” ကိုယ့္ရြာရဲ႕ ဆရာေတာ္ပဲဗ်၊ ေနာက္ဆုံး ပူေဇာ္တဲ့အေနနဲ႔ ႀကီးႀကီးက်ယ္က်ယ္ေတာ့ လုပ္သင့္တာေပါ့၊ က်ဳပ္က ၅ သိန္း မ,တည္ လွဴမယ္ဗ်ိဳ႕

” ဟုတ္တယ္ဗ်ာ၊ အနည္းဆုံး မႏၲေလးဇာတ္ေတာ့ ငွားမွ တင့္တယ္မွာရယ္၊ ကဲ ကဲ က်ဳပ္လည္း ၃ သိန္းလွဴမယ္ဗ်ာ”

” က်မအတြက္ ၂ သိန္း စာရင္းတို႔ထားလိုက္ပါ”

” အင္း–ဧယာဥ္က်ဴးဖို႔ေတာ့ မုံရြာမင္းသမီးငွားမွ ေကာင္းမယ္ေနာ္၊ ဒီနားက ေပါေလာေရွာေလာ မင္းသမီးေတြေတာ့ ၾကည့္ခ်င္ဘူးေတာ့၊ ေရာ့ ဒီမယ္ က်ဳပ္တို႔အိမ္က တစ္သိန္းေတာ္ေရ႕”

ယခုၾကားေနရေသာ အသံမ်ားသည္ ပ်ံေတာ္မူသြားေသာ ဆရာေတာ္၏ စ်ာပနကို စည္စည္ကားကား က်င္းပႏိုင္ရန္အတြက္ ရြာဦးေက်ာင္းဓမၼာ႐ုံေပၚ၌အစည္းအေဝး ျပဳလုပ္ရင္း လိုအပ္သည့္အလွဴေငြမ်ားကို သဒၶါတရားထက္သန္စြာျဖင့္ မ,တည္ လွဴဒါန္းေနၾကေသာ ‘အုန္းတစ္ပင္ရြာ’ဒကာ ဒကာမတို႔၏ အသံမ်ားပင္ျဖစ္သည္။

ကိုယ့္ရြာဦးေက်ာင္းဆရာေတာ္ပ်ံေတာ္မူ၍ ဝိုင္းဝန္းစုေပါင္း လွဴဒါန္းၾကသည္မွာ မထူးဆန္းေသာကိစၥျဖစ္သည္။ ထူးဆန္းသည္မွာ——-

အုန္းတစ္ပင္ရြာ၌ ဆရာေတာ္ ေက်ာင္းစ,ထိုင္ေတာ့သက္ေတာ္ – ၃၅ ႏွစ္၊ ဝါေတာ္ – ၁၅ ဝါသာရွိေသးသည္။ ဓမၼာစရိယက်မ္းၿပီး၍ မႏၲေလးၿမိဳ႕ စာသင္တိုက္ငယ္ေလးတြင္ စာခ်ဆရာေတာ္အျဖစ္ သာသနာ့တာဝန္ ထမ္းေဆာင္ေနရာမွ ယင္းစာသင္တိုက္နာယကဆရာေတာ္၏ လမ္းညႊန္မႈျဖင့္ အုန္းတစ္ပင္ရြာသို႔ ေက်ာင္းထိုင္အျဖစ္ႏွင့္ ေရာက္လာခဲ့ရျခင္း ျဖစ္သည္။

ဆရာေတာ္ေရာက္စ,က အုန္းတစ္ပင္ရြာ ဘုန္းႀကီးေက်ာင္းသည္ စိုေျပမႈကင္းမဲ့၍ ေက်ာင္းအိုႀကီးတစ္ေဆာင္ႏွင့္ ေဆာက္လက္စ ဆြမ္းစားေက်ာင္းေဆာင္ တစ္ေဆာင္သာရွိသည္။ထို႔အျပင္ သမုတ္႐ုံသာသမုတ္ထားၿပီး ေလးပင္တိုင္ေထာင္ အမိုးမိုးထားေသာ သိမ္ေျမေနရာႏွင့္ ထီးမတင္ရေသးေသာ ေစတီတစ္ဆူ။

ေက်ာင္းတြင္ ကိုရင္မရွိ၊ ေက်ာင္းသားကပၸိယမရွိ။တစ္ရက္လ်င္ အလွည့္က်ပို႔ဆြမ္း သုံးဦးလာပို႔ၾကၿပီး လာပို႔သူမ်ားကပင္ ဆြမ္းကြမ္းေဝယ်ာေဝစၥကိစၥမ်ား လုပ္ေဆာင္သြားၾကသည္။

ဆရာေတာ္ေရာက္စ,က ေက်းရြာေဂါပကမ်ားကို ေခၚခိုင္းေသးသည္။ ပထမဆရာေတာ္ ပ်ံေတာ္မူၿပီးေနာက္ ေဂါပကအဖြဲ႔လည္း ပ်က္သြားသည္ဟုဆိုသျဖင့္ ထပ္မေခၚျဖစ္ေတာ့။ ဆရာေတာ္ကိုပင့္စဥ္က တာဝန္ခံထားၾကေသာ ရပ္မိရပ္ဖမ်ားသည္လည္း ေက်းရြာအေပၚ ၾသဇာမေညာင္းသူမ်ားျဖစ္သျဖင့္ အပ်င္းေျပ စကားစျမည္ေျပာ႐ုံမွအပ အျခားအေရးႀကီးကိစၥမ်ား တိုင္ပင္၍မရေပ။

ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး မမူးသည့္အခ်ိန္ကိုေခၚ၍’ပထမဆရာေတာ္လက္ထက္က ဘုရားေငြမ်ား သံဃိကေငြေၾကးမ်ား က်န္သလား’ဟု ေမးဖူးသည္။ “ဆရာေတာ္ပ်ံေတာ္မူေတာ့ စ်ာပနပြဲအတြက္ အကုန္အသုံးျပဳလိုက္သည္” ဟူေသာ အေျဖသာရသည္။ၿမိဳ႕က ဆရာသမား၏မ်က္ႏွာကို ေထာက္ထား၍ ပ်က္ေနေသာစိတ္ျဖင့္ ျပန္မေျပးျဖစ္ေအာင္ အားတင္းထားရသည္။

သည္ပုံစံသည္အေနထားႏွင့္ ေရရွည္သီတင္းသုံးရန္မျဖစ္ႏိုင္ဟု ဆရာေတာ္စဥ္းစားမိၿပီးေနာက္ “ငါ့လက္ထက္မွာ ဘာအသစ္မွ မတိုးတက္ခ်င္ေန ဘာမွေတာ့ ထပ္မဆုတ္ယုတ္ေစရ၊ ရွိၿပီးသားေတြ မပ်က္စီးေစရ”ဟု စိတ္ပိုင္းျဖတ္ၿပီးေသာ တစ္ေန႔တြင္ အေျပာင္းအလဲမ်ားကို စ,တင္ လုပ္ေဆာင္ရန္အတြက္ ရြာသူရြာသားမ်ားကို အစည္းအေဝး ေခၚလိုက္ေလ ေတာ့သည္။

ဆရာေတာ္သည္ ၿမိဳ႕ရွိ သူ႔ရဟန္းဒကာ၊ ဒကာမမ်ား၊ ခင္မင္ရင္းႏွီးေသာ ဆြမ္းဒကာ ဒကာမမ်ား၏ မ,တည္ အလွဴေငြမ်ားျဖင့္ ေက်ာင္းအိုႀကီး၏ ယိုယြင္းေသာ အစိတ္အပိုင္းမ်ားကို ျပန္လည္ျပဳျပင္မြမ္းမံသည္။

ရြာသူရြာသားမ်ားကိုလည္း ေငြအား လူအား တတ္ႏိုင္သည့္ဘက္မွ ဝိုင္းဝန္းပါဝင္ၾကရန္ တိုက္တြန္းသည္။ ဥပုသ္ သီတင္းငယ္မ်ား၊ အခါႀကီးရက္ႀကီးဥပုသ္ေန႔မ်ားတြင္ ရြာဦးေက်ာင္းတစ္ေက်ာင္း၏ အေရးပါပုံမ်ား၊ ရြာသူရြာသား၏ စိတ္ေနသေဘာထားမ်ား၊ ဆရာ – ဒကာ ဆက္ဆံေရးမ်ား–စသည္ျဖင့္ ဘာသာေရးဘက္ အေလးေပးလာၾကေစရန္ ရည္ရြယ္၍ အခြင့္အေရးရလွ်င္ရသလို တရားထဲထည့္ ေဟာသည္။

