တစ္စကၠန္႔အတြင္းမွာ လက္ဖ်စ္တတစ္ဖ်စ္အတြင္းမွာ စိတ္ေပါင္း ကုေဋတစ္သိန္းေလာက္ျဖစ္ႏိုင္ပါတယ္။ အဲဒီအခ်ိန္အတြင္းမွာ ကုသိုလ္စိတ္ျဖစ္လိုက္ရရင္ ကုသိုလ္စိတ္ေပါင္းဘယ္ေလာက္ျဖစ္မလဲ။ ကုေဋနဲ႔ခ်ီၿပီးျဖစ္သြားၿပီေနာ္။

ဒီတစ္စကၠန္႔ေလးကိုတန္ဖိုးထားႏိုင္မွ ေနာက္တစ္စကၠန္႔ေလးကိုလည္းတန္ဖိုးထားႏိုင္မွာ။ ဒီလုိ စကၠန္႔တိုင္း စကၠန္႔တိုင္း၊ တစ္ခဏတိုင္း တစ္ခဏတိုင္းကို တန္ဖိုးထားႏိုင္မွသာ ဘဝဟာ တန္ဖိုးရိွတဲ့ဘဝ ျဖစ္မွာပါ။ Time is life. အခ်ိန္သည္ပင္လွ်င္ဘဝ၊ အခ်ိန္သည္ပင္လွ်င္အသက္ပဲ။

ငါးမိနစ္၊ဆယ္မိနစ္အခ်ိန္ဟာ တကယ္တန္ဖိုးရိွရိွအသံုးခ်တတ္မယ္ဆိုရင္ အမ်ားႀကီးအက်ိဳးမ်ားတယ္၊ ခရီးေရာက္တယ္။ တန္ဖိုးရိွရိွအသံုးမခ်တတ္ရင္ ဒီငါးမိနစ္၊ဆယ္မိနစ္ဟာ မသံုးလိုက္ရဘဲကုန္သြားတယ္။

အလုပ္အင္မတန္မ်ားၾကတဲ့ေခတ္မွာ အခ်ိန္မရဘူးလို႔ ေတာ္ေတာ္ေျပာၾကတယ္။ အဲဒီေတာ့ အခ်ိန္ရေအာင္ဘယ္လိုလုပ္မလဲ။ ဘယ္လိုလုပ္ရမလဲဆိုေတာ့ ေလွ်ာ့လို႔ရတာမွန္သမွ်ေလွ်ာ့ဖို႔ပဲ။

အခ်ိန္မရိွဘူး၊ အခ်ိန္မရိွဘူးလို႔ေျပာၾကတယ္။ အခ်ိန္မျဖဳန္းရင္အခ်ိန္ရိွပါတယ္။

No time to waste. No time for cheap entertainments.
ျဖဳန္းစရာအခ်ိန္ မရိွဘူး။ အေပါစားေဖ်ာ္ေျဖစရာေတြအတြက္ အခ်ိန္မရိွဘူး။

စနစ္တက်လုပ္တာ၊ အခ်ိန္မွန္မွန္လုပ္တာ၊ သပ္သပ္ရပ္ရပ္လုပ္တာလည္း discipline ရိွတဲ့သူ၊ စနစ္ရိွတဲ့သူ၊ စည္းကမ္းရိွတဲ့သူ၊ တိက်တဲ့သူ၊ ေသခ်ာတဲ့သူပဲ။ လုပ္ခ်င္တဲ့အခါလုပ္မယ္၊ မလုပ္ခ်င္တဲ့အခါမလုပ္ဘူးဆိုရင္ စည္းကမ္းမရိွဘူး။ စနစ္မရိွဘူး။ discipline မရိွဘူး။ လုပ္စရာေတြမ်ားတဲ့သူဆိုရင္ အခ်ိန္ဇယားရိွဖို႔ပိုေတာင္အေရးႀကီးတယ္။ စီစဥ္ထားတဲ့အတိုင္းလုပ္ျဖစ္ေအာင္ ႀကိဳးစားရမယ္။

