သြားပြတ္တံရဲ႕ အေရးပါမႈအတိုင္းအတာ
မနက္ခင္းႏိုးလာရင္ အရင္ဆံုးဘာလုပ္လဲ။ အိပ္ရာကထတယ္၊ အေၾကာဆန္႔တယ္။ ျပီးရင္ ဆံပင္ေလးဘာေလးဖီးျပီး မ်က္ႏွာသစ္၊ သြားတိုက္ဖို႔လုပ္တယ္ဟုတ္။ ဒါကို ဒီေလာက္ပဲေန႔စဉ္လုပ္ရိုးလုပ္စဉ္တစ္ခုလို ငယ္ငယ္ကတည္းကလုပ္လာၾကတာပါ။
ငယ္စဉ္ကေန အခုခ်ိန္ထိလုပ္လာတဲ့ေတာက္ေလွ်ာက္မွာ သြားတိုက္တာရဲ႕ အေရးၾကီးမႈနဲ႔ သြားပြတ္တံကဘယ္ေလာက္အတိုင္းအတာထိ သက္ေရာက္မႈရွိေနလဲဆိုတာကို ေတြးမိဖူးရဲ႕လား။ မေတြးမိဖူးရင္ေတာ့ တူတူေတြးလိုက္ရေအာင္ေလေနာ္။
ေနာက္တစ္ခ်က္က်န္ေသးတယ္။ ဒါက သြားပြတ္တံကို အဆင္ေျပသလိုပဲဝယ္တိုက္လိုက္တာလား။ ေသခ်ာေလးေရြးမိရဲ႕လားဆိုတဲ့အခ်က္ပါ။ ငယ္ငယ္က ေမေမဝယ္ေပးတာတိုက္တယ္၊ ကိုယ့္ဘာ သာဝယ္ရမယ္ဆိုရင္ေတာ့ အဆင္ေျပသလိုဝယ္လိုက္တာပဲမဟုတ္လား။ တကယ္ေတာ့ သြားနဲ႔ခံတြင္းက်န္းမာေရး အတြက္ေရာ ခႏၶာကိုယ္က်န္းမာဖို႔အတြက္ပါ သြားပြတ္တံကေတာ္ေတာ္ေလးအေရးပါတာပါ။
သြားပြတ္တံ ဘယ္ကစ
ဒီေန႔ေခတ္မွာေတာ့ သြားပြတ္တံက ေတာ္ေတာ္ေလးသေဘာက်စရာပံုစံေလးေတြနဲ႔ ေရြးခ်ယ္စရာေတြကလည္း ေတာ္ေတ္ာေလးမ်ားပါတယ္။ သြားပြတ္တံက သြားနဲ႔ခံတြင္းက်န္းမာေရးအတြက္အေရးပါသလို လွပတဲ့အျပံဳးတစ္ပြင့္အတြက္လည္း အေရးပါတဲ့ဇာတ္လိုက္ေပါ့။
ဒီလိုမ်ိဳး ေန႔စဉ္ဘဝမွာ အတိုင္းအတာတစ္ခုအထိအေရးပါတဲ့ သြားပြတ္တံက ဘယ္လိုမ်ားစတင္ေပၚေပါက္လာတာလဲ။ သြားပြတ္တံမေပၚခင္ကေရာ လူေတြက သူတို႔ရဲ႕ သြားေတြကို ဘယ္လိုမ်ားသန္႔ရွင္းခဲ့ၾကသလဲဆိုတာ ေတြးမိဖူးလား။ သြားကိုသန္႔ရွင္းဖို႔ အသံုးျပဳတဲ့ ပစၥည္းေလးေတြက ဘီစီ ၃၅၀၀ ေနာက္ပိုင္းမွာစတင္ေပၚထြက္ခဲ့တာပါ။
ေဘဘီလံုလူမ်ိဳးေတြနဲ႔ အီဂ်စ္လူမ်ိဳးေတြက သစ္ခက္ေလးေတြရဲ႕ တစ္ဖက္ကို ဖြာေနေအာင္လုပ္ျပီး ဖြာေနတဲ့အစြန္းဘက္နဲ႔ သြားကိုသန္႔ရွင္းၾကတာပါတဲ့။ ၁၆၀၀ ဘီစီမွာေတာ့ တရုတ္လူမ်ိဳးေတြက ခံတြင္းအနံ႔ဆိုးကင္းေစဖို႔အတြက္ေမႊးၾကိဳင္တဲ့ သစ္ပင္ေတြရဲ႕ အစိတ္အပိုင္းေတြကို ဝါးျပီး ခံတြင္းသန္႔ရွင္းမႈေတြလုပ္ခဲ့ၾကပါတယ္။
