ရွမ္းျပည္နယ္ ေတာင္ပိုင္း မိုးနဲၿမိဳ႕နယ္ နမ္႔စေျပရြာ၏အေနာက္ဖက္တြင္ (၁၅) ေပ နီးပါး ေခါင္းတလား အရည္မ်ား ရွိသည့္ ႀကတ္ဂူ ပံုစံမ်ိဳးကို ေတြ႔ရွိခဲ့ေႀကာင္း မိုးနဲေဒသခံ ကိုစိုင္းမ်ိဳးက Travelling ဂ်ာနယ္ သို႔ ေျပာသည္။ အဆိုပါႀကတ္ဂူသို႔ စိတ္တူကိုယ္တူသူငယ္ခ်င္းမ်ားစုၿပီး မတ္လ ၁၃ ရက္က သြားေရာက္ေလ့လာခဲ့ျခင္း ျဖစ္ေႀကာင္း သိရသည္။

ရွမ္းျပည္၏ ေစတီလြင္ျပင္ဟု တင္စားရသည့္ မိုးနဲၿမိဳ႕တြင္ ေခါင္းတလား အရွည္ မ်ားေတြ႔ရွိရသည့္ ႀကတ္ဂူ ပံုသ႑ာန္ ရွိသည့္ ဂူသံုးခု ရွိၿပီး ယခုကြင္းဆင္ သြားေရာက္ခဲ့သည့္ ဂူမွာ ပထမဂူျဖစ္ေႀကာင္း ကိုစိုင္းမ်ိဳးက ဆိုသည္။

ဒီဂူ အေႀကာင္းကို သိထားခဲ့တာေတာ့ ႀကာၿပီျဖစ္ေပမယ့္ အေႀကာင္းအမ်ိဳးမ်ိဳးနဲ႔မသြားျဖစ္ခဲ့တာပါ။ကၽြန္ေတာ္တို႔ အဖြဲ႕အေနနဲ႔ေတာ့ ပထမဆံုးထင္တာပါပဲ။ ေဒသခံေတြကေတာ့ ေရာက္ဖူးပါတယ္။ ဒီဂူရွိတာ ကိုေတာ့ ေရွးလူႀကီးေတြက လက္ဆင့္ကမ္းေျပာျပခဲ့တာေတာ့ရွိပါတယ္ ။ က်ြန္ေတာ္တို႔က စိတ္ဝင္စားၿပီး သိခ်င္တာမို႔ အခုလို ကြင္းဆင္းႃပီး ေလ့လာျဖစ္တာပါ ” ဟု ကိုစိုင္းမ်ိဳး ကေျပာသည္။

ဂူ ပံုသ႑ာန္မွာ အေျဖာင့္ပံုသ႑ာန္မရွိပဲ က်ဥ္းေျမာင္းၿပီး အေပၚသို႕ တတ္သြားရသည့္ အေနအထား ရွိေႀကာင္း ကြင္းဆင္းခဲ့သည့္ ကိုစိုင္းမ်ိဳးက ေျပာသည္။
ဂူအတြင္းပိုင္းသို႔ ေပ၂၀အကြာအေဝးေက်ာ္ထိသာ သြားေရာက္ေလ့လာျဖစ္ခဲ့ေႀကာင္း တစ္ခ်ိဳ႕ေနရာမ်ားတြင္ ကုတ္တြယ္ၿပီး တက္ခဲ့ရေႀကာင္း သိရသည္။

“ ဂူ အတြင္းကို အေျဖာင့္တန္းသြားရတဲ့ ၁၅ ေပေက်ာ္တဲ့ အခါမွာ ၁၅ေပေက်ာ္ရွည္တဲ့ ေခါင္းတလားေတြကို ေတြ႔ရွိရပါတယ္။ အဲဒီေနရာကို ေတာ့ လူတစ္ကိုယ္စာပဲသြားလို႔ရတာပါ၊ ၁၅ ေပေလာက္ေက်ာ္သြားရင္ ဂူ လမ္းေႀကာင္းက အေပၚကို ေထာင္တက္သြားတာ၊ ကၽြန္ေတာ္တို႔ ေပ၂၀ အေက်ာ္ထိပဲ သြားေရာက္ႏိုင္ခဲ့တာပါ။ အဲဒီ ေနရာ အထိကို ေခါင္းတလား ̋ ဟု ၄င္းက ဆိုသည္။