မနက္ေစာေစာအိပ္ရာထ၊ ဘုရားရိွခိုး၊ ခဏတရားထိုင္ၿပီးရင္ ဒီေန႔ဘာလုပ္မယ္ဆိုတာကို ေသေသခ်ာခ်ာစဥ္းစားပါ။ ကိုယ္က အက်ိဳးရိွတာကိုလုပ္မယ္လို႔စဥ္းစားမထားရင္ ဘာျဖစ္မလဲ။ ႀကံဳရာကိစၥေတြလုပ္မိမွာပဲ။ အဲဒီႀကံဳရာကိစၥေတြကလည္း ၿပီးႏိုင္တယ္၊ ဆံုးႏိုင္တယ္လို႔ မရိွဘူး။

ဒီေန႔တစ္ေန႔တာလံုး ငါဘာလုပ္မယ္ဆိုတာကို ေသေသခ်ာခ်ာစဥ္းစားတဲ့အက်င့္မရိွတဲ့သူဟာ ကိုယ့္ဘဝကိုကိုယ္ ဘယ္လိုေနခ်င္တယ္ဆိုတာကို ဘယ္လိုမွအေျဖရွာလို႔ရမွာ မဟုတ္ဘူး။ ႀကံဳရာကိစၥေတြကိုလုပ္ရင္းနဲ႔ပဲ တစ္ေန႔ကုန္သြားမယ္။ အဲဒီ တစ္ေန႔တစ္ေန႔ေတြေပါင္းလုိက္ေတာ့ တစ္ဘဝျဖစ္သြားတယ္။

တရားအားထုတ္မယ္လို႔ ရည္ရြယ္ခ်က္ထားလိုက္တဲ့လူဟာ အလုပ္တစ္ခုကိုလုပ္တုိင္း လုပ္တိုင္း ဒီအလုပ္အတြက္ ငါေပးလုိက္ရတဲ့အခ်ိန္နဲ႔ ငါအပင္ပန္းခံလိုက္ရတာနဲ႔ ငါရတဲ့အက်ိဳးဟာ တြက္ေျခကိုက္ရဲ႕လား။ ဒီအလုပ္ကိုငါေလွ်ာ့ရင္ ျဖစ္သလားလို႔ ကိုယ့္ကိုယ္ကိုကိုယ္ေမးရမယ္။

သတိနဲ႔ဥာဏ္နဲ႔ယွဥ္ၿပီးေတာ့ လုပ္သင့္တာေတြကို မလစ္ဟင္းေအာင္လုပ္လို႔ရိွရင္ေတာ့ ကိုယ့္အခ်ိန္ေတြကို ကိုယ္အေကာင္းဆံုးသံုးလိုက္ႏိုင္တယ္။ ကိုယ့္ရဲ႕ေငြဆိုလည္းပဲ အေကာင္းဆံုးေနရာမွာသံုးပါ။ ကိုယ့္ရဲ႕အင္အားကိုလည္းပဲ အေကာင္းဆံုးေနရာမွာသံုးပါ။ ကိုယ့္ရဲ႕စဥ္းစားႏိုင္တဲ့၊ေတြးေခၚႏိုင္တဲ့အရည္အခ်င္း၊ အသိဥာဏ္ကိုလည္း ေကာင္းတဲ့အေတြးေတြေတြးၿပီးေတာ့ ေကာင္းတဲ့အေတြးအေခၚ အယူအဆေလးေတြကို ျဖစ္ေအာင္လုပ္ပါ။

ကိုယ့္ဘဝကိုတကယ္တိုးတက္ၿပီး ေက်ေက်နပ္နပ္ေနခ်င္တယ္ဆိုရင္ လုပ္သင့္တဲ့ကိစၥဟာ ရိုးရိုးေလးလြယ္လြယ္ေလးပါပဲ။ သိပ္မခက္ပါဘူး။ ဘယ္အလုပ္ပဲလုပ္လုပ္၊ ဒါဟာတကယ္အက်ိဳးရိွရဲ႕လား။ ဒီထက္ပိုေကာင္းတာလုပ္ရင္ေရာျဖစ္ေသးသလား။ ငါ့အခ်ိန္ေတြကို အေကာင္းဆံုးဘယ္လိုသံုးရမလဲ၊ အဲဒါကို အၿမဲတမ္းဆင္ျခင္ရမယ္ စဥ္းစားရမယ္ေနာ္။

လူေတြဟာ ဥာဏ္ရိွတဲ့သတၱဝါျဖစ္တာေတာ့မွန္တယ္။ ဒါေပမယ့္ စိတ္အလိုလိုက္၊ေလာဘအလိုလိုက္ၿပီးေတာ့ အက်ိဳးမရိွတာေတြအမ်ားႀကီးလုပ္တယ္။ အဲဒါေၾကာင့္ တရားအားထုတ္မည့္သူ၊ ဘဝရဲ႕ အရည္အေသြးနဲ႔အဆင့္အတန္းျမင့္မားမႈကို လိုလားတဲ့လူဆိုရင္ ဘယ္အလုပ္လုပ္လုပ္ အက်ိဳးရိွမရွိဆိုတာကို ေလးေလးနက္နက္စဥ္းစားရမယ္ေနာ္။

ငယ္ငယ္တုန္းကအခ်ိန္နဲ႔ အသက္ႀကီးတဲ့အခ်ိန္နဲ႔ အခ်ိန္ခ်င္းတူေသာ္လည္း အခ်ိန္ကိုအသံုးခ်တဲ့ အရည္အေသြးခ်င္း မတူေတာ့ဘူး။ ဒါ့ေၾကာင့္ အခုလိုက်န္းမာေနတဲ့အခ်ိန္၊ လုပ္ႏိုင္ကိုင္ႏိုင္တဲ့အခ်ိန္မွာ ကိုယ့္အခ်ိန္ကို ပိုၿပီးေတာ့တန္ဖိုးထားရမယ္။

အသက္ႀကီးလို႔အိုမင္းသြားတဲ့အခ်ိန္မွာ သတိေတြ ေမ့ေလ်ာ့ခၽြတ္ေခ်ာ္ၿပီးေနတယ္။ တစ္ေန႔တာရေသာ္လည္းပဲ သူ႔တစ္ေန႔တာအခ်ိန္ဟာ ဘယ္လိုကုန္သြားမွန္းမသိေတာ့ဘူး။ ေမာဟနဲ႔ေနတာ မ်ားသြားၿပီကိုး။ ဒါေၾကာင့္ မိမိအခုရရိွထားတဲ့ပစၥဳပၸန္အခ်ိန္ကို အမ်ားဆံုးတန္ဖိုးထားေစခ်င္တယ္။

ပစၥဳပၸန္မွာရသေလာက္ကို နည္းနည္းျဖစ္ျဖစ္လုပ္တဲ့လူဟာ အနာဂတ္မွာအေျခအေနေပးလာလို႔ရိွရင္ ပိုၿပီးလုပ္ႏိုင္ပါလိမ့္မယ္။ ပစၥဳပၸန္မွာရသမွ်အခ်ိန္ ငါးမိနစ္၊ဆယ္မိနစ္ကအစ တန္ဖိုးရိွရိွအသံုးမခ်ႏိုင္ရင္ သူစိတ္ကူးယဥ္ေမွ်ာ္မွန္းထားေပမယ့္ အဲဒီအနာဂတ္ဆိုတာကိုေရာက္လာတဲ့အခါမွာ သူ႔မွာ အေၾကာင္းျပစရာေတြအမ်ားႀကီးနဲ႔ မအားဘူးလို႔ပဲေျပာဦးမွာပဲ။

ပစၥဳပၸန္ဟာတန္ဖိုးအရိွဆံုးပါ။ အနာဂတ္ကိုေမွ်ာ္ၿပီး ပစၥဳပၸန္ကိုမျဖဳန္းသင့္ဘူး။ သင္ေမွ်ာ္လင့္ေနတဲ့အနာဂတ္ဟာပစၥဳပၸန္ျဖစ္လာတဲ့အခါ သင့္မွာ အဲဒီပစၥဳပၸန္ထက္ပိုေကာင္းတယ္လို႔ထင္ရတဲ့ ေနာက္ထပ္ အနာဂတ္တစ္ခုရဦးမွာပဲ။ ေမွ်ာ္လင့္ေနတာက ဆံုးမွာမဟုတ္ေတာ့ဘူး။ လက္ရိွကိုအေကာင္းမထင္တတ္တာ လူ႔သဘာဝပါပဲ။

အသက္ရွည္ရွည္ေတာ့ေနခ်င္တယ္။ ဒါေပမယ့္ ေနရတဲ့အခ်ိန္ေတြကိုျဖဳန္းေနရင္ အသက္ရွည္တာ ဘာအဓိပၸါယ္ရိွေတာ့မွာလဲ။ အက်ိဳးရိွတာေတြလုပ္ၿပီး ဘဝကိုေက်ေက်နပ္နပ္ တန္ဖိုးရိွရိွေနမွသာ အသက္ရွည္တာ အဓိပၸါယ္ရိွေတာ့မွာေပါ့ေနာ္။ ေနတတ္ရင္ တစ္ဘဝထဲမွာ ႏွစ္ဘဝစာေလာက္လုပ္လို႔ရတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဆရာေတာ္ဦးေဇာတိက
(မဟာျမိဳင္ေတာရ)
# Unicode Version # ျဖင့္ ဖတ္ပါ #

 တစ်စက္ကန့်အတွင်းမှာ လက်ဖျစ်တတစ်ဖျစ်အတွင်းမှာ စိတ်ပေါင်း ကုဋေတစ်သိန်းလောက်ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်အတွင်းမှာ ကုသိုလ်စိတ်ဖြစ်လိုက်ရရင် ကုသိုလ်စိတ်ပေါင်းဘယ်လောက်ဖြစ်မလဲ။ ကုဋေနဲ့ချီပြီးဖြစ်သွားပြီနော်။

ဒီတစ်စက္ကန့်လေးကိုတန်ဖိုးထားနိုင်မှ နောက်တစ်စက္ကန့်လေးကိုလည်းတန်ဖိုးထားနိုင်မှာ။ ဒီလို စက္ကန့်တိုင်း စက္ကန့်တိုင်း၊ တစ်ခဏတိုင်း တစ်ခဏတိုင်းကို တန်ဖိုးထားနိုင်မှသာ ဘဝဟာ တန်ဖိုးရှိတဲ့ဘဝ ဖြစ်မှာပါ။ Time is life. အချိန်သည်ပင်လျှင်ဘဝ၊ အချိန်သည်ပင်လျှင်အသက်ပဲ။

ငါးမိနစ်၊ဆယ်မိနစ်အချိန်ဟာ တကယ်တန်ဖိုးရှိရှိအသုံးချတတ်မယ်ဆိုရင် အများကြီးအကျိုးများတယ်၊ ခရီးရောက်တယ်။ တန်ဖိုးရှိရှိအသုံးမချတတ်ရင် ဒီငါးမိနစ်၊ဆယ်မိနစ်ဟာ မသုံးလိုက်ရဘဲကုန်သွားတယ်။

အလုပ်အင်မတန်များကြတဲ့ခေတ်မှာ အချိန်မရဘူးလို့ တော်တော်ပြောကြတယ်။ အဲဒီတော့ အချိန်ရအောင်ဘယ်လိုလုပ်မလဲ။ ဘယ်လိုလုပ်ရမလဲဆိုတော့ လျှော့လို့ရတာမှန်သမျှလျှော့ဖို့ပဲ။

အချိန်မရှိဘူး၊ အချိန်မရှိဘူးလို့ပြောကြတယ်။ အချိန်မဖြုန်းရင်အချိန်ရှိပါတယ်။

No time to waste. No time for cheap entertainments.
ဖြုန်းစရာအချိန် မရှိဘူး။ အပေါစားဖျော်ဖြေစရာတွေအတွက် အချိန်မရှိဘူး။

စနစ်တကျလုပ်တာ၊ အချိန်မှန်မှန်လုပ်တာ၊ သပ်သပ်ရပ်ရပ်လုပ်တာလည်း discipline ရှိတဲ့သူ၊ စနစ်ရှိတဲ့သူ၊ စည်းကမ်းရှိတဲ့သူ၊ တိကျတဲ့သူ၊ သေချာတဲ့သူပဲ။ လုပ်ချင်တဲ့အခါလုပ်မယ်၊ မလုပ်ချင်တဲ့အခါမလုပ်ဘူးဆိုရင် စည်းကမ်းမရှိဘူး။ စနစ်မရှိဘူး။ discipline မရှိဘူး။ လုပ်စရာတွေများတဲ့သူဆိုရင် အချိန်ဇယားရှိဖို့ပိုတောင်အရေးကြီးတယ်။ စီစဉ်ထားတဲ့အတိုင်းလုပ်ဖြစ်အောင် ကြိုးစားရမယ်။

