နီေပါႏိုင္ငံေတာင္ပိုင္းမွာ ၿပီးခဲ့တဲ့ မတ္လ ၃၁ ရက္က ရွားပါးျဖစ္စဥ္အျဖစ္ မုန္တိုင္းဝင္တိုက္ခတ္လို႔ လူ ၂၇ ဦး ထက္မနည္း ေသဆုံးၿပီး လူ ၆၀၀ ေက်ာ္ ထိခိုက္ဒဏ္ရာေတြ ရရွိသြားတယ္လို႔ တာဝန္ရွိသူေတြက ဧၿပီ ၁ ရက္မွာ ေျပာပါတယ္။

ယင္း ရွားပါး မုန္တိုင္းဟာ ဘာရာ ေက်းလက္ေဒသနဲ႔ အနီးအနား ဧရိယာေတြမွာ ယမန္ေန႔ က ဝင္တိုက္သြားခဲ့တာျဖစ္ပါတယ္။ ေသဆုံးသူေတြထဲမွာ ကေလးငယ္ ငါးဦးလည္း ပါတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ဧၿပီ ၁ ရက္မွာေတာ့ မုန္တိုင္းဒဏ္သင့္ ေဒသေတြဆီ အကူအညီ ပစၥည္းေတြ ေထာက္ပံ့ ေပးပို႔ေပးႏိုင္ဖို႔၊ ဒဏ္ရာရသူေတြကို ကူညီေ႐ႊ႕ေျပာင္းေပးႏိုင္ဖို႔အတြက္ သက္ဆိုင္ရာက အေရးေပၚ ကူညီေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

ခရီးသည္အျပည့္ တင္လာတဲ့ ဘတ္စ္ကားတစ္စီး တိမ္းေမွာက္သြားတဲ့အထိေတာင္ ေလျပင္းထန္လြန္းခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူေတြက ဆိုပါတယ္။ မုန္တိုင္းဝင္ၿပီးေနာက္ အိမ္ေတြ၊ သစ္ပင္ေတြ၊ ဓာတ္တိုင္ေတြ ၿပိဳလဲ ပ်က္စီးမႈေတြ ရွိတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


နီပေါနိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က ရှားပါးဖြစ်စဉ်အဖြစ် မုန်တိုင်းဝင်တိုက်ခတ်လို့ လူ ၂၇ ဦး ထက်မနည်း သေဆုံးပြီး လူ ၆၀၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ဧပြီ ၁ ရက်မှာ ပြောပါတယ်။

ယင်း ရှားပါး မုန်တိုင်းဟာ ဘာရာ ကျေးလက်ဒေသနဲ့ အနီးအနား ဧရိယာတွေမှာ ယမန်နေ့ က ဝင်တိုက်သွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ငါးဦးလည်း ပါတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ဧပြီ ၁ ရက်မှာတော့ မုန်တိုင်းဒဏ်သင့် ဒေသတွေဆီ အကူအညီ ပစ္စည်းတွေ ထောက်ပံ့ ပေးပို့ပေးနိုင်ဖို့၊ ဒဏ်ရာရသူတွေကို ကူညီရွှေ့ပြောင်းပေးနိုင်ဖို့အတွက် သက်ဆိုင်ရာက အရေးပေါ် ကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ခရီးသည်အပြည့် တင်လာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်သွားတဲ့အထိတောင် လေပြင်းထန်လွန်းခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။ မုန်တိုင်းဝင်ပြီးနောက် အိမ်တွေ၊ သစ်ပင်တွေ၊ ဓာတ်တိုင်တွေ ပြိုလဲ ပျက်စီးမှုတွေ ရှိတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top