၁၄၉၈ ခုႏွစ္မွာေတာ့ တရုတ္လူမ်ိဳးေတြက ခပ္ေတာင့္ေတာင့္ေလးျဖစ္တဲ့ ဝက္ဂုတ္ေမႊးေလးေတြကို အရိုးဒါမွမဟုတ္ ဝါးတံေလးမွာ တပ္ဆင္ျပီး သြားပြတ္တံအျဖစ္အသံုးျပဳခဲ့ပါတယ္။ ဥေရာပမွာေတာ႔ ျမင္းေမႊး နဲ႔ ငွက္ေမႊးေတြကို အသံုးျပဳျပီး သြားပြတ္တံအျဖစ္တီထြင္အသံုးျပဳခဲ့ၾကပါတယ္။
သိပ္မၾကာခင္ကာလမွာ Du Pont က ႏိုင္လြန္ကိုတီထြင္ခဲ့ျပီး ၁၉၃၈ ခုႏွစ္မွာ အခုလက္ရွိ အသံုးျပဳေနတဲ့ သြားပြတ္တံေတြထြက္ေပၚလာခဲ့ပါတယ္။ ပထမဆံုး ႏိုင္လြန္အေမႊးအမွ်င္ေလးေတြကို အသံုးျပဳထားတဲ့ သြားပြတ္တံကို Doctor West’s Miracle Toothbrush လို႔ ေခၚေဝၚခဲ့ျပီး ႏူညံ႔တဲ့ ႏိုင္လြန္အေမႊးအမွ်င္ေလးေတြပါတဲ့ သြားပြတ္တံေတြကို ၁၉၅၀ ခုႏွစ္ေတြမွာ စတင္အသံုးျပဳခဲ့တာပါ။ ပထမဆံုး လွ်ပ္စစ္သြားပြတ္တံကေတာ့ ၁၉၃၉ ခုႏွစ္မွာ စတင္ေပၚေပါက္ခဲ့တာပါ။
သြားပြတ္တံက ဒီေလာက္ထိအေရးပါတာပါ
သြားပြတ္တံကို အသံုးျပဳျပီး သြားတိုက္တာက သြားေတြကို သြားပိုးစားတာလိုမ်ိဳး ထိခိုက္ပ်က္စီးမႈေတြမျဖစ္ေအာင္ဘဲ ကာကြယ္ေပးတာမ်ိဳးမဟုတ္ပါဘူး။ သြားဖံုးေရာဂါေတြမျဖစ္ေအာင္ကာကြယ္ေပးသလို အသက္ၾကီးတဲ့အထိ သြားေတြၾကံ႕ခိုင္က်န္းမာေစဖို႔အတြက္လည္း အေထာက္အပံ့လုပ္ေပးပါတယ္။
ကိုယ္နဲ႔အသင့္ေတာ္ဆံုးျဖစ္မယ့္ သြားပြတ္တံတစ္ေခ်ာင္းကိုေရြးခ်ယ္ဝယ္ယူလို႔ သြားနဲ႔ခံတြင္းကို သန္႔ရွင္းေရးလုပ္မယ္ဆိုရင္ ရုတ္တရက္ႏွလံုးရပ္တာ၊ ေလျဖတ္တာေတြကိုပါ ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ သြားေတြက အစြန္းအထင္းေတြကို ဖယ္ရွားေပးျပီး ခံတြင္းနံ႔ဆိုးကိုကင္းေစတာကေတာ့ သြားပြတ္တံေကာင္းေကာင္းသံုးျပီး သြားတိုက္တာရဲ႕ အပိုဆုေလးေတြေပါ့။
အစားတစ္ခုခုစားလိုက္တဲ့အခါတိုင္း အစားအေသာက္ေတြထဲမွာပါတဲ့ သၾကားနဲ႔ကစီဓာတ္ေတြကသြားမွာ သြားေခ်းေတြအျဖစ္ကပ္ျငိက်န္ေနျပီး ဘက္တီးရီးယားေတြကို ေပါက္ဖြားေစႏိုင္ပါတယ္။ ဒီႏွစ္ခုေပါင္းစည္းမိရာကေနျဖစ္လာတဲ့ အက္ဆစ္က သြားေၾကြလႊာေတြကို ပ်က္စီးေစျပီး သြားပိုးစားတာကိုျဖစ္ေစႏိုင္ပါတယ္။
ဒါေတြကို အေကာင္းဆံုးေျဖရွင္းေပးႏိုင္တာမယ့္ နည္းလမ္းကေတာ့ သြားပြတ္တံေကာင္းေကာင္းေရြးခ်ယ္အသံုးျပဳတာပါ။
သြားပြတ္တံေကာင္းေကာင္းမသံုးရင္ ဘာေတြျဖစ္မလဲ
