20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 ခ်စ္စရာေကာင္းတဲ့မင္းသမီးေခ်ာေလးေမသက္ခိုင္ကတစ္လအတြင္း၂၃ေပါင္ဝိတ္ခ်ႏိုင္ခဲ့တာေၾကာင့္ဝမ္းသာပီတိျဖစ္လို႔ေနပါတယ္။ သူမက လက္ရွိမွာ အႏုပညာအလုပ္ေတြ လုပ္တာ မေတြ႕ရေတာ့ပါဘူး။သ႐ုပ္ေဆာင္ေမသက္ခိုင္ကခႏၶာကိုယ္ဝခဲ့တဲ့ အေနအထားေၾကာင့္အခုဆိုရင္ဝိတ္ခ်ႏိုင္ခဲ့ၿပီလို႔ဆိုပါတယ္။တစ္လအတြင္းမွာ၂၃ေပါင္ခ်ႏိုင္ခဲ့တာေၾကာင့္အရမ္းေပ်ာ္တယ္လို႔ Duwun media ကေန ေျပာျပလာပါတယ္။

‘’ဝိတ္ခ်တယ္ဆိုတာကေလ Facebook မွာခင္တဲ့ ဆရာတစ္ေယာက္ရွိတယ္။ ဆရာကေျပာျပေပးတယ္ ၅၀၊ ၂၅ ၊ ၂၅ စားဖို႔ေပါ့ေနာ္။ ထမင္းတစ္ပန္းကန္မွာ အသီးအ႐ြက္က ၅၀ရာခိုင္ႏႈန္းအသားက၂၅ရာခိုင္ႏႈန္းထမင္းက၂၅ရာခိုင္ႏႈန္းကိုယ္က ထမင္းအရမ္းႀကိဳက္ေတာ့ေလ။စားလိုက္တာ၁လခြဲေလာက္နဲ႔တင္၂၃ေပါင္ေလာက္ကက်သြားတယ္တစ္ကယ္ဝိတ္က်သြားတယ္ဆိုေတာ့ ေပ်ာ္တာေပါ့’’ ဆိုၿပီးေတာ့ ျမကြၽန္းသာ လမ္းေလွ်ာက္သၾကၤန္မွာ ေျဖဆိုခဲ့တာပါ။

ခႏၶာကိုယ္ အေနအထား အဆင္ေျပေျပျဖစ္လာတာေၾကာင့္ ေသြးအလႉလည္း မၾကာခဏလုပ္ျဖစ္တယ္လို႔ ေမသက္ခိုင္က ေျပာပါတယ္။‘’သူမ်ားေတြလည္းသိရေအာင္ မွ်ေဝေပးတာပါ။ စားေတာ့စားေပမယ့္ဝိတ္က ျပန္မတက္လာေတာ့ဘူး။ၿပီးေတာ့ ေသြးကလည္း၄လတစ္ႀကိမ္လႉေနေတာ့အရမ္းႀကီးပိန္သြားတာမ်ိဴးလည္းမျဖစ္ခ်င္ဘူး။က်န္းက်န္းမာမာေလးေတာ့ျဖစ္ခ်င္တယ္’’ လို႔ သူကဆိုပါတယ္။

ေမသက္ခိုင္ဟာ ေသြးအလႉလုပ္႐ုံတင္မက ၂၀၁၆ ခုႏွစ္တုန္းကသူမရဲ႕ေမြးေန႔မွာလည္းခႏၶာကိုယ္တစ္ခုလုံုးကိုခႏၶာေဗဒဌာန ေဆးတကၠသိုလ္(၂)၊ရန္ကုန္မွာလႉဒါန္းခဲ့တယ္လို႔သိရပါတယ္။လက္ရွိမွာလည္းဦးေက်ာ္သူရဲ႕နာေရးကူညီမႈအသင္းမွာမၾကာခဏဆိုသလို လုပ္အားေပးအေနနဲ႔ ပါဝင္ေနတာကိုလည္း ေတြ႕ရပါတယ္။

ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေလးနဲ႔ခ်စ္စဖြယ္အသံေလးကိုပိုင္ဆိုင္ထားတဲ့ေမသက္ခိုင္(MayThetKhine)ဟာပရိသတ္ေတြခ်စ္တဲ့အားေပးတဲ့အႏုပညာရွင္တစ္ဦးလည္းျဖစ္သလိုဝါရင့္အႏုပညာရွင္တစ္ဦးျဖစ္တဲ့အကယ္ဒမီေမသၪၨာဦးရဲ႕အႏုပညာမ်ိဳးဆက္သစ္ တူမေတာ္စပ္သူ ေလးျဖစ္ပါတယ္။ သူမကိုေတာ့ ဗီဒီယိုဇာတ္ကား၊ မဂၢဇင္းမ်က္ႏွာဖုံး၊ ဂ်ာနယ္ မ်က္ႏွာဖုံးေတြနဲ႔ တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