သို႔ေသာ္ အိမ္ေျခတစ္ရာေက်ာ္ရွိေသာ ရြာ၌ မိသားစုႏွစ္ဆယ္ေလာက္ကသာ စိတ္ႏွစ္ကိုယ္ႏွစ္ ပါဝင္ၾကသည္။ က်န္လူမ်ားကေတာ့ ခြဲတမ္းက်လ်င္ ထည့္သည္။ အစည္းေဝးေခၚလ်င္ လာသည္။ အလွည့္က်လ်င္ ဆြမ္းပို႔သည္။ ဒါသည္ပင္ သူတို႔တာဝန္ေက်လွၿပီဟု မွတ္ယူၾကသူမ်ားျဖစ္သည္။

ၾကာေတာ့ အစည္းအေဝးေခၚလိုက္၊ လုပ္အားေပးေခၚလိုက္၊ အလွဴခံလိုက္ႏွင့္ မၾကာခဏတိုက္တြန္းတတ္ေသာ ဆရာေတာ္အား ရြာသူရြာသားအခ်ိဳ႕ သိပ္မၾကည္ခ်င္ၾကေတာ့။ “ဒီကိုယ္ေတာ္ေရာက္လာမွ အလုပ္ပိုသည္”ဟု တီးတိုးစကားဆိုလာၾကသည္။ သာမႈနာမႈ ရွိ၍ ရြာထဲသို႔ၾကြသည့္အခါ “အစည္းအေဝးကိုယ္ေတာ္လာၿပီ”ဟု ရယ္စရာလုပ္ကာ ေျပာဆိုတတ္ၾကသည္။ သို႔ေသာ္ ဆရာေတာ္က ယင္းစကားမ်ားကို ၾကားေသာ္လည္း မၾကားသကဲ့သို႔ေနခဲ့သည္ခ်ည္းသာ။

ဆရာေတာ္၏ ေဟာေျပာစည္း႐ုံးမႈမ်ားေၾကာင့္ လူငယ္အခ်ိဳ႕ေက်ာင္းေရာက္လာၾကသည္။ မိန္းမပ်ိဳအခ်ိဳ႕ ကာလသားအခ်ိဳ႕ မၾကာခဏလာေရာက္ကာ ေက်ာင္းေဝယ်ာေဝစၥမ်ားကို ေဆာင္ရြက္လာၾကသည္။ ေက်ာင္းေရာက္လာေသာ ထိုလူငယ္မ်ားအား ဆရာေတာ္က ကြမ္း၊ ေဆးလိပ္၊ ေကာ္ဖီမစ္၊မုန္႔ပဲသြားရည္စာ—စသည့္ျဖင့္ အဆင္ေျပသလို ေကြ်းေမြးသည္။ ရင္းရင္းႏွီးႏွီးစကားေျပာသည္။ ရယ္ရယ္ေမာေမာေနသည္။

ထိုသို႔ ရင္းႏွီးရယ္ေမာစရာစကားထဲမွတစ္ဆင့္ ေဝယ်ာေဝစၥကုသုိလ္အေၾကာင္း၊ ကိုယ္က်င့္တရားအေၾကာင္း၊ ၿမိဳ႕ေနလူငယ္မ်ားအေၾကာင္း—စသည္ျဖင့္ သူတို႔စိတ္အားတက္ေစမည့္ အေၾကာင္းအရာမ်ားကို စိတ္ဝင္စားဖြယ္ျဖစ္ေအာင္ ထည့္ထည့္ေျပာေပးသည္။ယင္းသို႔ စည္း႐ုံးလာရင္းျဖင့္ တစ္ေန႔တြင္ ဆရာေတာ္က အႀကံတစ္ခုရကာ ေက်ာင္းဝင္း၏ ေထာင့္က်ေသာေျမလြတ္၌ ပိုက္ေက်ာ္ျခင္းကြင္းဆင္ ေပးလိုက္သည္။ ကစားကြင္းရွိလ်င္ ကစားလိုေသာလူငယ္မ်ား ေက်ာင္းသို႔ေရာက္လာၾကလိမ့္မည္ ဟု ဆရာေတာ္က ယူဆသည္။

ဆရာေတာ့္အယူအဆမွန္သည္။ ပိုက္ေက်ာ္ျခင္းကြင္းကို အေၾကာင္းျပဳ၍ ရြာထဲရွိကာလသားမ်ားသည္ သူတို႔ အလုပ္သိမ္းခ်ိန္ ညေနတိုင္းလိုလို ေက်ာင္းသို႔ ေရာက္လာၾကေတာ့သည္။ ျခင္းခတ္သူက ခတ္၊ ေဘးကၾကည့္သူက ၾကည့္ႏွင့္ ညေနခင္းမ်ားသည္ လူစည္ကားလ်က္ ရွိေတာ့သည္။ ဆရာေတာ္လည္း ပိုက္ေက်ာ္ျခင္းခတ္ရာေနရာသို႔ တစ္ခါတရံ သြားၾကည့္ရင္း ေဘးနားက လူငယ္မ်ားႏွင့္ တစ္လုံးစ ႏွစ္လုံးစ တို႔ထိကာ ပိုက္ေက်ာ္ျခင္းပြဲမ်ားအေၾကာင္းကို စပ္မိလ်င္စပ္မိသလို ေျပာျဖစ္သည္။

ထိုအက်ိဳးေက်းဇူးေၾကာင့္ လူငယ္မ်ားႏွင့္ ရင္းႏွီးလာသည္။ ခိုင္းစရာရွိလ်င္ ေခၚခိုင္း၍ ရလာသည္။ တစ္ခါတရံ သူတို႔ကိုယ္တိုင္ကပင္ “ဆရာေတာ္ဘာလုပ္စရာရွိေသးလဲ”ဟု ေမးကာ လုပ္စရာရွိလ်င္ ျခင္းမခတ္ၾကေသးဘဲ လုပ္စရာရွိတာ အရင္လုပ္ၿပီးမွ ျခင္းခတ္ၾကသည္။ဆရာေတာ္၏စည္း႐ုံးေရး ေအာင္ျမင္သည္ဟု ဆိုရမည္။ ျပႆနာက လူႀကီးမ်ားျဖစ္သည္။

ေက်ာင္းဝင္းအတြင္း၌ ပိုက္ေက်ာ္ျခင္းကြင္းဆင္ကာ လူငယ္မ်ားႏွင့္ တ႐ုန္း႐ုန္းေနသည္ကို သေဘာမေတြ႔ၾက။ မသင့္ေတာ္ဟုဆိုၾကသလို၊ ရႈပ္႐ႈပ္ယွက္ယွက္ဟု ကဲ့ရဲ႕ၾကသည္။ သို႔ေသာ္ ဆရာေတာ္က ဂရုမထား။ “ဆရာေတာ့္ကို ဘယ္အိမ္က ဘယ္လိုေျပာေနတာဘုရာ့”ဟု သတင္းေပးေလွ်ာက္ၾကားသူမ်ားကို

“တစ္ခုခုလုပ္ေနရင္ တစ္မ်ိဳးမ်ိဳးေတာ့ အေျပာခံေနရမွာပဲ၊ေအး–ဘာမွအေျပာမခံခ်င္ရင္ ဘာမွမလုပ္ဘဲေန႐ုံေပါ့ကြာ”ဟု အၿပဳံးမပ်က္ ျပန္လည္ဆုံးမေလ့ရွိကာ လုပ္စရာရွိသည္မ်ားကို အရွိန္မပ်က္ဆက္လက္လုပ္ေဆာင္ေနခဲ့သည္။

တစ္ခါက ဆရာေတာ္ ၿမိဳ႕ကိုတစ္ေခါက္ၾကြေတာ့ ၿမိဳ႕က ဆရာသမား၏အလွဴအျဖစ္ စကိုင္းနက္တစ္စုံကို လက္ခံရရွိခဲ့သည္။ ” ဆရာေတာ့္ေက်ာင္းမွာ စကိုင္းနက္ဝယ္လာၿပီ တဲ့”ဆိုသည့္သတင္းက တစ္ရြာလုံးအတြက္ စိတ္ဝင္စားဖြယ္ျဖစ္ခဲ့သည္။

ကာလသားအမ်ားစု ေဘာလုံးပြဲၾကည့္ရေတာ့မည္ဆိုသျဖင့္ ဝမ္းသာၾကသည္။ မိန္းကေလးအမ်ားစု ဇာတ္ကားမ်ား ၾကည့္ရေတာ့မည္ဆိုသျဖင့္ ဝမ္းသာၾကသည္။ ကေလးအမ်ားစု ကာတြန္းကား ၾကည့္ရေတာ့မည္ဆိုသျဖင့္ ဝမ္းသာၾက သည္။ ဥပုသ္သည္အမ်ားစု တရားေတာ္မ်ားကို နာၾကားၾကရေတာ့မည္ဆိုသျဖင့္ ဝမ္းသာၾကသည္။မွန္ပါသည္။ ဆရာေတာ္၏ ရည္ရြယ္ခ်က္မွာလည္း ထိုအတိုင္းပင္။

