မေကြးတိုင္းေဒသႀကီးအတြင္း ဧၿပီ ၆ ရက္ကတည္းက စတင္တိုက္ခတ္ခဲ့သည့္ ေလျပင္းေၾကာင့္ အိမ္ေျခေပါင္း ၄၀၀ နီးပါးပ်က္စီးခဲ့ေၾကာင္း ယင္းတိုင္းေဘး အႏၲရာယ္စီမံခန္႔ခြဲမႈဦးစီးဌာနထံမွ သိရသည္။

ေလျပင္းတိုက္ခတ္ခဲ့မႈေၾကာင့္ ပခုကၠဴခ႐ိုင္အတြင္းရွိ ပခုကၠဴၿမိဳ႕နယ္ ေက်း႐ြာ ၁၀ ႐ြာမွ အိမ္ေျခ ၇၂ အိမ္၊ ၿမိဳင္ၿမိဳ႕နယ္ေက်း႐ြာ ၈ ႐ြာမွ အိမ္ေျခ ၁၅၇၊ ေပါက္ၿမိဳ႕နယ္ ေက်း႐ြာ ၁၈ ႐ြာမွ အိမ္ေျခေပါင္း ၁၂၇ ႏွင့္ သရက္ခ႐ိုင္အတြင္းရွိ မင္းတုန္းၿမိဳ႕နယ္ တြင္လည္း အိမ္ေျခ ၂၈ လံုး ပ်က္စီးခဲ့သည္။

ပ်က္စီးဆံုး႐ံႈးခဲ့သည့္ ေနအိမ္မ်ားအတြက္ ပခုကၠဴခ႐ိုင္ေဘးအႏၲရာယ္စီမံခန္႔ခြဲမႈဦးစီးဌာနက ၿပိဳက်သည့္ေနအိမ္ တစ္လံုးလွ်င္ က်ပ္တစ္သိန္းႏႈန္းျဖင့္ အမိုးလန္သည့္ေနအိမ္မ်ားအတြက္ ပ်က္စီးမႈအတိုင္းျပန္လည္ပံ့ပိုးေပးခဲ့သည္။

“ပံ့ပိုးေနတာ လံုေလာက္မႈေတာ့ မရွိႏိုင္ဘူးေလ။ ဘာလို႔လဲဆိုေတာ့ သြပ္မိုးထရံကာအိမ္တစ္လံုးၿပိဳက်မွ ႏိုင္ငံေတာ္က တစ္သိန္းပဲေထာက္ပံ့တာ။ တိုက္အိမ္ဆိုရင္ ႏွစ္သိန္းေပါ့။ ၿပီးျပည့္စံုေအာင္ေတာ့ မေထာက္ပံ့ႏိုင္ပါဘူး။ လတ္တေလာ သက္သာေခ်ာင္ခ်ိေရးအတြက္ ကူညီတာပါ”ဟု ပခုကၠဴခ႐ိုင္ ေဘးအႏၲရာယ္စီမံခန္႔ခြဲမႈဦးစီးဌာနမွ လက္/ေထာက္ၫႊန္ၾကားေရးမွဴး ဦးေနဝင္းက ေျပာၾကားသည္။

ေလျပင္းတိုက္ခတ္မႈေၾကာင့္ ပ်က္စီးဆံုး႐ံႈးမႈမ်ားကို ေဘးအႏၲရာယ္စီမံခန္႔ခြဲမႈဦးစီးဌာနက ကူညီေထာက္ပံ့ေပးရာတြင္ လူေနအိမ္မ်ားအတြက္သာ ပါဝင္ၿပီး ဘုန္းႀကီးေက်ာင္း၊ စာသင္ေက်ာင္း၊ မီးဖိုေခ်ာင္ႏွင့္ တိရစၧာန္တဲမ်ားမပါဝင္ေၾကာင္း ၎က ဆိုသည္။

ထိုသို႔ေလျပင္းမ်ား တိုက္ခတ္မႈေၾကာင့္ ပခုကၠဴခ႐ိုင္တြင္ ေလေဘးသင့္ လူဦးေရ ၁၆၆၉ ဦးရွိခဲ့ၿပီး ၎တို႔အတြက္ ေဘးအႏၲရာယ္စီမံခန္႔ခြဲမႈ ဦးစီးဌာနက ဆန္ဖိုးက်ပ္ ၃၅ သိန္းေက်ာ္ႏွင့္ အိမ္ေဆာက္ပစၥည္းဖိုး က်ပ္ ၁၅၀ သိန္းခန္႔ ေထာက္ပံ့ကူညီခဲ့သည္။

ၿမိဳင္ၿမိဳ႕နယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္ႏိုင္က “ဆံုး႐ံႈးမႈေတြ အရမ္းမမ်ားလို႔ အစိုးရအဖြဲ႔ဆီကေန အကူအညီေတာင္းဖို႔ အစီအစဥ္မရွိေသးဘူး။ လက္လွမ္းမီသေလာက္ ကိုယ္ႏိုင္တဲ့ ဘက္ကေနလုပ္ေနတယ္။ ေလေဘးသင့္ ျပည္သူေတြအေနနဲ႔လည္း သူတို႔ဆံုး႐ံႈးမႈရဲ႕ သံုးပံုတစ္ပံုေလာက္ေတာ့ ျပန္ရမွာပါ”ဟု ဆိုသည္။

