













Credit:orginal writer

#Unicode Version# ဖြင့်ဖတ်ပါ ။

ကျောက်ဆို ကြောက်ကိုမကြောက်တော့တာ

သူရှိနေလို့ ခါးနာခါးအောင့်ဖြစ်နေတာ အခုတော့ သူထွက်ကျလာခဲ့ပါပြီ..

အချိန်ကယနေ့ ည ၁၁နာရီ၁၀မိနစ်ခန့်ကဖြစ်သည်….ဘယ်ဘက်က ခါးတစ်ခြမ်းကိုက်နေတာ နှစ်လသုံးလလောက်ရှိနေပါပြီ…

ဆီကျောက်တည်ရောဂါနဲ့ရင်ပါးနေပြီဖြစ်သောကြောင့် မကြောက်ရွန့်တော့ပေ…..

ဒီကျောက်ကြီးရှိနေမှန်းသိနေတာတော့သုံးလေးလခန့်ရှိနေပါပြီ ….ဒီတစ်ခါကျောက်က အသက်ရှုရင်တောင် အောင့်အောင့်လာတယ်….

ခါးအောင့်အောင့်နေလို့ ဘယ်ဘက်ကိုစောင်းအိပ်လို့ မရဖြစ်နေပါတယ်…

သူရှိနေရင်ခါးကတင်ပြီးနာနေတယ်…ဘယ်ဘက်ခြမ်းဆီးခုံကို လက်နဲ့အဖိမခံနိုင်ဘူး….တော်တော်နာပါတယ်…

ဆေးရုံသွားဓာတ်မှန်ရိုက်ကြည့်တော့ သေချာပေါက်သူ့ကို တွေ့သည် ဆရာဝန်က ချေဖို့ သို့မဟုတ် ခွဲထုတ်ဖို့ပြောပါသည်။

ကြီးလွန်းလို့သူ့ဘာလို မထွက်ကျနိုင်ကြောင်းပြောပြပါသည်နေလို့ရရင် နေနေလိုက်သည်။နေလို့မရအောင်နာလာရင်တော့ လက်သုံးဆေးကိုအသုံးပြုရတော့သည်။

ထိုဆေးက လွယ်လွယ်လေးပါ….ကျောက်ဖရုံသီးကို သခွါးခြစ်နဲ့ခြစ်ပြီး ရှာလကာရည်အနည်းငယ်ထည့်၍ အလယ်တည်ပန်းကန်နဲ့တစ်ဝက်လောက်ကို တစ်ရက် နှစ်ရက်နဲ့ အကုန်စားပေးလိုက်ရုံပါပဲ…..

အဲဒီလို သုံးခါလောက်လုပ်စားလိုက်တာနဲ့ အခုမြင်တွေ့ရတဲ့ကြောက်ကြီးလည်း မနေနိုင်တော့ပဲ ဆီးလမ်းကြောင်းကနေ ဒလိမ့်ခေါက်ခွေး ထွက်ကျခဲ့ရတော့တာပါပဲ….

ရံဖန်ရံခါ အုန်းရေလဲ အဝသောက်ပေးဖို့လိုပါသည်။ကျောက်တည်တတ်တဲ့ဝေဒနာရှင်များအတွက်သတင်းကောင်းပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ကျောက်ထွက်ကျလာလို့ ပုံနှင့်တကွ ရေးတင်ခဲ့ဘူးတာရှိပါတယ်။ကျောက်ဖရုံသီးနဲ့ ရှာလကာရေနဲ့ ရောစပ်ထားတာပါ။

ဟင်းစားဇွန်းနဲ့ မောက်မောက်ခပ်၍ တစ်နေ့သုံးကြိမ်လောက်စားပေးပါ စားလို့ကောင်းပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit:orginal writer
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top