ဘဝမွာ အျမဲတမ္း အေကာင္းေရာ အဆိုးေရာ ဒြန္တြဲေနတယ္ဆိုတာ ဗုဒၶဘာသာဝင္တိုင္း နားလည္ထားၾကမွာပါ။ အိမ္ကိစၥလား၊ ေငြေရးေၾကးေရးလား၊ လုပ္ငန္းခြင္စိတ္ဖိစီးမႈေတြလား၊ အခ်စ္ေရးပဲ အဆင္မေျပတာလား။ ကိုယ့္ရဲ႕ စိတ္ကို ညစ္သြားေစႏိုင္တဲ့ ကိစၥမွန္သမွ်က ေန႔စဥ္ဘဝမွာ ျဖစ္ပ်က္ေနမွာပါ။ ဒီလိုအရာေတြေၾကာင့္ စိတ္ညစ္ေနျပီဆိုရင္ ဘာမွ လုပ္ခ်င္ကိုင္ခ်င္စိတ္ ရွိေတာ့မွာ မဟုတ္ပါဘူး။ ဒီေတာ့ အေႏွးနဲ႔ အျမန္ ကိုယ့္ရဲ႕ ေန႔စဥ္ဘဝ၊ မိသားစု၊ အလုပ္၊ လူမႈေရး အကုန္လံုးကို သြားျပီး ထိခိုက္လာမွာပါ။ ဒါေၾကာင့္ စိတ္ညစ္စရာ ကိစၥေတြေၾကာင့္ ကိုယ့္ရဲ႕ စိတ္ကို ဒုကၡေပးေနမယ့္အစား ဘာေၾကာင့္ ခရီးသြားဖို႔ ဆံုးျဖတ္သင္လဲဆိုတဲ့ အေၾကာင္းရင္း (၅) ခ်က္ကို ဒီေဆာင္းပါးေလးမွာ ေျပာျပေပးမယ္ေနာ္။

၁။ စိတ္ဖိစီးမႈေတြကို ေဖ်ာက္ေပးႏိုင္တယ္။

ေန႔စဥ္ လုပ္ေနရတ့ဲ တာဝန္ဝတၱရားေတြ၊ စိတ္ဖိစီးမႈေတြေၾကာင့္ ေလာကရဲ႕ အႏွစ္သာရေတြကို ရွာေဖြဖို႔၊ ဘဝရဲ႕ အလွအပေတြကို ေလ့လာခံစားဖို႔ ကၽြန္ေတာ္တို႔ေတြ ေမ့ေလ်ာ့ေနတတ္ပါတယ္။ အျမဲတမ္းေတာ့ မဟုတ္ေပမဲ့ တစ္ခါတေလမွာ ဒီလိုမ်ိဳး ကိုယ့္ရဲ႕ ေန႔စဥ္ဘဝကို ခ်ည္ေႏွာင္ထားတဲ့ ၾကိဳးေတြကေန ထြက္ေျပးၾကည့္လိုက္ပါ။

ကိုယ္တိုင္ ခရီးထြက္ရတာေလာက္ စိတ္ေပါ့ပါးျပီး လြတ္လပ္တဲ့ ခံစားမႈမ်ိဳး ေပးႏိုင္တဲ့ အရာမရွိပါဘူး။ ျပည္တြင္းနီးနီးနားနားပဲ သြားမလား၊ ရပ္ေဝး ႏိုင္ငံျခားကိုပဲ ခရီးထြက္မလား၊ အရာအားလံုးက ကိုယ့္စိတ္ၾကိဳက္ပါပဲ။ အေရးၾကီးတာက ကိုယ့္ရဲ႕ စိတ္ကို ညစ္ႏြမ္းေစတဲ့ အရာေတြကေန ေခတၱခဏ ထြက္ေျပးတိမ္းေရွာင္ေနဖို႔နဲ႔ စိတ္ဖိစီးမႈေတြ ေျပေလ်ာ့ေစျပီး ကိုယ့္ရဲ႕ စိတ္ကို အားအင္ျပန္လည္ျဖည့္တင္းေပးဖို႔ပါပဲ။

၂။ ကိုယ့္ရဲ႕ စိတ္နဲ႔ ဘဝကို အသစ္ျပန္လည္ေမြးဖြားေပးလိုက္သလိုပါပဲ။

တစ္ေန႔ တစ္ေန႔ အိမ္နဲ႔ အလုပ္၊ အလုပ္နဲ႔ အိမ္၊ စက္ရုပ္သံပတ္ေပးထားရသလို ဘဝမွာ အျမဲၾကီးေနရတာ ၾကာရင္ လူတိုင္း ျငီးေငြ႔လာမွာပါ။ ဒါေၾကာင့္ တစ္ႏွစ္ကို အနည္းဆံုး တစ္ၾကိမ္ေလာက္ ခရီးထြက္ေပးဖို႔ လိုပါတယ္။ ခရီးသြားလိုက္တဲ့အခါ ရလာတဲ့ ေပ်ာ္ရႊင္မႈ၊ အေတြ႕အၾကံဳေတြက ဘဝမွာ ပံုမွန္ျမင္ေတြ႔ခံစားေနရတဲ့ အရာေတြလိုမဟုတ္ပါဘူး။ ကိုယ့္ဘဝအတြက္ အသစ္အဆန္းျဖစ္ေစတဲ့ အရာေတြကိုလည္း ကိုယ္တိုင္ မ်က္ျမင္ကိုယ္ေတြ႔ ေလ့လာခြင့္ရတယ္။ အစားအစာအသစ္ေတြ၊ ပတ္ဝန္းက်င္အသစ္၊ မတူညီတဲ့ လူ႔စရိုက္မ်ိဳးစံုကို ရႈျမင္ခံစားလို႔ ရတယ္။

ခရီးသြားျခင္းေၾကာင့္ ဘဝမွာ မျဖစ္ႏုိင္ဘူးလို႔ ကိုယ္ေတြးထင္ခဲ့တဲ့အရာေတြဟာ တကယ္ျဖစ္လာႏိုင္ပါလားဆိုတဲ့ အေတြးေတြ ဝင္လာေစတယ္။ ဒီေတာ့ ကိုယ့္အတြက္ ပိုျပီး ၾကိဳးစားခ်င္စိတ္ကို ျဖစ္ေစတယ္။ အေတြးအေခၚအသစ္ေတြ၊ ဖန္တီးႏိုင္မႈ စြမ္းရည္ေတြ ျမင့္တက္လာမယ္။ မိမိကုိယ္ကိုယ္ ယံုၾကည္မႈ ရွိလာမယ္။ လြတ္လပ္ျပီး ၾကံ့ခိုင္တဲ့ ေပ်ာ္ရႊင္ဖြယ္လူသားတစ္ေယာက္အျဖစ္ ရပ္တည္ဖို႔ ကိုယ့္ကိုယ္ကိုယ္ ျပန္တည္ေဆာက္ေပးႏိုင္ဖို႔ ကူညီေပးႏိုင္ပါတယ္။

၃။ စိတ္ေပ်ာ္ရႊင္မႈ၊ စိတ္ေက်နပ္မႈကို ျမွင့္တင္ေပးတယ္။

မနက္အိပ္ရာႏိုးတာနဲ႔ အလုပ္ကို သုတ္ေျခတင္ ေျပးစရာမလိုဘူးဆိုတဲ့ အသိတစ္ခုတည္းနဲ႔ သင့္ရဲ႕ တစ္ေန႔တာကို စိတ္ေပ်ာ္ရႊင္မႈ ေပးႏိုင္တယ္ဆိုတာ အေသအခ်ာပါပဲ။ ကိုယ္မျမင္ဖူး၊ မေလ့လာဖူး၊ မခံစားဖူးတဲ့ အရာေတြကို ကိုယ့္မ်က္စိနဲ႔ ေသခ်ာရႈျမင္ေလ့လာၾကည့္လိုက္ရတဲ့အခါ ေလာကၾကီးအေပၚ ကိုယ့္ရဲ႕ အျမင္၊ ရႈေထာင့္၊ စိတ္ခံစားခ်က္ပိုင္းဆိုင္ရာ အကုန္လံုးဟာ အေကာင္းဘက္ကို ေျပာင္းလဲျခင္း ျဖစ္ေစပါတယ္။

တစ္ေနရာတည္းမွာပဲ ေနျပီး စိတ္အက်ဥ္းက်သလို ျဖစ္ေနတာထက္ ကမာၻအႏွံ႔ကို အလည္အပတ္ သြားေရာက္ေလ့လာၾကည့္ျခင္းဟာ ကိုယ့္ရဲ႕ စိတ္ကို လြတ္လပ္ေပါ့ပါးေစတယ္။ ခရီးသြားဖို႔အတြက္ ၾကိဳျပီး ျပင္ဆင္ေနတဲ့အခ်ိန္မွာေတာင္မွ ဒီအေပ်ာ္ခရီးအတြက္ကို ၾကိဳျပီး ေပ်ာ္ရႊင္မႈ၊ ၾကည္ႏူးမႈေတြ ျဖစ္လာေစႏိုင္တာေပါ့။

၄။ စိတ္ဓာတ္ၾက့ံခိုင္ေစတယ္။

ကိုယ့္ဘဝတစ္ေလွ်ာက္လံုး မေနဖူးတဲ့ သူစိမ္းေဒသအရပ္မွာ ခဏတာေလး ေနလိုက္တယ္ဆိုရင္ေတာင္ ကိုယ့္အတြက္ေတာ့ အစပိုင္းမွာ အနည္းငယ္ ေၾကာက္လန္႔စိတ္ေတြ ဝင္လာတတ္တာ သဘာဝပါပဲ။ တျဖည္းျဖည္းနဲ႔ အသားက်လာတဲ့အခါမွာ မိမိကုိယ္ကိုယ္ ယံုၾကည္မႈ ရွိလာတယ္။ ဘယ္အရာမဆို လုပ္ႏိုင္တယ္၊ ၾကိဳးစားလို႔ ရႏိုင္တယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ အလင္းေရာင္ျခည္ ဝင္လာေစတယ္။

စိတ္ဓာတ္ၾကံ့ခိုင္လာတဲ့သူတစ္ေယာက္ဟာ အရာရာကို ပိုျပီး စိတ္ရွည္သည္းခံတတ္လာမယ္။ အေကာင္းျမင္လာမယ္။ ရည္ရြယ္ခ်က္ရွိရွိ ေတြးေခၚတတ္လာမယ္။ အၾကံဉာဏ္ေကာင္းေတြ၊ အသစ္အဆန္းေတြကို ဖန္တီး တီထြင္ႏိုင္မယ္။ ေၾကာက္ရြံ႕မႈေတြ၊ အခက္အခဲေတြကို စိန္ေခၚႏိုင္လာမယ္။ စိတ္ခံစားခ်က္ကို ဦးစားမေပးဘဲ လက္ေတြ႔က်က် ေျဖရွင္းတတ္လာမယ္။ စိတ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္လာတာနဲ႔ ကိုယ္ခႏၶာ က်န္းမာေရးေရာ၊ ဘဝေနထိုင္မႈပံုစံပါ အေကာင္းဘက္သို႔ တိုးတက္ေျပာင္းလဲျခင္းေတြ ျဖစ္လာေစႏိုင္ပါတယ္။

၅။ တီထြင္ၾကံဆႏိုင္မႈကို ျမွင့္တင္ေပးႏိုင္တယ္။

ကိုယ္မေနဖူးတဲ့ အရပ္၊ မစားဖူးတဲ့ အစားအစာ၊ မခံစားဖူးတဲ့ ေဒသအလွအပ၊ မျမင္ေတြ႔ဖူးတဲ့ လူ႔ဓေလ့စရိုက္ ထံုးတမ္းအစဥ္အလာ၊ ဒါေတြကို ကိုယ္တိုင္ကိုယ္က် ေလ့လာခံစားနားလည္ၾကည့္တဲ့အခါ စိတ္ပိုင္းဆိုင္ရာေရာ အေတြးအေခၚမွာပါ အရင္ကနဲ႔ မတူတဲ့ ေျပာင္းလဲမႈေတြကို ေတြ႔ရမွာပါ။ အသစ္အဆန္းေတြကို ဖန္တီးတတ္လာမယ္။ အၾကံဉာဏ္သစ္ေတြ ထြက္လာမယ္။ လူေတြ ပံုမွန္ျမင္ေနက် ရႈေထာင့္ကေန ကြဲထြက္ျပီး လက္ေတြ႔ဆန္ဆန္ ေတြးတတ္၊ ျမင္တတ္လာမယ္။ ျပႆနာေတြကို ခ်က္က်လက္က် ေျဖရွင္းတတ္လာမယ္။ ဒါေၾကာင့္ ေန႔စဥ္ဘဝမွာေရာ၊ အလုပ္ခြင္မွာပါ တိုးတက္ေျပာင္းလဲႏိုင္မွာ အေသအခ်ာပါပဲ။

ဒီေတာ့ စိတ္ညစ္ေနတယ္ဆိုျပီး အိမ္မွာပဲ ေန၊ အခန္းထဲပဲ ေအာင္းျပီး ကိုယ့္စိတ္ကို ဝန္ပိမခံပါနဲ႔ေတာ့။ ကိုယ္မသြားဖူးတဲ့ ေနရာအသစ္ေတြျဖစ္ျဖစ္၊ ကိုယ္တစ္ခ်ိန္က သြားခဲ့ျပီး ေပ်ာ္ရႊင္တဲ့ အမွတ္တရေတြ ရွိခဲ့ဖူးတဲ့ ေနရာေတြ ျဖစ္ျဖစ္ ေခတၱခဏ သြားေရာက္လည္ပတ္ၾကည့္လိုက္ပါ။ အနည္းဆံုးေတာ့ ကိုယ့္ရဲ႕ စိတ္ညစ္စရာ၊ စိတ္ဖိစီးမႈျပႆနာေတြ ေပ်ာက္သြားႏိုင္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ဘဝမှာ အမြဲတမ်း အကောင်းရော အဆိုးရော ဒွန်တွဲနေတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ထားကြမှာပါ။ အိမ်ကိစ္စလား၊ ငွေရေးကြေးရေးလား၊ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေလား၊ အချစ်ရေးပဲ အဆင်မပြေတာလား။ ကိုယ့်ရဲ့ စိတ်ကို ညစ်သွားစေနိုင်တဲ့ ကိစ္စမှန်သမျှက နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေမှာပါ။ ဒီလိုအရာတွေကြောင့် စိတ်ညစ်နေပြီဆိုရင် ဘာမှ လုပ်ချင်ကိုင်ချင်စိတ် ရှိတော့မှာ မဟုတ်ပါဘူး။ ဒီတော့ အနှေးနဲ့ အမြန် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ မိသားစု၊ အလုပ်၊ လူမှုရေး အကုန်လုံးကို သွားပြီး ထိခိုက်လာမှာပါ။ ဒါကြောင့် စိတ်ညစ်စရာ ကိစ္စတွေကြောင့် ကိုယ့်ရဲ့ စိတ်ကို ဒုက္ခပေးနေမယ့်အစား ဘာကြောင့် ခရီးသွားဖို့ ဆုံးဖြတ်သင်လဲဆိုတဲ့ အကြောင်းရင်း (၅) ချက်ကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမယ်နော်။

၁။ စိတ်ဖိစီးမှုတွေကို ဖျောက်ပေးနိုင်တယ်။

နေ့စဉ် လုပ်နေရတဲ့ တာဝန်ဝတ္တရားတွေ၊ စိတ်ဖိစီးမှုတွေကြောင့် လောကရဲ့ အနှစ်သာရတွေကို ရှာဖွေဖို့၊ ဘဝရဲ့ အလှအပတွေကို လေ့လာခံစားဖို့ ကျွန်တော်တို့တွေ မေ့လျော့နေတတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပေမဲ့ တစ်ခါတလေမှာ ဒီလိုမျိုး ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ချည်နှောင်ထားတဲ့ ကြိုးတွေကနေ ထွက်ပြေးကြည့်လိုက်ပါ။

ကိုယ်တိုင် ခရီးထွက်ရတာလောက် စိတ်ပေါ့ပါးပြီး လွတ်လပ်တဲ့ ခံစားမှုမျိုး ပေးနိုင်တဲ့ အရာမရှိပါဘူး။ ပြည်တွင်းနီးနီးနားနားပဲ သွားမလား၊ ရပ်ဝေး နိုင်ငံခြားကိုပဲ ခရီးထွက်မလား၊ အရာအားလုံးက ကိုယ့်စိတ်ကြိုက်ပါပဲ။ အရေးကြီးတာက ကိုယ့်ရဲ့ စိတ်ကို ညစ်နွမ်းစေတဲ့ အရာတွေကနေ ခေတ္တခဏ ထွက်ပြေးတိမ်းရှောင်နေဖို့နဲ့ စိတ်ဖိစီးမှုတွေ ပြေလျော့စေပြီး ကိုယ့်ရဲ့ စိတ်ကို အားအင်ပြန်လည်ဖြည့်တင်းပေးဖို့ပါပဲ။