သြားပြတ္တံေကာင္းေကာင္းအသံုးမျပဳတဲ့အခါ ဒီလိုျပႆနာေတြရင္ဆိုင္ရႏိုင္ပါတယ္ေနာ္။
သြားေခ်းေတြေၾကာင့္ သြားဖံုးက်န္းမာေရးထိခိုက္ျပီး သြားဖံုးေတြေရာင္ရမ္းႏိုင္ပါတယ္။
သြားေတြၾကားထဲမွာ စားၾကြင္းစာက်န္ေတြကပ္ျငိက်န္ေနျပီး သြားပိုးစားႏိုင္တယ္။
သြားဖံုးမွာျပည္တည္ျပီး သြားအေၾကာေတြထိခိုက္တာမ်ိဳးျဖစ္ႏိုင္တယ္။
အက္ဆစ္ေတြျဖစ္ေပၚျပီး သြားေၾကြလႊာေတြပ်က္စီးတာေၾကာင့္ သြားက်ဉ္တာမ်ိဳးျဖစ္ႏိုင္တယ္။
လွ်ာမွာ အနာေတြျဖစ္ႏိုင္တယ္။ ခံတြင္းအနံ႔ဆိုးျဖစ္ေစႏိုင္တယ္။ ခံတြင္းသန္႔ရွင္းမႈအားနည္း တာေၾကာင့္ ႏွလံုးေရာဂါ နဲ႔ ေလျဖတ္တာလိုမ်ိဳး နာတာရွည္ေရာဂါေတြျဖစ္ႏိုင္တယ္။
အရြယ္မတိုင္ခင္ သြားဆံုးရံႈးမႈေတြျဖစ္ေစႏိုင္တယ္။
ဒီေတာ့ ဒီျပႆနာေတြကင္းေစဖို႔ ကိုယ့္ရဲ႕ သြားပံုစံနဲ႔လိုက္ဖက္မယ့္ သြားပြတ္တံေကာင္းေကာင္းတစ္ေခ်ာင္းကိုေသေသခ်ာခ်ာေလးေရြးခ်ယ္တတ္ဖို႔ေတာ့လိုပါမယ္။ သြားပြတ္တံေရြးတဲ့အခါ ကိုယ့္သြားပံုစံနဲ႔ကိုက္ညီဖို႔ကို စဉ္းစားဖို႔လိုသလို သြားပြတ္တံရဲ႕ အမွ်င္ေလးေတြက ႏူးညံံျပီး သြားၾကိဳသြားၾကားေတြအားလံုးကို သန္႔ရွင္းႏိုင္တာမ်ိဳးျဖစ္ဖို႔လိုပါမယ္ေနာ္။ ျပီးေတာ့ မနက္ႏိုးရင္တစ္ၾကိမ္ ညအိပ္ရာမဝင္ခင္တစ္ၾကိမ္ ႏွစ္ၾကိမ္သြားတိုက္ေပးဖို႔လိုပါမယ္။ သြားပြတ္တံကို ၃ လတစ္ၾကိမ္ပံုမွန္လဲေပးရပါမယ္။
သြားနဲ႔ခံတြင္းျပႆနာေတြကင္းေဝးျပီး ျဖဴေဖြးေတာက္ပတဲ့သြားေတြနဲ႔ ခံတြင္းနံ႔ဆိုးကင္းလို႕ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈတိုးခ်င္တယ္ဆိုရင္ေတာ့ သြားၾကိဳး သြားၾကားမက်န္သန္႔စင္ေပးႏိုင္တဲ့ ႏူးညံ႔ပါးလႊာတဲ့brush ေလးေတြပါတဲ့ Oral-B သြားပြတ္တံေလးရွိပါတယ္။Oral-B သြားပြတ္တံက သြားဆရာဝန္ေတြရဲ႕အသ္အမွတ္ျပဳခံထားရတဲ့ ကမာၻ႔နံပါတ္ ၁ အမွတ္တံဆိပ္ပါ။
သြားနဲ႔ခံတြင္းအပါအဝင္ ခႏၶာကိုယ္က်န္းမာဖို႔ပါ အေထာက္အပံ့ေပးႏိုင္ပါတယ္ေနာ္။ ကဲ ကိုယ္နဲ႔ကိုက္ညီမယ့္ သြားပြတ္တံေလးကိုေရြးခ်ယ္ျပီး သြားေတြကို ဂရုစိုက္လို႔ ျမင္သူတကာေၾကြသြားေလာက္တဲ့ အျပံဳးလွလွေလးျပံဳးလိုက္ၾကပါစို႔လား။ ေန႔ရက္တိုင္းမွာအလွဆံုးျပံဳးႏိုင္ဖို႔ Oral_B ရဲ႕ အကူအညီကိုရယူလိုက္ပါ…….
ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #
မနက်ခင်းနိုးလာရင် အရင်ဆုံးဘာလုပ်လဲ။ အိပ်ရာကထတယ်၊ အကြောဆန့်တယ်။ ပြီးရင် ဆံပင်လေးဘာလေးဖီးပြီး မျက်နှာသစ်၊ သွားတိုက်ဖို့လုပ်တယ်ဟုတ်။ ဒါကို ဒီလောက်ပဲနေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုလို ငယ်ငယ်ကတည်းကလုပ်လာကြတာပါ။
ငယ်စဉ်ကနေ အခုချိန်ထိလုပ်လာတဲ့တောက်လျှောက်မှာ သွားတိုက်တာရဲ့ အရေးကြီးမှုနဲ့ သွားပွတ်တံကဘယ်လောက်အတိုင်းအတာထိ သက်ရောက်မှုရှိနေလဲဆိုတာကို တွေးမိဖူးရဲ့လား။ မတွေးမိဖူးရင်တော့ တူတူတွေးလိုက်ရအောင်လေနော်။
နောက်တစ်ချက်ကျန်သေးတယ်။ ဒါက သွားပွတ်တံကို အဆင်ပြေသလိုပဲဝယ်တိုက်လိုက်တာလား။ သေချာလေးရွေးမိရဲ့လားဆိုတဲ့အချက်ပါ။ ငယ်ငယ်က မေမေဝယ်ပေးတာတိုက်တယ်၊ ကိုယ့်ဘာ သာဝယ်ရမယ်ဆိုရင်တော့ အဆင်ပြေသလိုဝယ်လိုက်တာပဲမဟုတ်လား။ တကယ်တော့ သွားနဲ့ခံတွင်းကျန်းမာရေး အတွက်ရော ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ပါ သွားပွတ်တံကတော်တော်လေးအရေးပါတာပါ။
သွားပွတ်တံ ဘယ်ကစ
ဒီနေ့ခေတ်မှာတော့ သွားပွတ်တံက တော်တော်လေးသဘောကျစရာပုံစံလေးတွေနဲ့ ရွေးချယ်စရာတွေကလည်း တော်တေ်ာလေးများပါတယ်။ သွားပွတ်တံက သွားနဲ့ခံတွင်းကျန်းမာရေးအတွက်အရေးပါသလို လှပတဲ့အပြုံးတစ်ပွင့်အတွက်လည်း အရေးပါတဲ့ဇာတ်လိုက်ပေါ့။
ဒီလိုမျိုး နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုအထိအရေးပါတဲ့ သွားပွတ်တံက ဘယ်လိုများစတင်ပေါ်ပေါက်လာတာလဲ။ သွားပွတ်တံမပေါ်ခင်ကရော လူတွေက သူတို့ရဲ့ သွားတွေကို ဘယ်လိုများသန့်ရှင်းခဲ့ကြသလဲဆိုတာ တွေးမိဖူးလား။ သွားကိုသန့်ရှင်းဖို့ အသုံးပြုတဲ့ ပစ္စည်းလေးတွေက ဘီစီ ၃၅၀၀ နောက်ပိုင်းမှာစတင်ပေါ်ထွက်ခဲ့တာပါ။
ဘေဘီလုံလူမျိုးတွေနဲ့ အီဂျစ်လူမျိုးတွေက သစ်ခက်လေးတွေရဲ့ တစ်ဖက်ကို ဖွာနေအောင်လုပ်ပြီး ဖွာနေတဲ့အစွန်းဘက်နဲ့ သွားကိုသန့်ရှင်းကြတာပါတဲ့။ ၁၆၀၀ ဘီစီမှာတော့ တရုတ်လူမျိုးတွေက ခံတွင်းအနံ့ဆိုးကင်းစေဖို့အတွက်မွှေးကြိုင်တဲ့ သစ်ပင်တွေရဲ့ အစိတ်အပိုင်းတွေကို ဝါးပြီး ခံတွင်းသန့်ရှင်းမှုတွေလုပ်ခဲ့ကြပါတယ်။
