ေဖ့စ္ဘုတ္ေပၚမွာေရပန္းစားၿပီးတ္ေပရိသတြခ်စ္ၾကတဲ့ကခ်င္ျပည္နယ္ျမစ္ႀကီးနားကေစ်းသည္မမကိုပရိသတ္ေဆြသိၿပီးသားျဖစ္မွာပါ။စကားေျပာရင္အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္တတ္တဲ့သူမရဲ႕ဗီဒီယိုေတြကအြန္လိုင္းမွာပရိသတ္ေတြစိတ္ဝင္တစားၾကည့္ၾကတာပဲျဖစ္ပါတယ္။ျမစ္ႀကီးနားကိုေရာက္သူတိုင္းကလဲသူမနဲ႔အတူတူဗီဒီယိုေတြရိုက္ၾကLiveေတြလႊင့္ၾကနဲ႔တစ္စထက္တစ္စ လူသိမ်ားလာတာပဲျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာေတာ့အဆိုေတာ္ငဲငယ္ေလးကကခ်င္ျပည္နယ္ျမစ္ႀကီးနားကိုေရာက္ခိုက္ေစ်းသည္မမနဲ႔ေတြ႕ဆံုခဲ့ပါတယ္။ငဲငယ္ေလးက ေစ်းသည္မမရဲ႕ အေၾကာင္းေတြကို စိတ္ဝင္တစားေမးျမန္းရာမွ သူမက သူမကိုစေနာက္ၿပီး ဗီဒီယိုေတြတင္တာ လံုးဝမေပ်ာ္ဘူးလို႔ ရင္ဖြင့္လာပါတယ္။

ထိုအေၾကာင္းကိုငဲငယ္ေလးက”မေန႔ကျမစ္ႀကီးနားေရာက္ေတာ့celeမမကိုသြားေတြ႕ျဖစ္တယ္အဲ့ေရာက္ေတာ့သူကိုေတြ႕ရေတာ့သူစကားေျပာပံုေလးကတကယ္ကိုခ်စ္စရာေကာင္းတယ္ငယ္ေလးလဲLiveလြင့္ျဖစ္ခဲ့တယ္။ေနာက္ေတာ့သူ႔ဆိုင္ကေနစားေနရင္း ဘာေတြးမိလဲဆိုေတာ့ သူ႔ကို စားဝိုင္းေတြက တစ္ဝိုင္းၿပီးတစ္ဝိုင္းေခၚေခၚၿပီးသူနဲ႔စကားေျပာ ေျပာတာကို video ႐ိုက္တာေတြ႕ေတာ့စိတ္မေကာင္းျဖစ္မိတယ္။သူ႔ကိုဟာသသေဘာျဖစ္ျဖစ္သေဘာက်လို႔ျဖစ္ျဖစ္႐ိုက္တာကဘယ္လိုေျပာရမလဲ သူမေနတတ္ဘူး။”

“ေနာက္ေတာ့ငယ္ေလးဓါတ္ပံုသြား႐ိုက္တဲ့ေနရာမွာသူရွိေနေတာ့စကားေျပာျဖစ္တယ္။”အားေရွာင္လို႔ခုလိုသူမ်ားေတြအားေရွာင္ကိုvideoေတြ႐ိုက္liveေတြတင္တာဘယ္လိုခံစားရလဲ”ေမးေတာ့သူမ်က္ရည္ဝဲဝဲေလးနဲ႔ျပန္ေျဖရွာတယ္”မေပ်ာ္ဘူးအဲ့လိုေတြဟာသလိုစေနာက္တာ”သူဝမ္းနည္းတာခံစားမိတယ္ သူမႀကိဳက္ဘူးတဲ့။”

“ငယ္ေလးလဲသူ႔ကိုlive႐ိုက္မိတဲ့အတြက္ေတာင္းပန္လိုက္ပါတယ္။အထင္မလဲြပါနဲ႔ေနာ္ဟာသသေဘာနဲ႔႐ိုက္တာလံုးဝမဟုတ္ပါဘူးလို႔ေျပာၿပီးliveဖ်က္ေပးလိုက္တယ္ၿပီးေတာ့သူ႔ကိုေပ်ာ္ေအာင္စကားေတြေျပာေပးၿပီးသူျပံဳးေနတာေလးၾကည့္ရင္းပီတိျဖစ္မိတယ္။ သူကေျပာေသးတာ အားေရွာင္က မျပံဳးတတ္ဘူးတဲ့ ၾကည့္ပါအံုးအဲ့ေလာက္ခ်စ္ဖို႔ေကာင္းတာ။” ဆိုၿပီး ငဲငယ္ေလးက ေျပာျပထားပါတယ္။

ေစ်းသည္မမက တမင္တကာ ဟာသျဖစ္ေအာင္ ေျပာေနတာမဟုတ္ပဲ အဲ့ဒါက သူမရဲ႕ အားနည္းခ်က္တစ္ခုလို ျဖစ္ေနတာပါ။ လူေတြက သူမရဲ႕ အားနည္းခ်က္ကို ရယ္ေမာေလွာင္ေျပာင္ၾကတဲ့အခါ သူမအေနနဲ႔ မေပ်ာ္ေတာ့တဲ့ အေၾကာင္းကို ရိုးရိုးသားသား ဝန္ခံခဲ့တာ စိတ္မေကာင္းစရာပါပဲေနာ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:thutasone