၂။ ကိုယ့်ရဲ့ စိတ်နဲ့ ဘဝကို အသစ်ပြန်လည်မွေးဖွားပေးလိုက်သလိုပါပဲ။

တစ်နေ့ တစ်နေ့ အိမ်နဲ့ အလုပ်၊ အလုပ်နဲ့ အိမ်၊ စက်ရုပ်သံပတ်ပေးထားရသလို ဘဝမှာ အမြဲကြီးနေရတာ ကြာရင် လူတိုင်း ငြီးငွေ့လာမှာပါ။ ဒါကြောင့် တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်လောက် ခရီးထွက်ပေးဖို့ လိုပါတယ်။ ခရီးသွားလိုက်တဲ့အခါ ရလာတဲ့ ပျော်ရွှင်မှု၊ အတွေ့အကြုံတွေက ဘဝမှာ ပုံမှန်မြင်တွေ့ခံစားနေရတဲ့ အရာတွေလိုမဟုတ်ပါဘူး။ ကိုယ့်ဘဝအတွက် အသစ်အဆန်းဖြစ်စေတဲ့ အရာတွေကိုလည်း ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်ရတယ်။ အစားအစာအသစ်တွေ၊ ပတ်ဝန်းကျင်အသစ်၊ မတူညီတဲ့ လူ့စရိုက်မျိုးစုံကို ရှုမြင်ခံစားလို့ ရတယ်။

ခရီးသွားခြင်းကြောင့် ဘဝမှာ မဖြစ်နိုင်ဘူးလို့ ကိုယ်တွေးထင်ခဲ့တဲ့အရာတွေဟာ တကယ်ဖြစ်လာနိုင်ပါလားဆိုတဲ့ အတွေးတွေ ဝင်လာစေတယ်။ ဒီတော့ ကိုယ့်အတွက် ပိုပြီး ကြိုးစားချင်စိတ်ကို ဖြစ်စေတယ်။ အတွေးအခေါ်အသစ်တွေ၊ ဖန်တီးနိုင်မှု စွမ်းရည်တွေ မြင့်တက်လာမယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိလာမယ်။ လွတ်လပ်ပြီး ကြံ့ခိုင်တဲ့ ပျော်ရွှင်ဖွယ်လူသားတစ်ယောက်အဖြစ် ရပ်တည်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ပေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

၃။ စိတ်ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုကို မြှင့်တင်ပေးတယ်။

မနက်အိပ်ရာနိုးတာနဲ့ အလုပ်ကို သုတ်ခြေတင် ပြေးစရာမလိုဘူးဆိုတဲ့ အသိတစ်ခုတည်းနဲ့ သင့်ရဲ့ တစ်နေ့တာကို စိတ်ပျော်ရွှင်မှု ပေးနိုင်တယ်ဆိုတာ အသေအချာပါပဲ။ ကိုယ်မမြင်ဖူး၊ မလေ့လာဖူး၊ မခံစားဖူးတဲ့ အရာတွေကို ကိုယ့်မျက်စိနဲ့ သေချာရှုမြင်လေ့လာကြည့်လိုက်ရတဲ့အခါ လောကကြီးအပေါ် ကိုယ့်ရဲ့ အမြင်၊ ရှုထောင့်၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အကုန်လုံးဟာ အကောင်းဘက်ကို ပြောင်းလဲခြင်း ဖြစ်စေပါတယ်။

တစ်နေရာတည်းမှာပဲ နေပြီး စိတ်အကျဉ်းကျသလို ဖြစ်နေတာထက် ကမ္ဘာအနှံ့ကို အလည်အပတ် သွားရောက်လေ့လာကြည့်ခြင်းဟာ ကိုယ့်ရဲ့ စိတ်ကို လွတ်လပ်ပေါ့ပါးစေတယ်။ ခရီးသွားဖို့အတွက် ကြိုပြီး ပြင်ဆင်နေတဲ့အချိန်မှာတောင်မှ ဒီအပျော်ခရီးအတွက်ကို ကြိုပြီး ပျော်ရွှင်မှု၊ ကြည်နူးမှုတွေ ဖြစ်လာစေနိုင်တာပေါ့။

