



video ကြည့်ရန်

Credit:Thutasone

#Unicode Version#
နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုး ဟာဆိုရင် ကျရာဇာတ်ရုပ်မျိုးစုံကနေ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူကတော့ မွေးရပ်မြေကို မပြန်ဖြစ်တာ နှစ် (၂၀)ကျော် ကြာလာခဲ့ပြီတာကြောင့် မွေးရပ်မြေမှာ ညီလေးမင်းသွေးနဲ့အတူ တည်ထားတဲ့ ဘုရားထီးတင်ရန်အတွက် မာန်အောင်မြို့ကို ပြန်သွားခဲ့ပြီပဲဖြစ်ပါတယ်။

မပြန်ဖြစ်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေကို ပြန်တဲ့ မင်းသားနေတိုးကတော့ ယခုဆိုရင် ချစ်ရတဲ့ မိသားစုတွေနဲ့အတူ မာန်အောင်မြို့ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ နေတိုးရဲ့ မိခင် အရီး ဒေါ်သန်းမြိုင်ကတော့ “ဒီကိုလာချင်တာ မိသားစု စုံစုံလင်လင်နဲ့ပါ…. “ညီ” မရှိတော့ဘူးဆိုတာ ခုချိန်ထိ မယုံကြည်နိုင်သေးဘူး” ဟုဆိုတာ စိတ်ထိခိုက်ကြေကွဲစွာပြောပြလာခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် သားဖြစ်သူ မင်းသွေးကိုသတိရနေတဲ့ အရီးဒေါ်သန်းမြိုင်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

video ကြည့်ရန်
ဖိုးသူတော်(www.phothutaw.com)
Credit:Thutasone
Source : 7th Sense Creation
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top