ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×


ပ်ားရည္မွာက်န္းမာေရးဆိုင္ရာ ေကာင္းက်ိဳးအခ်က္အလက္ေတြ ေၿမာက္မ်ားစြာ ရွိေနတယ္ဆိုတာကို ကၽြန္ေတာ္ တို႔ ေလ့လာၾကည့္ရေအာင္ ။ သူ႔ရဲ႕ေကာင္းက်ိဳးေတြနဲ႔ သင့္ရဲ႕ လူေနမႈ ဘ၀က်န္းမာေရး မွာ လြန္စြာ အသံုး၀င္ ပါတယ္တဲ့ ။

ပ်ားရည္ရဲ႕ ခ်ိဳၿမတဲ့ အရသာဟာ သင့္ရဲ႕ အရသာ အာရံုခံ အဖုေလးေတြကို လႈံ႕ေဆာ္ေပး ယံုသာ မကပဲ အစာစားခ်င္စိတ္ကိုလည္း ၿဖစ္ေပၚေစပါတယ္ ။ ဒါ့အၿပင္ အစားအစာမ်ား ခ်က္ၿပဳတ္ရာမွာလည္း ေမႊးပ်ံ႕ သင္း ၾကိဳင္ေနေအာင္ အသံုးၿပဳႏုိင္ၿပီး ပ်ားရည္နဲ႔ မုန္႔အမ်ိဳးမ်ိဳး ကို ၿပဳလုပ္စားသံုးႏုိင္ပါေသးတယ္ ။

ကယ္လို ရီ ေၿမာက္မ်ား စြာပါ၀င္ၿပီး လည္ေခ်ာင္းယားယံၿပီး မသက္မသာ ၿဖစ္တာေတြကိုလည္း ဖံုးအုပ္ကာ ကြယ္ေပး ထားႏိုင္ပါတယ္ ။ ယခုဆိုရင္စမ္းသပ္ေလ့လာသူေတြဟာ ပ်ားရည္ရဲ႕ ေဆးပညာဆိုင္ရာ ေကာင္းက်ိဳး (medical benefits ) ေတြကို ရွုေထာင့္ေပါင္းစံုကေန နည္းလမ္းေပါင္းမ်ားစြာနဲ႔ စမ္းသပ္အေၿဖထုတ္ေနၾကၿပီၿဖစ္ပါတယ္ ။

ပ်ားရည္ဟာ သင့္ရဲ႕ အာခံတြင္းထဲမွာ စိတ္ေက်နပ္မႈ ၿဖစ္ေစယံုသာမကပဲ ပိုးသန္႔စင္ေစၿခင္း
(Antiseptic) ၊ ဓါတ္တိုး ဆန္႔က်င္ပစၥည္း (Antioxidant) ၊ ခႏၶာကိုယ္သန္႔ရွင္းစင္ၾကယ္ေစၿခင္းစတာေတြကို လုပ္ေဆာင္ေပး ပါတယ္ ။

အမ်ိဳးသမီးေတြမွာဆိုရင္လည္း အေရၿပားနဲ႔ အသားအရည္ကို ၀င္းပစိုၿပည္ေစၿပီး ၿခံဳငံုၿပီးၾကည့္ မယ္ဆို ရင္ အနာက်က္ၿမန္ၿခင္း ။မ်က္ခမ္းစပ္ေရာဂါကို ကာကြယ္ေပးႏုိင္ၿခင္းစတဲ့ ဦးေခါင္း ကေန ေၿခေထာက္ အထိ ေက်ာင္းက်ိဳးမ်ားစြာကို ေပးေစပါတယ္ ။ ပ်ားရည္ရဲ႕ အနာက်က္ၿမန္ တဲ့ ေကာင္းက်ိဳး ကို ေရွးႏွစ္ေပါင္း မ်ားစြာကတည္းက အသံုးၿပဳခဲ့ၾကၿပီး အထူးသၿဖင့္ ၿပတ္ရွနာမ်ားမွာ းပိုအသံုး၀င္ပါတယ္ ။

