ေမး-
တစ္ျခားေသာရိပ္သာေတြမွာ တပည့္ေတာ္တို႔ တရားထိုင္တဲ့အခါမွာ
တင္ပလႅင္ေခြထိုင္ျပီးေတာ့မွ မေရႊ႕မျပင္ေတာ့ပဲနဲ႔ ေဝဒနာကိုတိုက္ရမယ္ဆိုျပီး အတင္းခံခိုင္းပါတယ္ဘုရား..
အခုတပည့္ေတာ္တို႔ဆီမွာ(ဖားေအာက္ေတာရမွာ)က်ေတာ့ ျပင္ထိုင္ခြင့္ေပးပါတယ္..
သူတို႔ေဝဒနာ တိုက္တယ္ဆိုတဲ့ေနရာမွာ ေဝဒနာႏုပႆနာဟုတ္မဟုတ္ သိလိုပါတယ္ဘုရား?..

ေျဖ-
ဒါကေတာ့ (ပါဠိ)ဆိုျပီးေတာ့ မဟာသတိပ႒ာနသုတၱန္ကို ဖြင့္ဆိုတဲ့ အ႒ကထာမွာ အ႒ကထာဆရာေတာ္မ်ားက ျပည့္ျပည့္စုံစုံေလး ဖြင့္ဆိုထားပါတယ္ေနာ့္..

ေကြးသင့္တဲ့အခ်ိန္အခါမွာ ေကြးေပးရတယ္..
ဆန္႔သင့္တဲ့အခ်ိန္အခါမွာ ဆန္႔ေပးရတယ္..
အဲဒီလို ေကြးသင့္တဲ့အခ်ိန္အခါမွာ ေကြးေပးတဲ့ ေယာဂစရဝပုဂၢိဳလ္ရဲ႕သ႑ာန္မွာ
ဆန္႔သင့္တဲ့အခ်ိန္အခါမွာ ဆန္႔ေပးတဲ့ ေယာဂစရဝပုဂၢိဳလ္ရဲ႕သ႑ာန္မွာ
ခဏတိုင္းခဏတိုင္းမွာ ဆင္းရဲတဲ့ေဝဒနာေတြဟာ ျဖစ္ေပၚမလာေစဘူး..
ျဖစ္ေပၚမလာတဲ့အတြက္ ဘာျဖစ္လဲ..
စိတၱဧကံေဟာႏၲိ စိတ္က တည္ၾကည္သြားမယ္..
စိတ္က တည္ၾကည္သြားတဲ့အတြက္ ကမၼ႒ာန္းသည္ တိုးတက္စည္ပင္ႀကီးပြားသြားႏိုင္ပါတယ္ ဆိုျပီး
အ႒ကထာက ရွင္းထားပါတယ္..

သို႔ေသာ္ ေကြးသင့္တဲ့အခ်ိန္အခါမွာ မေကြးဘူး..
ဆန္႔သင့္တဲ့အခ်ိန္အခါမွာ မဆန္႔ဘူး အဲဒီပုဂၢိဳလ္ရဲ႕ သ႑ာန္မွာ
ခဏတိုင္း ခဏတိုင္းမွာ ဆင္းရဲတဲ့ ဒုကၡေဝဒနာ ဒဏ္ခ်က္က ႏွိပ္စက္ေနတဲ့အတြက္ စိတ္ဓာတ္တည္ၾကည္မႈသမာဓိကို မရႏိုင္တဲ့အတြက္ ကမၼ႒ာန္းမွာ ဆုတ္ယုတ္ပ်က္စီးသြားႏိုင္တယ္လို႔ ဒီလို မဟာသတိပ႒ာန္ အ႒ကထာမ်ားမွာ ဖြင့္ဆိုထားပါတယ္..