ချစ်စရာကောင်းတဲ့မင်းသမီးချောလေးမေသက်ခိုင်ကတစ်လအတွင်း၂၃ပေါင်ဝိတ်ချနိုင်ခဲ့တာကြောင့်ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမက လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်တာ မတွေ့ရတော့ပါဘူး။သရုပ်ဆောင်မေသက်ခိုင်ကခန္ဓာကိုယ်ဝခဲ့တဲ့ အနေအထားကြောင့်အခုဆိုရင်ဝိတ်ချနိုင်ခဲ့ပြီလို့ဆိုပါတယ်။တစ်လအတွင်းမှာ၂၃ပေါင်ချနိုင်ခဲ့တာကြောင့်အရမ်းပျော်တယ်လို့ Duwun media ကနေ ပြောပြလာပါတယ်။

‘’ဝိတ်ချတယ်ဆိုတာကလေ Facebook မှာခင်တဲ့ ဆရာတစ်ယောက်ရှိတယ်။ ဆရာကပြောပြပေးတယ် ၅၀၊ ၂၅ ၊ ၂၅ စားဖို့ပေါ့နော်။ ထမင်းတစ်ပန်းကန်မှာ အသီးအရွက်က ၅၀ရာခိုင်နှုန်းအသားက၂၅ရာခိုင်နှုန်းထမင်းက၂၅ရာခိုင်နှုန်းကိုယ်က ထမင်းအရမ်းကြိုက်တော့လေ။စားလိုက်တာ၁လခွဲလောက်နဲ့တင်၂၃ပေါင်လောက်ကကျသွားတယ်တစ်ကယ်ဝိတ်ကျသွားတယ်ဆိုတော့ ပျော်တာပေါ့’’ ဆိုပြီးတော့ မြကျွန်းသာ လမ်းလျှောက်သြင်္ကန်မှာ ဖြေဆိုခဲ့တာပါ။

ခန္ဓာကိုယ် အနေအထား အဆင်ပြေပြေဖြစ်လာတာကြောင့် သွေးအလှူလည်း မကြာခဏလုပ်ဖြစ်တယ်လို့ မေသက်ခိုင်က ပြောပါတယ်။‘’သူများတွေလည်းသိရအောင် မျှဝေပေးတာပါ။ စားတော့စားပေမယ့်ဝိတ်က ပြန်မတက်လာတော့ဘူး။ပြီးတော့ သွေးကလည်း၄လတစ်ကြိမ်လှူနေတော့အရမ်းကြီးပိန်သွားတာမျိူးလည်းမဖြစ်ချင်ဘူး။ကျန်းကျန်းမာမာလေးတော့ဖြစ်ချင်တယ်’’ လို့ သူကဆိုပါတယ်။

မေသက်ခိုင်ဟာ သွေးအလှူလုပ်ရုံတင်မက ၂၀၁၆ ခုနှစ်တုန်းကသူမရဲ့မွေးနေ့မှာလည်းခန္ဓာကိုယ်တစ်ခုလုံးကိုခန္ဓာဗေဒဌာန ဆေးတက္ကသိုလ်(၂)၊ရန်ကုန်မှာလှူဒါန်းခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာလည်းဦးကျော်သူရဲ့နာရေးကူညီမှုအသင်းမှာမကြာခဏဆိုသလို လုပ်အားပေးအနေနဲ့ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ချစ်စဖွယ်အသံလေးကိုပိုင်ဆိုင်ထားတဲ့မေသက်ခိုင်(MayThetKhine)ဟာပရိသတ်တွေချစ်တဲ့အားပေးတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်သလိုဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့အကယ်ဒမီမေသဉ္ဇာဦးရဲ့အနုပညာမျိုးဆက်သစ် တူမတော်စပ်သူ လေးဖြစ်ပါတယ်။ သူမကိုတော့ ဗီဒီယိုဇာတ်ကား၊ မဂ္ဂဇင်းမျက်နှာဖုံး၊ ဂျာနယ် မျက်နှာဖုံးတွေနဲ့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top