သာမန္ဖ်ား နာမႈနဲ႔ ေရာဂါေတြမွာလည္း ကုသမႈ အၿဖစ္အသံုးၿပဳႏိုင္ၿပီး မ်ိဳးဆက္တစ္ခုမွေန၍ ေနာက္တစ္ခုကို က်န္း မာေရးေကာင္း က်ိဳးေတြကို ဆင့္ကဲေပးေစပါတယ္ ။ UMF Manuka Honey လို႔ေခၚတဲ့ပ်ားရည္ဟာဆိုရင္ ယေန႔ပ်ား ရည္ရဲ႕က်န္းမာေ၇းဆိုင္ရာ ေဆြးေႏြးမႈေတြမွာ အရသာအရွိဆံုး ပ်ားရည္ေဆးအၿဖစ္ ထည့္သြင္းေၿပာ ဆိုေနၾကၿပီၿဖစ္ပါတယ္ ။

ဒီပ်ားရည္ဟာ ေရာဂါပိုးမႊားေတြကို တိုက္ထုတ္ယံုတင္မကပဲ တစ္ရွူးမ်ား အနာ က်က္ၿမန္ၿခင္းကို ကာကြယ္ေပးၿခင္း ၊ အမာရြတ္ၿဖစ္ၿခင္းႏွင့္ ေရာင္ရမ္းၿခင္းမ်ားကို ေလ်ာ့နည္းေစၿခင္း စတဲ့အခ်က္ေတြ ရရွိပါတယ္ ။ ဒါ့အၿပင္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြၿဖစ္တဲ့ ၀မ္းသြားၿခင္း ၊ အစာမေၾကၿခင္း ၊ အစာအိမ္အနာမ်ားနဲ႔ ၀မ္းပ်က္၀မ္းေလွ်ာၿခင္း ( GE) ကိုပါ ကုသဖို႔အတြက္ အသံုးၿပဳနိုင္ပါတယ္ ။

ပ်ားရည္ကို အစားအစာေတြမွာ အသံုးၿပဳၿခင္းနဲ႔ ေကာင္းက်ိဳးေတြကေတာ့ ပ်ားရည္ကို ရရွိတဲပင္ ရင္း နဲ႔ ေနရာေဒသအေပၚ မူတည္ပါတယ္ ။ ပ်ားေတြကေနရရွိတဲ့ပ်ားရည္ကို အသံုးၿပဳၿပီးေတာ့ propolis , royal jelly , beewax ( ပ်ားဖေယာင္း ) စတဲ့ ထုတ္ကုန္ေတြ ထုတ္လုပ္ၿပီး အသက္ရွုမ၀ၿခင္း ၊ ဆံပင္ကၽြတ္ၿခင္း ၊ အိပ္မေပ်ာ္ၿခင္း ၊ အဆင္အၿမစ္နာၿခင္း ၊ ၀က္ၿခံနဲ႔ မႈိုပိုး၀င္ၿခင္းစတာေတြမွာပါ အသံုးၿပဳတာေၾကာင့္ ပ်ားရည္ကို ရုိးရာေဆး ( Traditional medicine) အၿဖစ္ေနရာအေတာ္မ်ားမ်ားမွာ အသံုးၿပဳေနၾကပါၿပီ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Mg Mandalay
# Unicode Version # ျဖင့္ ဖတ္ပါ #


ပျားရည်မှာကျန်းမာရေးဆိုင်ရာ ကောင်းကျိုးအချက်အလက်တွေ မြောက်များစွာ ရှိနေတယ်ဆိုတာကို ကျွန်တော် တို့ လေ့လာကြည့်ရအောင် ။ သူ့ရဲ့ကောင်းကျိုးတွေနဲ့ သင့်ရဲ့ လူနေမှု ဘဝကျန်းမာရေး မှာ လွန်စွာ အသုံးဝင် ပါတယ်တဲ့ ။

ပျားရည်ရဲ့ ချိုမြတဲ့ အရသာဟာ သင့်ရဲ့ အရသာ အာရုံခံ အဖုလေးတွေကို လှုံ့ဆော်ပေး ယုံသာ မကပဲ အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ် ။ ဒါ့အပြင် အစားအစာများ ချက်ပြုတ်ရာမှာလည်း မွှေးပျံ့ သင်း ကြိုင်နေအောင် အသုံးပြုနိုင်ပြီး ပျားရည်နဲ့ မုန့်အမျိုးမျိုး ကို ပြုလုပ်စားသုံးနိုင်ပါသေးတယ် ။