သရက္ခ႐ိုင္၊ မင္းတုန္းၿမိဳ႕နယ္တြင္လည္း ဧၿပီ ၁၈ ရက္ ညေနပိုင္းက ေလျပင္း တိုက္ခတ္မႈေၾကာင့္ လူေနအိမ္ ၂၈ လံုး၊ စာသင္ေက်ာင္း ၂ ခု ပ်က္စီးခဲ့ရာ ေနအိမ္ ၿပိဳက်ပ်က္စီးခဲ့ၿပီး ျပန္လည္မတည္ေဆာက္ႏိုင္ေသာ ဆင္းရဲႏြမ္းပါးသည့္ အိမ္ပိုင္ရွင္ႏွစ္ဦးအတြက္ ေဘးအႏၲရာယ္ဆိုင္ရာ သီးျခားရန္ပံုေငြမ်ားထဲမွ က်ပ္ ၃ သိန္းေထာက္ပံ့ထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoicemyanmar

#Unicode Version#
မကွေးတိုင်းဒေသကြီးအတွင်း ဧပြီ ၆ ရက်ကတည်းက စတင်တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် အိမ်ခြေပေါင်း ၄၀၀ နီးပါးပျက်စီးခဲ့ကြောင်း ယင်းတိုင်းဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့နယ် ကျေးရွာ ၁၀ ရွာမှ အိမ်ခြေ ၇၂ အိမ်၊ မြိုင်မြို့နယ်ကျေးရွာ ၈ ရွာမှ အိမ်ခြေ ၁၅၇၊ ပေါက်မြို့နယ် ကျေးရွာ ၁၈ ရွာမှ အိမ်ခြေပေါင်း ၁၂၇ နှင့် သရက်ခရိုင်အတွင်းရှိ မင်းတုန်းမြို့နယ် တွင်လည်း အိမ်ခြေ ၂၈ လုံး ပျက်စီးခဲ့သည်။

ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ပခုက္ကူခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ပြိုကျသည့်နေအိမ် တစ်လုံးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် အမိုးလန်သည့်နေအိမ်များအတွက် ပျက်စီးမှုအတိုင်းပြန်လည်ပံ့ပိုးပေးခဲ့သည်။

“ပံ့ပိုးနေတာ လုံလောက်မှုတော့ မရှိနိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ သွပ်မိုးထရံကာအိမ်တစ်လုံးပြိုကျမှ နိုင်ငံတော်က တစ်သိန်းပဲထောက်ပံ့တာ။ တိုက်အိမ်ဆိုရင် နှစ်သိန်းပေါ့။ ပြီးပြည့်စုံအောင်တော့ မထောက်ပံ့နိုင်ပါဘူး။ လတ်တလော သက်သာချောင်ချိရေးအတွက် ကူညီတာပါ”ဟု ပခုက္ကူခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်/ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောကြားသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ကူညီထောက်ပံ့ပေးရာတွင် လူနေအိမ်များအတွက်သာ ပါဝင်ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ မီးဖိုချောင်နှင့် တိရစ္ဆာန်တဲများမပါဝင်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့လေပြင်းများ တိုက်ခတ်မှုကြောင့် ပခုက္ကူခရိုင်တွင် လေဘေးသင့် လူဦးရေ ၁၆၆၉ ဦးရှိခဲ့ပြီး ၎င်းတို့အတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက ဆန်ဖိုးကျပ် ၃၅ သိန်းကျော်နှင့် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၁၅၀ သိန်းခန့် ထောက်ပံ့ကူညီခဲ့သည်။

မြိုင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က “ဆုံးရှုံးမှုတွေ အရမ်းမများလို့ အစိုးရအဖွဲ့ဆီကနေ အကူအညီတောင်းဖို့ အစီအစဉ်မရှိသေးဘူး။ လက်လှမ်းမီသလောက် ကိုယ်နိုင်တဲ့ ဘက်ကနေလုပ်နေတယ်။ လေဘေးသင့် ပြည်သူတွေအနေနဲ့လည်း သူတို့ဆုံးရှုံးမှုရဲ့ သုံးပုံတစ်ပုံလောက်တော့ ပြန်ရမှာပါ”ဟု ဆိုသည်။

သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင်လည်း ဧပြီ ၁၈ ရက် ညနေပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၈ လုံး၊ စာသင်ကျောင်း ၂ ခု ပျက်စီးခဲ့ရာ နေအိမ် ပြိုကျပျက်စီးခဲ့ပြီး ပြန်လည်မတည်ဆောက်နိုင်သော ဆင်းရဲနွမ်းပါးသည့် အိမ်ပိုင်ရှင်နှစ်ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာ သီးခြားရန်ပုံငွေများထဲမှ ကျပ် ၃ သိန်းထောက်ပံ့ထားသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top