ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕၊ ေညာင္ပင္ေထာင္ရပ္ကြက္၊ နယ္ေျမ (၂) ရွိ အိမ္ရွင္ ေဒၚေအးေအးခိုင္၏ ေနအိမ္တြင္ တည္းခိုေနသည့္ သံဃာ ၂ ပါး အခ်င္းမ်ား ရန္ျဖစ္ရာမွ ဓါးထိုးမႈ ျဖစ္ပြားသျဖင့္ ေအာင္ပန္းေဆး႐ံုမွ ေတာင္ႀကီးစဝ္စံထြန္းေဆး႐ံုသို႔ တင္ပို႔ခဲ့ရေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ အမႈျဖစ္စဥ္ေသခ်ာေအာင္ ေသခ်ာစံုစမ္းေနပါတယ္၊ ေတာင္ႀကီးလဲလိုက္သြားပါၿပီ`ဟု ေအာင္ပန္းနယ္ေျမရဲစခန္းမွ စခန္းမွဴးရဲအုပ္စိုး၀င္းက ကေမၻာဇတိုင္းသို႕ေျပာသည္။

အုတ္တြင္းၿမိဳ႕၊ မဟာစည္သာသနာ့ရိပ္သာေက်ာင္းတိုက္္မွ သာသနာ၀င္အမွတ္ ၇/အတန(သ)၀၀၂၄၄၇၊ ဦးပညာသီရိ (လူအမည္ ဦးျမင့္သိန္း၊ သက္ေတာ္ ၄၄ ႏွစ္၊ ၀ါေတာ္ ၁၆ ၀ါ) ႏွင့္ ဘြဲ႕အမည္တူ ဦးပညာသီရိ(လယ္ေ၀းၿမိဳ႕နယ္၊ သာ၀တၳိၿမိဳ႕၊ ျမနႏၵာကမၻာေအးေက်ာင္းတိုက္) တို႕ႏွစ္ဦးသည္ ဧၿပီလ ၁ ရက္ နံနက္ ၂ နာရီခြဲအခ်ိန္တြင္ စကားမ်ားရန္ျဖစ္ရာမွ အုတ္တြင္းၿမိဳ႕ေန ဦးပညာသီရီမွ ဓါျဖင့္ထိုးသျဖင့္ လယ္ေဝးၿမိဳ႕ေန ဦးပညသီရိတြင္ ဝမ္းဗိုက္ယာဘက္ ထိုးသြင္းဒဏ္ရာ ရရွိခဲ့ၿပီး ေအာင္ပန္းေဆး႐ံုမွတဆင့္ ေတာင္ႀကီးၿမိဳ႕၊ စဝ္စံထြန္းေဆး႐ံုသို႔ တင္ပို႔ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ညတြင္းခ်င္းကို ရဲေဆးစာနဲ႕ ေအာင္ပန္းေဆးရံုကေန စ၀္စံထြန္းေဆးရံုကို အျမန္ပို႕ေပးခဲ့ပါတယ္။ မနက္ ၁၁ နာရီခြဲေလာက္မွာ ခြဲစိတ္ၿပီးေပမယ္ သတိမလည္လာေသးဘူးလို႕သိရတယ္`ဟု ေအာင္ပန္းၿမိဳ႕ နာေရးကူညီမႈအသင္းမွဦးစိုးႏိုင္ကေျပာသည္။

“အိမ္ရွင္ကို ေခၚေျပာတာ ၂ ခါရွိၿပီ။ လူကိုအိမ္ငွားထားတာကိစၥမရွိဘူူး၊ သံဃာေတြ မထားပါနဲ႕ သံဃာဆိုတာကေက်ာင္းမွာဘဲသီတင္းသံုးရမွာပါ။ ခုက သံဃာေတြသာမက မယ္သီလေတြပါရွိေနတာေလ၊ အဲဒါကို မတင့္တယ္လို႕ ရပ္ကြက္လဲသိကၡာက်တယ္။ သာသနာလဲညွိဳးႏြမ္းေစတယ္လို႕ေျပာေပမယ့္ မရခဲ့ဘူး၊ ေနာက္တစ္ခါထပ္တိုင္ေတာ့ အဲဒါေတြက ညက်ရင္ေသာက္စား မနက္ခင္းက်ရင္အလွဴခံ အဲဒီလိုမ်ိဳးျဖစ္ေနတာ၊ အခုလဲ လံုး၀တည္းခိုမႈလက္မခံဖို႕ ခံ၀န္ထိုးခိုင္းမယ္၊ လိုအပ္တဲ့သာသနာပိုင္းဆိုင္ရာေတြလဲေလွ်ာက္ထားတင္ျပသြားမယ္” ဟု ေညာင္ပင္ေထာင္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိန္ခၽြန္းက ေျပာသည္။

အဆိုပါ ဦးဇင္းအခ်င္းခ်င္း ဓါးထိုးမႈတြင္ ယင္းအိမ္တြင္ပင္တည္းခိုေနသည့္ ၿမိဳင္ၿမိဳ႕နယ္၊ သစ္ပင္ႀကီးေက်းရြာ၊ ေအာင္ခ်မ္းသာေက်ာင္းတိုက္တြင္ သီတင္းသံုးသည့္ သာသနာ၀င္အမွတ္၊ ၈/မမန(သ)၀၀၀၉၉၅ ရွင္ပညာေဇာတိ(လူအမည္ဦးၿငိမ္းေအး သက္ေတာ္ ၆၄၊ ၀ါေတာ္ ၁၄၀ါ) မွ ဥပေဒအရ အေရးယူေပးရန္တိုင္တန္းသျဖင့္ ေအာင္ပန္းနယ္ေျမရဲစခန္းမွ(ပ)၃၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ သတင္းေရးခ်က္ေရးဖြင့္၍ ဓားျဖင့္ထိုးေျပးသူ ျမနႏၵာကမၻာေအးေက်ာင္းတိုက္မွ ဦးဇင္းဦးပညာသီရိအားဖမ္းဆီးရမိေရး လိုက္လံစံုစမ္းဖမ္းဆီးလ်က္ရွိေၾကာင္း ေအာင္ပန္းနယ္ေျမရဲစခန္းမွ သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:KBZTai – Shan – ေအာင္ပန္း

