




Credit:Myeik 0nline Tv

#Unicode Version#
မြိတ်ကျွန်းစု ရေပြင်ရှိ ပိန္နဲကျွန်း အနီးတွင် ဧပြီလ ၂ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် ကင်းမွန် မီးထွန်း စက်လှေ တစ်စီး ငါးဖမ်း နေစဉ် ဝါးယာကြိုး ပေါက်ထွက်၍ လှေ တစ်စီးလုံး ဓါတ်လိုက်မှု ဖြစ်ပွားကာ ရေလုပ်သား တစ်ဦး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရ သည်။

ဓါတ်လိုက်မှု ဖြစ်ပွားခဲ့သည့် အဏ္ဍဝါမိုး (၁၁) ကင်းမွန်မီးထွန်း စက်လှေပေါ်တွင် ပဲ့နင်း အပါဝင် ရေလုပ်သား စုစုပေါင်း ၁၃ ဦး ပါရှိကြောင်း သိရ သည်။

အဆိုပါ စက်လှေမှာ ရေလုပ်သားများ ငါးဖမ်းပိုက် ဆွဲနေစဉ် ဝါယာကြိုး ပေါက်ထွက်ပြီး၊ သံတန်း လက်ယမ်းပေါ်သို့ ဝါယာကြိုးဇ ပြုကျရာမှ ဓါတ်လိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရ သည်။

ဝါယာကြိုးကြောင့် ရှော့ဖြစ်ဖြစ်၍ သေဆုံးသူမှာ ရေလုပ်သား ကိုရဲဝင်းသူ အသက် (၂၄) နှစ် ဖြစ်ကြောင်း သိရ သည်။

အဆိုပါ စက်လှေအား လူသေဆုံးမှုနဲ့ ပတ်သက်၍ အလောင်းကို မြိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကာ မြိတ်မြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရ သည်။



ဖိုးသူတော်(www.phothutaw.com)
Credit:Myeik 0nline Tv
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top