ကိုယ္အဆင္မေျပတာ ကိုယ္ခံစားရတာ ကိုယ့္ဒုကၡဆိုတာလူသိရွင္ၾကား ရင္ဖြင့္ျပရမွာမဟုတ္ဘူး..
အထူးသျဖင့္ အင္တာနက္စာမ်က္ႏွာေပၚမွာ ရင္ဖြင့္ျပတာမ်ိဳးေပါ႔..ကိုယ့္ဒုကၡကို အမ်ားသိသြားေတာ့လည္းဒုကၡက ယုတ္ေလ်ာ့သြားမွာမွမဟုတ္တာ..

လူသိရွင္ၾကား ခံစားျပေပမယ့္စာနာသနားတဲ့သူက နည္းနည္း က်ိတ္ၿပီး ဝမ္းသာေနမယ့္သူက ပိုမ်ားတယ္..လူဆိုတာ သူမ်ားအေရးထက္ကိုယ့္အေရးကို ဦးစားေပးတာက မ်ားတယ္..
တစ္ခါတစ္ခါ ကိုယ့္ခံစားခ်က္ကကိုယ့္အားနည္းခ်က္ ျဖစ္သြားတတ္တယ္..

ခံစားခ်က္ကို နားလည္ေပးႏိုင္တဲ့သူကကိုယ့္ကို အားေပးတတ္ေပမယ့္ ခံစားခ်က္ကို အျပစ္ျမင္ေန တဲ့သူကေတာ့ ဖိစရာလက္နက္တစ္ခုအျဖစ္ အသုံးခ်သြားတတ္တယ္..သူမ်ားဆိုတာ ကိုယ္ထင္သလို ကိုယ့္အပူကိုေဖးမကူမယ့္သူခ်ည္းေတာ့ မဟုတ္ၾကဘူးေလ..

တစ္ကယ္ေတာ့ ဘဝမွာ ကိုယ့္ဒုကၡ ကိုယ္ေလ်ွာ့ကိုယ့္ေသာက ကိုယ္ေျဖမွ ေျပတာပါ..
လူသိရွင္ၾကား ရင္ဖြင့္မယ့္အစားကိုယ့္တရားနဲ႔ကိုယ္ေန ကိုယ့္အေျခအေန ကိုယ္ဆင္ျခင္ၿပီး
အေၾကာင္းေၾကာင့္ အက်ိဳးျဖစ္လာတဲ့သေဘာမွာအဆိုးေတြ ထပ္မေရာေအာင္ သတိျပဳဆင္ျခင္ဖို႔ပဲမဟုတ္လား..

ကိုယ့္ေခါင္း မီးေလာင္ေနရင္ အဲဒီမီးကိုကိုယ္ကိုယ္တိုင္ပဲ အရင္ၿငိမ္းရမွာေပါ႔..မၿငိမ္းပဲ ေလာင္ေနတဲ့ေခါင္းကို သူမ်ားလိုက္ျပေနေတာ့အပူက ဘယ္သက္သာမွာလဲ..ဒါေၾကာင့္ ကိုယ့္အထုပ္ ကိုယ္သိပ္ျဖည္မေနနဲ႔..

ဘယ္သူမွ ေျဖဆည္ရာေပးမွာ မဟုတ္ဘူး..သူ႔ဒုကၡနဲ႔သူ ရႈတ္ေနၾကတာ..သူမ်ားဆိုတာ သနားေပးရံုေလာက္ပဲ..ကိုယ့္အရႈပ္ ကိုယ္ရွင္း ကိုယ့္ဒုကၡ ကိုယ္ျဖည္တရားနဲ႔ေျဖတာ အေကာင္းဆုံးပဲ..

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မနာပဒါယီ အရွင္ဝိစိတၱ
# Unicode Version # ျဖင့္ ဖတ္ပါ #


ကိုယ်အဆင်မပြေတာ ကိုယ်ခံစားရတာ ကိုယ့်ဒုက္ခဆိုတာလူသိရှင်ကြား ရင်ဖွင့်ပြရမှာမဟုတ်ဘူး..
အထူးသဖြင့် အင်တာနက်စာမျက်နှာပေါ်မှာ ရင်ဖွင့်ပြတာမျိုးပေါ့..ကိုယ့်ဒုက္ခကို အများသိသွားတော့လည်းဒုက္ခက ယုတ်လျော့သွားမှာမှမဟုတ်တာ..

လူသိရှင်ကြား ခံစားပြပေမယ့်စာနာသနားတဲ့သူက နည်းနည်း ကျိတ်ပြီး ဝမ်းသာနေမယ့်သူက ပိုများတယ်..လူဆိုတာ သူများအရေးထက်ကိုယ့်အရေးကို ဦးစားပေးတာက များတယ်..
တစ်ခါတစ်ခါ ကိုယ့်ခံစားချက်ကကိုယ့်အားနည်းချက် ဖြစ်သွားတတ်တယ်..

ခံစားချက်ကို နားလည်ပေးနိုင်တဲ့သူကကိုယ့်ကို အားပေးတတ်ပေမယ့် ခံစားချက်ကို အပြစ်မြင်နေ တဲ့သူကတော့ ဖိစရာလက်နက်တစ်ခုအဖြစ် အသုံးချသွားတတ်တယ်..သူများဆိုတာ ကိုယ်ထင်သလို ကိုယ့်အပူကိုဖေးမကူမယ့်သူချည်းတော့ မဟုတ်ကြဘူးလေ..

တစ်ကယ်တော့ ဘဝမှာ ကိုယ့်ဒုက္ခ ကိုယ်လျှော့ကိုယ့်သောက ကိုယ်ဖြေမှ ပြေတာပါ..
လူသိရှင်ကြား ရင်ဖွင့်မယ့်အစားကိုယ့်တရားနဲ့ကိုယ်နေ ကိုယ့်အခြေအနေ ကိုယ်ဆင်ခြင်ပြီး
အကြောင်းကြောင့် အကျိုးဖြစ်လာတဲ့သဘောမှာအဆိုးတွေ ထပ်မရောအောင် သတိပြုဆင်ခြင်ဖို့ပဲမဟုတ်လား..

ကိုယ့်ခေါင်း မီးလောင်နေရင် အဲဒီမီးကိုကိုယ်ကိုယ်တိုင်ပဲ အရင်ငြိမ်းရမှာပေါ့..မငြိမ်းပဲ လောင်နေတဲ့ခေါင်းကို သူများလိုက်ပြနေတော့အပူက ဘယ်သက်သာမှာလဲ..ဒါကြောင့် ကိုယ့်အထုပ် ကိုယ်သိပ်ဖြည်မနေနဲ့..

ဘယ်သူမှ ဖြေဆည်ရာပေးမှာ မဟုတ်ဘူး..သူ့ဒုက္ခနဲ့သူ ရှုတ်နေကြတာ..သူများဆိုတာ သနားပေးရုံလောက်ပဲ..ကိုယ့်အရှုပ် ကိုယ်ရှင်း ကိုယ့်ဒုက္ခ ကိုယ်ဖြည်တရားနဲ့ဖြေတာ အကောင်းဆုံးပဲ..

ဖိုးသူတော် (www.phothutaw.com)
Credit:မနာပဒါယီ အရှင်ဝိစိတ္တ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top