



Credit:BurmeseAsia

#Unicode Version#
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင် ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့သူတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုတွေလည်း

အများကြီး ဆွတ်ခူးထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေချစ်ကြတဲ့ အိန္ဒြာကျော်ဇင်ကတော့ ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ အသက် ၄၂ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ မွေးနေ့မနက်ခင်းလေးကို တန်းဆွမ်းကြွတဲ့ ဘုန်းဘုန်းတွေကို ဆွမ်းကပ်လှူပြီး အစပြုလိုက်တာဖြစ်ပါတယ်။ ချစ်ရတဲ့ ပရိသတ်တွေအတွက်လည်း သူမရဲ့ အလှူပုံရိပ်တွေကို မျှဝေပေးထားတာဖြစ်ပါတယ်။

အသက် ၄၂ နှစ်ပြည့်သွားပေမဲ့လည်း အရင်ကလိုပဲ နုပျိုလှပနေဆဲဖြစ်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:BurmeseAsia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top