ေကာလင္း – ထီးခ်ိဳင့္ ကား လမ္းေဘးတြင္ ေရႊထြက္သည္ဆိုကာ ေဒသခံလူဦးေရ ေထာင္ခ်ီ လာေရာက္တူးေဖာ္ေနသျဖင့္ တိုင္းေဒသႀကီး အစိုးရက လံုၿခံဳေရးခ်၍ တားျမစ္္ရ ၿပီး မည္ကဲ့သို႔ ဆက္လက္ေဆာင္ ရြက္မည္ကို ယေန႔က်င္းပမည့္ ျပည္ ေထာင္စုအစိုးရအဖြဲ႕ ေလးလပတ္အ စည္းအေဝး၌ တင္ျပေဆြးေႏြးမည္ ျဖစ္သည္။

စစ္ကိုင္းတိုင္းေဒသႀကီး ေကာ လင္းၿမိဳ႕၏ အေရွ႕ဘက္ ၁၇ မိုင္ခန္႔ အကြာ ေကာလင္း-ထီးခ်ိဳင့္ ကား လမ္းေဘးရွိ ကညိဳအင္းရြာအနီးတြင္ လမ္းေဖာက္လုပ္ရာမွ ေရႊထြက္သည္ ဆိုကာ ေဒသခံမ်ားက လာေရာက္တူး ေဖာ္ေနျခင္းျဖစ္သည္။

ဧၿပီ ၂၂ ရက္တြင္ စတင္တူးေဖာ္ ၿပီးေနာက္ တိုင္းေဒသႀကီးအစိုးရက ဧၿပီ ၂၄ ရက္က စတင္ တားျမစ္ခဲ့သည္။

‘‘ေလာေလာဆယ္ ထိန္းထား တယ္။ လံုၿခံဳေရးခ်ထားတယ္။ ဘယ္ သူမွ မသြားရေတာ့ဘူး’’ဟု ယခုျဖစ္ရပ္ကို ေျဖရွင္း ေပးေနေသာ စစ္ကိုင္း တိုင္းေဒသႀကီး ခ်င္းတိုင္းရင္းသားေရး ရာဝန္ႀကီးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး သစ္ေတာ၊ သတၱဳႏွင့္ စြမ္းအင္ဌာန ဝန္ႀကီး  ဦးလာလ္ေထာင္ထန္းက 7Day Daily သတင္းစာအား ေျပာၾကားသည္။

ယခုေရႊထြက္ေသာ ေနရာသည္ ေရႊတူးေဖာ္ေရးကုမၸဏီတစ္ ခုက မူလကတည္းကပင္ လုပ္ပိုင္ ခြင့္ ေလွ်ာက္ထားသည့္ ေနရာျဖစ္ ၿပီး မည္ကဲ့သို႔ ေဆာင္ရြက္မည္ကို တုိင္းေဒသႀကီးအစိုးရအဖြဲ႕က စီမံ ခန္႔ခြဲမည္ဟုဆိုသည္။

ေဒသခံမ်ား ေရႊလာေရာက္ တူးေဖာ္ေနျခင္းသည္ တရားမဝင္ ေသာေၾကာင့္ တားျမစ္ျခင္းျဖစ္ၿပီး မည္သူ႔ကိုမွ် အေရးယူ မထားေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕က ဆိုသည္။

ေရႊထြက္သည္ဆိုေသာ အ ဆိုပါေနရာကို မည္ကဲ့သို႔ စီမံခန္႔ ခြဲသင့္သည္ကို ေနျပည္ေတာ္၌ ယေန႔(ဧၿပီ ၂၆ ရက္) ျပဳလုပ္မည့္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုး ရအဖြဲ႕၏ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ ႀကီးမ်ားပါဝင္မည့္ ေလးလပတ္ အစည္းအေဝးတြင္ ေဆြးေႏြးမည္ ျဖစ္သည္။

‘‘ဒါကို ဘယ္လိုဆက္လုပ္ သင့္လဲဆိုတာ ျပည္ေထာင္စုကို တင္ျပမယ္’’ဟု ဦးလာလ္ေထာင္ ထန္းက ေျပာသည္။

ေဒသခံလူဦးေရ ေထာင္ခ်ီ ကာ ေျမစာမ်ား အလုအယက္တူး ေဖာ္ေန၍ လမ္းေဖာက္လုပ္ေရး ယာယီရပ္နားထားသည္။ ေဒသခံ မ်ား တစ္ႏိုင္တစ္ပိုင္ တူးေဖာ္ရာ တြင္ ေရႊသန္႔စင္ရာ၌ ဆုိက္ရာ ႏုိက္သတၱဳကို စနစ္တက်သံုးစြဲျခင္း မရွိ၍ လူႏွင့္ တိရစၧာန္၊စိုက္ခင္းသီး ႏွံမ်ား အႏၲရာယ္ရွိသည္ဟု ေကာလင္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္ စားလွယ္အခ်ိဳ႕က သတိေပး သည္။ ေရႊထြက္ေသာ ေကာလင္းေဒသတြင္ ဆာလာအိတ္ငါးအိတ္ မွ ခုနစ္အိတ္ခန္႔စာ ေျမစာကို သန္႔စင္ပါက ေရႊတစ္က်ပ္သား ခန္႔ ထြက္ေလ့ရွိေသာ္လည္း ယခုေနရာတြင္ မည္မွ်ရသည္ကို မသိေၾကာင္း ေကာလင္းၿမိဳ႕နယ္ ေဒသ ခံမ်ားက ေျပာသည္။