၁၄၉၈ ခုနှစ်မှာတော့ တရုတ်လူမျိုးတွေက ခပ်တောင့်တောင့်လေးဖြစ်တဲ့ ဝက်ဂုတ်မွှေးလေးတွေကို အရိုးဒါမှမဟုတ် ဝါးတံလေးမှာ တပ်ဆင်ပြီး သွားပွတ်တံအဖြစ်အသုံးပြုခဲ့ပါတယ်။ ဥရောပမှာတော့ မြင်းမွှေး နဲ့ ငှက်မွှေးတွေကို အသုံးပြုပြီး သွားပွတ်တံအဖြစ်တီထွင်အသုံးပြုခဲ့ကြပါတယ်။
သိပ်မကြာခင်ကာလမှာ Du Pont က နိုင်လွန်ကိုတီထွင်ခဲ့ပြီး ၁၉၃၈ ခုနှစ်မှာ အခုလက်ရှိ အသုံးပြုနေတဲ့ သွားပွတ်တံတွေထွက်ပေါ်လာခဲ့ပါတယ်။ ပထမဆုံး နိုင်လွန်အမွှေးအမျှင်လေးတွေကို အသုံးပြုထားတဲ့ သွားပွတ်တံကို Doctor West’s Miracle Toothbrush လို့ ခေါ်ဝေါ်ခဲ့ပြီး နူညံ့တဲ့ နိုင်လွန်အမွှေးအမျှင်လေးတွေပါတဲ့ သွားပွတ်တံတွေကို ၁၉၅၀ ခုနှစ်တွေမှာ စတင်အသုံးပြုခဲ့တာပါ။ ပထမဆုံး လျှပ်စစ်သွားပွတ်တံကတော့ ၁၉၃၉ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာပါ။
သွားပွတ်တံက ဒီလောက်ထိအရေးပါတာပါ
သွားပွတ်တံကို အသုံးပြုပြီး သွားတိုက်တာက သွားတွေကို သွားပိုးစားတာလိုမျိုး ထိခိုက်ပျက်စီးမှုတွေမဖြစ်အောင်ဘဲ ကာကွယ်ပေးတာမျိုးမဟုတ်ပါဘူး။ သွားဖုံးရောဂါတွေမဖြစ်အောင်ကာကွယ်ပေးသလို အသက်ကြီးတဲ့အထိ သွားတွေကြံ့ခိုင်ကျန်းမာစေဖို့အတွက်လည်း အထောက်အပံ့လုပ်ပေးပါတယ်။
ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် သွားပွတ်တံတစ်ချောင်းကိုရွေးချယ်ဝယ်ယူလို့ သွားနဲ့ခံတွင်းကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာတွေကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သွားတွေက အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး ခံတွင်းနံ့ဆိုးကိုကင်းစေတာကတော့ သွားပွတ်တံကောင်းကောင်းသုံးပြီး သွားတိုက်တာရဲ့ အပိုဆုလေးတွေပေါ့။
အစားတစ်ခုခုစားလိုက်တဲ့အခါတိုင်း အစားအသောက်တွေထဲမှာပါတဲ့ သကြားနဲ့ကစီဓာတ်တွေကသွားမှာ သွားချေးတွေအဖြစ်ကပ်ငြိကျန်နေပြီး ဘက်တီးရီးယားတွေကို ပေါက်ဖွားစေနိုင်ပါတယ်။ ဒီနှစ်ခုပေါင်းစည်းမိရာကနေဖြစ်လာတဲ့ အက်ဆစ်က သွားကြွေလွှာတွေကို ပျက်စီးစေပြီး သွားပိုးစားတာကိုဖြစ်စေနိုင်ပါတယ်။
ဒါတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်တာမယ့် နည်းလမ်းကတော့ သွားပွတ်တံကောင်းကောင်းရွေးချယ်အသုံးပြုတာပါ။
သွားပွတ်တံကောင်းကောင်းမသုံးရင် ဘာတွေဖြစ်မလဲ
သွားပွတ်တံကောင်းကောင်းအသုံးမပြုတဲ့အခါ ဒီလိုပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ်နော်။