မနက်စောစောအိပ်ရာထ၊ ဘုရားရှိခိုး၊ ခဏတရားထိုင်ပြီးရင် ဒီနေ့ဘာလုပ်မယ်ဆိုတာကို သေသေချာချာစဉ်းစားပါ။ ကိုယ်က အကျိုးရှိတာကိုလုပ်မယ်လို့စဉ်းစားမထားရင် ဘာဖြစ်မလဲ။ ကြုံရာကိစ္စတွေလုပ်မိမှာပဲ။ အဲဒီကြုံရာကိစ္စတွေကလည်း ပြီးနိုင်တယ်၊ ဆုံးနိုင်တယ်လို့ မရှိဘူး။

ဒီနေ့တစ်နေ့တာလုံး ငါဘာလုပ်မယ်ဆိုတာကို သေသေချာချာစဉ်းစားတဲ့အကျင့်မရှိတဲ့သူဟာ ကိုယ့်ဘဝကိုကိုယ် ဘယ်လိုနေချင်တယ်ဆိုတာကို ဘယ်လိုမှအဖြေရှာလို့ရမှာ မဟုတ်ဘူး။ ကြုံရာကိစ္စတွေကိုလုပ်ရင်းနဲ့ပဲ တစ်နေ့ကုန်သွားမယ်။ အဲဒီ တစ်နေ့တစ်နေ့တွေပေါင်းလိုက်တော့ တစ်ဘဝဖြစ်သွားတယ်။

တရားအားထုတ်မယ်လို့ ရည်ရွယ်ချက်ထားလိုက်တဲ့လူဟာ အလုပ်တစ်ခုကိုလုပ်တိုင်း လုပ်တိုင်း ဒီအလုပ်အတွက် ငါပေးလိုက်ရတဲ့အချိန်နဲ့ ငါအပင်ပန်းခံလိုက်ရတာနဲ့ ငါရတဲ့အကျိုးဟာ တွက်ခြေကိုက်ရဲ့လား။ ဒီအလုပ်ကိုငါလျှော့ရင် ဖြစ်သလားလို့ ကိုယ့်ကိုယ်ကိုကိုယ်မေးရမယ်။

သတိနဲ့ဉာဏ်နဲ့ယှဉ်ပြီးတော့ လုပ်သင့်တာတွေကို မလစ်ဟင်းအောင်လုပ်လို့ရှိရင်တော့ ကိုယ့်အချိန်တွေကို ကိုယ်အကောင်းဆုံးသုံးလိုက်နိုင်တယ်။ ကိုယ့်ရဲ့ငွေဆိုလည်းပဲ အကောင်းဆုံးနေရာမှာသုံးပါ။ ကိုယ့်ရဲ့အင်အားကိုလည်းပဲ အကောင်းဆုံးနေရာမှာသုံးပါ။ ကိုယ့်ရဲ့စဉ်းစားနိုင်တဲ့၊တွေးခေါ်နိုင်တဲ့အရည်အချင်း၊ အသိဉာဏ်ကိုလည်း ကောင်းတဲ့အတွေးတွေတွေးပြီးတော့ ကောင်းတဲ့အတွေးအခေါ် အယူအဆလေးတွေကို ဖြစ်အောင်လုပ်ပါ။

ကိုယ့်ဘဝကိုတကယ်တိုးတက်ပြီး ကျေကျေနပ်နပ်နေချင်တယ်ဆိုရင် လုပ်သင့်တဲ့ကိစ္စဟာ ရိုးရိုးလေးလွယ်လွယ်လေးပါပဲ။ သိပ်မခက်ပါဘူး။ ဘယ်အလုပ်ပဲလုပ်လုပ်၊ ဒါဟာတကယ်အကျိုးရှိရဲ့လား။ ဒီထက်ပိုကောင်းတာလုပ်ရင်ရောဖြစ်သေးသလား။ ငါ့အချိန်တွေကို အကောင်းဆုံးဘယ်လိုသုံးရမလဲ၊ အဲဒါကို အမြဲတမ်းဆင်ခြင်ရမယ် စဉ်းစားရမယ်နော်။