ယခုကဲ့သို႔ သြားေရာက္ရျခင္းမွာ ကယားျပည္နယ္ရွိ လက္ရွိ ႀကတ္ဂူ သို႔ ျပည္တြင္းခရီးသြားမ်ား သြားေရာက္ေလ့လာေနၿပီး ထင္ရွားေက်ာ္ႀကားသည့္ ခရီးစဥ္ျဖစ္ေနသည့္အတြက္ ယခုကဲ့သို႔ ႀကတ္ဂူ မ်ားလည္း မိမိတို႔ေဒသတြင္ ရွိသည္ကို သိေစလိုျခင္းေႀကာင့္ သြားေရာက္ေလ့လာခဲ့ျခင္းျဖစ္ေႀကာင္း ကို စိုင္းမ်ိဳဳ းက ေျပာသည္။

ထို႔အျပင္ ႀကတ္သခ်ိဳင္းေတာင္လည္း သြားေရာက္ ရန္စီစဥ္ထား ေႀကာင္း အဆိုပါေတာင္သည္ မိုးနဲႃမိဳ႕ႏွင့္ နမ့္စန္ျမိဳ႕နယ္စပ္ အႀကား တြင္ တည္ရွိေႀကာင္းသိရသည္။ ယင္း ႀကတ္သခ်ိဳင္းေတာင္တြင္ ယခုရွာေဖြေတြ႔ရွိခဲ့ရသည့္ ေခါင္းတလားမ်ားအျပင္ ေက်ာက္တံုးမ်ားျဖင့္ တည္ေဆာက္ထားသည့္ အုတ္ဂူမ်ားလည္း မ်ားစြာရွိ သည္ဟု ေတြ႔ရွိခဲ့သည့္သူမ်ား၏ ေျပာစကားမ်ားအရ သိရေႀကာင္း ကိုစိုင္းမ်ိဳးက ေျပာသည္။

ယခုကဲ့သို႔ စိတ္ဝင္စားဖြယ္ေနရာမ်ားကို ေဖာ္ထုတ္ျခင္းျဖင့္ ခရီးသြားလုပ္ငန္းအတြက္ အဓိကက်သည့္အခန္းက႑တြင္ပါဝင္ေႀကာင္း ထို႔အျပင္ ခရီးသြားလုပ္ငန္းမ်ား ဖြံ႔ျဖိဳးေစရန္မွာလည္း ခရီးစဥ္ေဒသအသစ္မ်ားကို ေဖာ္ထုတ္ေပးရန္ အေရးႀကီးသည့္အတြက္ အေထာက္အကူျပဳႏိုင္ရန္ရည္ရြယ္ျပီး ေဖာ္ထုတ္ခဲ့ျခင္းျဖစ္ေႀကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Travelling_Journal

#Unicode Version# ျဖင့္ဖတ္ပါ ။

ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့နယ် နမ့်စပြေရွာ၏အနောက်ဖက်တွင် (၁၅) ပေ နီးပါး ခေါင်းတလား အရည်များ ရှိသည့် ကြတ်ဂူ ပုံစံမျိုးကို တွေ့ရှိခဲ့ကြောင်း မိုးနဲဒေသခံ ကိုစိုင်းမျိုးက Travelling ဂျာနယ် သို့ ပြောသည်။ အဆိုပါကြတ်ဂူသို့ စိတ်တူကိုယ်တူသူငယ်ချင်းများစုပြီး မတ်လ ၁၃ ရက်က သွားရောက်လေ့လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်၏ စေတီလွင်ပြင်ဟု တင်စားရသည့် မိုးနဲမြို့တွင် ခေါင်းတလား အရှည် များတွေ့ရှိရသည့် ကြတ်ဂူ ပုံသဏ္ဍာန် ရှိသည့် ဂူသုံးခု ရှိပြီး ယခုကွင်းဆင် သွားရောက်ခဲ့သည့် ဂူမှာ ပထမဂူဖြစ်ကြောင်း ကိုစိုင်းမျိုးက ဆိုသည်။