ကယ်လို ရီ မြောက်များ စွာပါဝင်ပြီး လည်ချောင်းယားယံပြီး မသက်မသာ ဖြစ်တာတွေကိုလည်း ဖုံးအုပ်ကာ ကွယ်ပေး ထားနိုင်ပါတယ် ။ ယခုဆိုရင်စမ်းသပ်လေ့လာသူတွေဟာ ပျားရည်ရဲ့ ဆေးပညာဆိုင်ရာ ကောင်းကျိုး (medical benefits ) တွေကို ရှုထောင့်ပေါင်းစုံကနေ နည်းလမ်းပေါင်းများစွာနဲ့ စမ်းသပ်အဖြေထုတ်နေကြပြီဖြစ်ပါတယ် ။

ပျားရည်ဟာ သင့်ရဲ့ အာခံတွင်းထဲမှာ စိတ်ကျေနပ်မှု ဖြစ်စေယုံသာမကပဲ ပိုးသန့်စင်စေခြင်း
(Antiseptic) ၊ ဓါတ်တိုး ဆန့်ကျင်ပစ္စည်း (Antioxidant) ၊ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်စေခြင်းစတာတွေကို လုပ်ဆောင်ပေး ပါတယ် ။

အမျိုးသမီးတွေမှာဆိုရင်လည်း အရေပြားနဲ့ အသားအရည်ကို ဝင်းပစိုပြည်စေပြီး ခြုံငုံပြီးကြည့် မယ်ဆို ရင် အနာကျက်မြန်ခြင်း ။မျက်ခမ်းစပ်ရောဂါကို ကာကွယ်ပေးနိုင်ခြင်းစတဲ့ ဦးခေါင်း ကနေ ခြေထောက် အထိ ကျောင်းကျိုးများစွာကို ပေးစေပါတယ် ။ ပျားရည်ရဲ့ အနာကျက်မြန် တဲ့ ကောင်းကျိုး ကို ရှေးနှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပြီး အထူးသဖြင့် ပြတ်ရှနာများမှာ းပိုအသုံးဝင်ပါတယ် ။

သာမန်ဖျား နာမှုနဲ့ ရောဂါတွေမှာလည်း ကုသမှု အဖြစ်အသုံးပြုနိုင်ပြီး မျိုးဆက်တစ်ခုမှနေ၍ နောက်တစ်ခုကို ကျန်း မာရေးကောင်း ကျိုးတွေကို ဆင့်ကဲပေးစေပါတယ် ။ UMF Manuka Honey လို့ခေါ်တဲ့ပျားရည်ဟာဆိုရင် ယနေ့ပျား ရည်ရဲ့ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ အရသာအရှိဆုံး ပျားရည်ဆေးအဖြစ် ထည့်သွင်းပြော ဆိုနေကြပြီဖြစ်ပါတယ် ။

ဒီပျားရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ယုံတင်မကပဲ တစ်ရှူးများ အနာ ကျက်မြန်ခြင်းကို ကာကွယ်ပေးခြင်း ၊ အမာရွတ်ဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်း စတဲ့အချက်တွေ ရရှိပါတယ် ။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ဝမ်းသွားခြင်း ၊ အစာမကြေခြင်း ၊ အစာအိမ်အနာများနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း ( GE) ကိုပါ ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ် ။

ပျားရည်ကို အစားအစာတွေမှာ အသုံးပြုခြင်းနဲ့ ကောင်းကျိုးတွေကတော့ ပျားရည်ကို ရရှိတဲပင် ရင်း နဲ့ နေရာဒေသအပေါ် မူတည်ပါတယ် ။ ပျားတွေကနေရရှိတဲ့ပျားရည်ကို အသုံးပြုပြီးတော့ propolis , royal jelly , beewax ( ပျားဖယောင်း ) စတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ပြီး အသက်ရှုမဝခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အဆင်အမြစ်နာခြင်း ၊ ဝက်ခြံနဲ့ မှိုပိုးဝင်ခြင်းစတာတွေမှာပါ အသုံးပြုတာကြောင့် ပျားရည်ကို ရိုးရာဆေး ( Traditional medicine) အဖြစ်နေရာအတော်များများမှာ အသုံးပြုနေကြပါပြီ

ဖိုးသူတော် (www.phothutaw.com)
Credit:Mg Mandalay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top