီး ေငြတိုးဦးစီးတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြက လက္နက္အျပည့္အစံုနဲ႔ သြားေရာက္ ပိတ္ဆို႔ထားခဲ့ရကာ ေထာင္တြင္းဆူပူမႈနဲ႔ပတ္သက္လို႔ ဦးေဆာင္ခဲ့သူေတြကိုေတာ့ အေရးယူတာမရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ႏွစ္ဆန္း ၁ ရက္က ႏိုင္ငံေတာ္သမၼတရဲ႕ လြတ္ၿငိမ္းခြင့္နဲ႔ ျပန္လႊတ္ေပးခဲ့သူ  ၉၅၀၀ ေက်ာ္ထဲမွာ ေရႊဘို အက်ဥ္းေထာင္ ကေန ၇၂၀ ဦး ပါဝင္ခဲ့ပါတယ္။ ျပန္လြတ္လာသူ အမ်ားစုက မူး/စိတ္ပုဒ္မ ၁၅၊ ၁၆ နဲ႔ ျပစ္ဒဏ္က်ခံေနရသူ ေတြျဖစ္ပါတယ္။

ေရႊဘိုအက်ဥ္းေထာင္မွာ အမ်ိဳးသားအေဆာင္ ၃ ေဆာင္၊ အမ်ိဳးသမီးအေဆာင္ ၁ ေဆာင္၊ အလုပ္ရံု ၁ ရံုရွိၿပီး အက်ဥ္းသား ၁၀၀၀ ေက်ာ္ရွိကာ (က)အဆင့္ အက်ဥ္းေထာင္အျဖစ္ သတ္မွတ္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version# ျဖင့္ဖတ္ပါ ။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ အကျဉ်းထောင်ထဲမှာ   ဧပြီ ၂၂ ရက်က အကျဉ်းသား ၁၀၀၀ ကျော်ပါဝင်တဲ့ ဆူပူမှု ဖြစ်ပွားခဲ့ပါတယ်။

ထောင်ဆူပူမှုဖြစ်ပွားရာကို ရွှေဘိုမြို့မှာ ရောက်ရှိနေတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စိုက်/မွေးဝန်ကြီး ဦးကမ်ဇာမုံ၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေ သွားရောက်ဖြေရှင်းပေးခဲ့ကြပြီး ပြေလည်မှု ရရှိခဲ့ပါတယ်။

ရွှေဘိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက “အဓိကကတော့ ထောင်တွင်း တရားမျှတမှု ရရှိရေးအတွက် တောင်းဆိုကြတာပေါ့။ အကျဉ်းကျနေသူချင်း အတူတူ ခွဲခြားဆက်ဆံတာ မလုပ်ဖို့တောင်းဆိုတာပေါ့။ ဝန်ကြီးချုပ်၊ ဒေသခံ လွှတ်တေ်ကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်တောင်းဆိုပြီး သူတို့ဘက်က လိုအပ်ချက်တွေ တင်ပြကြတာ။ ဝန်ကြီးချုပ်ကြီးကလည်း သူတို့အခက်အခဲတွေကို ထောင်ပိုင်ကြီးနဲ့ တွေ့ဆုံ ညှိနှိုင်းပြီး စာတင်ဖို့ ပြောဆိုခဲ့တယ်။ သူကနေ တဆင့် နိုင်ငံတော်သမ္မတထံတင်ပြပေးမယ်ပေါ့။ ဒါနဲ့ ပြေလည်သွားပါတယ်။”လို့ ပြောတယ်။

ထောင်တွင်းဆူပူမှုက အမျိုးသားဆောင် ၁ ကနေ စတင်ကာဖြစ်ပွားခဲ့ပြီး အဆောင် ၂၊ ၃နဲ့ အလုပ်ရုံတို့ကိုလည်း ပျံ့နှံ့ခဲ့ပါတယ်။ အကျဉ်းသားတွေကိုင်ထားတဲ့ ဝှိုက်ဘုတ်ပေါ်မှာတော့ လွတ်ငြိမ်းချမ်းသာ တန်းတူညီမျှမှု ရရှိရေး ဒို့အရေးဆိုတဲ့ စာသားကိုလည်း ရေးထားတာကို တွေ့ရပါတယ်။

အော်ဟစ်တောင်းဆိုရာမှာ အမျိုးသမီးအဆောင်ကမပါဝင်ပေမယ့် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာတော့ လိုအပ်ချက်တွေ တင်ပြတာ ရှိခဲ့ပါတယ်။

ထောင်ဆူပူမှုကို ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ငွေတိုးဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လက်နက်အပြည့်အစုံနဲ့ သွားရောက် ပိတ်ဆို့ထားခဲ့ရကာ ထောင်တွင်းဆူပူမှုနဲ့ပတ်သက်လို့ ဦးဆောင်ခဲ့သူတွေကိုတော့ အရေးယူတာမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့သူ  ၉၅၀၀ ကျော်ထဲမှာ ရွှေဘို အကျဉ်းထောင် ကနေ ၇၂၀ ဦး ပါဝင်ခဲ့ပါတယ်။ ပြန်လွတ်လာသူ အများစုက မူး/စိတ်ပုဒ်မ ၁၅၊ ၁၆ နဲ့ ပြစ်ဒဏ်ကျခံနေရသူ တွေဖြစ်ပါတယ်။

ရွှေဘိုအကျဉ်းထောင်မှာ အမျိုးသားအဆောင် ၃ ဆောင်၊ အမျိုးသမီးအဆောင် ၁ ဆောင်၊ အလုပ်ရုံ ၁ ရုံရှိပြီး အကျဉ်းသား ၁၀၀၀ ကျော်ရှိကာ (က)အဆင့် အကျဉ်းထောင်အဖြစ် သတ်မှတ်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top