လူတွေဟာ ဉာဏ်ရှိတဲ့သတ္တဝါဖြစ်တာတော့မှန်တယ်။ ဒါပေမယ့် စိတ်အလိုလိုက်၊လောဘအလိုလိုက်ပြီးတော့ အကျိုးမရှိတာတွေအများကြီးလုပ်တယ်။ အဲဒါကြောင့် တရားအားထုတ်မည့်သူ၊ ဘဝရဲ့ အရည်အသွေးနဲ့အဆင့်အတန်းမြင့်မားမှုကို လိုလားတဲ့လူဆိုရင် ဘယ်အလုပ်လုပ်လုပ် အကျိုးရှိမရှိဆိုတာကို လေးလေးနက်နက်စဉ်းစားရမယ်နော်။

ငယ်ငယ်တုန်းကအချိန်နဲ့ အသက်ကြီးတဲ့အချိန်နဲ့ အချိန်ချင်းတူသော်လည်း အချိန်ကိုအသုံးချတဲ့ အရည်အသွေးချင်း မတူတော့ဘူး။ ဒါ့ကြောင့် အခုလိုကျန်းမာနေတဲ့အချိန်၊ လုပ်နိုင်ကိုင်နိုင်တဲ့အချိန်မှာ ကိုယ့်အချိန်ကို ပိုပြီးတော့တန်ဖိုးထားရမယ်။

အသက်ကြီးလို့အိုမင်းသွားတဲ့အချိန်မှာ သတိတွေ မေ့လျော့ချွတ်ချော်ပြီးနေတယ်။ တစ်နေ့တာရသော်လည်းပဲ သူ့တစ်နေ့တာအချိန်ဟာ ဘယ်လိုကုန်သွားမှန်းမသိတော့ဘူး။ မောဟနဲ့နေတာ များသွားပြီကိုး။ ဒါကြောင့် မိမိအခုရရှိထားတဲ့ပစ္စုပ္ပန်အချိန်ကို အများဆုံးတန်ဖိုးထားစေချင်တယ်။

ပစ္စုပ္ပန်မှာရသလောက်ကို နည်းနည်းဖြစ်ဖြစ်လုပ်တဲ့လူဟာ အနာဂတ်မှာအခြေအနေပေးလာလို့ရှိရင် ပိုပြီးလုပ်နိုင်ပါလိမ့်မယ်။ ပစ္စုပ္ပန်မှာရသမျှအချိန် ငါးမိနစ်၊ဆယ်မိနစ်ကအစ တန်ဖိုးရှိရှိအသုံးမချနိုင်ရင် သူစိတ်ကူးယဉ်မျှော်မှန်းထားပေမယ့် အဲဒီအနာဂတ်ဆိုတာကိုရောက်လာတဲ့အခါမှာ သူ့မှာ အကြောင်းပြစရာတွေအများကြီးနဲ့ မအားဘူးလို့ပဲပြောဦးမှာပဲ။

ပစ္စုပ္ပန်ဟာတန်ဖိုးအရှိဆုံးပါ။ အနာဂတ်ကိုမျှော်ပြီး ပစ္စုပ္ပန်ကိုမဖြုန်းသင့်ဘူး။ သင်မျှော်လင့်နေတဲ့အနာဂတ်ဟာပစ္စုပ္ပန်ဖြစ်လာတဲ့အခါ သင့်မှာ အဲဒီပစ္စုပ္ပန်ထက်ပိုကောင်းတယ်လို့ထင်ရတဲ့ နောက်ထပ် အနာဂတ်တစ်ခုရဦးမှာပဲ။ မျှော်လင့်နေတာက ဆုံးမှာမဟုတ်တော့ဘူး။ လက်ရှိကိုအကောင်းမထင်တတ်တာ လူ့သဘာဝပါပဲ။

အသက်ရှည်ရှည်တော့နေချင်တယ်။ ဒါပေမယ့် နေရတဲ့အချိန်တွေကိုဖြုန်းနေရင် အသက်ရှည်တာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။ အကျိုးရှိတာတွေလုပ်ပြီး ဘဝကိုကျေကျေနပ်နပ် တန်ဖိုးရှိရှိနေမှသာ အသက်ရှည်တာ အဓိပ္ပါယ်ရှိတော့မှာပေါ့နော်။ နေတတ်ရင် တစ်ဘဝထဲမှာ နှစ်ဘဝစာလောက်လုပ်လို့ရတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဆရာတော်ဦးဇောတိက
(မဟာမြိုင်တောရ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top