အဲဒီလို ဖြင့္ဆိုထားတဲ့အတြက္ေၾကာင့္ ေယာဂီပုဂၢိဳလ္အမ်ားစုကို သင္ေပးတဲ့အပိုင္းမွာ မိမိတို႔ရႈပြားသုံးသပ္ေနတဲ့ အာနာပါန ပဋိဘာဂနမိတ္ကဲ့သို႔ေသာ အာရံုအေပၚမွာ ဘဝနာစိတ္ကို ၿငိမ္ဝပ္စြာ ကပ္ၿပီးတည္ေအာင္ ႀကိဳးစားေနတဲ့အပိုင္းမွာ ႀကိဳးစားေနတဲ့သမာဓိက ဒီဆင္းရဲတဲ့ ဒုကၡေဝဒနာေၾကာင့္ တည္တံ့မႈမရွိဘူး ပ်က္စီးမႈျဖစ္ေနတယ္ဆိုရင္ေတာ့ ျပင္ပါလို႔ ဒီလိုခြင့္ေပးလိုက္ျခင္းျဖစ္ပါတယ္..

အာနာပါန ပဋိဘာဂနမိတ္ မေပၚခင္မွာလည္း ေယာဂီပုဂၢိဳလ္က ဒီဆင္းရဲတဲ့ ဒုကၡေဝဒနာက မိမိရဲ႕ဝင္ေလထြက္ေလ ပကတိေသာဝင္ေလထြက္ေလအာရံုေပၚမွာ ဘာဝနာစိတ္ကို ၿငိမ္စြာကပ္ၿပီး တည္ေအာင္ႀကိဳးစားတဲ့အပိုင္းမွာ သမာဓိက မတည္ႏိုင္ျဖစ္ေနလို႔ အေႏွာင့္အယွက္ျဖစ္ေနၿပီဆိုရင္ေတာ့လည္း ျပင္ခြင့္ေပးလိုက္ပါတယ္ေနာ့္..

ျပင္တဲ့အခါမွာလည္း ဝင္ေလထြက္ေလကိုပဲ ရႈေနပါ..
ျပင္ၿပီးတဲ့အခါမွာလည္း ဝင္ေလထြက္ေလကိုပဲ ရႈပြားသုံးသပ္ေနပါဆိုၿပီး ဒီလိုပဲသင္ေပးလိုက္ပါတယ္..

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼေရခ်မ္းစင္
# Unicode Version # ျဖင့္ ဖတ္ပါ #


 မေး-
တစ်ခြားသောရိပ်သာတွေမှာ တပည့်တော်တို့ တရားထိုင်တဲ့အခါမှာ
တင်ပလ္လင်ခွေထိုင်ပြီးတော့မှ မရွှေ့မပြင်တော့ပဲနဲ့ ဝေဒနာကိုတိုက်ရမယ်ဆိုပြီး အတင်းခံခိုင်းပါတယ်ဘုရား..
အခုတပည့်တော်တို့ဆီမှာ(ဖားအောက်တောရမှာ)ကျတော့ ပြင်ထိုင်ခွင့်ပေးပါတယ်..
သူတို့ဝေဒနာ တိုက်တယ်ဆိုတဲ့နေရာမှာ ဝေဒနာနုပဿနာဟုတ်မဟုတ် သိလိုပါတယ်ဘုရား?..

ဖြေ-
ဒါကတော့ (ပါဠိ)ဆိုပြီးတော့ မဟာသတိပဋ္ဌာနသုတ္တန်ကို ဖွင့်ဆိုတဲ့ အဋ္ဌကထာမှာ အဋ္ဌကထာဆရာတော်များက ပြည့်ပြည့်စုံစုံလေး ဖွင့်ဆိုထားပါတယ်နော့်..