ေဘာလုံးပြဲရွိေသာ စေန တနဂၤေႏြရက္မ်ားတြင္ ေဘာလုံးပြဲျပေပးသည္။ အျခားရက္မ်ားတြင္ ကေလးမ်ားႏွင့္ အျခား လူႀကီးလူငယ္မ်ား ဇာတ္ကားလာၾကည့္ၾကသည္။ သို႔ေသာ္ ရြာထဲကေပးေသာ မီးစက္မီးက ည ၉ နာရီခြဲ အထိသာ ျဖစ္သျဖင့္ အဆင္မေျပ။ တစ္ခါတရံ မီးစက္ေမာင္းျပရသည္။ ဥပုသ္ေန႔မ်ားတြင္ မနက္ခင္း သီလယူၿပီး၍ ေန႔လည္ နားေန ခ်ိန္မ်ားတြင္ စကိုင္းနက္က လာေသာ တရားေတာ္မ်ားကို ဥပုသ္သည္မ်ားအတြက္ ဖြင့္ေပးသည္။

တကယ္ေတာ့ “ဥပုသ္သည္မ်ား”ဆိုေသာ္လည္း ရြာ၏အိမ္ေျခသုံးခ်ိဳးတစ္ခ်ိဳးမွ လူႀကီးမ်ားကသာ ဥပုသ္လာေစာင့္ၾကသည္။ က်န္သူမ်ားမွာ အခါႀကီး ရက္ႀကီးမွသာ ဥပုသ္ေက်ာင္းလိုက္ေလ့ ရွိၾကသည္။ အခ်ိဳ႕ကေတာ့ “ဥပုသ္ေစာင့္လိုက္မွ အလွဴခံဆရာေတာ္နဲ႔ တိုးေနဦးမယ္”ဟုဆိုကာ ဥပုသ္ေက်ာင္း မလိုက္ၾက။

သို႔ေသာ္ မည္သူက မည္သို႔ေျပာသည္ျဖစ္ေစ ဆရာေတာ္ကေတာ့ သူ႔စိတ္ကူးအတိုင္းလုပ္စရာရွိသည္ကို မဆုတ္မနစ္ မယိမ္းမယိုင္ လုပ္ကိုင္ခဲ့သည္။ရြာသူရြာသားမ်ားက အစည္းအေဝးေခၚသည္ကို မႀကိဳက္ေသာ္လည္း ေက်ာင္းအတြက္ လုပ္အားေပးရန္ လိုအပ္လ်င္ “လာခ်င္တဲ့သူ လာလိမ့္မယ္”ဟုဆိုကာမိုက္ႏွင့္ ဟစ္ၿမဲဟစ္သည္။

ရြာသူရြာသားမ်ားက အလွဴခံသည္ကို မႀကိဳက္ေသာ္လည္း “ငါ့အတြက္မဟုတ္၊ ေက်ာင္းအတြက္ပဲ၊ လွဴခ်င္တဲ့သူ လွဴလိမ့္မယ္” ဟု ဆိုကာ တရားေဟာသည့္အခါတိုင္း ေက်ာင္းျပဳျပင္ရန္အတြက္ တတ္ႏိုင္သည့္ဘက္မွပါဝင္ၾကရန္ ႏႈိးေဆာ္ေပးၿမဲ ႏႈိးေဆာ္ခဲ့သည္။

ထို႔ေနာက္ “ဘုန္းႀကီးက ျခင္းခတ္နည္း ေဘာလုံးကန္နည္း သင္ေပးမလို႔လား” ဟု အ,ပမနာပ ေျပာဆိုေနၾကသည့္ ၾကားမွပင္ ေႏြရာသီယဥ္ေက်းလိမၼာသင္တန္းမ်ားဖြင့္သည္။ “ဘုန္းႀကီးလူထြက္မယားျဖစ္ခ်င္ၾကတာလား” ဟူသည့္ အဖ်က္စကားမ်ားၾကားမွပင္ ဓမၼစၾကာဝတ္အသင္းဖြဲ႔ေပးခဲ့သည္။

ရဟန္းဒကာ၊ ဒကာမမ်ားလွဴထားေသာ သူပိုင္ ကြန္ပ်ဴတာ၊ ပရင္တာမ်ားျဖင့္ ရြာထဲရွိ လူငယ္မ်ားကို စာစီစာ႐ိုက္ႏွင့္ ဖိတ္စာ႐ိုက္နည္းမ်ား သင္ၾကားေပးသည္။ ထို႔ေနာက္ ရြာထဲ၌ သာေရးနာေရးအစုအမႈရွိလ်င္ အခမဲ့နီးပါး ႏႈန္းထားျဖင့္ ႐ိုက္ေပးေစသည္။ “စီးပြားေရးဘုန္းႀကီး”ဟု နာမည္တပ္ၾကေသာ္လည္း ဆရာေတာ္ကေတာ့ အၿပဳံးမပ်က္ကူညီခဲ့၏။

ရပ္ရြာလူအခ်ိဳ႕မွ ကင္ပြန္းတပ္ျခင္းမ်ားထဲတြင္ ‘စကားေျပာသလို တရားေဟာသည့္ကိုယ္ေတာ္’ ဆိုတာလည္းပါ သည္။မွန္သည္။ ဆရာေတာ္တရားေဟာလ်င္ အသံေနအသံထား၊ အလွည့္အပတ္မ်ားႏွင့္ မေဟာတတ္။ စာခ်သလို ပါဠိအကိုးအကား သာဓကမ်ားႏွင့္သာ ေဟာသျဖင့္ အလွည့္အပတ္မ်ားႏွင့္ေဟာေလ့ရွိေသာ ရြာနီးခ်ဳပ္စပ္ ေဂါစရကံက ဆရာေတာ္မ်ားႏွင့္ယွဥ္ကာ တရားေဟာမေကာင္း ဟု သမုတ္ၾကသည္။

ဆရာေတာ္၏ ေဟာပုံေဟာကြက္ကို သံဃာအခ်င္းခ်င္း ေလးစားၾကသည္ကိုမူ အျပစ္ေျပာသူအခ်ိဳ႕နားမလည္ခဲ့ၾက။
“ဓမၼာစရိယတန္းေအာင္ခဲ့တာ ဟုတ္ခ်င္မွ ဟုတ္မွာရယ္”ဟု အရပ္ထဲမွာ တီးတိုးဆိုၾကသည္။ မေက်လည္သူတို႔၏ အတင္းစကားထဲတြင္ မႏၲေလးသို႔ မၾကာခဏ သြားျခင္းကလည္း ဆရာေတာ္၏ ျပစ္ခ်က္တစ္ခုျဖစ္ခဲ့ရသည္။

ဆရာေတာ္ ၿမိဳ႕ကျပန္လာလ်င္ ရြာအတြက္ ေက်ာင္းအတြက္ တစ္ခုမဟုတ္တစ္ခုေတာ့ ပါလာစၿမဲျဖစ္ေသာ္လည္း အျပစ္ျမင္သူ အခ်ိဳ႕ကေတာ့ အျပစ္ေျပာၿမဲ ေျပာဆဲပင္။

” ေဟာ့ဒီကိုယ္ေတာ္ေရာက္လာမွ အိမ္ကို ကပ္ရတယ္ မရွိပါဘူး၊ ၾကာရင္ ေက်ာင္းနဲ႔ အိမ္ ေခ်ာင္းေပါက္ေတာ့မယ္ “” ဟိုေကာင္မေလးေတြ ေက်ာင္းသြားတာ ရိုးမွ ႐ိုးရဲ႕လားေအဟဲ့၊ သူတို႔ ေဝယ်ာေဝစၥလုပ္တာကလည္း ကုန္ကုန္ႏိုင္တယ္ မရွိဘူး တကတည္း”” ငါတို႔ကိုယ္ေတာ္ကလည္း ကာလသားေတြတ႐ုန္း႐ုန္းနဲ႔ ျခင္းခတ္ ေဘာလုံးကန္ၿပီး သာသနာျပဳေန လိုက္တာမ်ား၊ ၾကည္ညိဳစရာ တစ္စက္ကေလးမွကို မရွိဘူးေဟ့၊ စိတ္ပ်က္တယ္ ”

” ငါတို႔ဘုန္းႀကီးကလည္း ဒီမႏၲေလးပဲ ဂဒီး ဂဒီး သြားေနတာ၊ ေက်ာင္းကပ္တယ္လို႔ကို မရွိဘူး၊ အေရးအေၾကာင္းဆို သူ႔လွမ္းလွမ္းပင့္ေနရတာက တစ္လုပ္ “” အင္း—စာေလးေပေလးေတာ့ တတ္ပါရဲ႕၊ အေနအထိုင္မတတ္တာေလးက ဆိုးေနတာ။ ဘုန္းႀကီးဆိုးပါကြာ ”

