ပုဂံေရွးေဟာင္း ေစတီတဆူျဖစ္တဲ့ သဗၺညဳဘုရားနားမွာ ရံုးေဆာက္ဖုိ႔ တ႐ုတ္က ေျမေနရာ ေတာင္းခံထားသလို ပုဂံေဒသ တေနရာမွာလည္း  ျပဇာတ္႐ံုေဆာက္ဖို႔လည္း တ႐ုတ္ကုမၸဏီ တခုက ေလ့လာေနတယ္လို႔ ယဥ္ေက်းမႈ ဝန္ႀကီးဌာန တာဝန္ရွိသူတေယာက္က ဒီဗြီဘီကို ေျပာပါတယ္။

ငလ်င္ဒဏ္ခံခဲ့ရတဲ့ ပုဂံသဗၺညဳဘုရားကို တ႐ုတ္ႏိုင္ငံက ျပဳျပင္ေပးဖို႔ရွိေနတဲ့အတြက္ ဘုရားအနီးနားမွာ ယာယီ႐ံုးခန္းနဲ႔ ပစၥည္းဂိုေဒါင္ေဆာက္လုပ္ဖို႔ ေတာင္းခံထားတာ ျဖစ္ပါတယ္။

ေရွးေဟာင္းသုေတသနနဲ႔ အမ်ိဳးသားျပတိုက္ဦးစီးဌာန ပုဂံဌာနခြဲက ၫြန္ၾကားေရးမႉး ဦးေအာင္ေအာင္ေက်ာ္က “သူတုိ႔က သဗၺညဳျပင္မယ္ဆုိေတာ့ ျပင္မယ့္ကာလမွာ ဘုရားနားမွာ ယာယီ႐ံုးေတာ့ ေဆာက္မွာေပါ့။ က်န္တာေတာ့ မရွိပါဘူး။ က်ေနာ္တို႔က MoU ထိုးထားတယ္ဗ်။ သူတုိ႔က လာမလုပ္ႏိုင္ေသးတာ” လို႔ ေျပာပါတယ္။

အလုပ္သမားတန္းလ်ားကိုေတာ့ ဘုရားနားမွာ ေဆာက္မွာ မဟုတ္ဘူးလို႔လည္း ေျပာပါတယ္။

၂၀၁၆ ခုႏွစ္ ငလ်င္တုန္းက ပုဂံေဒသက ေစတီပုထိုးေပါင္း ၄၀၀ ေလာက္ထိ ခိုက္ပ်က္စီးခဲ့ၿပီး သဗၺညဳရဲ႕ ပ်က္စီးတာကိုေတာ့ မွန္းဆလို႔ မရဘူးလို႔ ဦးေအာင္ေအာင္ေက်ာ္က ေျပာပါတယ္။

လက္ရွိမွာ တ႐ုတ္က ဘုရားလာမျပင္ခင္ ဘုရားေအာက္ေျခကြဲအက္တာေတြကို ေရွးေဟာင္း သုေတသနဌာနက ျပင္ဆင္ေနတယ္လုိ႔လည္း ဆိုပါတယ္။

ပုဂံေဒသခံတေယာက္က “အတြင္းေၾက ေၾကသြားတယ္လို႔ ေျပာရမွာေပါ့။ အေပၚပိုင္းက ပိုၿပီး ထိခိုက္တယ္။ ၿပီးေတာ့ က်ေနာ္တို႔ ျပည္သူအမ်ားစုကေတာ့ ျမန္မာရဲ႕ပုဂံေဒသအေပၚမွာ တ႐ုတ္ေတြ ႀကီးစုိးလႊမ္းမုိးလာမွာကုိ အင္မတန္စုိးရိမ္တႀကီး ျဖစ္ေနတယ္။ ေနာက္တခု ပုဂံေခတ္က ယဥ္ေက်းမႈ လက္ရာေတြလုိ တ႐ုတ္ေတြျပင္ဆင္မြမ္းမံႏုိင္ပါ့မလားဆုိတာက အေရးအႀကီးဆုံး အခ်က္ျဖစ္ၿပီး ပုဂံၿမိဳ႕ေဟာင္းဘုရားေစတီပုထုိးေတြေဘးမွာေတာ့ ဘယ္ အေဆာက္အဦးကိုမွ တည္ေဆာက္ခြင့္မျပဳသင့္ပါ” လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လကုန္ပိုင္းက တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္အေျခစိုက္ Yunnan Culture Industry Investment Holdings ကုမၸဏီတာဝန္ရွိသူေတြ ပုဂံကိုလာေရာက္ၿပီး ပုဂံေဒသမွာ ျပဇာတ္႐ံုဖြင့္ဖို႔ လာေရာက္ ေဆြးေႏြးခဲ့ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ၫြန္ၾကားေရးမႉး  ဦးေအာင္ေအာင္ေက်ာ္ကေတာ့ ျဖစ္ႏိုင္ေျခကို လာေရာက္ ေလ့လာတဲ့ အဆင့္မွာပဲ ရွိတယ္လို႔ ဒီဗီြဘီကုိ ေျပာပါတယ္။

ပုဂံေဒသခံတေယာက္ကေတာ့ “က်ေနာ္တို႔ သိရတာကေတာ့ အစိုးရက သေဘာတူထားၿပီ။ သူတို႔က အေျခအေနကို လာ ေလ့လာတာ။ ရွင္းေအာင္ ေျပာရရင္ အရင္ ဦးသိန္းစိန္လက္ထက္က ပိတ္ထားခဲ့တာေတြကို ဒီအစိုးရ လက္ထက္မွာ ျပန္ဖြင့္ေပးတာမ်ိဳးေတြ ရွိေနတယ္” လို႔ ေျပာပါတယ္။

