ေတာင္ႀကီးၿမိဳ႕၊ ျမင္းျဖဴႏွစ္ေကာင္ေဆးတုိက္ ေလးေလာင္းၿပဳိင္လူသတ္မႈတြင္ ေသဆံုးခဲ့သူမ်ား၏ နာေရးကို လူႏွစ္ေထာင္ေက်ာ္ လိုက္လံပုိ႔ေဆာင္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

ဧၿပီ ၃၀ ရက္ ေန႔လည္ပုိင္း ၁၂ နာရီခဲြတြင္ ေတာင္ႀကီးၿမိဳ႕ စ၀္စံထြန္းေဆးရံုႀကီး ရင္ခဲြရံုမွ အေလာင္းမ်ားကို နာေရးကူညီမႈအသင္း ယာဥ္ေလးစီးျဖင့္ လာေရာက္သယ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး၊ ေဆးရံုတြင္ လူဦးေရ ေထာင္ႏွင့္ခ်ီ၍ လာေရာက္ၾကည့္ရွဳခဲ့ၾကသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီး တစ္ေလွ်ာက္တြင္လည္း နာေရးကို ၾကည့္ရွဳသူမ်ားျပားခဲ့ၿပီး၊ အခ်ဳိ႕မွာ စိတ္မေကာင္းသျဖင့္ ငိုယုိသည့္ ျပည္သူလူထုမ်ားကုိလည္း ျမင္ေတ႔ြရသည္။ ေန႔လည္ပုိင္း ၂ နာရီအခ်ိန္တြင္ ေတာင္ႀကီးၿမိဳ႕၊ တုိင္းရင္းသားေပါင္းစံု သုႆာန္ေရာက္ရွိခဲ့ၿပီး၊ အေလာင္းမ်ားကို ျပင္ဆင္ၿပီး၊ ဆရာေတာ္ သံဃာေတာ္ ၁၆ ပါး တုိ႔ျဖင့္ သရဏဂံုတင္ျခင္း၊ ဘုရားရွစ္ခုိးကန္ေတာ့ျခင္းႏွင့္ အသုဘကမၼဌာန္းရွဳခဲ့ၾကၿပီး၊ တက္ေရာက္လာသူမ်ားမွ အတူတကြ တရားေတာ္နာယူခဲ့ၾကသည္။

ဧၿပီ ၂၈ ရက္နံနက္တြင္ ျမင္းျဖဴႏွစ္ေကာင္ေဆးတိုက္ေနအိမ္တြင္ အလုပ္လုပ္ရန္ လာေရာက္သည့္အမ်ဳိးသမီးတစ္ဦးမွ အသတ္ခံထားရသည့္ အေလာင္းမ်ားကို စတင္ေတြ႕ရိွခဲ့ျခင္းျဖစ္သည္။ အသတ္ခံရသူမ်ားမွာ စုိင္းေဆမြန္း၊ နန္းခမ္းလႈိင္၊ ေမာင္ဖဖ (၇) လႏွင့္ အိမ္ေဖာ္မေအးမိုး (၁၇ ႏွစ္) တို႔ ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ကနဦးသိရသည္။ ျဖစ္စဥ္တြင္ က်ဴးလြန္သူမ်ားကို လက္ရိွအခ်ိန္အထိ ဖမ္းဆီးရမိျခင္းမရိွေသးဘဲ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးလ်က္ရိွေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: စည္သာ(ေတာင္ႀကီး)

#Unicode Version#
တောင်ကြီးမြို့၊ မြင်းဖြူနှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင်လူသတ်မှုတွင် သေဆုံးခဲ့သူများ၏ နာရေးကို လူနှစ်ထောင်ကျော် လိုက်လံပို့ဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဧပြီ ၃၀ ရက် နေ့လည်ပိုင်း ၁၂ နာရီခွဲတွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီး ရင်ခွဲရုံမှ အလောင်းများကို နာရေးကူညီမှုအသင်း ယာဉ်လေးစီးဖြင့် လာရောက်သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ဆေးရုံတွင် လူဦးရေ ထောင်နှင့်ချီ၍ လာရောက်ကြည့်ရှုခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျှောက်တွင်လည်း နာရေးကို ကြည့်ရှုသူများပြားခဲ့ပြီး၊ အချို့မှာ စိတ်မကောင်းသဖြင့် ငိုယိုသည့် ပြည်သူလူထုများကိုလည်း မြင်တေ့ွရသည်။ နေ့လည်ပိုင်း ၂ နာရီအချိန်တွင် တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံ သုဿာန်ရောက်ရှိခဲ့ပြီး၊ အလောင်းများကို ပြင်ဆင်ပြီး၊ ဆရာတော် သံဃာတော် ၁၆ ပါး တို့ဖြင့် သရဏဂုံတင်ခြင်း၊ ဘုရားရှစ်ခိုးကန်တော့ခြင်းနှင့် အသုဘကမ္မဌာန်းရှုခဲ့ကြပြီး၊ တက်ရောက်လာသူများမှ အတူတကွ တရားတော်နာယူခဲ့ကြသည်။

ဧပြီ ၂၈ ရက်နံနက်တွင် မြင်းဖြူနှစ်ကောင်ဆေးတိုက်နေအိမ်တွင် အလုပ်လုပ်ရန် လာရောက်သည့်အမျိုးသမီးတစ်ဦးမှ အသတ်ခံထားရသည့် အလောင်းများကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အသတ်ခံရသူများမှာ စိုင်းဆေမွန်း၊ နန်းခမ်းလှိုင်၊ မောင်ဖဖ (၇) လနှင့် အိမ်ဖော်မအေးမိုး (၁၇ နှစ်) တို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ကနဦးသိရသည်။ ဖြစ်စဉ်တွင် ကျူးလွန်သူများကို လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit: စည်သာ(တောင်ကြီး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top