ထိုသို႔ သူတို႔ေျပာသည့္ ‘ဘုန္းႀကီးဆိုး’၏ လက္ထက္တြင္ ေက်ာင္းအိုႀကီးကို ျပဳျပင္၍ ၿပီးစီးသြားသည္။ ဆြမ္းစားေက်ာင္းေဆာင္ အၿပီးသတ္ၿပီးသြားသည္။ ေလးပင္တိုင္ျဖင့္ အမိုးမုုိးထားေသာ သိမ္အေဆာက္အဦးကို အုတ္နံရံႏွင့္ ျပတင္းေပါက္ႏွင့္ တင့္ေတာင့္တင့္တယ္ ေဆးသုတ္ၿပီးသြားသည္။ ေစတီထီးေတာ္တင္ၿပီးသြားသည္။ ေဂါပကအဖြဲ႔ကို စနစ္တက်ဖြဲ႔စည္း ၿပီးသြားသည္။

နဂိုက မိသားစုႏွစ္ဆယ္ေလာက္သာ အမာခံရွိရာမွ ရြာတစ္ဝက္ေက်ာ္ အမာခံျဖစ္လာသည္။ ယဥ္ေက်းလိမၼာသင္တန္း ခုႏွစ္ႏွစ္ဆက္တိုက္ ဖြင့္ၿပီးသြားသည္။ ဖြဲ႔ေပးထားေသာ ဓမၼစၾကာဝတ္အသင္းတြင္ အျပစ္ေျပာဆိုသူတို႔၏ သားသမီးအခ်ိဳ႕အပါအဝင္ အေယာက္သုံးဆယ္ ေက်ာ္လာသည္။

အၿမဲဝတ္ကိုရင္ ၅ ပါးအထိရွိလာၿပီး ၿမိဳ႕စာသင္တိုက္သို႔ ၂ ပါး ပို႔ေဆာင္ထားႏိုင္ခဲ့ သည္။ ရြာထဲမွ အျပစ္ေျပာသည့္စကားသံ တို႔ မရပ္ေသးေသာ္လည္း “ဒီလိုဘုန္းႀကီးမ်ိဳးရတာ အုန္းတစ္ပင္ရြာ ကံေကာင္းတယ္”ဟု ေဘးရြာမ်ားက မွတ္ခ်က္ျပဳ ၾကသည္။ ဆရာေတာ္၏ မနားမေန၊ ႀကိဳးစားပမ္းစား စည္း႐ုံး လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ အုန္းတစ္ပင္ရြာဦးေက်ာင္းသည္ ေန႔ေန႔ညည ဝင္ထြက္သြားလာၾကေသာ ဒကာ ဒကာမ ႀကီးငယ္မ်ားျဖင့္ စည္ကားစိုေျပလာခဲ့သည္။

ထို႔သို႔ ေျပာင္းလဲလာေသာ ရြာဦးေက်ာင္းႏွင့္အတူ ဆီးခ်ိဳ၊ ေသြးတိုးႏွင့္ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါတို႔ ေပါင္းဆုံ၍ တိုက္ခိုက္ခံရေသာ ဆရာေတာ္သည္လည္း တစ္လတစ္ေခါက္၊ ဆယ့္ငါးရက္တစ္ေခါက္ဆိုသလို မႏၲေလးသို႔ သြားခ်ည္ျပန္လွည့္ၾကြခါ ႀကိတ္မွိတ္ကုသခဲ့ေသာ္လည္း ေနာက္ေတာ့ တစ္ခါၾကြလ်င္ ဆယ္ရက္ ဆယ့္ငါးရက္ ၾကာသည္အထိ မႏၲေလး၌ သီတင္းသုံးကာ ေဆးကုသမႈ ခံယူရေတာ့သည္။

သူ၏တပည့္ဒကာမမ်ားက တတ္ႏိုင္သမွ် ေဆးဖိုးဝါခ လွဴဒါန္းၾကေသာ္လည္း အျပစ္ေျပာသူ ရပ္ရြာလူအခ်ိဳ႕၏ ပါးစပ္ဖ်ားက ထြက္က်လာသည့္စကားမ်ားက ရင္နာစရာ။

“ဘုန္းႀကီးဆိုး! ဒါမွပဲ ၿငိမ္ေတာ့တယ္”

“သူ႔မွာ သူေဌးဒကာ ဒကာမေတြရွိတာပဲ၊ သူတို႔ကုလိမ့္မယ္ေပါ့”

( နိဂုံး )

” ကိုယ့္ရြာရဲ႕ ဆရာေတာ္ပဲဗ်၊ ေနာက္ဆုံး ပူေဇာ္တဲ့အေနနဲ႔ ႀကီးႀကီးက်ယ္က်ယ္ေတာ့ လုပ္သင့္တာေပါ့၊ က်ဳပ္က ၅ သိန္း မ,တည္ လွဴမယ္ဗ်ိဳ႕ ”

” ဟုတ္တယ္ဗ်ာ၊ အနည္းဆုံး မႏၲေလးဇာတ္ေတာ့ ငွားမွ တင့္တယ္မွာရယ္၊ ကဲ ကဲ က်ဳပ္လည္း ၃ သိန္းလွဴမယ္ဗ်ာ”

” က်မအတြက္ ၁ သိန္း စာရင္းတို႔ထားလိုက္ပါ”

” အင္း–ဧယာဥ္က်ဴးဖို႔ေတာ့ မုံရြာမင္းသမီးငွားမွ ေကာင္းမယ္ေနာ္၊ ဒီနားက ေပါေလာေရွာေလာ မင္းသမီးေတြေတာ့ ၾကည့္ခ်င္ဘူးေတာ့၊ ေရာ့ ဒီမယ္ က်ဳပ္တို႔အိမ္က ငါးေသာင္း”

ယခုၾကားေနရေသာ အသံမ်ားသည္ ပ်ံေတာ္မူသြားေသာ ဆရာေတာ္၏ စ်ာပနကို စည္စည္ကားကား က်င္းပႏိုင္ရန္ အတြက္ ရြာဦးေက်ာင္းဓမၼာ႐ုံေပၚ၌အစည္းအေဝး ျပဳလုပ္ရင္း လိုအပ္သည့္အလွဴေငြမ်ားကို သဒၶါတရားထက္သန္စြာျဖင့္ မ,တည္ လွဴဒါန္းေနၾကေသာ ‘အုန္းတစ္ပင္ရြာ’ဒကာ ဒကာမတို႔၏ အသံမ်ားပင္ျဖစ္သည္။

ဆရာေတာ္၏ ရုပ္ကလာပ္ကို မီးပူေဇာ္ၿပီးေနာက္ ၾကြင္းက်န္ရစ္ေသာ အ႐ိုးျပာတို႔ကို ရတနာစံေက်ာင္းေတာ္၌ ပင့္ေဆာင္ပူေဇာ္ထားၿပီး အႏၲိမစ်ပနပူဇာသဘင္ႀကီးကို အေၾကာင္းျပဳ၍ ေနာက္သုံးလအၾကာ တေပါင္းလျပည့္ေန႔၌ ဇာတ္သဘင္မ်ား၊ ဧယာဥ္က်ဴးမ်ားျဖင့္ ခန္းနားသိုက္ၿမိဳက္စြာ က်င္းပႏိုင္ေရး အစည္းအေဝးႀကီးကို က်င္းပေနၾကျခင္းပင္ ျဖစ္ေတာ့သည္။

ကိုယ့္ရြာေက်ာင္းဆရာေတာ္ပ်ံေတာ္မူ၍ ဝိုင္းဝန္းစုေပါင္း လွဴဒါန္းၾကသည္မွာ မထူးဆန္းေသာကိစၥျဖစ္သည္။ ထူးဆန္းသည္မွာ ဆရာေတာ္၏ စ်ာပနအတြက္ မ,တည္ လွဴဒါန္းၾကသူမ်ားစာရင္းတြင္ ဆရာေတာ္ရွိစဥ္က အျပစ္အမ်ိဳးမ်ိဳးေျပာသူတို႔က ထိပ္ဆုံးမွပါဝင္ေနျခင္းျဖစ္သည္။

ဆရာေတာ္ရွိစဥ္က ကိုယ့္ေက်ာင္းကိုယ့္ကန္ ဖြံ႔ၿဖိဳးတိုးတက္ရန္အတြက္ မၾကာခဏအစည္းအေဝးေခၚေတာ့ ဆရာေတာ္အား ‘အစည္းအေဝးကိုယ္ေတာ္’ဟု ကင္ပြန္းတပ္ခဲ့ၾကသူမ်ားသည္ ယခု အစည္းအေဝး၌ အားႀကိဳးမာန္တက္ ေဆြးေႏြးလ်က္ရွိၾကသည္။

