ၿပီးခဲ့တဲ့ ၂ဝ၁၈ ခုႏွစ္အတြင္းျဖစ္ပြားခဲ့တဲ့ ေမာ္ေတာ္ဆိုင္ကယ္မေတာ္တဆမႈအတြင္း လူေပါင္း ၂၃၀၀ ေက်ာ္ ေသဆံုးတယ္လို႔  ဒုသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာပါတယ္။

ဧၿပီ ၈ ရက္က ေနျပည္ေတာ္မွာ က်င္းပတဲ့ အမ်ိဳးသားယာဥ္အႏၲရာယ္၊ လမ္း အႏၲရာယ္ကင္းရွင္းေရးေကာင္စီ အစည္းအေ၀းမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

ေမာ္ေတာ္ယာဥ္အမ်ိဳးအစားအလိုက္ ယာဥ္တိုက္မႈႏႈန္းကိုေလ့လာၾကည့္ပါက ၂ဝ၁၈ ခုႏွစ္ အတြင္းျဖစ္ပြားခဲ့တဲ့ ေမာ္ေတာ္ဆိုင္ကယ္ယာဥ္မေတာ္တဆႏႈန္း ဟာ ၄၉ ရာခုိင္ႏႈန္းရွိၿပီး ၂၃၇၆ ဦးေသဆုံး၊ ၁၂၉၈၅ ဦး ဒဏ္ရာရရွိခဲ့တယ္လုိ႔ ဒုသမၼတ ဦးဟင္နရီဗန္ထီးယူ ကေျပာပါတယ္။

“ယာဥ္တိုက္မႈျဖစ္စဥ္ထက္ဝက္ခန္႔ဟာ ေမာ္ေတာ္ဆိုင္ကယ္ေၾကာင့္ ျဖစ္ပြားေနတာကို သတိမူၿပီး ၿပီးခဲ့တဲ့ စတုတၳအႀကိမ္ အမ်ိဳးသားယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းေရး ေကာင္စီ NRSC အစည္းအေဝးမွာ  ေမာ္ေတာ္ဆိုင္ကယ္ တိုက္ခိုက္မႈ၊ ေသဆုံး၊ ဒဏ္ရာရမႈေလွ်ာ႔ခ်ဖို႔ ေမာ္ေတာ္ဆိုင္ကယ္ဦးထုပ္အရည္အေသြးစံခ်ိန္စံၫႊန္းေတြ ထြက္ေပၚလာဖို႔ လုပ္ေဆာင္ေနတယ္”

ဒါ့အျပင္ ယာဥ္မေတာ္တဆမႈဆိုင္ရာ စာရင္းဇယား၊ အခ်က္အလက္ေတြ တိက် မွန္ကန္ ျပည့္စုံမွသာ NRSC အေနနဲ႔ ထိေရာက္ေအာင္ျမင္တဲ့ လုပ္ငန္းစဥ္/ မူဝါဒေတြကို ခ်မွတ္ ေဖာ္ေဆာင္ႏိုင္မယ္လို႔လည္း ေျပာပါတယ္။

NRSC ရဲ႕ ၂ဝ၁၈ ခုႏွစ္ ႏွစ္ခ်ဳပ္အစီရင္ခံစာအရ (၁ဝ)ႏွစ္တာကာလအတြင္း ေတာက္ေလွ်ာက္အတက္ဘက္ကိုသာ ဦးတည္လာခဲ့တဲ့ ယာဥ္တိုက္မႈ၊ ဒဏ္ရာရမႈနဲ႔ ေသဆုံးမႈအေျခအေနဟာ ၂ဝ၁၈ခုႏွစ္မွာ အနည္းငယ္ ျပန္လည္ ေလ်ာ့က်လာခဲ့တယ္လို႔ ဆိုပါတယ္။

၂ဝ၁၉ ခုႏွစ္ ႏွစ္ဆန္းပိုင္းႏွစ္လအတြင္းမွာေတာ့  ေသဆုံးမႈသိသိ သာသာျမင့္တက္လာ တာကို NRSC က စိစစ္ေတြ႔ရွိထားပါတယ္။၂ဝ၁၈ခုႏွစ္အတြင္း ကားေမာင္းႏွင္၊ စီးနင္းစဥ္မွာ အသက္ကယ္ထိုင္ခုံခါးပတ္ကို အသုံးမျပဳတဲ့အတြက္လူ ၁,၂၁၄ ဦး ေသဆံုးခဲ့ၿပီး ဒဏ္ရာရ ၆၂၇၆ ဦးထိ ရွိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ မော်တော်ဆိုင်ကယ်မတော်တဆမှုအတွင်း လူပေါင်း ၂၃၀၀ ကျော် သေဆုံးတယ်လို့  ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

ဧပြီ ၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

မော်တော်ယာဉ်အမျိုးအစားအလိုက် ယာဉ်တိုက်မှုနှုန်းကိုလေ့လာကြည့်ပါက ၂ဝ၁၈ ခုနှစ် အတွင်းဖြစ်ပွားခဲ့တဲ့ မော်တော်ဆိုင်ကယ်ယာဉ်မတော်တဆနှုန်း ဟာ ၄၉ ရာခိုင်နှုန်းရှိပြီး ၂၃၇၆ ဦးသေဆုံး၊ ၁၂၉၈၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ကပြောပါတယ်။

“ယာဉ်တိုက်မှုဖြစ်စဉ်ထက်ဝက်ခန့်ဟာ မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွားနေတာကို သတိမူပြီး ပြီးခဲ့တဲ့ စတုတ္ထအကြိမ် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ NRSC အစည်းအဝေးမှာ  မော်တော်ဆိုင်ကယ် တိုက်ခိုက်မှု၊ သေဆုံး၊ ဒဏ်ရာရမှုလျှော့ချဖို့ မော်တော်ဆိုင်ကယ်ဦးထုပ်အရည်အသွေးစံချိန်စံညွှန်းတွေ ထွက်ပေါ်လာဖို့ လုပ်ဆောင်နေတယ်”

ဒါ့အပြင် ယာဉ်မတော်တဆမှုဆိုင်ရာ စာရင်းဇယား၊ အချက်အလက်တွေ တိကျ မှန်ကန် ပြည့်စုံမှသာ NRSC အနေနဲ့ ထိရောက်အောင်မြင်တဲ့ လုပ်ငန်းစဉ်/ မူဝါဒတွေကို ချမှတ် ဖော်ဆောင်နိုင်မယ်လို့လည်း ပြောပါတယ်။

NRSC ရဲ့ ၂ဝ၁၈ ခုနှစ် နှစ်ချုပ်အစီရင်ခံစာအရ (၁ဝ)နှစ်တာကာလအတွင်း တောက်လျှောက်အတက်ဘက်ကိုသာ ဦးတည်လာခဲ့တဲ့ ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနဲ့ သေဆုံးမှုအခြေအနေဟာ ၂ဝ၁၈ခုနှစ်မှာ အနည်းငယ် ပြန်လည် လျော့ကျလာခဲ့တယ်လို့ ဆိုပါတယ်။

၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းနှစ်လအတွင်းမှာတော့  သေဆုံးမှုသိသိ သာသာမြင့်တက်လာ တာကို NRSC က စိစစ်တွေ့ရှိထားပါတယ်။၂ဝ၁၈ခုနှစ်အတွင်း ကားမောင်းနှင်၊ စီးနင်းစဉ်မှာ အသက်ကယ်ထိုင်ခုံခါးပတ်ကို အသုံးမပြုတဲ့အတွက်လူ ၁,၂၁၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရ ၆၂၇၆ ဦးထိ ရှိခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top