#Unicode Version#
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ (၂) ရှိ အိမ်ရှင် ဒေါ်အေးအေးခိုင်၏ နေအိမ်တွင် တည်းခိုနေသည့် သံဃာ ၂ ပါး အချင်းများ ရန်ဖြစ်ရာမှ ဓါးထိုးမှု ဖြစ်ပွားသဖြင့် အောင်ပန်းဆေးရုံမှ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ အမှုဖြစ်စဉ်သေချာအောင် သေချာစုံစမ်းနေပါတယ်၊ တောင်ကြီးလဲလိုက်သွားပါပြီ`ဟု အောင်ပန်းနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်စိုးဝင်းက ကမ္ဘောဇတိုင်းသို့ပြောသည်။

အုတ်တွင်းမြို့၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်မှ သာသနာဝင်အမှတ် ၇/အတန(သ)၀၀၂၄၄၇၊ ဦးပညာသီရိ (လူအမည် ဦးမြင့်သိန်း၊ သက်တော် ၄၄ နှစ်၊ ဝါတော် ၁၆ ဝါ) နှင့် ဘွဲ့အမည်တူ ဦးပညာသီရိ(လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ မြနန္ဒာကမ္ဘာအေးကျောင်းတိုက်) တို့နှစ်ဦးသည် ဧပြီလ ၁ ရက် နံနက် ၂ နာရီခွဲအချိန်တွင် စကားများရန်ဖြစ်ရာမှ အုတ်တွင်းမြို့နေ ဦးပညာသီရီမှ ဓါဖြင့်ထိုးသဖြင့် လယ်ဝေးမြို့နေ ဦးပညသီရိတွင် ဝမ်းဗိုက်ယာဘက် ထိုးသွင်းဒဏ်ရာ ရရှိခဲ့ပြီး အောင်ပန်းဆေးရုံမှတဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ တင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ညတွင်းချင်းကို ရဲဆေးစာနဲ့ အောင်ပန်းဆေးရုံကနေ စဝ်စံထွန်းဆေးရုံကို အမြန်ပို့ပေးခဲ့ပါတယ်။ မနက် ၁၁ နာရီခွဲလောက်မှာ ခွဲစိတ်ပြီးပေမယ် သတိမလည်လာသေးဘူးလို့သိရတယ်`ဟု အောင်ပန်းမြို့ နာရေးကူညီမှုအသင်းမှဦးစိုးနိုင်ကပြောသည်။

“အိမ်ရှင်ကို ခေါ်ပြောတာ ၂ ခါရှိပြီ။ လူကိုအိမ်ငှားထားတာကိစ္စမရှိဘူူး၊ သံဃာတွေ မထားပါနဲ့ သံဃာဆိုတာကကျောင်းမှာဘဲသီတင်းသုံးရမှာပါ။ ခုက သံဃာတွေသာမက မယ်သီလတွေပါရှိနေတာလေ၊ အဲဒါကို မတင့်တယ်လို့ ရပ်ကွက်လဲသိက္ခာကျတယ်။ သာသနာလဲညှိုးနွမ်းစေတယ်လို့ပြောပေမယ့် မရခဲ့ဘူး၊ နောက်တစ်ခါထပ်တိုင်တော့ အဲဒါတွေက ညကျရင်သောက်စား မနက်ခင်းကျရင်အလှူခံ အဲဒီလိုမျိုးဖြစ်နေတာ၊ အခုလဲ လုံးဝတည်းခိုမှုလက်မခံဖို့ ခံဝန်ထိုးခိုင်းမယ်၊ လိုအပ်တဲ့သာသနာပိုင်းဆိုင်ရာတွေလဲလျှောက်ထားတင်ပြသွားမယ်” ဟု ညောင်ပင်ထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်ချွန်းက ပြောသည်။

အဆိုပါ ဦးဇင်းအချင်းချင်း ဓါးထိုးမှုတွင် ယင်းအိမ်တွင်ပင်တည်းခိုနေသည့် မြိုင်မြို့နယ်၊ သစ်ပင်ကြီးကျေးရွာ၊ အောင်ချမ်းသာကျောင်းတိုက်တွင် သီတင်းသုံးသည့် သာသနာဝင်အမှတ်၊ ၈/မမန(သ)၀၀၀၉၉၅ ရှင်ပညာဇောတိ(လူအမည်ဦးငြိမ်းအေး သက်တော် ၆၄၊ ဝါတော် ၁၄ဝါ) မှ ဥပဒေအရ အရေးယူပေးရန်တိုင်တန်းသဖြင့် အောင်ပန်းနယ်မြေရဲစခန်းမှ(ပ)၃၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် သတင်းရေးချက်ရေးဖွင့်၍ ဓားဖြင့်ထိုးပြေးသူ မြနန္ဒာကမ္ဘာအေးကျောင်းတိုက်မှ ဦးဇင်းဦးပညာသီရိအားဖမ်းဆီးရမိရေး လိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:KBZTai – Shan – အောင်ပန်း


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top