ကိုယ့္ေက်ာင္းကိုယ့္ကန္ ျပဳျပင္မြမ္းမံရန္ အလွဴခံေတာ့ ‘အလွဴခံကိုယ္ေတာ္’ဟု သမုတ္ခဲ့ၾကသူမ်ားသည္ ဆရာေတာ္၏ ႐ုပ္ကလာပ္ကို အေၾကာင္းျပဳ၍ ဇာတ္သဘင္မ်ားျဖင့္ ေပ်ာ္ရႊင္က,ခုန္ၾကရန္ရက္ေရာစြာျဖင့္ လွဴဒါန္းသမႈျပဳေနၾကေလၿပီ။ ဆရာေတာ္ျခင္းခတ္ ေဘာကန္သျဖင့္ ပူေဇာ္ ၾကည္ညိဳရန္ မတန္ဟု ထင္မွတ္ခဲ့ၾကသူမ်ားသည္ ယခုမူ ဆရာေတာ္၏ ႐ုပ္ကလာပ္ကို အေၾကာင္းျပဳ၍ ‘ေနာက္ဆုံးပူေဇာ္ျခင္း’ဟု ကင္ပြန္းတပ္ကာ ေငြကုန္ေၾကးက်ခံၿပီး ပြဲငယ္ ပြဲႀကီး ဝွဲခ်ီးက်င္းပခ်င္ၾကျပန္ေလသည္။

ဆရာေတာ္ရွိစဥ္က ဝေအာင္မပူေဇာ္ၾကပါဘဲႏွင့္ ဆရာေတာ္ပ်ံေတာ္မူမွ ပြဲႀကီးပြဲငယ္ အသြယ္သြယ္က်င္းပ၍
“အႏၲိမစ်ာပနပူဇာ”အမည္တပ္ကာ ေပ်ာ္ရႊင္စြာက,ခုန္ ပူေဇာ္ေနၾကသူမ်ားကို ဆရာေတာ္သာ ျမင္ခြင့္ရလ်င္ အံ့ၾသစြာေငးေမာေနလိမ့္မည္ထင္သည္။

ေသခ်ာသည္ကေတာ့ထိုသို႔ေသာ ဇာတ္ပြဲ အၿငိမ့္ပြဲမ်ားက်င္းပ၍က,ခုန္ပူေဇာ္ျခင္းမ်ိဳးကို ဆရာေတာ္ဘုရားမည္သို႔မွ် နားလည္ႏိုင္လိမ့္မည္မထင္ေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

” ကိုယ့်ရွာရဲ့ ဆရာတော်ပဲဗျ၊ နောက်ဆုံး ပူဇော်တဲ့အနေနဲ့ ကြီးကြီးကျယ်ကျယ်တော့ လုပ်သင့်တာပေါ့၊ ကျုပ်က ၅ သိန်း မ,တည် လှူမယ်ဗျို့

” ဟုတ်တယ်ဗျာ၊ အနည်းဆုံး မန္တလေးဇာတ်တော့ ငှားမှ တင့်တယ်မှာရယ်၊ ကဲ ကဲ ကျုပ်လည်း ၃ သိန်းလှူမယ်ဗျာ”

” ကျမအတွက် ၂ သိန်း စာရင်းတို့ထားလိုက်ပါ”

” အင်း–ဧယာဉ်ကျူးဖို့တော့ မုံရွာမင်းသမီးငှားမှ ကောင်းမယ်နော်၊ ဒီနားက ပေါလောရှောလော မင်းသမီးတွေတော့ ကြည့်ချင်ဘူးတော့၊ ရော့ ဒီမယ် ကျုပ်တို့အိမ်က တစ်သိန်းတော်ရေ့”

ယခုကြားနေရသော အသံများသည် ပျံတော်မူသွားသော ဆရာတော်၏ ဈာပနကို စည်စည်ကားကား ကျင်းပနိုင်ရန်အတွက် ရွာဦးကျောင်းဓမ္မာရုံပေါ်၌အစည်းအဝေး ပြုလုပ်ရင်း လိုအပ်သည့်အလှူငွေများကို သဒ္ဓါတရားထက်သန်စွာဖြင့် မ,တည် လှူဒါန်းနေကြသော ‘အုန်းတစ်ပင်ရွာ’ဒကာ ဒကာမတို့၏ အသံများပင်ဖြစ်သည်။

ကိုယ့်ရွာဦးကျောင်းဆရာတော်ပျံတော်မူ၍ ဝိုင်းဝန်းစုပေါင်း လှူဒါန်းကြသည်မှာ မထူးဆန်းသောကိစ္စဖြစ်သည်။ ထူးဆန်းသည်မှာ——-

အုန်းတစ်ပင်ရွာ၌ ဆရာတော် ကျောင်းစ,ထိုင်တော့သက်တော် – ၃၅ နှစ်၊ ဝါတော် – ၁၅ ဝါသာရှိသေးသည်။ ဓမ္မာစရိယကျမ်းပြီး၍ မန္တလေးမြို့ စာသင်တိုက်ငယ်လေးတွင် စာချဆရာတော်အဖြစ် သာသနာ့တာဝန် ထမ်းဆောင်နေရာမှ ယင်းစာသင်တိုက်နာယကဆရာတော်၏ လမ်းညွှန်မှုဖြင့် အုန်းတစ်ပင်ရွာသို့ ကျောင်းထိုင်အဖြစ်နှင့် ရောက်လာခဲ့ရခြင်း ဖြစ်သည်။

ဆရာတော်ရောက်စ,က အုန်းတစ်ပင်ရွာ ဘုန်းကြီးကျောင်းသည် စိုပြေမှုကင်းမဲ့၍ ကျောင်းအိုကြီးတစ်ဆောင်နှင့် ဆောက်လက်စ ဆွမ်းစားကျောင်းဆောင် တစ်ဆောင်သာရှိသည်။ထို့အပြင် သမုတ်ရုံသာသမုတ်ထားပြီး လေးပင်တိုင်ထောင် အမိုးမိုးထားသော သိမ်မြေနေရာနှင့် ထီးမတင်ရသေးသော စေတီတစ်ဆူ။

ကျောင်းတွင် ကိုရင်မရှိ၊ ကျောင်းသားကပ္ပိယမရှိ။တစ်ရက်လျင် အလှည့်ကျပို့ဆွမ်း သုံးဦးလာပို့ကြပြီး လာပို့သူများကပင် ဆွမ်းကွမ်းဝေယျာဝေစ္စကိစ္စများ လုပ်ဆောင်သွားကြသည်။

ဆရာတော်ရောက်စ,က ကျေးရွာဂေါပကများကို ခေါ်ခိုင်းသေးသည်။ ပထမဆရာတော် ပျံတော်မူပြီးနောက် ဂေါပကအဖွဲ့လည်း ပျက်သွားသည်ဟုဆိုသဖြင့် ထပ်မခေါ်ဖြစ်တော့။ ဆရာတော်ကိုပင့်စဉ်က တာဝန်ခံထားကြသော ရပ်မိရပ်ဖများသည်လည်း ကျေးရွာအပေါ် သြဇာမညောင်းသူများဖြစ်သဖြင့် အပျင်းပြေ စကားစမြည်ပြောရုံမှအပ အခြားအရေးကြီးကိစ္စများ တိုင်ပင်၍မရပေ။

ကျေးရွာအုပ်ချုပ်ရေးမှူး မမူးသည့်အချိန်ကိုခေါ်၍’ပထမဆရာတော်လက်ထက်က ဘုရားငွေများ သံဃိကငွေကြေးများ ကျန်သလား’ဟု မေးဖူးသည်။ “ဆရာတော်ပျံတော်မူတော့ ဈာပနပွဲအတွက် အကုန်အသုံးပြုလိုက်သည်” ဟူသော အဖြေသာရသည်။မြို့က ဆရာသမား၏မျက်နှာကို ထောက်ထား၍ ပျက်နေသောစိတ်ဖြင့် ပြန်မပြေးဖြစ်အောင် အားတင်းထားရသည်။

သည်ပုံစံသည်အနေထားနှင့် ရေရှည်သီတင်းသုံးရန်မဖြစ်နိုင်ဟု ဆရာတော်စဉ်းစားမိပြီးနောက် “ငါ့လက်ထက်မှာ ဘာအသစ်မှ မတိုးတက်ချင်နေ ဘာမှတော့ ထပ်မဆုတ်ယုတ်စေရ၊ ရှိပြီးသားတွေ မပျက်စီးစေရ”ဟု စိတ်ပိုင်းဖြတ်ပြီးသော တစ်နေ့တွင် အပြောင်းအလဲများကို စ,တင် လုပ်ဆောင်ရန်အတွက် ရွာသူရွာသားများကို အစည်းအဝေး ခေါ်လိုက်လေ တော့သည်။