ဒီဂူ အကြောင်းကို သိထားခဲ့တာတော့ ကြာပြီဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးနဲ့မသွားဖြစ်ခဲ့တာပါ။ကျွန်တော်တို့ အဖွဲ့အနေနဲ့တော့ ပထမဆုံးထင်တာပါပဲ။ ဒေသခံတွေကတော့ ရောက်ဖူးပါတယ်။ ဒီဂူရှိတာ ကိုတော့ ရှေးလူကြီးတွေက လက်ဆင့်ကမ်းပြောပြခဲ့တာတော့ရှိပါတယ် ။ ကျွန်တော်တို့က စိတ်ဝင်စားပြီး သိချင်တာမို့ အခုလို ကွင်းဆင်းပြီး လေ့လာဖြစ်တာပါ ” ဟု ကိုစိုင်းမျိုး ကပြောသည်။

ဂူ ပုံသဏ္ဍာန်မှာ အဖြောင့်ပုံသဏ္ဍာန်မရှိပဲ ကျဉ်းမြောင်းပြီး အပေါ်သို့ တတ်သွားရသည့် အနေအထား ရှိကြောင်း ကွင်းဆင်းခဲ့သည့် ကိုစိုင်းမျိုးက ပြောသည်။
ဂူအတွင်းပိုင်းသို့ ပေ၂၀အကွာအဝေးကျော်ထိသာ သွားရောက်လေ့လာဖြစ်ခဲ့ကြောင်း တစ်ချို့နေရာများတွင် ကုတ်တွယ်ပြီး တက်ခဲ့ရကြောင်း သိရသည်။

“ ဂူ အတွင်းကို အဖြောင့်တန်းသွားရတဲ့ ၁၅ ပေကျော်တဲ့ အခါမှာ ၁၅ပေကျော်ရှည်တဲ့ ခေါင်းတလားတွေကို တွေ့ရှိရပါတယ်။ အဲဒီနေရာကို တော့ လူတစ်ကိုယ်စာပဲသွားလို့ရတာပါ၊ ၁၅ ပေလောက်ကျော်သွားရင် ဂူ လမ်းကြောင်းက အပေါ်ကို ထောင်တက်သွားတာ၊ ကျွန်တော်တို့ ပေ၂၀ အကျော်ထိပဲ သွားရောက်နိုင်ခဲ့တာပါ။ အဲဒီ နေရာ အထိကို ခေါင်းတလား ̋ ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ သွားရောက်ရခြင်းမှာ ကယားပြည်နယ်ရှိ လက်ရှိ ကြတ်ဂူ သို့ ပြည်တွင်းခရီးသွားများ သွားရောက်လေ့လာနေပြီး ထင်ရှားကျော်ကြားသည့် ခရီးစဉ်ဖြစ်နေသည့်အတွက် ယခုကဲ့သို့ ကြတ်ဂူ များလည်း မိမိတို့ဒေသတွင် ရှိသည်ကို သိစေလိုခြင်းကြောင့် သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း ကို စိုင်းမျိုု းက ပြောသည်။

ထို့အပြင် ကြတ်သချိုင်းတောင်လည်း သွားရောက် ရန်စီစဉ်ထား ကြောင်း အဆိုပါတောင်သည် မိုးနဲမြို့နှင့် နမ့်စန်မြို့နယ်စပ် အကြား တွင် တည်ရှိကြောင်းသိရသည်။ ယင်း ကြတ်သချိုင်းတောင်တွင် ယခုရှာဖွေတွေ့ရှိခဲ့ရသည့် ခေါင်းတလားများအပြင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် အုတ်ဂူများလည်း များစွာရှိ သည်ဟု တွေ့ရှိခဲ့သည့်သူများ၏ ပြောစကားများအရ သိရကြောင်း ကိုစိုင်းမျိုးက ပြောသည်။

ယခုကဲ့သို့ စိတ်ဝင်စားဖွယ်နေရာများကို ဖော်ထုတ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းအတွက် အဓိကကျသည့်အခန်းကဏ္ဍတွင်ပါဝင်ကြောင်း ထို့အပြင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးစေရန်မှာလည်း ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်ပေးရန် အရေးကြီးသည့်အတွက် အထောက်အကူပြုနိုင်ရန်ရည်ရွယ်ပြီး ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Travelling_Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top