ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×


စႏၵီျမင့္လြင္က ခင္ပြန္းျဖစ္သူနဲ႔ ရုပ္ခ်င္းဆင္ၿပီး သူမလုိ ခ်စ္စရာေကာင္းတဲ့သမီးေလး လုိခ်င္ပါတယ္တဲ့။ သမီးေလးအတြက္ ရင္ထဲမွာရွိတဲ့ ေမွ်ာ္လင့္ခ်က္ေလးကုိလည္း ပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။

စႏၵီျမင့္လြင္က မၾကာခင္ေမြးလာမယ့္ သမီးေလးကုိ ခင္ပြန္းျဖစ္သူနဲ႔ တူေစခ်င္တယ္လုိ႔ ဆုိပါတယ္။ သူမရဲ႕ ကုိယ္ဝန္ကေတာ့ အခုဆုိရင္ ၆ လရွိေနၿပီလုိ႔ မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ေျပာျပလာပါတယ္။

‘’ဗုိက္က အခုဆုိ ၆ လထဲေရာက္ေနပါၿပီ။ သမီးေလးကုိ သူန႔ဲအရပ္အေမာင္းေလးတူ၊ သူ႔လုိမ်ဳိး မ်က္ခုံး မ်က္လုံးတူၿပီး ကုိယ့္လုိ ခ်စ္စရာေကာင္းေစခ်င္တယ္။ ကုိယ္ဝန္ရွိတဲ့အခ်ိန္က အကုန္လုံးကုိ ညာစားလုိ႔ရတဲ့အခ်ိန္ပဲ။ ဒီအခ်ိန္မွာ ေယာက်္ားေရာ၊ မိဘေတြေရာ အရမ္းဂရုစိုက္ၾကတယ္။ ဘုရင္မႀကီးလုိ မေနဘူး၊ အရမ္းလည္းဗုိလ္မက်ဘူး။ ၿပီးရင္ အကုန္လုံးက ကေလးဆီေရာက္သြားမွာေလ”လုိ႔ သူကဆုိပါတယ္။

အဲဒီေနာက္ ကုိယ္ဝန္ရင့္လာတာနဲ႔အမွ် သမီးေလးအေပၚထားတဲ့ သူမရဲ႕ ေမွ်ာ္လင့္ခ်က္ကုိလည္း Star Awards ဆုေပးပြဲကုိတက္ရင္း ေျပာျပခဲ့ပါေသးတယ္။



‘’ ကုိယ္ေမြးလာတဲ့ သားသမီးဆုိေတာ့ အဓိက က က်န္းမာေရးေကာင္းဖုိ႔၊ ျပည့္ျပည့္စုံစုံရွိဖုိ႔ ေမွ်ာ္လင့္ပါတယ္။ ခ်စ္စရာေကာင္းေတာ့လည္း သူ႔ကံေပါ့ေလ။ အရမ္းေခ်ာသြားရင္လည္း သူ႔ကုသုိလ္ကံေလးေပါ့’’ ဆုိၿပီးေတာ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေျဖဆိုေပးခဲ့ပါတယ္။

စႏၵီျမင့္လြင္က မၾကာခင္ရက္ပုိင္းမွာ သားဦးေလးေမြးဖြားေတာ့မယ့္ သူငယ္ခ်င္းျဖစ္သူ နန္းျမတ္ၿဖဳိးသင္း ကုိလည္း ခမည္းခမက္ေတာ္ခ်င္တဲ့အေၾကာင္း စေနာက္ခဲ့ပါေသးတယ္တဲ့။

‘’ နန္းျမတ္က သားေလးဆုိေတာ့ သားမက္ေတာ္မယ္ဆုိၿပီးေတာ့ ေနာက္ေနတာ။ လကလည္း သိပ္မကြာဘူးေလ။ အခု သူတို႔က ေမြးေတာ့မွာဆုိေတာ့ ၃ လ ၄ လေလာက္ကြာတာေပါ့။ ကိုယ္က သမီးရွင္ဆုိေတာ့ သူတုိ႔ကုိ အမ်ဳိးေတာ္မယ္ေပါ့။ ခမည္းခမက္ေတာ္မယ္ေပါ့။ အဲဒီလုိေလးေျပာထားတာပါ။ မတင္ဇာမုိးဝင္းဆုိရင္လည္း သူကသားေလးေလ တစ္ပတ္ပဲကြာတယ္’’

စႏၵီျမင့္လြင္က သမီးေလးကုိ ပန္းလႈိင္ေဆးရုံနဲ႔ Grand Hanthar ေဆးရုံ ႏွစ္ခုထဲက တစ္ခုမွာ ေမြးမယ္လုိ႔ဆုိပါတယ္။ သူမရဲ႕ ရင္ေသြးေလးကုိ သမီးေလး လုိ႔ သိလုိက္ရတဲ့အခ်ိန္မွာလည္း မ်က္ရည္က်ရတဲ့အထိ အရမ္းေပ်ာ္ၿပီး ငုိခဲ့ရတာကလည္း စႏၵီျမင့္လြင္ျဖစ္ပါတယ္။ ဒီသမီးေလးကုိေတာ့ သူ အရမ္းလုိခ်င္ခဲ့တာပါလုိ႔လည္း မီဒီယာ အင္တာဗ်ဴးေတြမွာေျဖဆုိခဲ့ဖူးပါတယ္။



 စႏၵီျမင့္လြင္ကုိေတာ့ Hip Hop အဆိုေတာ္ Rapper မေလး စႏၵီျမင့္လြင္အျဖစ္ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ေဆးေရာင္လွလွျခယ္ရေအာင္ ဆုိတဲ့ တစ္ကုိယ္ေတာ္အေခြနဲ႔ ပရိသတ္အခ်စ္ကုိ ဖမ္းစားႏုိင္ခဲ့သူေလးပါ။

 ေနာက္ထပ္လည္း Queen ၊ ကလီယုိပါထရာ ၊ Papi ဆုိတဲ့ တစ္ကုိယ္ေတာ္အေခြ ေတြလည္း ထြက္ရွိခဲ့ပါေသးတယ္။ ခင္ပြန္းျဖစ္သူ ကုိသီဟလြင္နဲ႔ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က ႏုိဗုိတယ္ဟုိတယ္မွာ မဂၤလာပြဲက်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူနဲ့ ရုပ်ချင်းဆင်ပြီး သူမလို ချစ်စရာကောင်းတဲ့သမီးလေး လိုချင်ပါတယ်တဲ့။ သမီးလေးအတွက် ရင်ထဲမှာရှိတဲ့ မျှော်လင့်ချက်လေးကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

စန္ဒီမြင့်လွင်က မကြာခင်မွေးလာမယ့် သမီးလေးကို ခင်ပွန်းဖြစ်သူနဲ့ တူစေချင်တယ်လို့ ဆိုပါတယ်။ သူမရဲ့ ကိုယ်ဝန်ကတော့ အခုဆိုရင် ၆ လရှိနေပြီလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ပြောပြလာပါတယ်။

‘’ဗိုက်က အခုဆို ၆ လထဲရောက်နေပါပြီ။ သမီးလေးကို သူနဲ့အရပ်အမောင်းလေးတူ၊ သူ့လိုမျိုး မျက်ခုံး မျက်လုံးတူပြီး ကိုယ့်လို ချစ်စရာကောင်းစေချင်တယ်။ ကိုယ်ဝန်ရှိတဲ့အချိန်က အကုန်လုံးကို ညာစားလို့ရတဲ့အချိန်ပဲ။ ဒီအချိန်မှာ ယောကျ်ားရော၊ မိဘတွေရော အရမ်းဂရုစိုက်ကြတယ်။ ဘုရင်မကြီးလို မနေဘူး၊ အရမ်းလည်းဗိုလ်မကျဘူး။ ပြီးရင် အကုန်လုံးက ကလေးဆီရောက်သွားမှာလေ”လို့ သူကဆိုပါတယ်။

အဲဒီနောက် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ သမီးလေးအပေါ်ထားတဲ့ သူမရဲ့ မျှော်လင့်ချက်ကိုလည်း Star Awards ဆုပေးပွဲကိုတက်ရင်း ပြောပြခဲ့ပါသေးတယ်။

‘’ ကိုယ်မွေးလာတဲ့ သားသမီးဆိုတော့ အဓိက က ကျန်းမာရေးကောင်းဖို့၊ ပြည့်ပြည့်စုံစုံရှိဖို့ မျှော်လင့်ပါတယ်။ ချစ်စရာကောင်းတော့လည်း သူ့ကံပေါ့လေ။ အရမ်းချောသွားရင်လည်း သူ့ကုသိုလ်ကံလေးပေါ့’’ ဆိုပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြေဆိုပေးခဲ့ပါတယ်။


စန္ဒီမြင့်လွင်က မကြာခင်ရက်ပိုင်းမှာ သားဦးလေးမွေးဖွားတော့မယ့် သူငယ်ချင်းဖြစ်သူ နန်းမြတ်ဖြိုးသင်း ကိုလည်း ခမည်းခမက်တော်ချင်တဲ့အကြောင်း စနောက်ခဲ့ပါသေးတယ်တဲ့။

‘’ နန်းမြတ်က သားလေးဆိုတော့ သားမက်တော်မယ်ဆိုပြီးတော့ နောက်နေတာ။ လကလည်း သိပ်မကွာဘူးလေ။ အခု သူတို့က မွေးတော့မှာဆိုတော့ ၃ လ ၄ လလောက်ကွာတာပေါ့။ ကိုယ်က သမီးရှင်ဆိုတော့ သူတို့ကို အမျိုးတော်မယ်ပေါ့။ ခမည်းခမက်တော်မယ်ပေါ့။ အဲဒီလိုလေးပြောထားတာပါ။ မတင်ဇာမိုးဝင်းဆိုရင်လည်း သူကသားလေးလေ တစ်ပတ်ပဲကွာတယ်’’

စန္ဒီမြင့်လွင်က သမီးလေးကို ပန်းလှိုင်ဆေးရုံနဲ့ Grand Hanthar ဆေးရုံ နှစ်ခုထဲက တစ်ခုမှာ မွေးမယ်လို့ဆိုပါတယ်။ သူမရဲ့ ရင်သွေးလေးကို သမီးလေး လို့ သိလိုက်ရတဲ့အချိန်မှာလည်း မျက်ရည်ကျရတဲ့အထိ အရမ်းပျော်ပြီး ငိုခဲ့ရတာကလည်း စန္ဒီမြင့်လွင်ဖြစ်ပါတယ်။ ဒီသမီးလေးကိုတော့ သူ အရမ်းလိုချင်ခဲ့တာပါလို့လည်း မီဒီယာ အင်တာဗျူးတွေမှာဖြေဆိုခဲ့ဖူးပါတယ်။

 စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး စန္ဒီမြင့်လွင်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။

 နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top