ဆရာတော်သည် မြို့ရှိ သူ့ရဟန်းဒကာ၊ ဒကာမများ၊ ခင်မင်ရင်းနှီးသော ဆွမ်းဒကာ ဒကာမများ၏ မ,တည် အလှူငွေများဖြင့် ကျောင်းအိုကြီး၏ ယိုယွင်းသော အစိတ်အပိုင်းများကို ပြန်လည်ပြုပြင်မွမ်းမံသည်။

ရွာသူရွာသားများကိုလည်း ငွေအား လူအား တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပါဝင်ကြရန် တိုက်တွန်းသည်။ ဥပုသ် သီတင်းငယ်များ၊ အခါကြီးရက်ကြီးဥပုသ်နေ့များတွင် ရွာဦးကျောင်းတစ်ကျောင်း၏ အရေးပါပုံများ၊ ရွာသူရွာသား၏ စိတ်နေသဘောထားများ၊ ဆရာ – ဒကာ ဆက်ဆံရေးများ–စသည်ဖြင့် ဘာသာရေးဘက် အလေးပေးလာကြစေရန် ရည်ရွယ်၍ အခွင့်အရေးရလျှင်ရသလို တရားထဲထည့် ဟောသည်။

သို့သော် အိမ်ခြေတစ်ရာကျော်ရှိသော ရွာ၌ မိသားစုနှစ်ဆယ်လောက်ကသာ စိတ်နှစ်ကိုယ်နှစ် ပါဝင်ကြသည်။ ကျန်လူများကတော့ ခွဲတမ်းကျလျင် ထည့်သည်။ အစည်းဝေးခေါ်လျင် လာသည်။ အလှည့်ကျလျင် ဆွမ်းပို့သည်။ ဒါသည်ပင် သူတို့တာဝန်ကျေလှပြီဟု မှတ်ယူကြသူများဖြစ်သည်။

ကြာတော့ အစည်းအဝေးခေါ်လိုက်၊ လုပ်အားပေးခေါ်လိုက်၊ အလှူခံလိုက်နှင့် မကြာခဏတိုက်တွန်းတတ်သော ဆရာတော်အား ရွာသူရွာသားအချို့ သိပ်မကြည်ချင်ကြတော့။ “ဒီကိုယ်တော်ရောက်လာမှ အလုပ်ပိုသည်”ဟု တီးတိုးစကားဆိုလာကြသည်။ သာမှုနာမှု ရှိ၍ ရွာထဲသို့ကြွသည့်အခါ “အစည်းအဝေးကိုယ်တော်လာပြီ”ဟု ရယ်စရာလုပ်ကာ ပြောဆိုတတ်ကြသည်။ သို့သော် ဆရာတော်က ယင်းစကားများကို ကြားသော်လည်း မကြားသကဲ့သို့နေခဲ့သည်ချည်းသာ။

ဆရာတော်၏ ဟောပြောစည်းရုံးမှုများကြောင့် လူငယ်အချို့ကျောင်းရောက်လာကြသည်။ မိန်းမပျိုအချို့ ကာလသားအချို့ မကြာခဏလာရောက်ကာ ကျောင်းဝေယျာဝေစ္စများကို ဆောင်ရွက်လာကြသည်။ ကျောင်းရောက်လာသော ထိုလူငယ်များအား ဆရာတော်က ကွမ်း၊ ဆေးလိပ်၊ ကော်ဖီမစ်၊မုန့်ပဲသွားရည်စာ—စသည့်ဖြင့် အဆင်ပြေသလို ကျွေးမွေးသည်။ ရင်းရင်းနှီးနှီးစကားပြောသည်။ ရယ်ရယ်မောမောနေသည်။

ထိုသို့ ရင်းနှီးရယ်မောစရာစကားထဲမှတစ်ဆင့် ဝေယျာဝေစ္စကုသိုလ်အကြောင်း၊ ကိုယ်ကျင့်တရားအကြောင်း၊ မြို့နေလူငယ်များအကြောင်း—စသည်ဖြင့် သူတို့စိတ်အားတက်စေမည့် အကြောင်းအရာများကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ထည့်ထည့်ပြောပေးသည်။ယင်းသို့ စည်းရုံးလာရင်းဖြင့် တစ်နေ့တွင် ဆရာတော်က အကြံတစ်ခုရကာ ကျောင်းဝင်း၏ ထောင့်ကျသောမြေလွတ်၌ ပိုက်ကျော်ခြင်းကွင်းဆင် ပေးလိုက်သည်။ ကစားကွင်းရှိလျင် ကစားလိုသောလူငယ်များ ကျောင်းသို့ရောက်လာကြလိမ့်မည် ဟု ဆရာတော်က ယူဆသည်။

ဆရာတော့်အယူအဆမှန်သည်။ ပိုက်ကျော်ခြင်းကွင်းကို အကြောင်းပြု၍ ရွာထဲရှိကာလသားများသည် သူတို့ အလုပ်သိမ်းချိန် ညနေတိုင်းလိုလို ကျောင်းသို့ ရောက်လာကြတော့သည်။ ခြင်းခတ်သူက ခတ်၊ ဘေးကကြည့်သူက ကြည့်နှင့် ညနေခင်းများသည် လူစည်ကားလျက် ရှိတော့သည်။ ဆရာတော်လည်း ပိုက်ကျော်ခြင်းခတ်ရာနေရာသို့ တစ်ခါတရံ သွားကြည့်ရင်း ဘေးနားက လူငယ်များနှင့် တစ်လုံးစ နှစ်လုံးစ တို့ထိကာ ပိုက်ကျော်ခြင်းပွဲများအကြောင်းကို စပ်မိလျင်စပ်မိသလို ပြောဖြစ်သည်။

ထိုအကျိုးကျေးဇူးကြောင့် လူငယ်များနှင့် ရင်းနှီးလာသည်။ ခိုင်းစရာရှိလျင် ခေါ်ခိုင်း၍ ရလာသည်။ တစ်ခါတရံ သူတို့ကိုယ်တိုင်ကပင် “ဆရာတော်ဘာလုပ်စရာရှိသေးလဲ”ဟု မေးကာ လုပ်စရာရှိလျင် ခြင်းမခတ်ကြသေးဘဲ လုပ်စရာရှိတာ အရင်လုပ်ပြီးမှ ခြင်းခတ်ကြသည်။ဆရာတော်၏စည်းရုံးရေး အောင်မြင်သည်ဟု ဆိုရမည်။ ပြဿနာက လူကြီးများဖြစ်သည်။

ကျောင်းဝင်းအတွင်း၌ ပိုက်ကျော်ခြင်းကွင်းဆင်ကာ လူငယ်များနှင့် တရုန်းရုန်းနေသည်ကို သဘောမတွေ့ကြ။ မသင့်တော်ဟုဆိုကြသလို၊ ရှုပ်ရှုပ်ယှက်ယှက်ဟု ကဲ့ရဲ့ကြသည်။ သို့သော် ဆရာတော်က ဂရုမထား။ “ဆရာတော့်ကို ဘယ်အိမ်က ဘယ်လိုပြောနေတာဘုရာ့”ဟု သတင်းပေးလျှောက်ကြားသူများကို

“တစ်ခုခုလုပ်နေရင် တစ်မျိုးမျိုးတော့ အပြောခံနေရမှာပဲ၊အေး–ဘာမှအပြောမခံချင်ရင် ဘာမှမလုပ်ဘဲနေရုံပေါ့ကွာ”ဟု အပြုံးမပျက် ပြန်လည်ဆုံးမလေ့ရှိကာ လုပ်စရာရှိသည်များကို အရှိန်မပျက်ဆက်လက်လုပ်ဆောင်နေခဲ့သည်။

တစ်ခါက ဆရာတော် မြို့ကိုတစ်ခေါက်ကြွတော့ မြို့က ဆရာသမား၏အလှူအဖြစ် စကိုင်းနက်တစ်စုံကို လက်ခံရရှိခဲ့သည်။ ” ဆရာတော့်ကျောင်းမှာ စကိုင်းနက်ဝယ်လာပြီ တဲ့”ဆိုသည့်သတင်းက တစ်ရွာလုံးအတွက် စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။

ကာလသားအများစု ဘောလုံးပွဲကြည့်ရတော့မည်ဆိုသဖြင့် ဝမ်းသာကြသည်။ မိန်းကလေးအများစု ဇာတ်ကားများ ကြည့်ရတော့မည်ဆိုသဖြင့် ဝမ်းသာကြသည်။ ကလေးအများစု ကာတွန်းကား ကြည့်ရတော့မည်ဆိုသဖြင့် ဝမ်းသာကြ သည်။ ဥပုသ်သည်အများစု တရားတော်များကို နာကြားကြရတော့မည်ဆိုသဖြင့် ဝမ်းသာကြသည်။မှန်ပါသည်။ ဆရာတော်၏ ရည်ရွယ်ချက်မှာလည်း ထိုအတိုင်းပင်။