၄။ စိတ်ဓာတ်ကြံ့ခိုင်စေတယ်။

ကိုယ့်ဘဝတစ်လျှောက်လုံး မနေဖူးတဲ့ သူစိမ်းဒေသအရပ်မှာ ခဏတာလေး နေလိုက်တယ်ဆိုရင်တောင် ကိုယ့်အတွက်တော့ အစပိုင်းမှာ အနည်းငယ် ကြောက်လန့်စိတ်တွေ ဝင်လာတတ်တာ သဘာဝပါပဲ။ တဖြည်းဖြည်းနဲ့ အသားကျလာတဲ့အခါမှာ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိလာတယ်။ ဘယ်အရာမဆို လုပ်နိုင်တယ်၊ ကြိုးစားလို့ ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် အလင်းရောင်ခြည် ဝင်လာစေတယ်။

စိတ်ဓာတ်ကြံ့ခိုင်လာတဲ့သူတစ်ယောက်ဟာ အရာရာကို ပိုပြီး စိတ်ရှည်သည်းခံတတ်လာမယ်။ အကောင်းမြင်လာမယ်။ ရည်ရွယ်ချက်ရှိရှိ တွေးခေါ်တတ်လာမယ်။ အကြံဉာဏ်ကောင်းတွေ၊ အသစ်အဆန်းတွေကို ဖန်တီး တီထွင်နိုင်မယ်။ ကြောက်ရွံ့မှုတွေ၊ အခက်အခဲတွေကို စိန်ခေါ်နိုင်လာမယ်။ စိတ်ခံစားချက်ကို ဦးစားမပေးဘဲ လက်တွေ့ကျကျ ဖြေရှင်းတတ်လာမယ်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာတာနဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးရော၊ ဘဝနေထိုင်မှုပုံစံပါ အကောင်းဘက်သို့ တိုးတက်ပြောင်းလဲခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။

၅။ တီထွင်ကြံဆနိုင်မှုကို မြှင့်တင်ပေးနိုင်တယ်။

ကိုယ်မနေဖူးတဲ့ အရပ်၊ မစားဖူးတဲ့ အစားအစာ၊ မခံစားဖူးတဲ့ ဒေသအလှအပ၊ မမြင်တွေ့ဖူးတဲ့ လူ့ဓလေ့စရိုက် ထုံးတမ်းအစဉ်အလာ၊ ဒါတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခံစားနားလည်ကြည့်တဲ့အခါ စိတ်ပိုင်းဆိုင်ရာရော အတွေးအခေါ်မှာပါ အရင်ကနဲ့ မတူတဲ့ ပြောင်းလဲမှုတွေကို တွေ့ရမှာပါ။ အသစ်အဆန်းတွေကို ဖန်တီးတတ်လာမယ်။ အကြံဉာဏ်သစ်တွေ ထွက်လာမယ်။ လူတွေ ပုံမှန်မြင်နေကျ ရှုထောင့်ကနေ ကွဲထွက်ပြီး လက်တွေ့ဆန်ဆန် တွေးတတ်၊ မြင်တတ်လာမယ်။ ပြဿနာတွေကို ချက်ကျလက်ကျ ဖြေရှင်းတတ်လာမယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာရော၊ အလုပ်ခွင်မှာပါ တိုးတက်ပြောင်းလဲနိုင်မှာ အသေအချာပါပဲ။

ဒီတော့ စိတ်ညစ်နေတယ်ဆိုပြီး အိမ်မှာပဲ နေ၊ အခန်းထဲပဲ အောင်းပြီး ကိုယ့်စိတ်ကို ဝန်ပိမခံပါနဲ့တော့။ ကိုယ်မသွားဖူးတဲ့ နေရာအသစ်တွေဖြစ်ဖြစ်၊ ကိုယ်တစ်ချိန်က သွားခဲ့ပြီး ပျော်ရွှင်တဲ့ အမှတ်တရတွေ ရှိခဲ့ဖူးတဲ့ နေရာတွေ ဖြစ်ဖြစ် ခေတ္တခဏ သွားရောက်လည်ပတ်ကြည့်လိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ရဲ့ စိတ်ညစ်စရာ၊ စိတ်ဖိစီးမှုပြဿနာတွေ ပျောက်သွားနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top