8.4.2019 နံနက္(9:30)ခန္႔ ေမာ္လျမိဳင္ျမိဳ႕ စမ္းႀကီးလမ္းဝ မုဒုံ-ေမာ္လျမိဳင္သြား လမ္းမႀကီးေပၚတြင္ ဆိုင္ကယ္ ၂စီး အုတ္ကား စက္ရုပ္ ကားတို႔ ၄ ပြင္႔ဆိုင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ႔ျပီး လူ ၂ဦး ပြဲခ်င္းျပီး ေသဆုံး ခဲ႔မႈ ျဖစ္ပြားခဲ႔ပါသည္။

ျဖစ္စဥ္အၾကမ္းဖ်ဥ္းကေတာ႔ အုတ္ကားနဲ႔ စက္ရုပ္တို႔နဲ႔ မသက္ဆိုင္ပါဘူး။ ဆိုင္ကယ္ ၂စီး တိုက္ရာကေန ျဖစ္ပြားခဲ႔တာပါ။ ေသဆုံးသူ ႏွစ္ဦးစီးလာသည္႔ ဆိုင္ကယ္မွာ မုဒုံ-ေမာ္လျမိဳင္ လမ္းမႀကီးအတိုင္း ေမာင္းႏွင္လာစဥ္ လားရာတူ ေမာင္းႏွင္လာသည္႔ ဆိုင္ကယ္တစ္စီးမွ လမ္းမႀကီးေဘးဘက္မွ အလယ္တကြက္ထဲ ခင္းထားသည္႔

လမ္းေကာင္းသည္႔သည္႔ လမ္းလယ္သို႔ေမာင္းတက္စဥ္ လမ္းမႀကီးအတိုင္း ေသဆုံးသူမ်ား ေမာင္းႏွင္းလာသည္႔ ဆိုင္ကယ္ကို ဝင္တိုက္မိသြားျပီး ဆိုင္ကယ္တိမ္းေမွာက္ လြင္႔ထြက္ကာ ရရွိေသာ ဒဏ္ရာမ်ားႏွင္႔ ေသဆုံးခဲ႔ရျခင္း ျဖစ္သည္ဟု ပတ္ဝန္းက်င္ မ်က္ျမင္မ်ား ေျပာျပခ်က္အရ သိရပါသည္။

ဝင္တိုက္သည္႕ ဆိုင္ကယ္ကေတာ႔ အားလုံးေအာ္ဟစ္ တားဆီးသည္႔ၾကားမွ ေမာင္းေျပးသြားသည္ဟု သိရပါသည္။

အဓိကကေတာ႔ လမ္းခင္းပုံစံမက်သည္႔ အလယ္တကြက္တည္း ခင္းထားသည္႔ ေမာ္လျမိဳင္-မုဒုံအေဝးေျပး လမ္းမႀကီးမွာ လမ္းေကာင္း သည္႔ လမ္းေပၚသို႔ တက္လုေမာင္းရာမွ တိုက္မိရျခင္းျဖစ္ပါသည္။

အုတ္ကားနဲ႔ စက္ရုပ္ကေတာ႔ ဆိုင္ကယ္တိမ္းေမွာက္မႈျဖစ္၍ ေမာ္လျမိဳင္မွ မုဒုံဘက္သို႔ ေမာင္းလာသည္႔ အုတ္ကားထဲ ဝင္လာသျဖင္႔ အုတ္ကားမွ မတိုက္မိေအာင္ လမ္းေဘးဆြဲခ်လိုက္ရာမွ လမ္းေဘး၌ လက္ဖက္ရည္ေသာက္ ရပ္တန္႔ထားေသာ စက္ရုပ္ ကားအား ဝင္ခ်ိတ္မိျခင္း ျဖစ္ပါသည္။