ဘောလုံးပွဲရှိသော စနေ တနင်္ဂနွေရက်များတွင် ဘောလုံးပွဲပြပေးသည်။ အခြားရက်များတွင် ကလေးများနှင့် အခြား လူကြီးလူငယ်များ ဇာတ်ကားလာကြည့်ကြသည်။ သို့သော် ရွာထဲကပေးသော မီးစက်မီးက ည ၉ နာရီခွဲ အထိသာ ဖြစ်သဖြင့် အဆင်မပြေ။ တစ်ခါတရံ မီးစက်မောင်းပြရသည်။ ဥပုသ်နေ့များတွင် မနက်ခင်း သီလယူပြီး၍ နေ့လည် နားနေ ချိန်များတွင် စကိုင်းနက်က လာသော တရားတော်များကို ဥပုသ်သည်များအတွက် ဖွင့်ပေးသည်။

တကယ်တော့ “ဥပုသ်သည်များ”ဆိုသော်လည်း ရွာ၏အိမ်ခြေသုံးချိုးတစ်ချိုးမှ လူကြီးများကသာ ဥပုသ်လာစောင့်ကြသည်။ ကျန်သူများမှာ အခါကြီး ရက်ကြီးမှသာ ဥပုသ်ကျောင်းလိုက်လေ့ ရှိကြသည်။ အချို့ကတော့ “ဥပုသ်စောင့်လိုက်မှ အလှူခံဆရာတော်နဲ့ တိုးနေဦးမယ်”ဟုဆိုကာ ဥပုသ်ကျောင်း မလိုက်ကြ။

သို့သော် မည်သူက မည်သို့ပြောသည်ဖြစ်စေ ဆရာတော်ကတော့ သူ့စိတ်ကူးအတိုင်းလုပ်စရာရှိသည်ကို မဆုတ်မနစ် မယိမ်းမယိုင် လုပ်ကိုင်ခဲ့သည်။ရွာသူရွာသားများက အစည်းအဝေးခေါ်သည်ကို မကြိုက်သော်လည်း ကျောင်းအတွက် လုပ်အားပေးရန် လိုအပ်လျင် “လာချင်တဲ့သူ လာလိမ့်မယ်”ဟုဆိုကာမိုက်နှင့် ဟစ်မြဲဟစ်သည်။

ရွာသူရွာသားများက အလှူခံသည်ကို မကြိုက်သော်လည်း “ငါ့အတွက်မဟုတ်၊ ကျောင်းအတွက်ပဲ၊ လှူချင်တဲ့သူ လှူလိမ့်မယ်” ဟု ဆိုကာ တရားဟောသည့်အခါတိုင်း ကျောင်းပြုပြင်ရန်အတွက် တတ်နိုင်သည့်ဘက်မှပါဝင်ကြရန် နှိုးဆော်ပေးမြဲ နှိုးဆော်ခဲ့သည်။

ထို့နောက် “ဘုန်းကြီးက ခြင်းခတ်နည်း ဘောလုံးကန်နည်း သင်ပေးမလို့လား” ဟု အ,ပမနာပ ပြောဆိုနေကြသည့် ကြားမှပင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများဖွင့်သည်။ “ဘုန်းကြီးလူထွက်မယားဖြစ်ချင်ကြတာလား” ဟူသည့် အဖျက်စကားများကြားမှပင် ဓမ္မစကြာဝတ်အသင်းဖွဲ့ပေးခဲ့သည်။

ရဟန်းဒကာ၊ ဒကာမများလှူထားသော သူပိုင် ကွန်ပျူတာ၊ ပရင်တာများဖြင့် ရွာထဲရှိ လူငယ်များကို စာစီစာရိုက်နှင့် ဖိတ်စာရိုက်နည်းများ သင်ကြားပေးသည်။ ထို့နောက် ရွာထဲ၌ သာရေးနာရေးအစုအမှုရှိလျင် အခမဲ့နီးပါး နှုန်းထားဖြင့် ရိုက်ပေးစေသည်။ “စီးပွားရေးဘုန်းကြီး”ဟု နာမည်တပ်ကြသော်လည်း ဆရာတော်ကတော့ အပြုံးမပျက်ကူညီခဲ့၏။

ရပ်ရွာလူအချို့မှ ကင်ပွန်းတပ်ခြင်းများထဲတွင် ‘စကားပြောသလို တရားဟောသည့်ကိုယ်တော်’ ဆိုတာလည်းပါ သည်။မှန်သည်။ ဆရာတော်တရားဟောလျင် အသံနေအသံထား၊ အလှည့်အပတ်များနှင့် မဟောတတ်။ စာချသလို ပါဠိအကိုးအကား သာဓကများနှင့်သာ ဟောသဖြင့် အလှည့်အပတ်များနှင့်ဟောလေ့ရှိသော ရွာနီးချုပ်စပ် ဂေါစရကံက ဆရာတော်များနှင့်ယှဉ်ကာ တရားဟောမကောင်း ဟု သမုတ်ကြသည်။

ဆရာတော်၏ ဟောပုံဟောကွက်ကို သံဃာအချင်းချင်း လေးစားကြသည်ကိုမူ အပြစ်ပြောသူအချို့နားမလည်ခဲ့ကြ။
“ဓမ္မာစရိယတန်းအောင်ခဲ့တာ ဟုတ်ချင်မှ ဟုတ်မှာရယ်”ဟု အရပ်ထဲမှာ တီးတိုးဆိုကြသည်။ မကျေလည်သူတို့၏ အတင်းစကားထဲတွင် မန္တလေးသို့ မကြာခဏ သွားခြင်းကလည်း ဆရာတော်၏ ပြစ်ချက်တစ်ခုဖြစ်ခဲ့ရသည်။

ဆရာတော် မြို့ကပြန်လာလျင် ရွာအတွက် ကျောင်းအတွက် တစ်ခုမဟုတ်တစ်ခုတော့ ပါလာစမြဲဖြစ်သော်လည်း အပြစ်မြင်သူ အချို့ကတော့ အပြစ်ပြောမြဲ ပြောဆဲပင်။

” ဟော့ဒီကိုယ်တော်ရောက်လာမှ အိမ်ကို ကပ်ရတယ် မရှိပါဘူး၊ ကြာရင် ကျောင်းနဲ့ အိမ် ချောင်းပေါက်တော့မယ် “” ဟိုကောင်မလေးတွေ ကျောင်းသွားတာ ရိုးမှ ရိုးရဲ့လားအေဟဲ့၊ သူတို့ ဝေယျာဝေစ္စလုပ်တာကလည်း ကုန်ကုန်နိုင်တယ် မရှိဘူး တကတည်း”” ငါတို့ကိုယ်တော်ကလည်း ကာလသားတွေတရုန်းရုန်းနဲ့ ခြင်းခတ် ဘောလုံးကန်ပြီး သာသနာပြုနေ လိုက်တာများ၊ ကြည်ညိုစရာ တစ်စက်ကလေးမှကို မရှိဘူးဟေ့၊ စိတ်ပျက်တယ် ”

” ငါတို့ဘုန်းကြီးကလည်း ဒီမန္တလေးပဲ ဂဒီး ဂဒီး သွားနေတာ၊ ကျောင်းကပ်တယ်လို့ကို မရှိဘူး၊ အရေးအကြောင်းဆို သူ့လှမ်းလှမ်းပင့်နေရတာက တစ်လုပ် “” အင်း—စာလေးပေလေးတော့ တတ်ပါရဲ့၊ အနေအထိုင်မတတ်တာလေးက ဆိုးနေတာ။ ဘုန်းကြီးဆိုးပါကွာ ”

ထိုသို့ သူတို့ပြောသည့် ‘ဘုန်းကြီးဆိုး’၏ လက်ထက်တွင် ကျောင်းအိုကြီးကို ပြုပြင်၍ ပြီးစီးသွားသည်။ ဆွမ်းစားကျောင်းဆောင် အပြီးသတ်ပြီးသွားသည်။ လေးပင်တိုင်ဖြင့် အမိုးမိုးထားသော သိမ်အဆောက်အဦးကို အုတ်နံရံနှင့် ပြတင်းပေါက်နှင့် တင့်တောင့်တင့်တယ် ဆေးသုတ်ပြီးသွားသည်။ စေတီထီးတော်တင်ပြီးသွားသည်။ ဂေါပကအဖွဲ့ကို စနစ်တကျဖွဲ့စည်း ပြီးသွားသည်။

နဂိုက မိသားစုနှစ်ဆယ်လောက်သာ အမာခံရှိရာမှ ရွာတစ်ဝက်ကျော် အမာခံဖြစ်လာသည်။ ယဉ်ကျေးလိမ္မာသင်တန်း ခုနှစ်နှစ်ဆက်တိုက် ဖွင့်ပြီးသွားသည်။ ဖွဲ့ပေးထားသော ဓမ္မစကြာဝတ်အသင်းတွင် အပြစ်ပြောဆိုသူတို့၏ သားသမီးအချို့အပါအဝင် အယောက်သုံးဆယ် ကျော်လာသည်။

အမြဲဝတ်ကိုရင် ၅ ပါးအထိရှိလာပြီး မြို့စာသင်တိုက်သို့ ၂ ပါး ပို့ဆောင်ထားနိုင်ခဲ့ သည်။ ရွာထဲမှ အပြစ်ပြောသည့်စကားသံ တို့ မရပ်သေးသော်လည်း “ဒီလိုဘုန်းကြီးမျိုးရတာ အုန်းတစ်ပင်ရွာ ကံကောင်းတယ်”ဟု ဘေးရွာများက မှတ်ချက်ပြု ကြသည်။ ဆရာတော်၏ မနားမနေ၊ ကြိုးစားပမ်းစား စည်းရုံး လုပ်ဆောင်ချက်များကြောင့် အုန်းတစ်ပင်ရွာဦးကျောင်းသည် နေ့နေ့ညည ဝင်ထွက်သွားလာကြသော ဒကာ ဒကာမ ကြီးငယ်များဖြင့် စည်ကားစိုပြေလာခဲ့သည်။

ထို့သို့ ပြောင်းလဲလာသော ရွာဦးကျောင်းနှင့်အတူ ဆီးချို၊ သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်း ရောဂါတို့ ပေါင်းဆုံ၍ တိုက်ခိုက်ခံရသော ဆရာတော်သည်လည်း တစ်လတစ်ခေါက်၊ ဆယ့်ငါးရက်တစ်ခေါက်ဆိုသလို မန္တလေးသို့ သွားချည်ပြန်လှည့်ကြွခါ ကြိတ်မှိတ်ကုသခဲ့သော်လည်း နောက်တော့ တစ်ခါကြွလျင် ဆယ်ရက် ဆယ့်ငါးရက် ကြာသည်အထိ မန္တလေး၌ သီတင်းသုံးကာ ဆေးကုသမှု ခံယူရတော့သည်။

သူ၏တပည့်ဒကာမများက တတ်နိုင်သမျှ ဆေးဖိုးဝါခ လှူဒါန်းကြသော်လည်း အပြစ်ပြောသူ ရပ်ရွာလူအချို့၏ ပါးစပ်ဖျားက ထွက်ကျလာသည့်စကားများက ရင်နာစရာ။

“ဘုန်းကြီးဆိုး! ဒါမှပဲ ငြိမ်တော့တယ်”

“သူ့မှာ သူဌေးဒကာ ဒကာမတွေရှိတာပဲ၊ သူတို့ကုလိမ့်မယ်ပေါ့”

( နိဂုံး )

” ကိုယ့်ရွာရဲ့ ဆရာတော်ပဲဗျ၊ နောက်ဆုံး ပူဇော်တဲ့အနေနဲ့ ကြီးကြီးကျယ်ကျယ်တော့ လုပ်သင့်တာပေါ့၊ ကျုပ်က ၅ သိန်း မ,တည် လှူမယ်ဗျို့ ”

” ဟုတ်တယ်ဗျာ၊ အနည်းဆုံး မန္တလေးဇာတ်တော့ ငှားမှ တင့်တယ်မှာရယ်၊ ကဲ ကဲ ကျုပ်လည်း ၃ သိန်းလှူမယ်ဗျာ”

” ကျမအတွက် ၁ သိန်း စာရင်းတို့ထားလိုက်ပါ”

” အင်း–ဧယာဉ်ကျူးဖို့တော့ မုံရွာမင်းသမီးငှားမှ ကောင်းမယ်နော်၊ ဒီနားက ပေါလောရှောလော မင်းသမီးတွေတော့ ကြည့်ချင်ဘူးတော့၊ ရော့ ဒီမယ် ကျုပ်တို့အိမ်က ငါးသောင်း”

ယခုကြားနေရသော အသံများသည် ပျံတော်မူသွားသော ဆရာတော်၏ ဈာပနကို စည်စည်ကားကား ကျင်းပနိုင်ရန် အတွက် ရွာဦးကျောင်းဓမ္မာရုံပေါ်၌အစည်းအဝေး ပြုလုပ်ရင်း လိုအပ်သည့်အလှူငွေများကို သဒ္ဓါတရားထက်သန်စွာဖြင့် မ,တည် လှူဒါန်းနေကြသော ‘အုန်းတစ်ပင်ရွာ’ဒကာ ဒကာမတို့၏ အသံများပင်ဖြစ်သည်။

ဆရာတော်၏ ရုပ်ကလာပ်ကို မီးပူဇော်ပြီးနောက် ကြွင်းကျန်ရစ်သော အရိုးပြာတို့ကို ရတနာစံကျောင်းတော်၌ ပင့်ဆောင်ပူဇော်ထားပြီး အန္တိမဈပနပူဇာသဘင်ကြီးကို အကြောင်းပြု၍ နောက်သုံးလအကြာ တပေါင်းလပြည့်နေ့၌ ဇာတ်သဘင်များ၊ ဧယာဉ်ကျူးများဖြင့် ခန်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အစည်းအဝေးကြီးကို ကျင်းပနေကြခြင်းပင် ဖြစ်တော့သည်။

ကိုယ့်ရွာကျောင်းဆရာတော်ပျံတော်မူ၍ ဝိုင်းဝန်းစုပေါင်း လှူဒါန်းကြသည်မှာ မထူးဆန်းသောကိစ္စဖြစ်သည်။ ထူးဆန်းသည်မှာ ဆရာတော်၏ ဈာပနအတွက် မ,တည် လှူဒါန်းကြသူများစာရင်းတွင် ဆရာတော်ရှိစဉ်က အပြစ်အမျိုးမျိုးပြောသူတို့က ထိပ်ဆုံးမှပါဝင်နေခြင်းဖြစ်သည်။

ဆရာတော်ရှိစဉ်က ကိုယ့်ကျောင်းကိုယ့်ကန် ဖွံ့ဖြိုးတိုးတက်ရန်အတွက် မကြာခဏအစည်းအဝေးခေါ်တော့ ဆရာတော်အား ‘အစည်းအဝေးကိုယ်တော်’ဟု ကင်ပွန်းတပ်ခဲ့ကြသူများသည် ယခု အစည်းအဝေး၌ အားကြိုးမာန်တက် ဆွေးနွေးလျက်ရှိကြသည်။

ကိုယ့်ကျောင်းကိုယ့်ကန် ပြုပြင်မွမ်းမံရန် အလှူခံတော့ ‘အလှူခံကိုယ်တော်’ဟု သမုတ်ခဲ့ကြသူများသည် ဆရာတော်၏ ရုပ်ကလာပ်ကို အကြောင်းပြု၍ ဇာတ်သဘင်များဖြင့် ပျော်ရွှင်က,ခုန်ကြရန်ရက်ရောစွာဖြင့် လှူဒါန်းသမှုပြုနေကြလေပြီ။ ဆရာတော်ခြင်းခတ် ဘောကန်သဖြင့် ပူဇော် ကြည်ညိုရန် မတန်ဟု ထင်မှတ်ခဲ့ကြသူများသည် ယခုမူ ဆရာတော်၏ ရုပ်ကလာပ်ကို အကြောင်းပြု၍ ‘နောက်ဆုံးပူဇော်ခြင်း’ဟု ကင်ပွန်းတပ်ကာ ငွေကုန်ကြေးကျခံပြီး ပွဲငယ် ပွဲကြီး ဝှဲချီးကျင်းပချင်ကြပြန်လေသည်။

ဆရာတော်ရှိစဉ်က ဝအောင်မပူဇော်ကြပါဘဲနှင့် ဆရာတော်ပျံတော်မူမှ ပွဲကြီးပွဲငယ် အသွယ်သွယ်ကျင်းပ၍
“အန္တိမဈာပနပူဇာ”အမည်တပ်ကာ ပျော်ရွှင်စွာက,ခုန် ပူဇော်နေကြသူများကို ဆရာတော်သာ မြင်ခွင့်ရလျင် အံ့သြစွာငေးမောနေလိမ့်မည်ထင်သည်။

သေချာသည်ကတော့ထိုသို့သော ဇာတ်ပွဲ အငြိမ့်ပွဲများကျင်းပ၍က,ခုန်ပူဇော်ခြင်းမျိုးကို ဆရာတော်ဘုရားမည်သို့မျှ နားလည်နိုင်လိမ့်မည်မထင်ပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top