#Unicode Version#
ဖေ့စ်ဘုတ်ပေါ်မှာရေပန်းစားပြီးတ်ပေရိသတွချစ်ကြတဲ့ကချင်ပြည်နယ်မြစ်ကြီးနားကဈေးသည်မမကိုပရိသတ်ဆွေသိပြီးသားဖြစ်မှာပါ။စကားပြောရင်အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့သူမရဲ့ဗီဒီယိုတွေကအွန်လိုင်းမှာပရိသတ်တွေစိတ်ဝင်တစားကြည့်ကြတာပဲဖြစ်ပါတယ်။မြစ်ကြီးနားကိုရောက်သူတိုင်းကလဲသူမနဲ့အတူတူဗီဒီယိုတွေရိုက်ကြLiveတွေလွှင့်ကြနဲ့တစ်စထက်တစ်စ လူသိများလာတာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့အဆိုတော်ငဲငယ်လေးကကချင်ပြည်နယ်မြစ်ကြီးနားကိုရောက်ခိုက်ဈေးသည်မမနဲ့တွေ့ဆုံခဲ့ပါတယ်။ငဲငယ်လေးက ဈေးသည်မမရဲ့ အကြောင်းတွေကို စိတ်ဝင်တစားမေးမြန်းရာမှ သူမက သူမကိုစနောက်ပြီး ဗီဒီယိုတွေတင်တာ လုံးဝမပျော်ဘူးလို့ ရင်ဖွင့်လာပါတယ်။

ထိုအကြောင်းကိုငဲငယ်လေးက”မနေ့ကမြစ်ကြီးနားရောက်တော့celeမမကိုသွားတွေ့ဖြစ်တယ်အဲ့ရောက်တော့သူကိုတွေ့ရတော့သူစကားပြောပုံလေးကတကယ်ကိုချစ်စရာကောင်းတယ်ငယ်လေးလဲLiveလွင့်ဖြစ်ခဲ့တယ်။နောက်တော့သူ့ဆိုင်ကနေစားနေရင်း ဘာတွေးမိလဲဆိုတော့ သူ့ကို စားဝိုင်းတွေက တစ်ဝိုင်းပြီးတစ်ဝိုင်းခေါ်ခေါ်ပြီးသူနဲ့စကားပြော ပြောတာကို video ရိုက်တာတွေ့တော့စိတ်မကောင်းဖြစ်မိတယ်။သူ့ကိုဟာသသဘောဖြစ်ဖြစ်သဘောကျလို့ဖြစ်ဖြစ်ရိုက်တာကဘယ်လိုပြောရမလဲ သူမနေတတ်ဘူး။”

“နောက်တော့ငယ်လေးဓါတ်ပုံသွားရိုက်တဲ့နေရာမှာသူရှိနေတော့စကားပြောဖြစ်တယ်။”အားရှောင်လို့ခုလိုသူများတွေအားရှောင်ကိုvideoတွေရိုက်liveတွေတင်တာဘယ်လိုခံစားရလဲ”မေးတော့သူမျက်ရည်ဝဲဝဲလေးနဲ့ပြန်ဖြေရှာတယ်”မပျော်ဘူးအဲ့လိုတွေဟာသလိုစနောက်တာ”သူဝမ်းနည်းတာခံစားမိတယ် သူမကြိုက်ဘူးတဲ့။”

“ငယ်လေးလဲသူ့ကိုliveရိုက်မိတဲ့အတွက်တောင်းပန်လိုက်ပါတယ်။အထင်မလွဲပါနဲ့နော်ဟာသသဘောနဲ့ရိုက်တာလုံးဝမဟုတ်ပါဘူးလို့ပြောပြီးliveဖျက်ပေးလိုက်တယ်ပြီးတော့သူ့ကိုပျော်အောင်စကားတွေပြောပေးပြီးသူပြုံးနေတာလေးကြည့်ရင်းပီတိဖြစ်မိတယ်။ သူကပြောသေးတာ အားရှောင်က မပြုံးတတ်ဘူးတဲ့ ကြည့်ပါအုံးအဲ့လောက်ချစ်ဖို့ကောင်းတာ။” ဆိုပြီး ငဲငယ်လေးက ပြောပြထားပါတယ်။

ဈေးသည်မမက တမင်တကာ ဟာသဖြစ်အောင် ပြောနေတာမဟုတ်ပဲ အဲ့ဒါက သူမရဲ့ အားနည်းချက်တစ်ခုလို ဖြစ်နေတာပါ။ လူတွေက သူမရဲ့ အားနည်းချက်ကို ရယ်မောလှောင်ပြောင်ကြတဲ့အခါ သူမအနေနဲ့ မပျော်တော့တဲ့ အကြောင်းကို ရိုးရိုးသားသား ဝန်ခံခဲ့တာ စိတ်မကောင်းစရာပါပဲနော်။


ဖိုးသူတော်(www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top