ကွေးသင့်တဲ့အချိန်အခါမှာ ကွေးပေးရတယ်..
ဆန့်သင့်တဲ့အချိန်အခါမှာ ဆန့်ပေးရတယ်..
အဲဒီလို ကွေးသင့်တဲ့အချိန်အခါမှာ ကွေးပေးတဲ့ ယောဂစရဝပုဂ္ဂိုလ်ရဲ့သဏ္ဍာန်မှာ
ဆန့်သင့်တဲ့အချိန်အခါမှာ ဆန့်ပေးတဲ့ ယောဂစရဝပုဂ္ဂိုလ်ရဲ့သဏ္ဍာန်မှာ
ခဏတိုင်းခဏတိုင်းမှာ ဆင်းရဲတဲ့ဝေဒနာတွေဟာ ဖြစ်ပေါ်မလာစေဘူး..
ဖြစ်ပေါ်မလာတဲ့အတွက် ဘာဖြစ်လဲ..
စိတ္တဧကံဟောန္တိ စိတ်က တည်ကြည်သွားမယ်..
စိတ်က တည်ကြည်သွားတဲ့အတွက် ကမ္မဋ္ဌာန်းသည် တိုးတက်စည်ပင်ကြီးပွားသွားနိုင်ပါတယ် ဆိုပြီး
အဋ္ဌကထာက ရှင်းထားပါတယ်..

သို့သော် ကွေးသင့်တဲ့အချိန်အခါမှာ မကွေးဘူး..
ဆန့်သင့်တဲ့အချိန်အခါမှာ မဆန့်ဘူး အဲဒီပုဂ္ဂိုလ်ရဲ့ သဏ္ဍာန်မှာ
ခဏတိုင်း ခဏတိုင်းမှာ ဆင်းရဲတဲ့ ဒုက္ခဝေဒနာ ဒဏ်ချက်က နှိပ်စက်နေတဲ့အတွက် စိတ်ဓာတ်တည်ကြည်မှုသမာဓိကို မရနိုင်တဲ့အတွက် ကမ္မဋ္ဌာန်းမှာ ဆုတ်ယုတ်ပျက်စီးသွားနိုင်တယ်လို့ ဒီလို မဟာသတိပဋ္ဌာန် အဋ္ဌကထာများမှာ ဖွင့်ဆိုထားပါတယ်..

အဲဒီလို ဖွင့်ဆိုထားတဲ့အတွက်ကြောင့် ယောဂီပုဂ္ဂိုလ်အများစုကို သင်ပေးတဲ့အပိုင်းမှာ မိမိတို့ရှုပွားသုံးသပ်နေတဲ့ အာနာပါန ပဋိဘာဂနမိတ်ကဲ့သို့သော အာရုံအပေါ်မှာ ဘဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတည်အောင် ကြိုးစားနေတဲ့အပိုင်းမှာ ကြိုးစားနေတဲ့သမာဓိက ဒီဆင်းရဲတဲ့ ဒုက္ခဝေဒနာကြောင့် တည်တံ့မှုမရှိဘူး ပျက်စီးမှုဖြစ်နေတယ်ဆိုရင်တော့ ပြင်ပါလို့ ဒီလိုခွင့်ပေးလိုက်ခြင်းဖြစ်ပါတယ်..

အာနာပါန ပဋိဘာဂနမိတ် မပေါ်ခင်မှာလည်း ယောဂီပုဂ္ဂိုလ်က ဒီဆင်းရဲတဲ့ ဒုက္ခဝေဒနာက မိမိရဲ့ဝင်လေထွက်လေ ပကတိသောဝင်လေထွက်လေအာရုံပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်စွာကပ်ပြီး တည်အောင်ကြိုးစားတဲ့အပိုင်းမှာ သမာဓိက မတည်နိုင်ဖြစ်နေလို့ အနှောင့်အယှက်ဖြစ်နေပြီဆိုရင်တော့လည်း ပြင်ခွင့်ပေးလိုက်ပါတယ်နော့်..

ပြင်တဲ့အခါမှာလည်း ဝင်လေထွက်လေကိုပဲ ရှုနေပါ..
ပြင်ပြီးတဲ့အခါမှာလည်း ဝင်လေထွက်လေကိုပဲ ရှုပွားသုံးသပ်နေပါဆိုပြီး ဒီလိုပဲသင်ပေးလိုက်ပါတယ်..

ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မရေချမ်းစင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top