ငလ်င္ေၾကာင့္ အပ်က္အစီးမ်ားလို႔ ဦးစားေပးျပဳျပင္ဖို႔လိုတဲ့ ပထမဦးစားေပးနဲ႔ ဒုတိယဦးစားေပး ေစတီပုထိုးေတြထဲက ၁၉ ဆူကို ျပင္ဆင္ဆဲျဖစ္ၿပီး ၁၃ ဆူကို ျပင္ဆင္ဖို႔ က်န္ေနေသးတယ္လို႔  သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

ပုဂံရှေးဟောင်း စေတီတဆူဖြစ်တဲ့ သဗ္ဗညုဘုရားနားမှာ ရုံးဆောက်ဖို့ တရုတ်က မြေနေရာ တောင်းခံထားသလို ပုဂံဒေသ တနေရာမှာလည်း  ပြဇာတ်ရုံဆောက်ဖို့လည်း တရုတ်ကုမ္ပဏီ တခုက လေ့လာနေတယ်လို့ ယဉ်ကျေးမှု ဝန်ကြီးဌာန တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ငလျင်ဒဏ်ခံခဲ့ရတဲ့ ပုဂံသဗ္ဗညုဘုရားကို တရုတ်နိုင်ငံက ပြုပြင်ပေးဖို့ရှိနေတဲ့အတွက် ဘုရားအနီးနားမှာ ယာယီရုံးခန်းနဲ့ ပစ္စည်းဂိုဒေါင်ဆောက်လုပ်ဖို့ တောင်းခံထားတာ ဖြစ်ပါတယ်။

ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲက ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က “သူတို့က သဗ္ဗညုပြင်မယ်ဆိုတော့ ပြင်မယ့်ကာလမှာ ဘုရားနားမှာ ယာယီရုံးတော့ ဆောက်မှာပေါ့။ ကျန်တာတော့ မရှိပါဘူး။ ကျနော်တို့က MoU ထိုးထားတယ်ဗျ။ သူတို့က လာမလုပ်နိုင်သေးတာ” လို့ ပြောပါတယ်။

အလုပ်သမားတန်းလျားကိုတော့ ဘုရားနားမှာ ဆောက်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

၂၀၁၆ ခုနှစ် ငလျင်တုန်းက ပုဂံဒေသက စေတီပုထိုးပေါင်း ၄၀၀ လောက်ထိ ခိုက်ပျက်စီးခဲ့ပြီး သဗ္ဗညုရဲ့ ပျက်စီးတာကိုတော့ မှန်းဆလို့ မရဘူးလို့ ဦးအောင်အောင်ကျော်က ပြောပါတယ်။

လက်ရှိမှာ တရုတ်က ဘုရားလာမပြင်ခင် ဘုရားအောက်ခြေကွဲအက်တာတွေကို ရှေးဟောင်း သုတေသနဌာနက ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

ပုဂံဒေသခံတယောက်က “အတွင်းကြေ ကြေသွားတယ်လို့ ပြောရမှာပေါ့။ အပေါ်ပိုင်းက ပိုပြီး ထိခိုက်တယ်။ ပြီးတော့ ကျနော်တို့ ပြည်သူအများစုကတော့ မြန်မာရဲ့ပုဂံဒေသအပေါ်မှာ တရုတ်တွေ ကြီးစိုးလွှမ်းမိုးလာမှာကို အင်မတန်စိုးရိမ်တကြီး ဖြစ်နေတယ်။ နောက်တခု ပုဂံခေတ်က ယဉ်ကျေးမှု လက်ရာတွေလို တရုတ်တွေပြင်ဆင်မွမ်းမံနိုင်ပါ့မလားဆိုတာက အရေးအကြီးဆုံး အချက်ဖြစ်ပြီး ပုဂံမြို့ဟောင်းဘုရားစေတီပုထိုးတွေဘေးမှာတော့ ဘယ် အဆောက်အဦးကိုမှ တည်ဆောက်ခွင့်မပြုသင့်ပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်အခြေစိုက် Yunnan Culture Industry Investment Holdings ကုမ္ပဏီတာဝန်ရှိသူတွေ ပုဂံကိုလာရောက်ပြီး ပုဂံဒေသမှာ ပြဇာတ်ရုံဖွင့်ဖို့ လာရောက် ဆွေးနွေးခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ညွန်ကြားရေးမှူး  ဦးအောင်အောင်ကျော်ကတော့ ဖြစ်နိုင်ခြေကို လာရောက် လေ့လာတဲ့ အဆင့်မှာပဲ ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ပုဂံဒေသခံတယောက်ကတော့ “ကျနော်တို့ သိရတာကတော့ အစိုးရက သဘောတူထားပြီ။ သူတို့က အခြေအနေကို လာ လေ့လာတာ။ ရှင်းအောင် ပြောရရင် အရင် ဦးသိန်းစိန်လက်ထက်က ပိတ်ထားခဲ့တာတွေကို ဒီအစိုးရ လက်ထက်မှာ ပြန်ဖွင့်ပေးတာမျိုးတွေ ရှိနေတယ်” လို့ ပြောပါတယ်။

ငလျင်ကြောင့် အပျက်အစီးများလို့ ဦးစားပေးပြုပြင်ဖို့လိုတဲ့ ပထမဦးစားပေးနဲ့ ဒုတိယဦးစားပေး စေတီပုထိုးတွေထဲက ၁၉ ဆူကို ပြင်ဆင်ဆဲဖြစ်ပြီး ၁၃ ဆူကို ပြင်ဆင်ဖို့ ကျန်နေသေးတယ်လို့  သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top