သွားချေးတွေကြောင့် သွားဖုံးကျန်းမာရေးထိခိုက်ပြီး သွားဖုံးတွေရောင်ရမ်းနိုင်ပါတယ်။
သွားတွေကြားထဲမှာ စားကြွင်းစာကျန်တွေကပ်ငြိကျန်နေပြီး သွားပိုးစားနိုင်တယ်။
သွားဖုံးမှာပြည်တည်ပြီး သွားအကြောတွေထိခိုက်တာမျိုးဖြစ်နိုင်တယ်။
အက်ဆစ်တွေဖြစ်ပေါ်ပြီး သွားကြွေလွှာတွေပျက်စီးတာကြောင့် သွားကျဉ်တာမျိုးဖြစ်နိုင်တယ်။
လျှာမှာ အနာတွေဖြစ်နိုင်တယ်။ ခံတွင်းအနံ့ဆိုးဖြစ်စေနိုင်တယ်။ ခံတွင်းသန့်ရှင်းမှုအားနည်း တာကြောင့် နှလုံးရောဂါ နဲ့ လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေဖြစ်နိုင်တယ်။
အရွယ်မတိုင်ခင် သွားဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်။
ဒီတော့ ဒီပြဿနာတွေကင်းစေဖို့ ကိုယ့်ရဲ့ သွားပုံစံနဲ့လိုက်ဖက်မယ့် သွားပွတ်တံကောင်းကောင်းတစ်ချောင်းကိုသေသေချာချာလေးရွေးချယ်တတ်ဖို့တော့လိုပါမယ်။ သွားပွတ်တံရွေးတဲ့အခါ ကိုယ့်သွားပုံစံနဲ့ကိုက်ညီဖို့ကို စဉ်းစားဖို့လိုသလို သွားပွတ်တံရဲ့ အမျှင်လေးတွေက နူးညံံပြီး သွားကြိုသွားကြားတွေအားလုံးကို သန့်ရှင်းနိုင်တာမျိုးဖြစ်ဖို့လိုပါမယ်နော်။ ပြီးတော့ မနက်နိုးရင်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် နှစ်ကြိမ်သွားတိုက်ပေးဖို့လိုပါမယ်။ သွားပွတ်တံကို ၃ လတစ်ကြိမ်ပုံမှန်လဲပေးရပါမယ်။
သွားနဲ့ခံတွင်းပြဿနာတွေကင်းဝေးပြီး ဖြူဖွေးတောက်ပတဲ့သွားတွေနဲ့ ခံတွင်းနံ့ဆိုးကင်းလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးချင်တယ်ဆိုရင်တော့ သွားကြိုး သွားကြားမကျန်သန့်စင်ပေးနိုင်တဲ့ နူးညံ့ပါးလွှာတဲ့brush လေးတွေပါတဲ့ Oral-B သွားပွတ်တံလေးရှိပါတယ်။Oral-B သွားပွတ်တံက သွားဆရာဝန်တွေရဲ့အသ်အမှတ်ပြုခံထားရတဲ့ ကမ္ဘာ့နံပါတ် ၁ အမှတ်တံဆိပ်ပါ။
သွားနဲ့ခံတွင်းအပါအဝင် ခန္ဓာကိုယ်ကျန်းမာဖို့ပါ အထောက်အပံ့ပေးနိုင်ပါတယ်နော်။ ကဲ ကိုယ်နဲ့ကိုက်ညီမယ့် သွားပွတ်တံလေးကိုရွေးချယ်ပြီး သွားတွေကို ဂရုစိုက်လို့ မြင်သူတကာကြွေသွားလောက်တဲ့ အပြုံးလှလှလေးပြုံးလိုက်ကြပါစို့လား။ နေ့ရက်တိုင်းမှာအလှဆုံးပြုံးနိုင်ဖို့ Oral_B ရဲ့ အကူအညီကိုရယူလိုက်ပါ…….
ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon