Credit: သုတမေ
#Unicode Version# ဖြင့်ဖတ်ပါ ။
ယခင်နှစ်က တစ်နိုင်ငံလုံး ၃၅ % အောင်သော်လဲ … ယခုနှစ်တွေ တစ်နိုင်ငံလုံးအနေဖြင့် ၁၅ % သာအောင်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်…
ယခင်နှစ်များက ၃၆ မှတ် ကို မော်ရေးရှင်းဖြင့် အောင် အောင်ပေးသော်လဲ… ယခုနှစ်တွင် မော်ရေးရှင်းမရှိတော့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်….
ယခုနှစ်တွင် ၃၉ မှတ်ရလျှင်တောင် မအောင်တော့ကြောင်းပြောကြားထားပါတယ်…..
စာစစ်ရုံးတွေကို တင်းကြပ်လိုက်ခြင်းကြောင့် ကျောင်းသား ၁၀၀ တွင် ၁၅ ယောက်ခန့်သာ အောင်မြင်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်…
ပညာရေးဝန်ကြီးဌာနမှရရှိတဲ့ သတင်းအရ ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်များ ယခင်နှစ်ကထက်ပိုမိုကျဆင်းကြောင်း သိရှိရပါတယ်။
အစိုးရပေါ်လစီအတိုင်း အရင်နှစ်များကဲ့သို့ ကုစားမှတ်များ များမပေး ကြောင်းကြားသိရပါတယ်။ ဒီလိုအခြေနေကြောင့် တနိုင်ငံလုံးအောင်ချက်ကျဆင်းရတာဖြစ်ပြီး….
ဂုဏ်ထူးမှတ်များကိုလည်း သေချာစိစစ်တာကြောင့် အရင်နှစ်များကဲ့သို့ ဂုဏ်ထူးအထွက် မများကြောင်းလည်းသိရပါတယ်။
ဒီနှစ်ရန်ကုန်တိုင်းအောင်ချက်မှာ အရင်နှစ်များနဲ့ယှဉ်ရင် သိသိသာသာထိုးကျသွားခဲ့ပြီး ဂုဏ်ထူးရသူဦးရေ သိသိသာသာကျဆင်းသွားတယ်လို့လည်း သိရှိရပါတယ်။
၂၀၁၈ခုနှစ် မတ်လအတွင်းက ကျင်းပ စစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို လာမည့်ဇွန်လ ၂ ရက် ( စနေနေ့ ) နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြထားပါတယ်။
ဝေးလံသောဒေသများအတွက် ပညာရေးဝန်ကြီးဌာနဝက်ဆိုဒ် မှာကြည့်ရှု့နိုင်အောင် စီမံပေးမှာဖြစ်သလို သက်ဆိုင်ရာ ပြည်နယ် ရေဒီယိုများမှလည်း ကြေညာပေးမယ်လို့သိရှိရပါတယ်။
စာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက် ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်းသိရှိရပါတယ်…။
စာကြွင်း ###၂၀၁၈ ခုနှစ် ၏ စာမေးပွဲ ရလဒ်များဖြစ်ပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: သုတမေ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။