ယခုကဲ့သို႔ တူးေဖာ္မႈတား ျမစ္ျခင္းကို ႀကိဳဆုိေသာ္လည္း ေဒသခံမ်ားအား တစ္ႏိုင္တစ္ပိုင္ တူးေဖာ္ေရးလုပ္ကြက္မ်ား ခ်ေပးသင့္ေၾကာင္း ေဒသခံအရပ္ဘက္ အဖြဲ႕အစည္းအခ်ိဳ႕က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version# ျဖင့္ဖတ္ပါ ။

ကောလင်း – ထီးချိုင့် ကား လမ်းဘေးတွင် ရွှေထွက်သည်ဆိုကာ ဒေသခံလူဦးရေ ထောင်ချီ လာရောက်တူးဖော်နေသဖြင့် တိုင်းဒေသကြီး အစိုးရက လုံခြုံရေးချ၍ တားမြစ်ရ ပြီး မည်ကဲ့သို့ ဆက်လက်ဆောင် ရွက်မည်ကို ယနေ့ကျင်းပမည့် ပြည် ထောင်စုအစိုးရအဖွဲ့ လေးလပတ်အ စည်းအဝေး၌ တင်ပြဆွေးနွေးမည် ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကော လင်းမြို့၏ အရှေ့ဘက် ၁၇ မိုင်ခန့် အကွာ ကောလင်း-ထီးချိုင့် ကား လမ်းဘေးရှိ ကညိုအင်းရွာအနီးတွင် လမ်းဖောက်လုပ်ရာမှ ရွှေထွက်သည် ဆိုကာ ဒေသခံများက လာရောက်တူး ဖော်နေခြင်းဖြစ်သည်။

ဧပြီ ၂၂ ရက်တွင် စတင်တူးဖော် ပြီးနောက် တိုင်းဒေသကြီးအစိုးရက ဧပြီ ၂၄ ရက်က စတင် တားမြစ်ခဲ့သည်။

‘‘လောလောဆယ် ထိန်းထား တယ်။ လုံခြုံရေးချထားတယ်။ ဘယ် သူမှ မသွားရတော့ဘူး’’ဟု ယခုဖြစ်ရပ်ကို ဖြေရှင်း ပေးနေသော စစ်ကိုင်း တိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေး ရာဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး သစ်တော၊ သတ္တုနှင့် စွမ်းအင်ဌာန ဝန်ကြီး  ဦးလာလ်ထောင်ထန်းက 7Day Daily သတင်းစာအား ပြောကြားသည်။

ယခုရွှေထွက်သော နေရာသည် ရွှေတူးဖော်ရေးကုမ္ပဏီတစ် ခုက မူလကတည်းကပင် လုပ်ပိုင် ခွင့် လျှောက်ထားသည့် နေရာဖြစ် ပြီး မည်ကဲ့သို့ ဆောင်ရွက်မည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံ ခန့်ခွဲမည်ဟုဆိုသည်။

ဒေသခံများ ရွှေလာရောက် တူးဖော်နေခြင်းသည် တရားမဝင် သောကြောင့် တားမြစ်ခြင်းဖြစ်ပြီး မည်သူ့ကိုမျှ အရေးယူ မထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆိုသည်။

ရွှေထွက်သည်ဆိုသော အ ဆိုပါနေရာကို မည်ကဲ့သို့ စီမံခန့် ခွဲသင့်သည်ကို နေပြည်တော်၌ ယနေ့(ဧပြီ ၂၆ ရက်) ပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုး ရအဖွဲ့၏ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးများပါဝင်မည့် လေးလပတ် အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်သည်။

‘‘ဒါကို ဘယ်လိုဆက်လုပ် သင့်လဲဆိုတာ ပြည်ထောင်စုကို တင်ပြမယ်’’ဟု ဦးလာလ်ထောင် ထန်းက ပြောသည်။

ဒေသခံလူဦးရေ ထောင်ချီ ကာ မြေစာများ အလုအယက်တူး ဖော်နေ၍ လမ်းဖောက်လုပ်ရေး ယာယီရပ်နားထားသည်။ ဒေသခံ များ တစ်နိုင်တစ်ပိုင် တူးဖော်ရာ တွင် ရွှေသန့်စင်ရာ၌ ဆိုက်ရာ နိုက်သတ္တုကို စနစ်တကျသုံးစွဲခြင်း မရှိ၍ လူနှင့် တိရစ္ဆာန်၊စိုက်ခင်းသီး နှံများ အန္တရာယ်ရှိသည်ဟု ကောလင်းမြို့နယ် လွှတ်တော်ကိုယ် စားလှယ်အချို့က သတိပေး သည်။ ရွှေထွက်သော ကောလင်းဒေသတွင် ဆာလာအိတ်ငါးအိတ် မှ ခုနစ်အိတ်ခန့်စာ မြေစာကို သန့်စင်ပါက ရွှေတစ်ကျပ်သား ခန့် ထွက်လေ့ရှိသော်လည်း ယခုနေရာတွင် မည်မျှရသည်ကို မသိကြောင်း ကောလင်းမြို့နယ် ဒေသ ခံများက ပြောသည်။

ယခုကဲ့သို့ တူးဖော်မှုတား မြစ်ခြင်းကို ကြိုဆိုသော်လည်း ဒေသခံများအား တစ်နိုင်တစ်ပိုင် တူးဖော်ရေးလုပ်ကွက်များ ချပေးသင့်ကြောင်း ဒေသခံအရပ်ဘက် အဖွဲ့အစည်းအချို့က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top