ျဖစ္စဥ္ေၾကာင္႔ ဆိုင္ကယ္မွ အမ်ိဳးသား ၂ဦး ပြဲခ်င္းျပီးေသဆုံးခဲ႔ရျပီး ေသဆုံးသူ DB မ်ားအား ေမာ္လျမိဳင္ RESCUE လူမႈကယ္ဆယ္ေရး အဖြဲ႔မွ သယ္ေဆာင္ေပး၍ ေဆးရုံႀကီး OPD မွတဆင္႔ ရင္ခြဲရုံသို႔ ပို႔ေဆာင္ကူညီ ေပးခဲ႔ျပီး လမ္းမႀကီးေပၚ ေပက်န္ရစ္ေနေသာ ေသြးကြက္မ်ားကိုလည္း သန္႔ရွင္း ရွင္းလင္းေဆာင္ရြက္ေပးခဲ႔ပါသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Zin Moe

#Unicode Version#
8.4.2019 နံနက်(9:30)ခန့် မော်လမြိုင်မြို့ စမ်းကြီးလမ်းဝ မုဒုံ-မော်လမြိုင်သွား လမ်းမကြီးပေါ်တွင် ဆိုင်ကယ် ၂စီး အုတ်ကား စက်ရုပ် ကားတို့ ၄ ပွင့်ဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၂ဦး ပွဲချင်းပြီး သေဆုံး ခဲ့မှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်အကြမ်းဖျဉ်းကတော့ အုတ်ကားနဲ့ စက်ရုပ်တို့နဲ့ မသက်ဆိုင်ပါဘူး။ ဆိုင်ကယ် ၂စီး တိုက်ရာကနေ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူ နှစ်ဦးစီးလာသည့် ဆိုင်ကယ်မှာ မုဒုံ-မော်လမြိုင် လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် လားရာတူ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးမှ လမ်းမကြီးဘေးဘက်မှ အလယ်တကွက်ထဲ ခင်းထားသည့်

လမ်းကောင်းသည့်သည့် လမ်းလယ်သို့မောင်းတက်စဉ် လမ်းမကြီးအတိုင်း သေဆုံးသူများ မောင်းနှင်းလာသည့် ဆိုင်ကယ်ကို ဝင်တိုက်မိသွားပြီး ဆိုင်ကယ်တိမ်းမှောက် လွင့်ထွက်ကာ ရရှိသော ဒဏ်ရာများနှင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ပတ်ဝန်းကျင် မျက်မြင်များ ပြောပြချက်အရ သိရပါသည်။

ဝင်တိုက်သည့် ဆိုင်ကယ်ကတော့ အားလုံးအော်ဟစ် တားဆီးသည့်ကြားမှ မောင်းပြေးသွားသည်ဟု သိရပါသည်။

အဓိကကတော့ လမ်းခင်းပုံစံမကျသည့် အလယ်တကွက်တည်း ခင်းထားသည့် မော်လမြိုင်-မုဒုံအဝေးပြေး လမ်းမကြီးမှာ လမ်းကောင်း သည့် လမ်းပေါ်သို့ တက်လုမောင်းရာမှ တိုက်မိရခြင်းဖြစ်ပါသည်။

အုတ်ကားနဲ့ စက်ရုပ်ကတော့ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်၍ မော်လမြိုင်မှ မုဒုံဘက်သို့ မောင်းလာသည့် အုတ်ကားထဲ ဝင်လာသဖြင့် အုတ်ကားမှ မတိုက်မိအောင် လမ်းဘေးဆွဲချလိုက်ရာမှ လမ်းဘေး၌ လက်ဖက်ရည်သောက် ရပ်တန့်ထားသော စက်ရုပ် ကားအား ဝင်ချိတ်မိခြင်း ဖြစ်ပါသည်။

ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မှ အမျိုးသား ၂ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး သေဆုံးသူ DB များအား မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေး အဖွဲ့မှ သယ်ဆောင်ပေး၍ ဆေးရုံကြီး OPD မှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ပြီး လမ်းမကြီးပေါ် ပေကျန်ရစ်နေသော သွေးကွက်များကိုလည်း သန့်ရှင်း ရှင်းလင်းဆောင်ရွက်ပေးခဲ့ပါသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:Zin Moe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top