ခ်န္ပီယံဆုဖလားနဲ႔အတူ ျပန္ေရာက္လာတဲ့ ျမန္မာလက္ေ႐ြးစင္ ယူ ၁၈ အသင္းကို ဧၿပီ၂၃ ရက္၊ ညပိုင္းက ရန္ကုန္ေလဆိပ္တြင္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ နဲ႔မိတ္ေဆြမ်ား၊ အသင္းအဖြဲ႕မ်ားက ႀကိဳဆိုဂုဏ္ျပဳ ပန္းစည္းမ်ား၊ ပန္းကုံးမ်ားျဖင့္ ေအာင္ပြဲရ ျမန္မာလက္ေ႐ြးစင္ ယူ ၁၈ အသင္းသားမ်ားကို ႀကိဳဆိုခဲ့ၾကပါတယ္။

ျမန္မာလက္ေ႐ြးစင္ ယူ ၁၈ အသင္းအေနျဖင့္ ေဟာင္ေကာင္ေဘာလုံးအဖြဲ႕ခ်ဳပ္က ႀကီးမႉးက်င္းပေနသည့္ ေဟာင္ေကာင္ ယူ ၁၈ ဖိတ္ေခၚၿပိဳင္ပြဲ Jockey Club International Youth Invitational Football Tournament 2019, Hong Kong ၿပိဳင္ပြဲ ပြဲစဥ္ ၏ ေနာက္ဆုံးပြဲစဥ္ကို ဧၿပီလ ၂၂ ရက္ေန႔ တြင္ စင္ကာပူအသင္း ႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး  စင္ကာပူအသင္းကို သြင္းဂိုး ၂ ဂိုး (၂-၁) နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ခ်န္ပီယံဆုဖလား ရရွိခဲ့တာ ျဖစ္ပါတယ္။

ဧၿပီလ ၂၂ ရက္ေန႔ က ျမန္မာစံေတာ္ခ်ိန္ နံနက္ ၈ နာရီခြဲ အခ်ိန္တြင္ စတင္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ျမန္မာလက္ေ႐ြးစင္ ယူ ၁၈ အသင္း နဲ႔ စင္ကာပူယူ ၁၈ တို႔ ယွဥ္ၿပိဳင္ကစားတဲ့ပြဲစဥ္မွာ ျမန္မာအသင္းက ပြဲကစားခ်ိန္ မိနစ္ ၄၀ အေရာက္တြင္ ကြင္းလယ္ကစားသမား ေဝယံစိုးက တစ္ဂိုး၊ ပြဲကစားခ်ိန္ ၆၂ မိနစ္တြင္ ကြင္းလယ္တိုက္စစ္ကစားသမား ျပည့္ၿဖိဳးေအာင္တို႔က ျမန္မာအသင္းအတြက္ တစ္ဂိုးစီ သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။



အုပ္စု တတိယပြဲစဥ္အၿပီးတြင္ ျမန္မာအသင္းအေနျဖင့္ ႏွစ္ပြဲႏိုင္ ၊ တစ္ပြဲသေရ၊ ရဂိုး ေလးဂိုး ၊ ရမွတ္ ၇ မွတ္ ရရွိထားၿပီး ဗီယက္နမ္အသင္းက ရမွတ္ ၅ မွတ္ရရွိခဲ့ကာ အိမ္ရွင္ေဟာင္ေကာင္အသင္းက ၄ မွတ္ ၊ စင္ကာပူအသင္းက ပြဲစဥ္ ၃ ပြဲ လုံးကို ရႈံးနိမ့္ထားပါတယ္။

ဗီယက္နမ္အသင္းႏွင့္ အိမ္ရွင္ ေဟာင္ေကာင္အသင္းတို႔ ယွဥ္ၿပိဳင္ကစားတဲ့ပြဲစဥ္မွာ ၁-၁ သေရ ရလဒ္ ထြက္ေပၚခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ချန်ပီယံဆုဖလားနဲ့အတူ ပြန်ရောက်လာတဲ့ မြန်မာလက်ရွေးစင် ယူ ၁၈ အသင်းကို ဧပြီ၂၃ ရက်၊ ညပိုင်းက ရန်ကုန်လေဆိပ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နဲ့မိတ်ဆွေများ၊ အသင်းအဖွဲ့များက ကြိုဆိုဂုဏ်ပြု ပန်းစည်းများ၊ ပန်းကုံးများဖြင့် အောင်ပွဲရ မြန်မာလက်ရွေးစင် ယူ ၁၈ အသင်းသားများကို ကြိုဆိုခဲ့ကြပါတယ်။

မြန်မာလက်ရွေးစင် ယူ ၁၈ အသင်းအနေဖြင့် ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသည့် ဟောင်ကောင် ယူ ၁၈ ဖိတ်ခေါ်ပြိုင်ပွဲ Jockey Club International Youth Invitational Football Tournament 2019, Hong Kong ပြိုင်ပွဲ ပွဲစဉ် ၏ နောက်ဆုံးပွဲစဉ်ကို ဧပြီလ ၂၂ ရက်နေ့ တွင် စင်ကာပူအသင်း နှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး  စင်ကာပူအသင်းကို သွင်းဂိုး ၂ ဂိုး (၂-၁) နဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံဆုဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ ၂၂ ရက်နေ့ က မြန်မာစံတော်ချိန် နံနက် ၈ နာရီခွဲ အချိန်တွင် စတင် ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာလက်ရွေးစင် ယူ ၁၈ အသင်း နဲ့ စင်ကာပူယူ ၁၈ တို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ မြန်မာအသင်းက ပွဲကစားချိန် မိနစ် ၄၀ အရောက်တွင် ကွင်းလယ်ကစားသမား ဝေယံစိုးက တစ်ဂိုး၊ ပွဲကစားချိန် ၆၂ မိနစ်တွင် ကွင်းလယ်တိုက်စစ်ကစားသမား ပြည့်ဖြိုးအောင်တို့က မြန်မာအသင်းအတွက် တစ်ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အုပ်စု တတိယပွဲစဉ်အပြီးတွင် မြန်မာအသင်းအနေဖြင့် နှစ်ပွဲနိုင် ၊ တစ်ပွဲသရေ၊ ရဂိုး လေးဂိုး ၊ ရမှတ် ၇ မှတ် ရရှိထားပြီး ဗီယက်နမ်အသင်းက ရမှတ် ၅ မှတ်ရရှိခဲ့ကာ အိမ်ရှင်ဟောင်ကောင်အသင်းက ၄ မှတ် ၊ စင်ကာပူအသင်းက ပွဲစဉ် ၃ ပွဲ လုံးကို ရှုံးနိမ့်ထားပါတယ်။

ဗီယက်နမ်အသင်းနှင့် အိမ်ရှင် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ ၁-၁ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top