ဇာတ်နိမ့်တွေပဲ လုံချည်ဝတ်တယ်ဆိုတဲ့ အယူစွဲကို ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်ကျောင်းသားတွေ တွန်းလှန်
# Unicode Version # ဖြင့် ဖတ်ပါ #
ဘင်္ဂလားဒေ့ရှ် ထိပ်တန်းတက္ကသိုလ်က ကျောင်းသားတွေဟာ ရိုးရာလုံချည်တွေ ဝတ်ဆင်ရင်း မြို့တော် ဒါကာအတွင်းမှာ စုရုံးလှည့်လည်ကြပါတယ်။
ခုလို တက္ကသိုလ်ကျောင်းသားတွေရဲ့ လုံချည်တွေ ဝတ်ဆင်ကြရင်း စုရုံးချီတက်မှုဟာ အရှေ့တောင်အာရှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမြစ်တွယ်နေတဲ့ အယူစွဲကို တွန်းလှန်တိုက်ဖျက်ဖို့အတွက် တိုက်ပွဲဝင်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။
ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ မြန်မာနဲ့ ကမ္ဘောဒီးယားစတဲ့ တစ်ချို့သော အာရှနိုင်ငံတွေက အမျိုးသား သန်းပေါင်းများစွာဟာ လုံချည်ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘင်္ဂလာဒေ့ရှ် မြို့ကြီးသားတွေရဲ့ ကြားမှာတော့ လုံချည်ဟာ ဇာတ်နိမ့်အတန်း အစားတွေသာ ဝတ်ဆင်ကြတာလို့ အယူစွဲ အမြစ်တွယ်နေကြတာပဲ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် တက္ကသိုလ်ကျောင်းသားတွေက ဒီအယူစွဲကို တွန်းလှန်ဖို့ မြို့တော်တွင်းမှာ လုံချည်တွေ ဝတ်ဆင်ရင်း စုရုံးချီတက်ကြတာပဲ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese